Kantharyar Centre
×

မႏၲေလးၿမိဳ႕ ၃၈ လမ္း လမ္း ၇၀ ႏွင့္ ၇၁ လမ္းၾကား ေအာင္မဂၤလာရပ္ကြက္အတြင္း ေအာက္တုိဘာ ၂၀ ရက္ ညေန ၆ နာရီခဲြတြင္ မီးလာင္ကၽြမ္းရာ စံပယ္ဦး အမ်ိဳးသမီးအေဆာင္အ ပါအ၀င္ ေနအိမ္ ၁၀ လံုးခန္႔ မီး ေလာင္ဆံုး႐ႈံးခဲ့ေၾကာင္း သတင္း ရရွိသည္။

‘‘ေနအိမ္ ၁၀ လံုး မီးေလာင္ သြားတယ္။ အဲဒီ လမ္းထဲမွာ အိမ္ ေတြက ႐ႈပ္ၿပီး ကပ္ေနေတာ့ဘယ္ကစေလာင္တယ္ဆိုတာ ျဖစ္စဥ္ကို စံုစမ္းေနတုန္းပါ။ ဆံုး႐ႈံးမႈတန္ဖိုးကေတာ့ ၁၃၅ သိန္းရွိပါတယ္’’ဟု မဟာေအာင္ေျမၿမိဳ႕နယ္ မီးသတ္စခန္းမွ တာ၀န္ခံ မီးသတ္ တပ္ဖြဲ႕၀င္တစ္ဦးက ေျပာသည္။

မီးသတ္ကားမ်ား လမ္းၾကား အတြင္း ၀င္ေရာက္ရန္ ခက္ခဲ၍ မီးသတ္ကား သံုးစီးခန္႔သာ မီး ေလာင္မႈျဖစ္ပြားသည့္ေနရာအထိ သြားေရာက္ၿငိႇမ္းသတ္ႏုိင္ခဲ့ေသာ ေၾကာင့္ ည ၇ နာရီ ၃၅ မိနစ္မွသာ ၿငိႇမ္းသတ္ႏုိင္ခဲ့ေၾကာင္း မီးသတ္ တပ္ဖဲြ႕စခန္းမွ သိရသည္။

မီးေလာင္မႈအဆင့္ကို Level 3 သတ္မွတ္ခဲ့ၿပီး မီးစတင္ေလာင္ ကၽြမ္းသည့္ ေအာင္မဂၤလာ ရပ္ ကြက္ အနီးရွိ ဗန္းေမာ္ေက်ာင္း တိုက္ထဲတြင္ မီးသတ္ကား အစီး ၃၀ ခန္႔ ၀န္းရံထားၿပီး မီးၿငိႇမ္းသတ္ ေနသည့္ ယာဥ္မ်ားကုိ အကူေရ ျဖည့္ေပးျခင္းမ်ား ျပဳလုပ္ခဲ့ေၾကာင္း မီးသတ္တပ္ဖဲြ႕၀င္တစ္ဦးက ေျပာသည္။

‘‘မီးေလာင္တယ္ဆိုလို႔ ေျပး လာတာ။ ၂၅ ရက္ေန႔ အေ၀းသင္ စာေမးပဲြေျဖရမယ္။ ဘာပစၥည္းမွ ယူလို႔မရေတာ့ဘူး။ တခ်ိဳ႕ဆုိ ဆိုင္ ကယ္ေတြေတာင္ပါသြားတယ္’’ ဟု မီးေလာင္မႈျဖစ္ပြားခဲ့သည့္ ေန ရာအနီးရွိ အမ်ိဳးသား ေဘာ္ဒါ ေဆာင္၌ ေနထိုင္သည့္ အမ်ိဳးသား တစ္ဦးက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

မန္တလေးမြို့ ၃၈ လမ်း လမ်း ၇၀ နှင့် ၇၁ လမ်းကြား အောင်မင်္ဂလာရပ်ကွက်အတွင်း အောက်တိုဘာ ၂၀ ရက် ညနေ ၆ နာရီခွဲတွင် မီးလာင်ကျွမ်းရာ စံပယ်ဦး အမျိုးသမီးအဆောင်အ ပါအဝင် နေအိမ် ၁၀ လုံးခန့် မီး လောင်ဆုံးရှုံးခဲ့ကြောင်း သတင်း ရရှိသည်။

‘‘နေအိမ် ၁၀ လုံး မီးလောင် သွားတယ်။ အဲဒီ လမ်းထဲမှာ အိမ် တွေက ရှုပ်ပြီး ကပ်နေတော့ဘယ်ကစလောင်တယ်ဆိုတာ ဖြစ်စဉ်ကို စုံစမ်းနေတုန်းပါ။ ဆုံးရှုံးမှုတန်ဖိုးကတော့ ၁၃၅ သိန်းရှိပါတယ်’’ဟု မဟာအောင်မြေမြို့နယ် မီးသတ်စခန်းမှ တာဝန်ခံ မီးသတ် တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

မီးသတ်ကားများ လမ်းကြား အတွင်း ဝင်ရောက်ရန် ခက်ခဲ၍ မီးသတ်ကား သုံးစီးခန့်သာ မီး လောင်မှုဖြစ်ပွားသည့်နေရာအထိ သွားရောက်ငြှိမ်းသတ်နိုင်ခဲ့သော ကြောင့် ည ၇ နာရီ ၃၅ မိနစ်မှသာ ငြှိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ် တပ်ဖွဲ့စခန်းမှ သိရသည်။

မီးလောင်မှုအဆင့်ကို Level 3 သတ်မှတ်ခဲ့ပြီး မီးစတင်လောင် ကျွမ်းသည့် အောင်မင်္ဂလာ ရပ် ကွက် အနီးရှိ ဗန်းမော်ကျောင်း တိုက်ထဲတွင် မီးသတ်ကား အစီး ၃၀ ခန့် ဝန်းရံထားပြီး မီးငြှိမ်းသတ် နေသည့် ယာဉ်များကို အကူရေ ဖြည့်ပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

‘‘မီးလောင်တယ်ဆိုလို့ ပြေး လာတာ။ ၂၅ ရက်နေ့ အဝေးသင် စာမေးပွဲဖြေရမယ်။ ဘာပစ္စည်းမှ ယူလို့မရတော့ဘူး။ တချို့ဆို ဆိုင် ကယ်တွေတောင်ပါသွားတယ်’’ ဟု မီးလောင်မှုဖြစ်ပွားခဲ့သည့် နေ ရာအနီးရှိ အမျိုးသား ဘော်ဒါ ဆောင်၌ နေထိုင်သည့် အမျိုးသား တစ်ဦးက ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top