Property Expo
×

အဂၤလန္ႏုိင္ငံ၊ အေနာက္ ေယာ့ခ္႐ိႈင္းယားမွာ ေနထုိင္တဲ့ ကာရမ္ခ်န္ဆုိတဲ့ အဘိုးအိုဟာ အသက္ ၁၁၁ ႏွစ္ျပည့္ဖို႔ သီတင္းပတ္ ၆ ပတ္ အလိုမွာကြယ္လြန္သြားခဲ့ပါတယ္။

မစၥတာခ်န္နဲ႔ အသက္ ၁၀၃ ႏွစ္ရွိ သူ႔ရဲ႕ဇနီးသည္တုိ႔ဟာ မႏွစ္က ႏွစ္ ၉၀ ျပည့္ မဂၤလာႏွစ္ပတ္လည္ပြဲကို က်င္းပခဲ့တာျဖစ္ၿပီး သူတုိ႔စံုတြဲဟာ တစ္ခါမွ ရန္ျဖစ္ျခင္းမရွိဘူးလို႔ မိသားစုဝင္ေတြက ေျပာပါတယ္။

"အေဖေသသြားတဲ့အတြက္ ယူက်ဳံးမရျဖစ္ရပါတယ္။ ဒီအသက္အရြယ္ထိ ေနႏုိင္တဲ့သူေတြ သိပ္မရွိဘူး" လို႔ သူတုိ႔ဇနီးေမာင္ႏွံနဲ႔ အတူေနထုိင္တဲ့ သားျဖစ္သူ ေပါလ္က ဝမ္းနည္းစြာ ဆုိပါတယ္။

အိႏၵိယႏုိင္ငံ ပန္ဂ်က္ဘ္ၿမိဳ႕မွာ ၁၉၀၅ ခုႏွစ္က လယ္သမားမိသားစုမွာ ေမြးဖြားခဲ့တဲ့  ဆစ္ခ္ဘာသာဝင္ ကာရမ္ဟာ ၁၉၂၅ ခုႏွစ္မွာ ကာတာရီနဲ႔ အိမ္ေထာင္က်ခဲ့ၿပီး ၁၉၆၅ ခုႏွစ္မွာေတာ့ ဘရတ္ဖုိ႔ဒ္ကို ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။

အခုဆုိရင္ သူတုိ႔မွာ သားသမီး ၈ ဦး၊ ေျမး ၂၇ ဦးနဲ႔ ျမစ္ ဒါဇင္ေပါင္းမ်ားစြာ ရွိေနပါၿပီ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

အင်္ဂလန်နိုင်ငံ၊ အနောက် ယော့ခ်ရှိုင်းယားမှာ နေထိုင်တဲ့ ကာရမ်ချန်ဆိုတဲ့ အဘိုးအိုဟာ အသက် ၁၁၁ နှစ်ပြည့်ဖို့ သီတင်းပတ် ၆ ပတ် အလိုမှာကွယ်လွန်သွားခဲ့ပါတယ်။

မစ္စတာချန်နဲ့ အသက် ၁၀၃ နှစ်ရှိ သူ့ရဲ့ဇနီးသည်တို့ဟာ မနှစ်က နှစ် ၉၀ ပြည့် မင်္ဂလာနှစ်ပတ်လည်ပွဲကို ကျင်းပခဲ့တာဖြစ်ပြီး သူတို့စုံတွဲဟာ တစ်ခါမှ ရန်ဖြစ်ခြင်းမရှိဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။

"အဖေသေသွားတဲ့အတွက် ယူကျုံးမရဖြစ်ရပါတယ်။ ဒီအသက်အရွယ်ထိ နေနိုင်တဲ့သူတွေ သိပ်မရှိဘူး" လို့ သူတို့ဇနီးမောင်နှံနဲ့ အတူနေထိုင်တဲ့ သားဖြစ်သူ ပေါလ်က ဝမ်းနည်းစွာ ဆိုပါတယ်။

အိန္ဒိယနိုင်ငံ ပန်ဂျက်ဘ်မြို့မှာ ၁၉၀၅ ခုနှစ်က လယ်သမားမိသားစုမှာ မွေးဖွားခဲ့တဲ့  ဆစ်ခ်ဘာသာဝင် ကာရမ်ဟာ ၁၉၂၅ ခုနှစ်မှာ ကာတာရီနဲ့ အိမ်ထောင်ကျခဲ့ပြီး ၁၉၆၅ ခုနှစ်မှာတော့ ဘရတ်ဖို့ဒ်ကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

အခုဆိုရင် သူတို့မှာ သားသမီး ၈ ဦး၊ မြေး ၂၇ ဦးနဲ့ မြစ် ဒါဇင်ပေါင်းများစွာ ရှိနေပါပြီ။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top