Property Expo
×

Aries (မိႆရာသီဖြား)
————————
အေကာင္း- တက္တက္ၾကြၾကြရိွတယ္။ ၾကင္နာတတ္တယ္။
သတိၱရိွတယ္။ ဖန္တီးႏိုင္စြမ္းေကာင္းျပီး အႏုပညာ ပါရမီပါတယ္။
ေခါင္းေဆာင္ေကာင္းစိတ္ဓာတ္သူလည္းျဖစ္တယ္။

အဆိုး- စိတ္ေတာ့သိပ္မရွည္ခ်င္ဘူး။ ကိုယ့္ကို လာထိရင္ မဟုတ္မခံျပန္ေျပာခ်င္စိတ္ရိွတယ္။ တခါတေလ စကားကို မပြင့္မလင္းေျပာတတ္တယ္။ မစဥ္းစားဘဲ တဇြတ္ထိုးလုပ္တတ္တယ္။

အၾကံျပဳခ်က္- ကိုယ့္ကိုယ္ကို ယံုၾကည္မႈအျပည့္ထားပါ။ တခုခုကို ေဇာက္ခ်လုပ္ပါ၊ လူအမ်ားႏွင့္ ဆက္ဆံရာတြင္ ပြင့္လင္းပါ။
ျပီးေတာ့ သူငယ္ခ်င္းမ်ားႏွင့္ မၾကာခဏ အခ်ိန္ျဖဳန္းပါ။

Taurus (ၿပိႆရာသီဖြား)
————————-
အေကာင္း- လက္ေတြ႔က်တယ္။ အားကိုးေလာက္တယ္။
ဂရုစိုက္တတ္ျပီး စိတ္လႈပ္ရွားလြယ္တယ္။
အေပါင္းအသင္း ခင္တယ္။ ေပ်ာ္တတ္တယ္၊ မိဘကို ရိုေသသူလည္းျဖစ္သည္။

အဆိုး- စိတ္ၾကီးတယ္။ ေဒါသထြက္ရင္ မဆင္မျခင္လုပ္မိတတ္တယ္။
တခါတေလ ဆရာၾကီးလုပ္တတ္တယ္။ မရည္ရြယ္ပဲနဲ႔လည္း ေဒါသအေလွ်ာက္စကားေတြ ေျပာမိတတ္တယ္။
ေတာင္းပန္ရမွာ ၀န္ေလးတယ္။ အလုပ္ကို အပင္ပန္းခံလုပ္တယ္။

အၾကံျပဳခ်က္- စိတ္လိုက္မာန္ပါလုပ္တတ္ျခင္းကို ျပင္ပါ။ ကိုယ့္တခုခုကို ေျပာမယ္ဆိုရင္ အဲ့စကားရဲ႔အက်ိဳးဆက္ကို စဥ္းစားျပီးမွေျပာပါ။ အမွားလုပ္မိရင္ ၾကိဳးစားျပီး ၀န္ခံပါ။
ကိုယ့္ကိုယ္ကို အနားေပးဖို႔မေမ့ပါနဲ႔။

Gemini (ေမထုန္ရာသီဖြား)
————————––
အေကာင္း- ပင္ကို္ယ္ ထူးခၽြန္မႈရိွတယ္။ လုပ္ရည္ကိုင္ရည္ေကာင္းတယ္။
ညဏ္ရိွတယ္။ တခုခုဆို မွွတ္မိလြယ္တယ္။ ေအးေဆးေနတတ္တယ္။ အမ်ားအက်ိဳးကိုလည္းလိုလားသူျဖစ္တယ္။

အဆိုး- တခါတေလ အစြန္းေရာက္သြားတတ္တယ္။
ဟန္ေဆာင္လြန္းတယ္။ က်န္းမာေရးညံ့တယ္။ ကိစၥေတြကို
အေကာင္းထက္ အဆိုးဘက္မွပိုျမင္တယ္။ ေ၀ဖန္တတ္တယ္။
ကိုယ့္ကို လာေ၀ဖန္ျခင္းကိုေတာ့ လံုး၀မၾကိဳက္ေပ။

