Property Expo
×

ဟုမၼလင္းမွ မံုရြာသို႔စုန္လာသည့္ ေအးၿငိမ္းခ်မ္းသာအျမန္ေရယာဥ္အသင္းမွ ေအာင္စိုးမိုးေက်ာ္(၂)
အျမန္ေရယာဥ္သည္ ယေန႔မနက္ ၅နာရီအခ်ိန္ခန္႔က ကနီၿမိဳ႕နယ္၊ မိေခ်ာင္းတြင္း ေက်းရြာအနီးတြင္ တိမ္းေမွာက္ခဲ့ေၾကာင္း သိရသည္။

အဆိုပါေရယာဥ္တြင္ ခန္႔မွန္းလူဦးေရ ၃၀၀ခန္႔ပါရွိၿပီး လူတစ္ရာေက်ာ္ခန္႔ ေပ်ာက္ဆံုးေနေၾကာင္း သိရပါသည္။

လက္ရွိအခ်ိန္တြင္ မိေခ်ာင္းတြင္းေက်းရြာ ဓမၼာရံုတြင္ ၈၀ႏွင့္ အထက္ကင္းဘုန္းေတာ္ႀကီးေက်ာင္း၌ လူ ၃၀ဦးတို႔ကို ကယ္ဆယ္ထားေၾကာင္း သိရသည္။

ေအးၿငိမ္းခ်မ္းသာ အျမန္ယာဥ္အသင္းမွ ေအာင္စိုးမိုးေက်ာ္2 လိုင္စင္နံပါတ္ ၈၈၄၅ အျမန္ေရယာဥ္ ယေန႔မနက္ ၅နာရီခန္႔က ကနီၿမိဳ႕နယ္ မိေခ်ာင္းတြင္းေက်းရြာတြင္ မေတာ္တဆတိမ္းေမွာက္ခဲ့ပါတယ္။ ခရီသည္မ်ားႏွင့္လည္းအဆက္အသြယ္ ရပီးျဖစ္ပါသည္။

ကြၽန္ေတာ္တို႔ ဂိတ္ကေနၿပီး ေမာ္ေတာ္၄စီး ကယ္ဆယ္ရန္ သြားေနပါၿပီ ေရႊစင္ျမင့္၊ေအာင္ျမင့္ေဇာ္၊ ျမဝတ္ရည္၊ ေက်ာ္ေဇယ်ာဟိန္း စသည့္ ေရယာဥ္ ၄စီးျဖင့္ ေကာ္ဖီမစ္၊ေရ၊ စားစရာမ်ားျဖင့္ သြားေရာက္ကယ္ဆယ္ေနပါတယ္။ ကင္းမွပရဟိတအသင္းမ်ားႏွင့္ လက္ပံစုရြာ ေက်ာက္ေလွခါး ႏွင့္ ကနီၿမိဳ႕မွ ကယ္ဆယ္ေရးအသင္းမ်ားလည္း ကူညီကယ္ဆယ္ေနပါတယ္ဗ် ျဖစ္ပြားရာေနရာသည္ ျမစ္ကမ္းအနီးျဖစ္ေသာေၾကာင့္ ခရီးသည္အေသအေပ်ာက္စာရင္းမၾကားသိရေသးပါ

ကနီေဆး႐ုံ၊ကင္းေဆး႐ုံႏွင့္ နီးစပ္ရာ ေဆး႐ုံေဆးခန္းမ်ားမွာလည္း ခရီးသည္မ်ားကုသမႈခံယူေနပါတယ္
ယခု၈နာရီ၅၀မိနစ္တြင္ အျမန္ယာဥ္ေမာက္တစ္စီးျဖင့္ သက္ဆိုင္ရာလူႀကီးမ်ားႏွင့္ လိုက္ပါလာေသာခရီးသည္မ်ား၏မိသားစုဝင္မ်ား လိုက္ပါမည္ျဖစ္သည္။ ၉နာရီအခ်ိန္ လက္ပံစုရြာမွ သတင္းေပးခ်က္အရ လူ၁၇၀ ဝန္းက်င္ ျပန္ေတြ႔ထားၿပီးျဖစ္ပါတယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thit Htoo Lwin

