Property Expo
×

အဂၤလန္ႏိုင္ငံ၊ ေအာက္စဖို႔ၿမိဳ႕၊ မာစတန္ရြာေလးရွိ လူသြားလမ္းေလးအနီးတြင္ ေတြ႕ရွိခဲ့တဲ့ မိန္းကေလးကို ရိန္ဟာနာ (ေကာင္းကင္ဘံုက ပန္းကေလး) လို႔ စံုေထာက္ ဂ်င္ဟုမ္းစ္က အမည္ေပးခဲ့ပါတယ္။

အေရွ႕ေတာင္အာရွသူေလးလို႔ ယူဆရတဲ့ ရိန္ဟာနာကို ေတြ႕ရွိၿပီး ၈ လအၾကာမွာ ေအာက္စ္ဖို႔ဒ္ၿမိဳ႕ေျမာက္ပိုင္းက ဝုဘာကုတ္သခ်ဴႋင္းမွာ သၿဂႋဳဟ္မွာ ျဖစ္ပါတယ္။

"ကိုယ့္မွာလည္း ကေလးႏွစ္ေယာက္ရွိေတာ့ ကေလးနာမည္ေပးရတာ ဘယ္ေလာက္ခက္တယ္ဆုိတာ ကၽြန္ေတာ္သိတယ္။ ေနာက္ၿပီး အခုလို အေျခအေနမ်ဳိးက ပိုအေရးႀကီးတယ္။ ဒီနာမည္တစ္ခုပဲ အမွတ္တရက်န္ခဲ့မွာ" လို႔ စံုေထာက္ ဂ်င္မ္ဟုမ္းစ္က ေျပာျပပါတယ္။

မိန္းမငယ္ေလးကို တကၠသိုလ္ပန္းျခံနဲ႔ မာစတန္ရြာၾကားက လမ္းေလးေပၚမွာ လမ္းသြားလမ္းလာမ်ားက ေတြ႕ရွိခဲ့တာျဖစ္ၿပီး ေမြးကတည္းက ေသဆံုးေနခဲ့တာပါ။

ကေလးရဲ႕မိခင္ကိုလည္း လာေရာက္ဆက္သြယ္ဖို႔နဲ႔ ဘာဖမ္းဆီးမႈမွ မျပဳလုပ္ပါဘူးလို႔ ရဲတပ္ဖြဲ႕က ေမတၱာရပ္ခံထားေပမဲ့ ကေလးပိုင္ရွင္အျဖစ္ ဘယ္သူကမွ လာေရာက္ေျပာၾကားျခင္းမရွိတဲ့အတြက္ ေနာက္ဆံုးမွာ အခုလို ကေလးရဲ႕စ်ာပနကို စီစဥ္လုိက္ရတာျဖစ္ပါတယ္။

သနားစရာေကာင္းလွတဲ့ ကေလးငယ္ေလးကို ဝုဘာကုတ္သခ်ဳႋင္းမွာ ေအာက္တုိဘာလ ၁၈ ရက္ ေန႔လယ္တစ္နာရီမွာ ေျမခ်မွာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

အင်္ဂလန်နိုင်ငံ၊ အောက်စဖို့မြို့၊ မာစတန်ရွာလေးရှိ လူသွားလမ်းလေးအနီးတွင် တွေ့ရှိခဲ့တဲ့ မိန်းကလေးကို ရိန်ဟာနာ (ကောင်းကင်ဘုံက ပန်းကလေး) လို့ စုံထောက် ဂျင်ဟုမ်းစ်က အမည်ပေးခဲ့ပါတယ်။

အရှေ့တောင်အာရှသူလေးလို့ ယူဆရတဲ့ ရိန်ဟာနာကို တွေ့ရှိပြီး ၈ လအကြာမှာ အောက်စ်ဖို့ဒ်မြို့မြောက်ပိုင်းက ဝုဘာကုတ်သချူႋင်းမှာ သင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။

"ကိုယ့်မှာလည်း ကလေးနှစ်ယောက်ရှိတော့ ကလေးနာမည်ပေးရတာ ဘယ်လောက်ခက်တယ်ဆိုတာ ကျွန်တော်သိတယ်။ နောက်ပြီး အခုလို အခြေအနေမျိုးက ပိုအရေးကြီးတယ်။ ဒီနာမည်တစ်ခုပဲ အမှတ်တရကျန်ခဲ့မှာ" လို့ စုံထောက် ဂျင်မ်ဟုမ်းစ်က ပြောပြပါတယ်။

မိန်းမငယ်လေးကို တက္ကသိုလ်ပန်းခြံနဲ့ မာစတန်ရွာကြားက လမ်းလေးပေါ်မှာ လမ်းသွားလမ်းလာများက တွေ့ရှိခဲ့တာဖြစ်ပြီး မွေးကတည်းက သေဆုံးနေခဲ့တာပါ။

ကလေးရဲ့မိခင်ကိုလည်း လာရောက်ဆက်သွယ်ဖို့နဲ့ ဘာဖမ်းဆီးမှုမှ မပြုလုပ်ပါဘူးလို့ ရဲတပ်ဖွဲ့က မေတ္တာရပ်ခံထားပေမဲ့ ကလေးပိုင်ရှင်အဖြစ် ဘယ်သူကမှ လာရောက်ပြောကြားခြင်းမရှိတဲ့အတွက် နောက်ဆုံးမှာ အခုလို ကလေးရဲ့ဈာပနကို စီစဉ်လိုက်ရတာဖြစ်ပါတယ်။

သနားစရာကောင်းလှတဲ့ ကလေးငယ်လေးကို ဝုဘာကုတ်သချုႋင်းမှာ အောက်တိုဘာလ ၁၈ ရက် နေ့လယ်တစ်နာရီမှာ မြေချမှာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top