Kantharyar Centre
×

ခ်စ္သူ၊ အိမ္ထာက္ဖက္ ရိွတာဟာ ေပ်ာ္စရာေကာင္းတယ္။ ဒါေပမယ့္ တစ္ကိုယ္ေတာ္ဘဝ ျဖတ္သန္းရတာဟာ ဘာနဲ႔မွလဲလို႔မရတဲ့ ပိုင္ဆိုင္မႈတစ္ခု ျဖစ္ပါတယ္။ သင့္ရဲ႕ တပင္တိုင္ ဘဝ ဘယ္ေလာက္ႏွစ္သက္စြဲမက္စရာေကာင္းလဲဆိုတာကို ျပန္အသိေပးတဲ့အေနနဲ႔ ဆက္ျပီး ဖတ္ၾကည့္ၾကရေအာင္။

-သင္ႏွစ္သက္တဲ့ TV-channel ကို လြတ္လြတ္လပ္လပ္ၾကည့္ခြင့္ရတယ္။

သင္နဲ႔ အဆင္ေျပျပီး သေဘာက်တဲ့ ဇာတ္လမ္းေတြကို သင္ဖြင့္ၾကည့္လိုက္လို႔ ဘယ္သူမွ ေဝဖန္ေႏွာင့္ယွက္မယ့္သူမရိွပါဘူး။

-သင္ၾကိဳက္သလို အိမ္ထဲရႈပ္ရႈပ္ပြပြေနထိုင္လို႔ရတယ္။

သူငယ္ခ်င္းေတြနဲ႔ ပါတီပြဲလုပ္လို႔ မနက္သန္႔ရွင္းေရး မလုပ္ခ်င္လို႔ အိမ္ခပ္ရႈ႔ပ္ရႈပ္နဲ႔ ထားခဲ့လို႔ရတယ္။ သင္တစ္ေယာက္တည္းျဖစ္တဲ့အတြက္ ဘာမွရွက္စရာလည္း မလိုေတာ့ဘူးေပါ့။

-မိန္းကေလးေတြခ်ည္းပဲ ညလုံးေပါက္ေပ်ာ္ေပ်ာ္ပါးပါး ကခုန္ရတဲ့ အခြင့္အေရးရိွတယ္။

-အခ်စ္ဆုံး သူငယ္ခ်င္းေတြနဲ႔ အိပ္ခန္းထဲမွာ ကခုန္ၾကတာ ဘယ္ေလာက္ ေပ်ာ္စရာေကာင္းလဲ… သို႔မဟုတ္ သူငယ္ခ်င္းတစ္စုလုံး ခရီးအတူထြက္ၾကမယ္… ဒါတစ္ကိုယ္ေတာ္ မိန္းကေလးေတြမွာပဲ ရိွတဲ့ မဟာအခြင့္အေရးပဲ ျဖစ္ပါတယ္။

-သူငယ္ခ်င္းေတြနဲ႔ စိတ္တူကိုယ္တူ ဘယ္ေနရာမွာမဆို သြားခြင့္ရိွတယ္။

-တစ္ကိုယ္ေတာ္ ဘဝမဟုတ္ေတာ့ဘူးဆိုရင္ သင့္အေနနဲ႔ ခြင့္ေတာင္း အေၾကာင္းၾကားဖို႔လိုတာေပါ့။ ဒါေပမယ့္ သင္ဟာခုခ်ိန္မွာ တပင္တိုင္ဘဝကို ပိုင္ဆိုင္ထားတာမို႔ ဘာမဆို တစ္ခုခုလုပ္ခ်င္ရင္ စိတ္သြားတိုင္း ကိုယ္ပါလို႔ရေနျပီေလ။

-ပါတီပြဲမွာ ကိုယ့္ခ်စ္သူေကာင္ေလးထံ အလုပ္ရႈပ္ခံျပီး တခ်ိန္လုံး သတင္းပို႔ေနစရာမလိုေတာ့ဘူးေလ။

-ပါတီပြဲ သြားလို႔ဆိုျပီး ျပႆနာတက္ၾကတဲ့ စုံတြဲေတြ တစ္ပုံၾကီးပါ။ သင္အဲလိုမ်ဳိး အေႏွာင့္အယွက္ေတြနဲ႔ ကင္းေဝးတဲ့ ဘဝပိုင္ဆိုင္ထားတာကို ဝမ္းသာစရာ ျပန္အသိေပးခ်င္ပါတယ္။