#Unicode Version
ဟုမ္မလင်းမှ မုံရွာသို့စုန်လာသည့် အေးငြိမ်းချမ်းသာအမြန်ရေယာဉ်အသင်းမှ အောင်စိုးမိုးကျော်(၂)

အမြန်ရေယာဉ်သည် ယနေ့မနက် ၅နာရီအချိန်ခန့်က ကနီမြို့နယ်၊ မိချောင်းတွင်း ကျေးရွာအနီးတွင် တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

အဆိုပါရေယာဉ်တွင် ခန့်မှန်းလူဦးရေ ၃၀၀ခန့်ပါရှိပြီး လူတစ်ရာကျော်ခန့် ပျောက်ဆုံးနေကြောင်း သိရပါသည်။

လက်ရှိအချိန်တွင် မိချောင်းတွင်းကျေးရွာ ဓမ္မာရုံတွင် ၈၀နှင့် အထက်ကင်းဘုန်းတော်ကြီးကျောင်း၌ လူ ၃၀ဦးတို့ကို ကယ်ဆယ်ထားကြောင်း သိရသည်။

အေးငြိမ်းချမ်းသာ အမြန်ယာဉ်အသင်းမှ အောင်စိုးမိုးကျော်2 လိုင်စင်နံပါတ် ၈၈၄၅ အမြန်ရေယာဉ် ယနေ့မနက် ၅နာရီခန့်က ကနီမြို့နယ် မိချောင်းတွင်းကျေးရွာတွင် မတော်တဆတိမ်းမှောက်ခဲ့ပါတယ်။ ခရီသည်များနှင့်လည်းအဆက်အသွယ် ရပီးဖြစ်ပါသည်။

ကျွန်တော်တို့ ဂိတ်ကနေပြီး မော်တော်၄စီး ကယ်ဆယ်ရန် သွားနေပါပြီ ရွှေစင်မြင့်၊အောင်မြင့်ဇော်၊ မြဝတ်ရည်၊ ကျော်ဇေယျာဟိန်း စသည့် ရေယာဉ် ၄စီးဖြင့် ကော်ဖီမစ်၊ရေ၊ စားစရာများဖြင့် သွားရောက်ကယ်ဆယ်နေပါတယ်။ ကင်းမှပရဟိတအသင်းများနှင့် လက်ပံစုရွာ ကျောက်လှေခါး နှင့် ကနီမြို့မှ ကယ်ဆယ်ရေးအသင်းများလည်း ကူညီကယ်ဆယ်နေပါတယ်ဗျ ဖြစ်ပွားရာနေရာသည် မြစ်ကမ်းအနီးဖြစ်သောကြောင့် ခရီးသည်အသေအပျောက်စာရင်းမကြားသိရသေးပါ

ကနီဆေးရုံ၊ကင်းဆေးရုံနှင့် နီးစပ်ရာ ဆေးရုံဆေးခန်းများမှာလည်း ခရီးသည်များကုသမှုခံယူနေပါတယ်
ယခု၈နာရီ၅၀မိနစ်တွင် အမြန်ယာဉ်မောက်တစ်စီးဖြင့် သက်ဆိုင်ရာလူကြီးများနှင့် လိုက်ပါလာသောခရီးသည်များ၏မိသားစုဝင်များ လိုက်ပါမည်ဖြစ်သည်။ ၉နာရီအချိန် လက်ပံစုရွာမှ သတင်းပေးချက်အရ လူ၁၇၀ ဝန်းကျင် ပြန်တွေ့ထားပြီးဖြစ်ပါတယ်လို့ သိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top