Kantharyar Centre
×

 ေက်ာက္ဆည္နည္းပ ညာတကၠသိုလ္တြင္ စာေမးပြဲအ ေျဖလႊာမ်ား မီး႐ႈိ႕ဖ်က္ဆီးခံရမႈ ႏွင့္ ပတ္သက္၍ ပ်က္စီးခဲ့သည့္ အေျဖလႊာစာရင္းေပၚ မူတည္၍ ဆက္လက္ ေဆာင္ရြက္မည္ျဖစ္ ေၾကာင္း ပညာေရးဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ (သိပၸံႏွင့္ နည္းပညာ)ဦးေက်ာ္စြာစိုးက ေျပာသည္။

‘‘အခု ေလာေလာဆယ္မွာ က ဆရာမႀကီးက တုိင္းလႊတ္ေတာ္ကို သတင္းပို႔ရတာနဲ႔ဆိုေတာ့ အ လုပ္အရမ္း႐ႈပ္ေနတယ္။ ကြၽန္ ေတာ္တို႔ဆီမွာ ဓာတ္ဆီပက္ၿပီး မီး ႐ိႈ႕လိုက္တယ္လို႔ပဲ အၾကမ္းဖ်င္း သတင္းရေသးတယ္။ အဲဒါနဲ႔ပတ္ သက္ၿပီး ဖတ္မရေအာင္ ပ်က္စီး သြားတဲ့အေျဖလႊာက ဘယ္ႏွအုပ္၊ ဖတ္လို႔ရတဲ့အေျဖလႊာက ဘယ္ႏွ အုပ္လိုမ်ိဳး စာရင္းအတိအက်မရ ေသးဘူး။ အဲဒီလို ဘယ္ႏွစ္၊ ဘယ္အတန္း၊ ဘယ္ေက်ာင္းသားရဲ႕ ဘယ္ဘာသာအေျဖစာအုပ္ ပ်က္စီးသြားတယ္ဆိုတဲ့ စာရင္းရၿပီဆို ရင္ ဘယ္လို ဆက္လုပ္ရမလဲဆို တာ ဆံုးျဖတ္သြားမယ္။ အခုေလာ ေလာဆယ္ေတာ့ ဘာမွ မေျပာႏုိင္ ေသးဘူး။ စာေမးပြဲကို အားလံုးျပန္ေျဖခိုင္းဖို႔ မျဖစ္ႏိုင္ဘူး’’ဟု အၿမဲတမ္းအတြင္းဝန္ ဦးေက်ာ္စြာစိုးက ေျပာသည္။

သို႔ေသာ္ မီး႐ိႈ႕ခံထား ရမႈေၾကာင့္ ပ်က္စီးသြားသည့္ အေျဖလႊာစာရြက္ ၆,၅၀၁ ေစာင္တြင္ စစ္ေဆးဆဲ ၁,၄၃၁ ေစာင္၊ စစ္ေဆးၿပီး ၃,၇၅၆ ေစာင္၊ မစစ္ေဆးရေသးသည့္ အေျဖလႊာ ၁,၃၂၃ ေစာင္ပါဝင္ေၾကာင္း မႏၲ ေလးတိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွဴး ႐ံုးမွတ္တမ္းအရ သိရသည္။

အေျဖလႊာမ်ားကို သိမ္းဆည္းထားသည့္အခန္းတြင္ စက္တင္ဘာ ၃၀ ရက္ နံနက္ ၅ နာရီခန္႔က မီးေလာင္မႈျဖစ္ပြားခဲ့ၿပီး ေက်ာင္းသူ၊ ေက်ာင္းသားမ်ားေျဖ ဆိုထားသည့္ အေျဖလႊာအခ်ိဳ႕ ပ်က္စီးခဲ့ေၾကာင္း ေက်ာက္ဆည္ နည္းပညာတကၠသိုလ္မွ ကထိက တစ္ဦးက ေျပာသည္။

‘‘စာေမးပြဲၿပီးတဲ့အခ်ိန္ဆိုေပ မယ့္ သူ႔ေမဂ်ာနဲ႔သူ Field ဆင္းတဲ့ သူ၊ Project လုပ္တဲ့သူေတြရွိေန ေတာ့ ေက်ာင္းက ပိတ္မထားေသးဘူး။ ေက်ာင္းမွာ လူအသြားအလာ မျပတ္ေသးဘူး။ မီးက မနက္ ၅ နာရီေလာက္က ေလာင္တယ္လို႔ ၾကားတယ္။ အခုလက္ရွိအခ်ိန္ထိ ကေတာ့ ပါခ်ဳပ္၊ ဌာနမွဴးေတြနဲ႔ သက္ဆုိင္ရာရဲတို႔၊ မီးသတ္တို႔စစ္ ေနၾကေသးတယ္။ အတိအက် မသိရေသးဘူး’’ဟု ေက်ာက္ဆည္ နည္းပညာတကၠသိုလ္မွ ကထိက တစ္ဦးက ေျပာသည္။