-အိတ္ထဲက ပိုက္ဆံအျပဳံလိုက္ ထြက္မသြားေတာ့ဘူးေပါ့။

ခ်စ္သူရဲ႕ ေမြးေန႔အတြက္ဆိုျပီး တန္ဖိုးရိွတဲ့ လက္ေဆာင္ေတြ ဝယ္ေပးမယ့္အစား ေငြသားနဲ႔ ကိုယ့္ပိုက္ဆံအိတ္ထဲ အျပည့္ရိွေနတာ ဘယ္ေလာက္ ေကာင္းလဲ။ ကိုယ့္အတြက္ shopping ထြက္ဖို႔ ေငြလုံလုံေလာက္ေလာက္ရိွျခင္း အက်ဳိးေက်းဇူးေတြ သင္ခံစားရမွာျဖစ္ပါတယ္။

-ကိုယ္သေဘာက်တဲ့ ေယာက်ၤားတိုင္းကို ရင္ခုန္ခြင့္ရိွတယ္။

ကိုယ့္ကို  သေဘာက်လို႔ လာေပးထားတဲ့ ပန္းေတြကို ရင္ခုန္စြာနဲ႔ လက္ခံခြင့္ရိွပါတယ္။ ဒါခ်စ္သူျဖစ္ေနလို႔ လက္ခံထားတာမွ မဟုတ္တာ။

-အျခားမိသားစုေတြရဲ႕ဖိအားေပးဒဏ္ကေန ကင္းေဝးပါတယ္။

ခ်စ္သူရိွေနျပီဆိုရင္ သူ႔မိဘ၊ ေမာင္ႏွမေတြ ဆီကေန ဖိအားေတြရိွလာတတ္ပါတယ္။ အရမ္းစိတ္ညစ္စရာေကာင္းပါတယ္။ သင္ဟာ တစ္ကုိယ္ေတာ္ ဘဝဆိုေတာ့ ဒါေတြနဲ႔အခ်ိန္ကုန္ခံျပီး စိတ္ညစ္ေနစရာမလိုေတာ့ဘူးေပါ့။

-Mr. Wrong နဲ႔ ဒီတစ္သက္ လုံးပန္းေနရမယ့္အစား Mr. Right ကိုရွာမေတြ႔ေသးတာက ပိုေကာင္းပါတယ္။

သင့္ကိုယ္သင္ ဂရုစိုက္မယ့္ အခ်ိန္ေတြအမ်ားၾကီးရိွပါတယ္။ အဆင္မေျပတဲ့သူနဲ႔ အခ်ိန္ျဖဳန္း ရတာထက္ စာရင္ေတာ့ ဆက္ျပီးေတာ့သာ တစ္ကုိယ္ေတာ္ဘဝကို ထိန္းသိမ္းထားဖို႔ အားေပးခ်င္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar

#Unicode Version

ချစ်သူ၊ အိမ်ထာက်ဖက် ရှိတာဟာ ပျော်စရာကောင်းတယ်။ ဒါပေမယ့် တစ်ကိုယ်တော်ဘဝ ဖြတ်သန်းရတာဟာ ဘာနဲ့မှလဲလို့မရတဲ့ ပိုင်ဆိုင်မှုတစ်ခု ဖြစ်ပါတယ်။ သင့်ရဲ့ တပင်တိုင် ဘဝ ဘယ်လောက်နှစ်သက်စွဲမက်စရာကောင်းလဲဆိုတာကို ပြန်အသိပေးတဲ့အနေနဲ့ ဆက်ပြီး ဖတ်ကြည့်ကြရအောင်။

-သင်နှစ်သက်တဲ့ TV-channel ကို လွတ်လွတ်လပ်လပ်ကြည့်ခွင့်ရတယ်။

သင်နဲ့ အဆင်ပြေပြီး သဘောကျတဲ့ ဇာတ်လမ်းတွေကို သင်ဖွင့်ကြည့်လိုက်လို့ ဘယ်သူမှ ဝေဖန်နှောင့်ယှက်မယ့်သူမရှိပါဘူး။

-သင်ကြိုက်သလို အိမ်ထဲရှုပ်ရှုပ်ပွပွနေထိုင်လို့ရတယ်။

သူငယ်ချင်းတွေနဲ့ ပါတီပွဲလုပ်လို့ မနက်သန့်ရှင်းရေး မလုပ်ချင်လို့ အိမ်ခပ်ရှု့ပ်ရှုပ်နဲ့ ထားခဲ့လို့ရတယ်။ သင်တစ်ယောက်တည်းဖြစ်တဲ့အတွက် ဘာမှရှက်စရာလည်း မလိုတော့ဘူးပေါ့။