အၾကံဳျပဳခ်က္- အိပ္ေရး၀၀အိပ္ပါ။ စိတ္လြတ္ကိုယ္လြတ္ေနထိုင္ပါ။
အေကာင္းျမင္စိတ္ေမြးပါ။ ဘယ္အရာကိုမွ အေလာတၾကီးမလုပ္ပါနဲ႔။

Cancer (ကရကဋ္ရာသီဖြား)
————————–—
အေကာင္း- စိတ္ေကာင္းရိွတယ္။ စိတ္ကူးစိတ္သန္းေကာင္းတယ္။
သနားတတ္တယ္။ ေပးဆပ္တတ္တယ္။ ေပ်ာ္ေပ်ာ္ေနတတ္ျပီး အေပါင္းအသင္းမ်ားကို အျမဲအားေပးတတ္သူလည္းျဖစ္တယ္

အဆိုး- ခံစားခ်က္ျပင္းထန္တယ္။ အနားမွာ ဂရုစိုက္ေပးမယ့္သူ အျမဲလိုအပ္တယ္။ ေဒါသထြက္ရင္ သူမ်ားေတြထက္ ပိုဆိုးျပီး ေသာင္းက်န္တယ္။ အေ၀ဖန္လံုး၀မခံႏိုင္ဘူး။ မွားမွန္းသိေနရင္ေတာင္ ဇြတ္လုပ္တတ္တယ္။

အၾကံျပဳခ်က္- ကိုယ့္စိတ္ကို အျမဲျငိမ္းခ်မ္းေနေအာင္ထားပါ။ စကားကို ၾကမ္းၾကမ္းတမ္းတမ္းမေျပာမိပါေစနဲ႔။ အေျပာထက္ အလုပ္ကို ပိုၾကိဳးစားျပီး
အျမဲ ရိုးရိုးသားသားေနပါ။

Leo (သိဟ္ရာသီဖြား)
———————
အေကာင္း- အရည္အခ်င္းရိွတယ္။ လူေတာ္ျဖစ္တယ္။ စဥ္းစားဆင္ျခင္ညဏ္ရိွျပီး တန္ခုိးၾသဇာၾကီးသူျဖစ္တယ္။ အမ်ားအက်ိဳးအတြက္ဆို ႏွေျမာတြန္႔တိုျခင္းမရိွေသာသူလည္းျဖစ္တယ္။
ထက္ထက္ျမက္ျမက္ရိွျပီး ေအာင္ျမင္ႏိုင္စြမ္းလည္း ရိွတယ္။

အဆိုး- အတၱၾကီးတယ္။ ေခါင္းမာတယ္။ ကိုယ္မွန္တယ္ထင္ရင္ ဇြတ္လုပ္တတ္တယ္။ အရံႈးေပးရတာကို မုန္းတယ္။ လိုခ်င္တာရိွရင္
မရမခ်င္း ဘယ္သူတားတားရေအာင္ယူတတ္တယ္။

အၾကံျပဳခ်က္- ကိုယ့္ကို ဂရုစိုက္သူေတြကို ျပန္အေလးထားပါ။ အရာရာကိို
ႏွလံုးသားနဲ႔ပဲ မဆံုးျဖတ္ပါနဲ႔။ သည္းခံစိတ္ေမြးျပီး ဘာသာတရားကိုင္းရိႈင္းပါ။

Virgo (ကန္ရာသီဖြား)
———————–
အေကာင္း- ညဏ္အရမ္းေကာင္းတယ္။ ပါရမီစြမ္းရည္ရိွတယ္။ ကို္ယ့္ပံုစံနဲ႔ကိုယ္ေနတတ္တယ္။ ၾကြား၀ါမႈနည္းတယ္။ အေပါင္းအသင္ခင္လြယ္ျပီး လက္ေတြ႔သမားျဖစ္တယ္။

အဆိုး- အေပ်ာ္အပါးမက္တယ္။ ေၾကးမ်ားတယ္။ စိတ္အေျပာင္းအလဲျမန္တယ္။ ကိုယ့္အေပၚေကာင္းသူေတြကို လွ်စ္လ်ဴရႈတတ္တယ္။ ဆိုဆံုးမရခက္တယ္။

