Property Expo
×

သင့္ရဲ႕လက္ကိုင္အိတ္၊ လက္စြဲအိတ္၊ လြယ္အိတ္စတဲ့ လည္သာအိတ္ေတြမွာ အ၀ါေရာင္သမ္းေနတဲ့ အကြက္ေတြ၊ အစြန္းအထင္းေတြ ျဖစ္ေနၿပီဆုိရင္ေတာ့ ဒါကို ဘယ္လိုဖ်က္ပစ္ရမလဲဆိုတာ ေခါင္းစားသြားေတာ့မွာပါ။ ဒီလိုမျဖစ္ရေအာင္ အဲ့ဒီအရာေတြကို ေပ်ာက္ေအာင္ ကူညီေပးမယ့္ နည္းေလးေတြ ေျပာျပေပးခ်င္ပါတယ္။

၁။ အစားအေသာက္ေတြ ေပက်ံစြန္းထင္းသြားတာဆုိရင္

ငရုတ္ဆီေတြ ဖိတ္က်တာမ်ိဳး၊ အျခား အစားအေသာက္က အဆီတစ္မ်ိဳးမ်ိဳး ေပသြားတာမ်ိဳးအတြက္ေတာ့ သိပ္အာရံုေနာက္မခံပါနဲ႔။ ေဘဘီေပါင္ဒါလို ေပါင္ဒါမုန္႔ေလးနည္းနည္းျဖဴ း လိုက္တာနဲ႔ သူက ခုနအဆီေတြကို စုပ္ယူသြားပါလိမ့္မယ္။

၂။၀ိုင္ေတြ စြန္းေပသြားတာမ်ိဳးဆုိရင္

၀ိုင္ျဖဴကေတာ့ ျမန္ျမန္ေျခာက္ေသြ႕သြားတတ္တာမ်ိဳးပါ။ ဒါေပမယ့္ ၀ိုင္ျဖဴပဲျဖစ္ျဖစ္၊ ၀ိုင္နီပဲျဖစ္ျဖစ္ ဒီအတုိင္းေတာ့ မထားသင့္တာခ်ည္းပါပဲ။ သူက မႈိေတြဘာေတြလည္း စြဲတတ္တာမို႔ အိတ္ေပၚ၀ိုင္စြန္းသြားၿပီဆုိရင္ လည္သာအိတ္ေတြအတြက္ သီးသန္႔ထုတ္ထားတဲ့ အညစ္အေၾကးဖယ္ရွားတဲ့အရာနဲ႔ သန္႔စင္ပါ။ ၿပီးသြားရင္ေတာ့ ဒရိုင္ယာနဲ႔ နည္းနည္းမႈတ္ေပးလိုက္ပါ။ အဲ့ဒီလို မႈတ္တဲ့အခါ အပူခ်ိန္မပါတဲ့ ပထမဆံုးအဆင့္ ေလေလာက္နဲ႔တင္ မႈတ္ေပးဖုိ႔ သတိထားပါ။

၃။မိုးေရစိုသြားတာမ်ိဳးဆိုရင္

လည္သာအိတ္ဟာ ေရစိုတာနဲ႔ကြက္တတ္တာမ်ိဳးျဖစ္တတ္ပါတယ္။ တစ္ခါတစ္ေလ မိုးေတြမိသြားလုိ႔ အိတ္စိုသြားတာမ်ိဳးေပါ့။ ဒီလိုဆုိရင္ အျပင္ပိုင္းကို ခုနလုိပဲ ဒရိုင္ယာနဲ႔မႈတ္ေပးၿပီး အထဲပိုင္းကိုေတာ့ မိုးေရစုပ္မယ္ သတင္းစာလို စကၠဴတစ္ခုခုထည့္ထားေပးဖုိ႔ လိုပါတယ္။

၄။မိတ္ကပ္စြန္းေပသြားတာမ်ိဳးဆိုရင္

မိတ္ကပ္ေရေတြ ဖိတ္သြားလို႔ သင့္လည္သာအိတ္ကြက္သြားရင္ သင္ညတုိင္း ဖ်က္ဖ်က္ေနတဲ့ make-up removerကိုသံုးဖုိ႔ လံုး၀မစဥ္းစားပါနဲ႔။ သူက အဆီေတြ၊ ခရင္မ္ေတြကို အေျခခံထုတ္ထားတာမို႔ လည္သာကို ပ်က္စီးေစပါလိမ့္မယ္။ လည္သာအစြန္းအထင္းေတြ ပ်က္သြားေစမယ့္ leather wipe ကိုပဲ သံုးေပးပါ။

၅။အျခားဘယ္အရာေတြ စြန္းစြန္း

လည္သာမွာ အျခားေသာ ဘာေတြနဲ႔စြန္းထင္းသြားပါေစ သူ႕အတြက္ ထည့္ေပးထားတဲ့ အစြန္းခၽြတ္ေဆးကလြဲရင္ အျခားေသာ အစြန္းခၽြတ္ေဆးေတြနဲ႔ ေရာမသံုးပါနဲ႔။ အျခားေသာ အစြန္းခၽြတ္ေဆးေတြမွာ ခရင္မ္ (သို႔) အရက္ေတြ ပါ၀င္တာမုိ႔ လည္သာ အိတ္ေပၚက အစြန္ကို ပိုၾကီးသြားတာမ်ိဳး ျဖစ္ေစပါလိမ့္မယ္။ ဒါကို သတိထားပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

