Property Expo
×


လိပ္ကြၽန္းလူသတ္မႈျဖင့္ ေသဒဏ္ အျပစ္ေပးခံရေသာ ေၾကာင့္ ဘန္ေကာက္ၿမိဳ႕ရွိ ဘန္ ခြမ္အက်ဥ္းေထာင္တြင္ ေနထုိင္ ေနရေသာ ျမန္မာလုပ္သားႏွစ္ဦး အနက္ ေဇာ္လင္းသည္ က်န္းမာ ေရးခ်ိဳ႕တဲ့ေနေၾကာင္း သတင္းရရွိ သည္။


ျမန္မာလုပ္သားႏွစ္ဦးထံ ပံု မွန္ေထာင္ဝင္စာ သြားေရာက္ ေတြ႕ဆံုေနသူ ကိုေက်ာ္မ်ိဳးသည္ ေအာက္တုိဘာ ၅ ရက္က ဘန္ခြမ္အက်ဥ္းေထာင္သို႔ ေထာင္ဝင္စာသြားေရာက္ေတြ႕ဆံုရာ၌ အသက္(၂၃)ႏွစ္အရြယ္ ေဇာ္လင္းသည္ ေနမေကာင္းျဖစ္၍ ခႏၶာကိုယ္မွာလည္း ေရာင္ရမ္းေန သည္ကို ေတြ႕ရွိခဲ့ေၾကာင္း ကိုေက်ာ္မ်ိဳးက 7Day Daily အား ေျပာသည္။

‘‘အိပ္ရာေတြ အသစ္ေျပာင္းလိုက္ေတာ့ ေဇာ္လင္းက မတည့္ဘူးျဖစ္ေနတယ္။ ခႏၶာကိုယ္မွာ အဖုေတြထြက္ၿပီး ယားေနတာေပါ့။ မ်က္ႏွာကလည္း ေရာင္ေနတယ္။ ေနမေကာင္း ျဖစ္ေနတာေပါ့။ ဝင္းေဇာ္ထြန္းကေတာ့ က်န္းမာေရးေကာင္းတယ္။ သူတို႔ကေတာ့ အျပင္ကို လြမ္းေနတာေပါ့။ ျမန္မာသံ႐ံုးကိုလည္း အခ်ိန္ရရင္ ေထာင္ဝင္စာေလး လာေတြ႕ေစခ်င္တယ္လို႔ ေျပာလိုက္တယ္။ ေနာက္ၿပီး သူတို႔အေမအေၾကာင္းေတြလည္း သိခ်င္ေနတယ္’’ဟု ကိုေက်ာ္မ်ိဳးက ေျပာ ၾကားသည္။

‘‘သံ႐ံုးအေနနဲ႔ ေထာင္ဝင္စာ ေတြ႕တာေတြ လုပ္ေနပါတယ္။ ေထာင္ေတြကို အလွည့္က်သြား ေရာက္ၿပီး ေတြ႕ေနတာေပါ့။ ေကာင္ေလးႏွစ္ေယာက္ရွိတဲ့ ဘန္ ခြမ္ေထာင္အလွည့္ မေရာက္ေသး လို႔ပါ။ သြားေတြ႕မွာပါ’’ဟု ထုိင္း ႏုိင္ငံဆိုင္ရာ ျမန္မာသံ႐ံုးမွ တာဝန္ရွိသူတစ္ဦးက ေျပာၾကားသည္။

ျပည္ပႏိုင္ငံမ်ားတြင္ အ က်ဥ္းက်ေနေသာ ႏုိင္ငံသားမ်ား ကို ျမန္မာသံ႐ံုးမ်ားက အကာ အကြယ္ေပးရမည္ျဖစ္ၿပီး ေထာင္ ဝင္စာမွန္မွန္သြားေတြ႕ရမည္ဟု ႏိုင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ထုိင္း ႏုိင္ငံသို႔ သြားေရာက္သည့္ ခရီးစဥ္၌ ထုိင္းႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ံုးတြင္ ျမန္မာအသင္းအဖြဲ႕အစည္း မ်ားႏွင့္ ေတြ႕ဆံုစဥ္ ေျပာၾကားထားသည္။