အၾကံျပဳခ်က္- အၾကီးအကဲမ်ားကို ရိုေသပါ။ ျဖစ္ခ်င္တာထက္ျဖစ္သင့္တာကို ဦးစားေပးပါ။ စိတ္ညစ္ညစ္ႏွင့္လုပ္ခ်င္တာေတြ ဇြတ္မလုပ္ပါႏွင့္။ ကို္ယ့္ဘ၀တိုးတက္ဖို႔ကို အျမဲၾကိဳးစားပါ။

Libra (တူရာသီဖြား)
——————–
အေကာင္း- လုိက္ေလ်ာ္ညီေထြမႈရိွတယ္။ တရားမွ်တမႈကိုု လိုလားတယ္။ ဆင္ျခင္ညဏ္ၾကီးတယ္။ မဟုတ္မခံစိတ္ရိွတယ္။ သေဘာေကာင္းျပီး အလုပ္ၾကိဳးစားသူျဖစ္တယ္။

အဆိုး- ယံုၾကည္မႈလြန္ကဲတယ္။ မာနၾကီးတတ္တယ္။ အယံုလြယ္တယ္။
တခါတရံ ဆံုးျဖတ္ခ်က္ခ်ရာတြင္ ခ်ီတံုခ်တုံျဖစ္တတ္တယ္။

အၾကံျပဳခ်က္- ကိုယ့္အရည္အခ်င္းမ်ားကို အျမဲေသြးေနပါ။ ပတ္၀န္းက်င္က ေ၀ဖန္မႈမ်ားကို ဂရုမစိုက္ပါနဲ႔။ ကိုယ့္ကိုယ္ကို အနားေပးပါ။ တသီးတသန္႔မေနဘဲ အေပါင္းအသင္းမ်ားႏွင့္ အခ်ိ္န္ျဖဳန္းပါ။

Scorpio (ၿဗိစာၦရာသီဖြား)
————————–
အေကာင္း- ေစ့စပ္ေသခ်ာတတ္တယ္။ ၾကင္နာသနားတတ္ျပီး ကူညီတတ္သူျဖစ္တယ္။ ပင္ကိုစြမ္းရည္လည္းရိွတယ္။ လူခ်စ္လူခင္မ်ားျပီး အားလံုးႏွင့္အဆင္ေျပေအာင္ေနတတ္တယ္။

အဆိုး- ကေလးဆန္တတ္တယ္။ အားနာတတ္တယ္။ စိတ္ညစ္ရင္ လုပ္ခ်င္တာေတြ ေလွ်ာက္လုပ္တတ္တယ္။ အရာရာကို ခံစားလြယ္တယ္။

အၾကံျပဳခ်က္- တခုခုဆိုတိုင္ပင္ျပီးမွ လုပ္ကိုင္ပါ။ အေပ်ာ္အပါးလိုက္စားျခင္းမွ ေရွာင္ၾကဥ္ပါ။ တဇြတ္ထုိုးလုပ္တတ္ျခင္းကို
ျပင္ျပီး အက်ိဳးရိွမယ့္ ကိစၥမ်ားကိုပဲလုပ္ေဆာင္ပါ။

Sagittarius (ဓႏုရာသီဖြား)
————————––
အေကာင္း- ကိုယ္ပိုင္ညဏ္စြမ္းရိွတယ္။ သူငယ္ခ်င္းေကာင္းျဖစ္တယ္။
ထူးခၽႊန္ျပီဆိုလွ်င္ သူမတူေအာင္စြမ္းတယ္။ ရည္မွန္းခ်က္ၾကီးျပီး စကားေျပာေကာင္းသူတစ္ဦးျဖစ္တယ္။

