Property Expo
×

လုိင္းကားအခ်င္းခ်င္း ေက်ာ္တက္ရာကေန ခရီးသည္တစ္ဦး ေလကာမွန္ကတစ္ဆင့္ကၽြံထြက္ၿပီး စီးလာတဲ့ကားက ျပန္တုိက္ၿပီး ေသဆံုးခဲ့မႈတစ္ခု ျဖစ္ပြားခဲ့ပါတယ္။
ေအာက္တုိဘာလ ၂၈ ရက္ေန႔ ဒီကေန႔ နံနက္မွာ ေတာင္ဒဂံုၿမိဳ႕နယ္ တံတားျဖဴမွတ္တုိင္မွာ ဘီအမ္ဘတ္စ္ကားဟာ လုိင္းကားအခ်င္းခ်င္း အရွိန္ျပင္းစြာ ေက်ာ္တက္ရာကေန ယာဥ္ေပၚမွာစီးနင္းလုိက္ပါလာတဲ့ အမ်ဳိးသမီးတစ္ဦး အေရွ႕ေလကာမွ ကၽြံထြက္ကာ ေခါင္းကုိ အဲဒီကားက ျပန္လည္ ႀကိတ္မိၿပီး ေသဆံုးခဲ့တာျဖစ္ပါတယ္။

ရန္ကုန္ၿမိဳ႕တြင္း ေျပးဆြဲေနတဲ့ ေမာ္ေတာ္ယာဥ္လုိင္းရဲ႕ အခုလုိျဖစ္စဥ္ေပၚ မထသကုိ တုိင္ၾကားမႈေတြ အႀကိမ္ႀကိမ္ျပဳလုပ္ခဲ့ေပမဲ့ ထူးျခားမႈမရွိတဲ့အျပင္ ပုိမုိဆုိးရြာလာတယ္လုိ႔ ေတာင္ဒဂံု(၁) မဲဆႏၵနယ္ တုိင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးညီညီက ေျပာပါတယ္။ ဒါ့အျပင္ နယ္ေျမယာဥ္ထိန္းေတြကုိ အေၾကာင္းၾကားရာမွာလည္း ၀န္ထမ္းဦးေရ လံုေလာက္ျခင္းမရွိဘူးလုိ႔ ျပန္လည္ေျဖၾကားခဲ့တယ္လုိ႔ သူက ဆုိပါတယ္။

ဒီလုိ ျပည္သူေတြရဲ႕ အသက္အုိးအိမ္ စည္းစိမ္ကုိ အႏၱရာယ္ျပဳလာတဲ့ ဘယ္အဖြဲ႕အစည္းကုိမဆုိ ဥပေဒရဲ႕အဆံုးအမအတုိင္း ေဆာင္ရြက္ႏုိင္ဖုိ႔ ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္မွာ တင္ျပသြားမယ္လုိ႔ ဦးညီညီက ေျပာဆုိထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:MCNTV

#Unicode Version
လိုင်းကားအချင်းချင်း ကျော်တက်ရာကနေ ခရီးသည်တစ်ဦး လေကာမှန်ကတစ်ဆင့်ကျွံထွက်ပြီး စီးလာတဲ့ကားက ပြန်တိုက်ပြီး သေဆုံးခဲ့မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။
အောက်တိုဘာလ ၂၈ ရက်နေ့ ဒီကနေ့ နံနက်မှာ တောင်ဒဂုံမြို့နယ် တံတားဖြူမှတ်တိုင်မှာ ဘီအမ်ဘတ်စ်ကားဟာ လိုင်းကားအချင်းချင်း အရှိန်ပြင်းစွာ ကျော်တက်ရာကနေ ယာဉ်ပေါ်မှာစီးနင်းလိုက်ပါလာတဲ့ အမျိုးသမီးတစ်ဦး အရှေ့လေကာမှ ကျွံထွက်ကာ ခေါင်းကို အဲဒီကားက ပြန်လည် ကြိတ်မိပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။

ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ မော်တော်ယာဉ်လိုင်းရဲ့ အခုလိုဖြစ်စဉ်ပေါ် မထသကို တိုင်ကြားမှုတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပေမဲ့ ထူးခြားမှုမရှိတဲ့အပြင် ပိုမိုဆိုးရွာလာတယ်လို့ တောင်ဒဂုံ(၁) မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးညီညီက ပြောပါတယ်။ ဒါ့အပြင် နယ်မြေယာဉ်ထိန်းတွေကို အကြောင်းကြားရာမှာလည်း ဝန်ထမ်းဦးရေ လုံလောက်ခြင်းမရှိဘူးလို့ ပြန်လည်ဖြေကြားခဲ့တယ်လို့ သူက ဆိုပါတယ်။

ဒီလို ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို အန္တရာယ်ပြုလာတဲ့ ဘယ်အဖွဲ့အစည်းကိုမဆို ဥပဒေရဲ့အဆုံးအမအတိုင်း ဆောင်ရွက်နိုင်ဖို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ တင်ပြသွားမယ်လို့ ဦးညီညီက ပြောဆိုထားပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:MCNTV
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top