#Unicode Version
သင့်ရဲ့လက်ကိုင်အိတ်၊ လက်စွဲအိတ်၊ လွယ်အိတ်စတဲ့ လည်သာအိတ်တွေမှာ အဝါရောင်သမ်းနေတဲ့ အကွက်တွေ၊ အစွန်းအထင်းတွေ ဖြစ်နေပြီဆိုရင်တော့ ဒါကို ဘယ်လိုဖျက်ပစ်ရမလဲဆိုတာ ခေါင်းစားသွားတော့မှာပါ။ ဒီလိုမဖြစ်ရအောင် အဲ့ဒီအရာတွေကို ပျောက်အောင် ကူညီပေးမယ့် နည်းလေးတွေ ပြောပြပေးချင်ပါတယ်။

၁။ အစားအသောက်တွေ ပေကျံစွန်းထင်းသွားတာဆိုရင်

ငရုတ်ဆီတွေ ဖိတ်ကျတာမျိုး၊ အခြား အစားအသောက်က အဆီတစ်မျိုးမျိုး ပေသွားတာမျိုးအတွက်တော့ သိပ်အာရုံနောက်မခံပါနဲ့။ ဘေဘီပေါင်ဒါလို ပေါင်ဒါမုန့်လေးနည်းနည်းဖြူ း လိုက်တာနဲ့ သူက ခုနအဆီတွေကို စုပ်ယူသွားပါလိမ့်မယ်။

၂။ဝိုင်တွေ စွန်းပေသွားတာမျိုးဆိုရင်

ဝိုင်ဖြူကတော့ မြန်မြန်ခြောက်သွေ့သွားတတ်တာမျိုးပါ။ ဒါပေမယ့် ဝိုင်ဖြူပဲဖြစ်ဖြစ်၊ ဝိုင်နီပဲဖြစ်ဖြစ် ဒီအတိုင်းတော့ မထားသင့်တာချည်းပါပဲ။ သူက မှိုတွေဘာတွေလည်း စွဲတတ်တာမို့ အိတ်ပေါ်ဝိုင်စွန်းသွားပြီဆိုရင် လည်သာအိတ်တွေအတွက် သီးသန့်ထုတ်ထားတဲ့ အညစ်အကြေးဖယ်ရှားတဲ့အရာနဲ့ သန့်စင်ပါ။ ပြီးသွားရင်တော့ ဒရိုင်ယာနဲ့ နည်းနည်းမှုတ်ပေးလိုက်ပါ။ အဲ့ဒီလို မှုတ်တဲ့အခါ အပူချိန်မပါတဲ့ ပထမဆုံးအဆင့် လေလောက်နဲ့တင် မှုတ်ပေးဖို့ သတိထားပါ။

၃။မိုးရေစိုသွားတာမျိုးဆိုရင်

လည်သာအိတ်ဟာ ရေစိုတာနဲ့ကွက်တတ်တာမျိုးဖြစ်တတ်ပါတယ်။ တစ်ခါတစ်လေ မိုးတွေမိသွားလို့ အိတ်စိုသွားတာမျိုးပေါ့။ ဒီလိုဆိုရင် အပြင်ပိုင်းကို ခုနလိုပဲ ဒရိုင်ယာနဲ့မှုတ်ပေးပြီး အထဲပိုင်းကိုတော့ မိုးရေစုပ်မယ် သတင်းစာလို စက္ကူတစ်ခုခုထည့်ထားပေးဖို့ လိုပါတယ်။

၄။မိတ်ကပ်စွန်းပေသွားတာမျိုးဆိုရင်

မိတ်ကပ်ရေတွေ ဖိတ်သွားလို့ သင့်လည်သာအိတ်ကွက်သွားရင် သင်ညတိုင်း ဖျက်ဖျက်နေတဲ့ make-up removerကိုသုံးဖို့ လုံးဝမစဉ်းစားပါနဲ့။ သူက အဆီတွေ၊ ခရင်မ်တွေကို အခြေခံထုတ်ထားတာမို့ လည်သာကို ပျက်စီးစေပါလိမ့်မယ်။ လည်သာအစွန်းအထင်းတွေ ပျက်သွားစေမယ့် leather wipe ကိုပဲ သုံးပေးပါ။

၅။အခြားဘယ်အရာတွေ စွန်းစွန်း

လည်သာမှာ အခြားသော ဘာတွေနဲ့စွန်းထင်းသွားပါစေ သူ့အတွက် ထည့်ပေးထားတဲ့ အစွန်းချွတ်ဆေးကလွဲရင် အခြားသော အစွန်းချွတ်ဆေးတွေနဲ့ ရောမသုံးပါနဲ့။ အခြားသော အစွန်းချွတ်ဆေးတွေမှာ ခရင်မ် (သို့) အရက်တွေ ပါဝင်တာမို့ လည်သာ အိတ်ပေါ်က အစွန်ကို ပိုကြီးသွားတာမျိုး ဖြစ်စေပါလိမ့်မယ်။ ဒါကို သတိထားပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top