အဆိုး- ဘယ္သူေျပာတာမွ နားမေထာင္ဘဲ ကိုယ္လုပ္ခ်င္တာလုပ္တတ္တယ္။ ပြင့္လင္းေသာဆံုးျဖတ္ခ်က္မ်ားေၾကာင့္
လူမုန္းခံရတတ္တယ္။ အလိမ္အညာခံရတတ္တယ္။ ျဖစ္သလိုေနတတ္တယ္။

အၾကံေပးခ်က္- ေအာင္ျမင္လိုပါက လူမ်ားကို အလြယ္တကူမယံုၾကည္ပါႏွင့္။
ကိုယ့္အစြမ္းမ်ားကို အျပည့္အ၀အသံုးခ်ပါ။ ကလဲ့စားေခ်စိတ္ ဘယ္ေတာ့မွ မေမြးပါႏွင့္။

Capricorn (မကာရရာသီဖြား)
————————–—–
အေကာင္း- အလုပ္ၾကိဳးစားတယ္။ မိဘကို ရိုေသတယ္။ ဦးေဆာင္ႏိုင္စြမ္းေကာင္းတယ္။ ေပ်ာ္ေပ်ာ္ရြင္ရြင္ေနထိုင္တတ္တယ္။
ေအးေဆးေနတတ္ျပီး တိတိက်က်လုပ္ကိုင္တတ္သူတစ္ဦးျဖစ္သည္။

အဆိုး- သူမ်ားစကားနားေယာင္တတ္တယ္။ အေျပာအဆိုခံရမွာ အရမ္းေၾကာက္တယ္။ တစ္ခါတရံ သူတစ္ပါးအေပၚ ခ်ဴပ္ကိုင္တတ္ျခင္းေၾကာင့္ ျပသနာၾကံဳရတတ္တယ္။ သံသယမ်ားတယ္။

အၾကံျပဳခ်က္- စိုးရိမ္ပူပန္ျခင္းမ်ားကို ေလွ်ာ့ခ်ျပီးစိတ္ခ်မ္းသာစြာေနထိုင္ပါ။
မျဖစ္ႏိုင္တာေတြကို အတင္းမလုပ္ပါနဲ႔။ လူေတြကို ယံုၾကည္စိတ္ေမြးးပါ။

Aquarius (ကုမ္ရာသီဖြား)
————————–
အေကာင္း- ဇဲြရိွတယ္။ တီထြင္ဖန္တီးမႈအားေကာင္းျပီး ဗဟုသုတမ်ားတယ္။
အေတြ႔အၾကံဳမ်ားမွ သင္ယူႏိုင္စြမ္းရိွတယ္။ ယုတိၱရိွရိွေတြးေခၚတတ္ျပီး
တည္တည္ျငိမ္ျငိမ္ေနသူျဖစ္တယ္။

အဆိုး- လူ႔ဂြစာဟု အထင္ခံရတတ္တယ္။ မွားမွား မွန္မွန္ ကိုယ့္သေဘာအတိုင္းလုပ္တယ္။ အထီးက်န္တတ္ျပီး တခါတေလ အရာရာကို သိတဲ့ပံုစံျဖင့္ လူတတ္ၾကီးလုပ္တတ္တယ္။

အၾကံျပဳခ်က္- ကိုယ္လိုခ်င္တာကိုယ္သိေအာင္လုပ္ပါ။ တခုဆိုတခု ေပါက္ေျမာက္ေအာင္လုပ္ပါ။ မိမိကိုယ္မိမိတိုးတက္ေအာင္လုပ္ျပီး လူေတြကို ကူညီေပးပါ။

Pisces (မိန္ရာသီဖြား)
———————-
အေကာင္း- အေတြးအေခၚစိတ္ကူးေကာင္းတယ္။ သူတပါးကို ဒုကၡေပးလိုစိတ္မရိွသူျဖစ္သည္။ စိတ္ေကာင္းရိွျပီး
ကိုယ့္အာရံုႏွင့္ကိုယ္ေနတတ္သူျဖစ္သည္။

အဆိုး- ဆံုးျဖတ္ခ်က္ေႏွးတယ္။ အတိတ္ကိုပဲ အျမဲေတြးေနတတ္တယ္။
သူငယ္ခ်င္းမ်ားကို အဆက္အသြယ္လုပ္နည္းတယ္။ ကိစၥေတြကို အဆိုးဘက္ကေတြးတာမ်ားတယ္။