ေက်ာက္ဆည္နည္းပညာ တကၠသိုလ္တြင္ အလားတူကိစၥ ရပ္မ်ိဳး ယခင္က မျဖစ္ပြားခဲ့ဖူးဘဲ ယခုႏွစ္္မွသာ ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး အဆိုပါစာေမးပြဲအေျဖလႊာမ်ား သိမ္းဆည္းထားသည့္ အခန္းဝန္း က်င္တြင္ စီစီတီဗီမ်ားတပ္ဆင္ ထားေသာေၾကာင့္ မၾကာမီ တရား ခံကို ေဖာ္ထုတ္ႏုိင္မည္ျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာသည္။

နည္းပညာတကၠသိုလ္မ်ား ၏အတန္းတင္စာေမးပြဲမ်ားကို စက္တင္ဘာ ၁၂ ရက္မွ ၂၃ ရက္ အထိ တစ္ႏိုင္ငံလံုးအတုိင္းအတာ ျဖင့္ ေျဖဆိုခဲ့ျခင္းျဖစ္သည္။

အဆိုပါကိစၥႏွင့္ပတ္သက္၍ ေက်ာက္ဆည္နည္းပညာတကၠ သိုလ္ပါေမာကၡခ်ဳပ္ ေဒါက္တာ ခင္ထုိက္ထုိက္လြင္ထံသို႔ ဖုန္းျဖင့္ ဆက္သြယ္ရာ စက္ပိတ္ထား၍ ဆက္သြယ္မရခဲ့ေပ။

၂၀၁၄ စက္တင္ဘာ ၁၇ ရက္က ကေလးနည္းပညာတကၠသိုလ္ တြင္ စာေမးပြဲ အေျဖလႊာမ်ား ေပ်ာက္ဆံုးမႈျဖစ္ပြားခဲ့ၿပီး ေပ်ာက္ ဆံုးသြားေသာ အေျဖလႊာမ်ားကို ေက်ာင္းနံေဘးရွိ ေရေျမာင္းအတြင္းမွ ျပန္လည္ဆယ္ယူႏိုင္ခဲ့ၿပီး အခ်ိဳ႕အေျဖလႊာမ်ားမွာ ေပ်ာက္ ဆံုးခဲ့သည္။

အဆုိပါ ျဖစ္စဥ္ႏွင့္ ပတ္ သက္၍ အေျဖလႊာေပ်ာက္ဆံုး သြားေသာေၾကာင့္ သက္ဆုိင္ရာ ေမဂ်ာအလိုက္ ေက်ာင္းသူ၊ ေက်ာင္းသားမ်ား ျပန္လည္ေျဖဆို ခဲ့ၾကရၿပီး အေျဖလႊာေပ်ာက္ဆံုးမႈ ကို ကေလးခ႐ိုင္ရဲတပ္ဖြဲ႕မွဴး႐ံုး တြင္ ျပည္သူပိုင္ပစၥည္းဖ်က္ဆီးမႈ ျဖင့္ အမႈဖြင့္အေရးယူခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 ကျောက်ဆည်နည်းပ ညာတက္ကသိုလ်တွင် စာမေးပွဲအ ဖြေလွှာများ မီးရှို့ဖျက်ဆီးခံရမှု နှင့် ပတ်သက်၍ ပျက်စီးခဲ့သည့် အဖြေလွှာစာရင်းပေါ် မူတည်၍ ဆက်လက် ဆောင်ရွက်မည်ဖြစ် ကြောင်း ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် (သိပ္ပံနှင့် နည်းပညာ)ဦးကျော်စွာစိုးက ပြောသည်။

‘‘အခု လောလောဆယ်မှာ က ဆရာမကြီးက တိုင်းလွှတ်တော်ကို သတင်းပို့ရတာနဲ့ဆိုတော့ အ လုပ်အရမ်းရှုပ်နေတယ်။ ကျွန် တော်တို့ဆီမှာ ဓာတ်ဆီပက်ပြီး မီး ရှို့လိုက်တယ်လို့ပဲ အကြမ်းဖျင်း သတင်းရသေးတယ်။ အဲဒါနဲ့ပတ် သက်ပြီး ဖတ်မရအောင် ပျက်စီး သွားတဲ့အဖြေလွှာက ဘယ်နှအုပ်၊ ဖတ်လို့ရတဲ့အဖြေလွှာက ဘယ်နှ အုပ်လိုမျိုး စာရင်းအတိအကျမရ သေးဘူး။ အဲဒီလို ဘယ်နှစ်၊ ဘယ်အတန်း၊ ဘယ်ကျောင်းသားရဲ့ ဘယ်ဘာသာအဖြေစာအုပ် ပျက်စီးသွားတယ်ဆိုတဲ့ စာရင်းရပြီဆို ရင် ဘယ်လို ဆက်လုပ်ရမလဲဆို တာ ဆုံးဖြတ်သွားမယ်။ အခုလော လောဆယ်တော့ ဘာမှ မပြောနိုင် သေးဘူး။ စာမေးပွဲကို အားလုံးပြန်ဖြေခိုင်းဖို့ မဖြစ်နိုင်ဘူး’’ဟု အမြဲတမ်းအတွင်းဝန် ဦးကျော်စွာစိုးက ပြောသည်။