လိပ္ကြၽန္းလူသတ္မႈေၾကာင့္ ေသဒဏ္အျပစ္ေပးခံရေသာ ျမန္ မာလုပ္သားႏွစ္ဦးကို အျပစ္ေလွ်ာ့ ေပါ့ေပးရန္ ျမန္မာလုပ္သားႏွစ္ဦး အတြက္ ေဆာင္ရြက္ေပးေနသည့္ အဖြဲ႕အစည္းမ်ားက ေမလ ၂၃ ရက္တြင္ အယူခံတင္သြင္းထား သည္။ အယူခံတင္သြင္းထား မႈကို ျပန္လည္ေခ်ပသည့္ အေန ျဖင့္ ျမန္မာလုပ္သားႏွစ္ဦးအေပၚ ခ်မွတ္ထားသည့္ ျပစ္ဒဏ္မ်ား သည္ ခိုင္မာမႈရွိသည့္ ျပစ္ဒဏ္ သက္ေသျပခ်က္မ်ားျဖစ္သည္ဟု တရားလို ထုိင္းအစိုးရေရွ႕ေနအ ဖြဲ႕က အယူခံတရား႐ံုးသို႔ စက္ တင္ဘာ ၂၇ ရက္၌ ျပန္လည္ တင္ျပထားသည္။

ျမန္မာလုပ္သားႏွစ္ဦးကို ျပစ္မႈထင္ရွားသည္ဆိုကာ လူ သတ္မႈႏွင့္ သတင္းထိမ္ခ်န္မႈအ တြက္ ေသဒဏ္၊ ဟန္နာဝစ္သာ ရစ္ခ်္အား အဓမၼျပဳက်င့္မႈအတြက္ ေထာင္ဒဏ္ႏွစ္ ၂၀၊ ပစၥည္းခိုးမႈ အတြက္ ေထာင္ဒဏ္ ၂ ႏွစ္၊ ည အခ်ိန္မေတာ္ေနထုိင္မႈအတြက္ ေထာင္ဒဏ္တစ္ႏွစ္ခြဲ၊ ထုိင္းႏိုင္ငံ အတြင္း ခိုးဝင္မႈအတြက္ ေထာင္ ဒဏ္ ေျခာက္လႏွင့္ တရားမဝင္ ေနထုိင္မႈအတြက္ ေထာင္ဒဏ္ ေျခာက္လ စသည့္ျပစ္ဒဏ္မ်ား ေကာ့စမြီတရား႐ံုးက ၂၀၁၅ ဒီဇင္ ဘာ ၂၄ ရက္တြင္ ခ်မွတ္ျခင္း ျဖစ္သည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ် အပြစ်ပေးခံရသော ကြောင့် ဘန်ကောက်မြို့ရှိ ဘန် ခွမ်အကျဉ်းထောင်တွင် နေထိုင် နေရသော မြန်မာလုပ်သားနှစ်ဦး အနက် ဇော်လင်းသည် ကျန်းမာ ရေးချို့တဲ့နေကြောင်း သတင်းရရှိ သည်။


မြန်မာလုပ်သားနှစ်ဦးထံ ပုံ မှန်ထောင်ဝင်စာ သွားရောက် တွေ့ဆုံနေသူ ကိုကျော်မျိုးသည် အောက်တိုဘာ ၅ ရက်က ဘန်ခွမ်အကျဉ်းထောင်သို့ ထောင်ဝင်စာသွားရောက်တွေ့ဆုံရာ၌ အသက်(၂၃)နှစ်အရွယ် ဇော်လင်းသည် နေမကောင်းဖြစ်၍ ခန္ဓာကိုယ်မှာလည်း ရောင်ရမ်းနေ သည်ကို တွေ့ရှိခဲ့ကြောင်း ကိုကျော်မျိုးက 7Day Daily အား ပြောသည်။