အၾကံျပဳခ်က္- တက္တက္ၾကြၾကြနဲ႔ေပ်ာ္ေပ်ာ္ရြင္ရြင္ေနထိုင္ပါ။ စကားမ်ားမ်ားေျပာျပီး သူငယ္ခ်င္းမ်ားကို မၾကာမဏဆက္သြယ္ပါ။
ကိုယ့္ကိုယ္ကို ယံုယံုၾကည္ၾကည္နဲ႔ လုပ္စရာရိွတာေတြကိုလုပ္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေဗဒင္မွတ္စု

#Unicode Version

Aries (မိဿရာသီဖွား)
————————
အကောင်း- တက်တက်ကြွကြွရှိတယ်။ ကြင်နာတတ်တယ်။
သတ္တိရှိတယ်။ ဖန်တီးနိုင်စွမ်းကောင်းပြီး အနုပညာ ပါရမီပါတယ်။
ခေါင်းဆောင်ကောင်းစိတ်ဓာတ်သူလည်းဖြစ်တယ်။

အဆိုး- စိတ်တော့သိပ်မရှည်ချင်ဘူး။ ကိုယ့်ကို လာထိရင် မဟုတ်မခံပြန်ပြောချင်စိတ်ရှိတယ်။ တခါတလေ စကားကို မပွင့်မလင်းပြောတတ်တယ်။ မစဉ်းစားဘဲ တဇွတ်ထိုးလုပ်တတ်တယ်။

အကြံပြုချက်- ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ထားပါ။ တခုခုကို ဇောက်ချလုပ်ပါ၊ လူအများနှင့် ဆက်ဆံရာတွင် ပွင့်လင်းပါ။
ပြီးတော့ သူငယ်ချင်းများနှင့် မကြာခဏ အချိန်ဖြုန်းပါ။

Taurus (ပြိဿရာသီဖွား)
————————-
အကောင်း- လက်တွေ့ကျတယ်။ အားကိုးလောက်တယ်။
ဂရုစိုက်တတ်ပြီး စိတ်လှုပ်ရှားလွယ်တယ်။
အပေါင်းအသင်း ခင်တယ်။ ပျော်တတ်တယ်၊ မိဘကို ရိုသေသူလည်းဖြစ်သည်။

အဆိုး- စိတ်ကြီးတယ်။ ဒေါသထွက်ရင် မဆင်မခြင်လုပ်မိတတ်တယ်။
တခါတလေ ဆရာကြီးလုပ်တတ်တယ်။ မရည်ရွယ်ပဲနဲ့လည်း ဒေါသအလျှောက်စကားတွေ ပြောမိတတ်တယ်။
တောင်းပန်ရမှာ ဝန်လေးတယ်။ အလုပ်ကို အပင်ပန်းခံလုပ်တယ်။

အကြံပြုချက်- စိတ်လိုက်မာန်ပါလုပ်တတ်ခြင်းကို ပြင်ပါ။ ကိုယ့်တခုခုကို ပြောမယ်ဆိုရင် အဲ့စကားရဲ့အကျိုးဆက်ကို စဉ်းစားပြီးမှပြောပါ။ အမှားလုပ်မိရင် ကြိုးစားပြီး ဝန်ခံပါ။
ကိုယ့်ကိုယ်ကို အနားပေးဖို့မမေ့ပါနဲ့။

Gemini (မေထုန်ရာသီဖွား)
————————––
အကောင်း- ပင်ကိုယ် ထူးချွန်မှုရှိတယ်။ လုပ်ရည်ကိုင်ရည်ကောင်းတယ်။
ညဏ်ရှိတယ်။ တခုခုဆို မှှတ်မိလွယ်တယ်။ အေးဆေးနေတတ်တယ်။ အများအကျိုးကိုလည်းလိုလားသူဖြစ်တယ်။