-မိန်းကလေးတွေချည်းပဲ ညလုံးပေါက်ပျော်ပျော်ပါးပါး ကခုန်ရတဲ့ အခွင့်အရေးရှိတယ်။

-အချစ်ဆုံး သူငယ်ချင်းတွေနဲ့ အိပ်ခန်းထဲမှာ ကခုန်ကြတာ ဘယ်လောက် ပျော်စရာကောင်းလဲ… သို့မဟုတ် သူငယ်ချင်းတစ်စုလုံး ခရီးအတူထွက်ကြမယ်… ဒါတစ်ကိုယ်တော် မိန်းကလေးတွေမှာပဲ ရှိတဲ့ မဟာအခွင့်အရေးပဲ ဖြစ်ပါတယ်။

-သူငယ်ချင်းတွေနဲ့ စိတ်တူကိုယ်တူ ဘယ်နေရာမှာမဆို သွားခွင့်ရှိတယ်။

-တစ်ကိုယ်တော် ဘဝမဟုတ်တော့ဘူးဆိုရင် သင့်အနေနဲ့ ခွင့်တောင်း အကြောင်းကြားဖို့လိုတာပေါ့။ ဒါပေမယ့် သင်ဟာခုချိန်မှာ တပင်တိုင်ဘဝကို ပိုင်ဆိုင်ထားတာမို့ ဘာမဆို တစ်ခုခုလုပ်ချင်ရင် စိတ်သွားတိုင်း ကိုယ်ပါလို့ရနေပြီလေ။

-ပါတီပွဲမှာ ကိုယ့်ချစ်သူကောင်လေးထံ အလုပ်ရှုပ်ခံပြီး တချိန်လုံး သတင်းပို့နေစရာမလိုတော့ဘူးလေ။

-ပါတီပွဲ သွားလို့ဆိုပြီး ပြဿနာတက်ကြတဲ့ စုံတွဲတွေ တစ်ပုံကြီးပါ။ သင်အဲလိုမျိုး အနှောင့်အယှက်တွေနဲ့ ကင်းဝေးတဲ့ ဘဝပိုင်ဆိုင်ထားတာကို ဝမ်းသာစရာ ပြန်အသိပေးချင်ပါတယ်။

-အိတ်ထဲက ပိုက်ဆံအပြုံလိုက် ထွက်မသွားတော့ဘူးပေါ့။

ချစ်သူရဲ့ မွေးနေ့အတွက်ဆိုပြီး တန်ဖိုးရှိတဲ့ လက်ဆောင်တွေ ဝယ်ပေးမယ့်အစား ငွေသားနဲ့ ကိုယ့်ပိုက်ဆံအိတ်ထဲ အပြည့်ရှိနေတာ ဘယ်လောက် ကောင်းလဲ။ ကိုယ့်အတွက် shopping ထွက်ဖို့ ငွေလုံလုံလောက်လောက်ရှိခြင်း အကျိုးကျေးဇူးတွေ သင်ခံစားရမှာဖြစ်ပါတယ်။

-ကိုယ်သဘောကျတဲ့ ယောကျၤားတိုင်းကို ရင်ခုန်ခွင့်ရှိတယ်။

ကိုယ့်ကို  သဘောကျလို့ လာပေးထားတဲ့ ပန်းတွေကို ရင်ခုန်စွာနဲ့ လက်ခံခွင့်ရှိပါတယ်။ ဒါချစ်သူဖြစ်နေလို့ လက်ခံထားတာမှ မဟုတ်တာ။

-အခြားမိသားစုတွေရဲ့ဖိအားပေးဒဏ်ကနေ ကင်းဝေးပါတယ်။

ချစ်သူရှိနေပြီဆိုရင် သူ့မိဘ၊ မောင်နှမတွေ ဆီကနေ ဖိအားတွေရှိလာတတ်ပါတယ်။ အရမ်းစိတ်ညစ်စရာကောင်းပါတယ်။ သင်ဟာ တစ်ကိုယ်တော် ဘဝဆိုတော့ ဒါတွေနဲ့အချိန်ကုန်ခံပြီး စိတ်ညစ်နေစရာမလိုတော့ဘူးပေါ့။

-Mr. Wrong နဲ့ ဒီတစ်သက် လုံးပန်းနေရမယ့်အစား Mr. Right ကိုရှာမတွေ့သေးတာက ပိုကောင်းပါတယ်။

သင့်ကိုယ်သင် ဂရုစိုက်မယ့် အချိန်တွေအများကြီးရှိပါတယ်။ အဆင်မပြေတဲ့သူနဲ့ အချိန်ဖြုန်း ရတာထက် စာရင်တော့ ဆက်ပြီးတော့သာ တစ်ကိုယ်တော်ဘဝကို ထိန်းသိမ်းထားဖို့ အားပေးချင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top