‘‘အိပ်ရာတွေ အသစ်ပြောင်းလိုက်တော့ ဇော်လင်းက မတည့်ဘူးဖြစ်နေတယ်။ ခန္ဓာကိုယ်မှာ အဖုတွေထွက်ပြီး ယားနေတာပေါ့။ မျက်နှာကလည်း ရောင်နေတယ်။ နေမကောင်း ဖြစ်နေတာပေါ့။ ဝင်းဇော်ထွန်းကတော့ ကျန်းမာရေးကောင်းတယ်။ သူတို့ကတော့ အပြင်ကို လွမ်းနေတာပေါ့။ မြန်မာသံရုံးကိုလည်း အချိန်ရရင် ထောင်ဝင်စာလေး လာတွေ့စေချင်တယ်လို့ ပြောလိုက်တယ်။ နောက်ပြီး သူတို့အမေအကြောင်းတွေလည်း သိချင်နေတယ်’’ဟု ကိုကျော်မျိုးက ပြော ကြားသည်။

‘‘သံရုံးအနေနဲ့ ထောင်ဝင်စာ တွေ့တာတွေ လုပ်နေပါတယ်။ ထောင်တွေကို အလှည့်ကျသွား ရောက်ပြီး တွေ့နေတာပေါ့။ ကောင်လေးနှစ်ယောက်ရှိတဲ့ ဘန် ခွမ်ထောင်အလှည့် မရောက်သေး လို့ပါ။ သွားတွေ့မှာပါ’’ဟု ထိုင်း နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြည်ပနိုင်ငံများတွင် အ ကျဉ်းကျနေသော နိုင်ငံသားများ ကို မြန်မာသံရုံးများက အကာ အကွယ်ပေးရမည်ဖြစ်ပြီး ထောင် ဝင်စာမှန်မှန်သွားတွေ့ရမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထိုင်း နိုင်ငံသို့ သွားရောက်သည့် ခရီးစဉ်၌ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးတွင် မြန်မာအသင်းအဖွဲ့အစည်း များနှင့် တွေ့ဆုံစဉ် ပြောကြားထားသည်။

လိပ်ကျွန်းလူသတ်မှုကြောင့် သေဒဏ်အပြစ်ပေးခံရသော မြန် မာလုပ်သားနှစ်ဦးကို အပြစ်လျှော့ ပေါ့ပေးရန် မြန်မာလုပ်သားနှစ်ဦး အတွက် ဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများက မေလ ၂၃ ရက်တွင် အယူခံတင်သွင်းထား သည်။ အယူခံတင်သွင်းထား မှုကို ပြန်လည်ချေပသည့် အနေ ဖြင့် မြန်မာလုပ်သားနှစ်ဦးအပေါ် ချမှတ်ထားသည့် ပြစ်ဒဏ်များ သည် ခိုင်မာမှုရှိသည့် ပြစ်ဒဏ် သက်သေပြချက်များဖြစ်သည်ဟု တရားလို ထိုင်းအစိုးရရှေ့နေအ ဖွဲ့က အယူခံတရားရုံးသို့ စက် တင်ဘာ ၂၇ ရက်၌ ပြန်လည် တင်ပြထားသည်။

မြန်မာလုပ်သားနှစ်ဦးကို ပြစ်မှုထင်ရှားသည်ဆိုကာ လူ သတ်မှုနှင့် သတင်းထိမ်ချန်မှုအ တွက် သေဒဏ်၊ ဟန်နာဝစ်သာ ရစ်ချ်အား အဓမ္မပြုကျင့်မှုအတွက် ထောင်ဒဏ်နှစ် ၂၀၊ ပစ္စည်းခိုးမှု အတွက် ထောင်ဒဏ် ၂ နှစ်၊ ည အချိန်မတော်နေထိုင်မှုအတွက် ထောင်ဒဏ်တစ်နှစ်ခွဲ၊ ထိုင်းနိုင်ငံ အတွင်း ခိုးဝင်မှုအတွက် ထောင် ဒဏ် ခြောက်လနှင့် တရားမဝင် နေထိုင်မှုအတွက် ထောင်ဒဏ် ခြောက်လ စသည့်ပြစ်ဒဏ်များ ကော့စမွီတရားရုံးက ၂၀၁၅ ဒီဇင် ဘာ ၂၄ ရက်တွင် ချမှတ်ခြင်း ဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top