အဆိုး- တခါတလေ အစွန်းရောက်သွားတတ်တယ်။
ဟန်ဆောင်လွန်းတယ်။ ကျန်းမာရေးညံ့တယ်။ ကိစ္စတွေကို
အကောင်းထက် အဆိုးဘက်မှပိုမြင်တယ်။ ဝေဖန်တတ်တယ်။
ကိုယ့်ကို လာဝေဖန်ခြင်းကိုတော့ လုံးဝမကြိုက်ပေ။

အကြုံပြုချက်- အိပ်ရေး၀၀အိပ်ပါ။ စိတ်လွတ်ကိုယ်လွတ်နေထိုင်ပါ။
အကောင်းမြင်စိတ်မွေးပါ။ ဘယ်အရာကိုမှ အလောတကြီးမလုပ်ပါနဲ့။

Cancer (ကရကဋ်ရာသီဖွား)
————————–—
အကောင်း- စိတ်ကောင်းရှိတယ်။ စိတ်ကူးစိတ်သန်းကောင်းတယ်။
သနားတတ်တယ်။ ပေးဆပ်တတ်တယ်။ ပျော်ပျော်နေတတ်ပြီး အပေါင်းအသင်းများကို အမြဲအားပေးတတ်သူလည်းဖြစ်တယ်

အဆိုး- ခံစားချက်ပြင်းထန်တယ်။ အနားမှာ ဂရုစိုက်ပေးမယ့်သူ အမြဲလိုအပ်တယ်။ ဒေါသထွက်ရင် သူများတွေထက် ပိုဆိုးပြီး သောင်းကျန်တယ်။ အဝေဖန်လုံးဝမခံနိုင်ဘူး။ မှားမှန်းသိနေရင်တောင် ဇွတ်လုပ်တတ်တယ်။

အကြံပြုချက်- ကိုယ့်စိတ်ကို အမြဲငြိမ်းချမ်းနေအောင်ထားပါ။ စကားကို ကြမ်းကြမ်းတမ်းတမ်းမပြောမိပါစေနဲ့။ အပြောထက် အလုပ်ကို ပိုကြိုးစားပြီး
အမြဲ ရိုးရိုးသားသားနေပါ။

Leo (သိဟ်ရာသီဖွား)
———————
အကောင်း- အရည်အချင်းရှိတယ်။ လူတော်ဖြစ်တယ်။ စဉ်းစားဆင်ခြင်ညဏ်ရှိပြီး တန်ခိုးသြဇာကြီးသူဖြစ်တယ်။ အများအကျိုးအတွက်ဆို နှမြောတွန့်တိုခြင်းမရှိသောသူလည်းဖြစ်တယ်။
ထက်ထက်မြက်မြက်ရှိပြီး အောင်မြင်နိုင်စွမ်းလည်း ရှိတယ်။

အဆိုး- အတ္တကြီးတယ်။ ခေါင်းမာတယ်။ ကိုယ်မှန်တယ်ထင်ရင် ဇွတ်လုပ်တတ်တယ်။ အရှုံးပေးရတာကို မုန်းတယ်။ လိုချင်တာရှိရင်
မရမချင်း ဘယ်သူတားတားရအောင်ယူတတ်တယ်။

အကြံပြုချက်- ကိုယ့်ကို ဂရုစိုက်သူတွေကို ပြန်အလေးထားပါ။ အရာရာကို
နှလုံးသားနဲ့ပဲ မဆုံးဖြတ်ပါနဲ့။ သည်းခံစိတ်မွေးပြီး ဘာသာတရားကိုင်းရှိုင်းပါ။

Virgo (ကန်ရာသီဖွား)
———————–
အကောင်း- ညဏ်အရမ်းကောင်းတယ်။ ပါရမီစွမ်းရည်ရှိတယ်။ ကိုယ့်ပုံစံနဲ့ကိုယ်နေတတ်တယ်။ ကြွားဝါမှုနည်းတယ်။ အပေါင်းအသင်ခင်လွယ်ပြီး လက်တွေ့သမားဖြစ်တယ်။

