Property Expo
×

ရီးရဲလ္တုိက္စစ္မွဴး ေရာ္နယ္ဒုိသည္ ဗုဒၶဆင္းတုေတာ္အား မ႐ိုမေသျပဳလုပ္ထားပံုရ ေသာ ဓာတ္ပံုတစ္ပံုကုိ လူမႈကြန္ရက္ေပၚသုိ႔ တင္လိုက္ၿပီးေနာက္ ဗုဒၶဘာသာ၀င္မ်ား၏ ျပင္းထန္ ေသာ ေ၀ဖန္ျပစ္တင္မႈမ်ား ရင္ ဆုိင္ေနရကာ ယင္းပံုကုိ ပယ္ဖ်က္ေပးရန္ ေတာင္းဆုိမႈမ်ားစြာႏွင့္ လည္း ရင္ဆုိင္ေနရသည္။

အဂၤါေန႔က ခ်န္ပီယံလိဂ္ တြင္ လီဂီယာ၀ါေဆာကို ႏုိင္ေသာပဲြ၌ ပါ၀င္ကစားၿပီးေနာက္ ေရာ္နယ္ဒုိသည္ ဦးေခါင္းေတာ္ပံု ဆင္းတုေတာ္၏ ေအာက္ခံေဘာင္ ေပၚသုိ႔ ေျခေထာက္တစ္ဖက္တင္ ႐ုိက္ကူးထားသည့္ ဓာတ္ပံုကုိ ၾကာသပေတးေန႔နံနက္က ၎၏ လူမႈကြန္ရက္အေကာင့္စာမ်က္ ႏွာမ်ား၌ ေဖာ္ျပခဲ့သည္။

ယင္းဓာတ္ပံုေၾကာင့္ ေဒါသ ထြက္ေနေသာ ပရိသတ္မ်ားက ေရာ္နယ္ဒုိ၏ ေဖ့စ္ဘြတ္ခ္၊ အင္ စတာဂရမ္စာမ်က္ႏွာမ်ားတြင္ မွတ္ခ်က္မ်ား ၀င္ေရာက္ေရးသား ကာ ယင္းပံုကုိ ျဖဳတ္ေပးရန္ ေတာင္းဆုိေနၾကသည္။

သုိ႔ေသာ္ အဆုိပါဓာတ္ပုံမွာ ၎၏ယခင္ပုံမ်ားကဲ့သုိ႔ပင္ အင္စတာဂရမ္တြင္ Like တစ္သန္း ေက်ာ္ရရွိထားသည္။

ထုိကဲ့သုိ႔ မွတ္ခ်က္၀င္ေရး သူမ်ားအနက္ ဗုဒၶဘာသာ၀င္ မဟုတ္သူတစ္ဦးက ‘‘တကယ္ပဲ မင္းဟာ ေဘာလံုးသမားေကာင္း တစ္ေယာက္ပါ။ ဒါေပမဲ့ အဲဒါ ဟာ တျခားလူေတြရဲ႕ ခံစားခ်က္ ေတြနဲ႔ ယံုၾကည္မႈေတြကုိ မင္းဥ ေပကၡာျပဳလို႔ရတယ္လို႔ ဆုိလို တာ မဟုတ္ဘူး။ ေဂါတမျမတ္ စြာဘုရားဟာ ကမၻာမွာ ၿငိမ္းခ်မ္း ေရးကို တည္ေထာင္ခဲ့သူပါ။မင္း ဒီလုိမ်ိဳးအျပဳအမူမ်ိဳးနဲ႔ ဘယ္လုိ မေလးမစားလုပ္တာလဲ။ ငါဗုဒၶ ဘာသာ၀င္မဟုတ္ေပမယ့္ ဒီအျပဳအမူေၾကာင့္ ငါသိပ္ကုိ ထိခိုက္ ခံစားရတယ္’’ဟု ေရးသားထား သည္။    

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode  Version
ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒိုသည် ဗုဒ္ဓဆင်းတုတော်အား မရိုမသေပြုလုပ်ထားပုံရ သော ဓာတ်ပုံတစ်ပုံကို လူမှုကွန်ရက်ပေါ်သို့ တင်လိုက်ပြီးနောက် ဗုဒ္ဓဘာသာဝင်များ၏ ပြင်းထန် သော ဝေဖန်ပြစ်တင်မှုများ ရင် ဆိုင်နေရကာ ယင်းပုံကို ပယ်ဖျက်ပေးရန် တောင်းဆိုမှုများစွာနှင့် လည်း ရင်ဆိုင်နေရသည်။

အင်္ဂါနေ့က ချန်ပီယံလိဂ် တွင် လီဂီယာဝါဆောကို နိုင်သောပွဲ၌ ပါဝင်ကစားပြီးနောက် ရော်နယ်ဒိုသည် ဦးခေါင်းတော်ပုံ ဆင်းတုတော်၏ အောက်ခံဘောင် ပေါ်သို့ ခြေထောက်တစ်ဖက်တင် ရိုက်ကူးထားသည့် ဓာတ်ပုံကို ကြာသပတေးနေ့နံနက်က ၎င်း၏ လူမှုကွန်ရက်အကောင့်စာမျက် နှာများ၌ ဖော်ပြခဲ့သည်။

ယင်းဓာတ်ပုံကြောင့် ဒေါသ ထွက်နေသော ပရိသတ်များက ရော်နယ်ဒို၏ ဖေ့စ်ဘွတ်ခ်၊ အင် စတာဂရမ်စာမျက်နှာများတွင် မှတ်ချက်များ ဝင်ရောက်ရေးသား ကာ ယင်းပုံကို ဖြုတ်ပေးရန် တောင်းဆိုနေကြသည်။

သို့သော် အဆိုပါဓာတ်ပုံမှာ ၎င်း၏ယခင်ပုံများကဲ့သို့ပင် အင်စတာဂရမ်တွင် Like တစ်သန်း ကျော်ရရှိထားသည်။

ထိုကဲ့သို့ မှတ်ချက်ဝင်ရေး သူများအနက် ဗုဒ္ဓဘာသာဝင် မဟုတ်သူတစ်ဦးက ‘‘တကယ်ပဲ မင်းဟာ ဘောလုံးသမားကောင်း တစ်ယောက်ပါ။ ဒါပေမဲ့ အဲဒါ ဟာ တခြားလူတွေရဲ့ ခံစားချက် တွေနဲ့ ယုံကြည်မှုတွေကို မင်းဥ ပေက္ခာပြုလို့ရတယ်လို့ ဆိုလို တာ မဟုတ်ဘူး။ ဂေါတမမြတ် စွာဘုရားဟာ ကမ္ဘာမှာ ငြိမ်းချမ်း ရေးကို တည်ထောင်ခဲ့သူပါ။မင်း ဒီလိုမျိုးအပြုအမူမျိုးနဲ့ ဘယ်လို မလေးမစားလုပ်တာလဲ။ ငါဗုဒ္ဓ ဘာသာဝင်မဟုတ်ပေမယ့် ဒီအပြုအမူကြောင့် ငါသိပ်ကို ထိခိုက် ခံစားရတယ်’’ဟု ရေးသားထား သည်။    


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top