Royal Maung Bamar Residence
×





Credit:7Day Daily

Unicode Version

အမေရိကန်မင်းသမီး စကားလက်ဂျိုဟန်ဆင်နှင့် ၎င်း၏ အမျိုးသား ရိုမင်းဒူရီးယာ့စ်တို့ သည် ပြင်သစ်နိုင်ငံ ပါရီမြို့၌ လာမည့်စနေ၊ တနင်္ဂနွေနေ့များ တွင် အရည်အသွေးမြင့် ပြောင်း ဖူးပေါက်ပေါက်ဆိုင်တစ်ဆိုင် ဖွင့် လှစ်မည်ဖြစ်သည်။

ဂျိုဟန်ဆင်သည် ပါရီမြို့ မာရာအစ်အောတွင် စနေနေ့၌ Yummy Pop ဆိုင်ကို ဖွင့်လှစ် မည်ဖြစ်ကြောင်း E! online သတင်းက ဖော်ပြသည်။

‘‘ကျွန်မတို့ကြိုက်တဲ့ အမေ ရိကန်သရေစာကို ကျွန်မတို့ သဘောကျတဲ့ ဥရောပမြို့ဆီ ဆောင်ကြဉ်းပေးဖို့က ကျွန်မနဲ့ ကျွန်မရဲ့မိသားစု နှစ်တွေအတော် ကြာခဲ့တဲ့ စိတ်ကူးတစ်ခုပဲဖြစ်ပါ တယ်’’ဟု စကားလက်က ကြေ ညာချက်တစ်ရပ်တွင် ဖော်ပြထား သည်။Yummy Pop ကို ပါရီမြို့ သားများ အမြဲတမ်းစားသုံးသည့် သရေစာတစ်ခု ဖြစ်လာရန်နှင့် မိမိသဘောအကျဆုံးမြို့များဖြစ် သော ပါရီမြို့နှင့် နယူးယောက် မြို့ကြား ခင်မင်မှုသင်္ကေတတစ်ခု ဖြစ်လာရန် မျှော်လင့်ထားသည်ဟု ၎င်းက ပြောသည်။

စကားလက်၏ အမျိုးသား သည် ပါရီမြို့သားဂျာနယ်လစ်ဖြစ် သည်။  


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top