အဆိုး- အပျော်အပါးမက်တယ်။ ကြေးများတယ်။ စိတ်အပြောင်းအလဲမြန်တယ်။ ကိုယ့်အပေါ်ကောင်းသူတွေကို လျှစ်လျူရှုတတ်တယ်။ ဆိုဆုံးမရခက်တယ်။

အကြံပြုချက်- အကြီးအကဲများကို ရိုသေပါ။ ဖြစ်ချင်တာထက်ဖြစ်သင့်တာကို ဦးစားပေးပါ။ စိတ်ညစ်ညစ်နှင့်လုပ်ချင်တာတွေ ဇွတ်မလုပ်ပါနှင့်။ ကိုယ့်ဘဝတိုးတက်ဖို့ကို အမြဲကြိုးစားပါ။

Libra (တူရာသီဖွား)
——————–
အကောင်း- လိုက်လျော်ညီထွေမှုရှိတယ်။ တရားမျှတမှုကိုု လိုလားတယ်။ ဆင်ခြင်ညဏ်ကြီးတယ်။ မဟုတ်မခံစိတ်ရှိတယ်။ သဘောကောင်းပြီး အလုပ်ကြိုးစားသူဖြစ်တယ်။

အဆိုး- ယုံကြည်မှုလွန်ကဲတယ်။ မာနကြီးတတ်တယ်။ အယုံလွယ်တယ်။
တခါတရံ ဆုံးဖြတ်ချက်ချရာတွင် ချီတုံချတုံဖြစ်တတ်တယ်။

အကြံပြုချက်- ကိုယ့်အရည်အချင်းများကို အမြဲသွေးနေပါ။ ပတ်ဝန်းကျင်က ဝေဖန်မှုများကို ဂရုမစိုက်ပါနဲ့။ ကိုယ့်ကိုယ်ကို အနားပေးပါ။ တသီးတသန့်မနေဘဲ အပေါင်းအသင်းများနှင့် အချိန်ဖြုန်းပါ။

Scorpio (ဗြိစ္ဆာရာသီဖွား)
————————–
အကောင်း- စေ့စပ်သေချာတတ်တယ်။ ကြင်နာသနားတတ်ပြီး ကူညီတတ်သူဖြစ်တယ်။ ပင်ကိုစွမ်းရည်လည်းရှိတယ်။ လူချစ်လူခင်များပြီး အားလုံးနှင့်အဆင်ပြေအောင်နေတတ်တယ်။

အဆိုး- ကလေးဆန်တတ်တယ်။ အားနာတတ်တယ်။ စိတ်ညစ်ရင် လုပ်ချင်တာတွေ လျှောက်လုပ်တတ်တယ်။ အရာရာကို ခံစားလွယ်တယ်။

အကြံပြုချက်- တခုခုဆိုတိုင်ပင်ပြီးမှ လုပ်ကိုင်ပါ။ အပျော်အပါးလိုက်စားခြင်းမှ ရှောင်ကြဉ်ပါ။ တဇွတ်ထိုးလုပ်တတ်ခြင်းကို
ပြင်ပြီး အကျိုးရှိမယ့် ကိစ္စများကိုပဲလုပ်ဆောင်ပါ။

Sagittarius (ဓနုရာသီဖွား)
————————––
အကောင်း- ကိုယ်ပိုင်ညဏ်စွမ်းရှိတယ်။ သူငယ်ချင်းကောင်းဖြစ်တယ်။
ထူးချွှန်ပြီဆိုလျှင် သူမတူအောင်စွမ်းတယ်။ ရည်မှန်းချက်ကြီးပြီး စကားပြောကောင်းသူတစ်ဦးဖြစ်တယ်။

အဆိုး- ဘယ်သူပြောတာမှ နားမထောင်ဘဲ ကိုယ်လုပ်ချင်တာလုပ်တတ်တယ်။ ပွင့်လင်းသောဆုံးဖြတ်ချက်များကြောင့်
လူမုန်းခံရတတ်တယ်။ အလိမ်အညာခံရတတ်တယ်။ ဖြစ်သလိုနေတတ်တယ်။