သို့သော် မီးရှို့ခံထား ရမှုကြောင့် ပျက်စီးသွားသည့် အဖြေလွှာစာရွက် ၆,၅၀၁ စောင်တွင် စစ်ဆေးဆဲ ၁,၄၃၁ စောင်၊ စစ်ဆေးပြီး ၃,၇၅၆ စောင်၊ မစစ်ဆေးရသေးသည့် အဖြေလွှာ ၁,၃၂၃ စောင်ပါဝင်ကြောင်း မန္တ လေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရုံးမှတ်တမ်းအရ သိရသည်။

အဖြေလွှာများကို သိမ်းဆည်းထားသည့်အခန်းတွင် စက်တင်ဘာ ၃၀ ရက် နံနက် ၅ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကျောင်းသူ၊ ကျောင်းသားများဖြေ ဆိုထားသည့် အဖြေလွှာအချို့ ပျက်စီးခဲ့ကြောင်း ကျောက်ဆည် နည်းပညာတက္ကသိုလ်မှ ကထိက တစ်ဦးက ပြောသည်။

‘‘စာမေးပွဲပြီးတဲ့အချိန်ဆိုပေ မယ့် သူ့မေဂျာနဲ့သူ Field ဆင်းတဲ့ သူ၊ Project လုပ်တဲ့သူတွေရှိနေ တော့ ကျောင်းက ပိတ်မထားသေးဘူး။ ကျောင်းမှာ လူအသွားအလာ မပြတ်သေးဘူး။ မီးက မနက် ၅ နာရီလောက်က လောင်တယ်လို့ ကြားတယ်။ အခုလက်ရှိအချိန်ထိ ကတော့ ပါချုပ်၊ ဌာနမှူးတွေနဲ့ သက်ဆိုင်ရာရဲတို့၊ မီးသတ်တို့စစ် နေကြသေးတယ်။ အတိအကျ မသိရသေးဘူး’’ဟု ကျောက်ဆည် နည်းပညာတက္ကသိုလ်မှ ကထိက တစ်ဦးက ပြောသည်။

ကျောက်ဆည်နည်းပညာ တက္ကသိုလ်တွင် အလားတူကိစ္စ ရပ်မျိုး ယခင်က မဖြစ်ပွားခဲ့ဖူးဘဲ ယခုနှစ်မှသာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါစာမေးပွဲအဖြေလွှာများ သိမ်းဆည်းထားသည့် အခန်းဝန်း ကျင်တွင် စီစီတီဗီများတပ်ဆင် ထားသောကြောင့် မကြာမီ တရား ခံကို ဖော်ထုတ်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

နည်းပညာတက္ကသိုလ်များ ၏အတန်းတင်စာမေးပွဲများကို စက်တင်ဘာ ၁၂ ရက်မှ ၂၃ ရက် အထိ တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ဖြေဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကျောက်ဆည်နည်းပညာတက္က သိုလ်ပါမောက္ခချုပ် ဒေါက်တာ ခင်ထိုက်ထိုက်လွင်ထံသို့ ဖုန်းဖြင့် ဆက်သွယ်ရာ စက်ပိတ်ထား၍ ဆက်သွယ်မရခဲ့ပေ။

၂၀၁၄ စက်တင်ဘာ ၁၇ ရက်က ကလေးနည်းပညာတက္ကသိုလ် တွင် စာမေးပွဲ အဖြေလွှာများ ပျောက်ဆုံးမှုဖြစ်ပွားခဲ့ပြီး ပျောက် ဆုံးသွားသော အဖြေလွှာများကို ကျောင်းနံဘေးရှိ ရေမြောင်းအတွင်းမှ ပြန်လည်ဆယ်ယူနိုင်ခဲ့ပြီး အချို့အဖြေလွှာများမှာ ပျောက် ဆုံးခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ် သက်၍ အဖြေလွှာပျောက်ဆုံး သွားသောကြောင့် သက်ဆိုင်ရာ မေဂျာအလိုက် ကျောင်းသူ၊ ကျောင်းသားများ ပြန်လည်ဖြေဆို ခဲ့ကြရပြီး အဖြေလွှာပျောက်ဆုံးမှု ကို ကလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံး တွင် ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top