အကြံပေးချက်- အောင်မြင်လိုပါက လူများကို အလွယ်တကူမယုံကြည်ပါနှင့်။
ကိုယ့်အစွမ်းများကို အပြည့်အဝအသုံးချပါ။ ကလဲ့စားချေစိတ် ဘယ်တော့မှ မမွေးပါနှင့်။

Capricorn (မကာရရာသီဖွား)
————————–—–
အကောင်း- အလုပ်ကြိုးစားတယ်။ မိဘကို ရိုသေတယ်။ ဦးဆောင်နိုင်စွမ်းကောင်းတယ်။ ပျော်ပျော်ရွင်ရွင်နေထိုင်တတ်တယ်။
အေးဆေးနေတတ်ပြီး တိတိကျကျလုပ်ကိုင်တတ်သူတစ်ဦးဖြစ်သည်။

အဆိုး- သူများစကားနားယောင်တတ်တယ်။ အပြောအဆိုခံရမှာ အရမ်းကြောက်တယ်။ တစ်ခါတရံ သူတစ်ပါးအပေါ် ချူပ်ကိုင်တတ်ခြင်းကြောင့် ပြသနာကြုံရတတ်တယ်။ သံသယများတယ်။

အကြံပြုချက်- စိုးရိမ်ပူပန်ခြင်းများကို လျှော့ချပြီးစိတ်ချမ်းသာစွာနေထိုင်ပါ။
မဖြစ်နိုင်တာတွေကို အတင်းမလုပ်ပါနဲ့။ လူတွေကို ယုံကြည်စိတ်မွေးးပါ။

Aquarius (ကုမ်ရာသီဖွား)
————————–
အကောင်း- ဇွဲရှိတယ်။ တီထွင်ဖန်တီးမှုအားကောင်းပြီး ဗဟုသုတများတယ်။
အတွေ့အကြုံများမှ သင်ယူနိုင်စွမ်းရှိတယ်။ ယုတ္တိရှိရှိတွေးခေါ်တတ်ပြီး
တည်တည်ငြိမ်ငြိမ်နေသူဖြစ်တယ်။

အဆိုး- လူ့ဂွစာဟု အထင်ခံရတတ်တယ်။ မှားမှား မှန်မှန် ကိုယ့်သဘောအတိုင်းလုပ်တယ်။ အထီးကျန်တတ်ပြီး တခါတလေ အရာရာကို သိတဲ့ပုံစံဖြင့် လူတတ်ကြီးလုပ်တတ်တယ်။

အကြံပြုချက်- ကိုယ်လိုချင်တာကိုယ်သိအောင်လုပ်ပါ။ တခုဆိုတခု ပေါက်မြောက်အောင်လုပ်ပါ။ မိမိကိုယ်မိမိတိုးတက်အောင်လုပ်ပြီး လူတွေကို ကူညီပေးပါ။

Pisces (မိန်ရာသီဖွား)
———————-
အကောင်း- အတွေးအခေါ်စိတ်ကူးကောင်းတယ်။ သူတပါးကို ဒုက္ခပေးလိုစိတ်မရှိသူဖြစ်သည်။ စိတ်ကောင်းရှိပြီး
ကိုယ့်အာရုံနှင့်ကိုယ်နေတတ်သူဖြစ်သည်။

အဆိုး- ဆုံးဖြတ်ချက်နှေးတယ်။ အတိတ်ကိုပဲ အမြဲတွေးနေတတ်တယ်။
သူငယ်ချင်းများကို အဆက်အသွယ်လုပ်နည်းတယ်။ ကိစ္စတွေကို အဆိုးဘက်ကတွေးတာများတယ်။

အကြံပြုချက်- တက်တက်ကြွကြွနဲ့ပျော်ပျော်ရွင်ရွင်နေထိုင်ပါ။ စကားများများပြောပြီး သူငယ်ချင်းများကို မကြာမဏဆက်သွယ်ပါ။
ကိုယ့်ကိုယ်ကို ယုံယုံကြည်ကြည်နဲ့ လုပ်စရာရှိတာတွေကိုလုပ်ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: ဗေဒင်မှတ်စု

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top