Kantharyar Centre
×

ရက္ပိုင္းအတြင္း အေမ ရိကန္ေဒၚလာတန္ဖိုး အတက္အ က်မ်ားျခင္းေၾကာင့္ လုပ္ငန္းမ်ား လုပ္ကိုင္ရန္ အခက္အခဲမ်ားျဖစ္ လာသည္ဟု စီးပြားေရးလုပ္ငန္း ရွင္အခ်ိဳ႕က ေျပာၾကားသည္။


အေမရိကန္ေဒၚလာတန္ဖိုး သည္ ေအာက္တိုဘာ ၄ ရက္မ တုိင္မီက တစ္ေဒၚလာလွ်င္ က်ပ္ ၁,၂၉၀ အထိ ျမင့္တက္ခဲ့သည္။ ဗဟိုဘဏ္က ပုဂၢလိကဘဏ္မ်ား ကို ေဒၚလာေစ်းမကစားရန္ ေခၚယူသတိေပးၿပီးေနာက္ပိုင္း ေအာက္တိုဘာ ၁၁ ရက္၌ တစ္ေဒၚလာလွ်င္ ၁,၂၄၄ က်ပ္အထိ က်ဆင္းခဲ့ကာ ၁၃ ရက္တြင္ တစ္ေဒၚလာ ၁,၂၇၄ က်ပ္သုိ႔ ျပန္လည္ျမင့္တက္လာသည္။

‘‘ရက္ပိုင္းအတြင္းမွာတင္ တစ္ေဒၚလာကို ၅၀ ေလာက္ ေစ်း ကြာေနေတာ့ လုပ္ရကိုင္ရတာ ခက္ခဲတယ္’’ဟု ျမန္မာႏုိင္ငံ ဆန္ စပါးအသင္းခ်ဳပ္ တဲြဖက္အတြင္း ေရးမွဴး ဦးေနလင္းဇင္က ေျပာ ၾကားသည္။

ေငြလဲႏႈန္းအေျပာင္းအလဲ လ်င္ျမန္ျခင္းသည္ လက္ရွိအစိုးရ အတြက္ ႏုိင္ငံစီးပြားေရးတုိးတက္ မႈအတြက္ စိန္ေခၚမႈတစ္ခုျဖစ္ သည္ဟု စီးပြားေရးလုပ္ငန္းရွင္ အခ်ိဳ႕က ဆုိသည္။ ရင္းႏွီးျမႇဳပ္ႏွံ မည့္သူမ်ားက ေငြလဲႏႈန္းတည္ၿငိမ္ မႈကို ေစာင့္ၾကည့္ေလ့လာေလ့ရွိ ေၾကာင္း စီးပြားေရးပညာရွင္ ေဒါက္တာေအာင္ကိုကုိက ေျပာ သည္။

ေငြလဲႏႈန္းမတည္ၿငိမ္ျခင္း ေၾကာင့္ ပို႔ကုန္၊ သြင္းကုန္လုပ္ငန္း မ်ား ရက္ပိုင္းအတြင္း ေငြေၾကးဆံုး ႐ႈံးမႈမ်ား ႀကံဳေတြ႕ေနရသည္ဟု စီး ပြားေရးလုပ္ငန္းရွင္အခ်ိဳ႕က ဆုိ သည္။

လက္ရွိအစိုးရ အုပ္ခ်ဳပ္ေရး တာ၀န္စတင္ရယူသည့္ ဧၿပီတြင္ အေမရိကန္တစ္ေဒၚလာလွ်င္ က်ပ္ ၁,၂၀၀ ခန္႔မွ ႏုိင္ငံေရးအ ေျခအေနတည္ၿငိမ္မည့္ အလား အလာရွိျခင္းေၾကာင့္ တစ္ေဒၚလာ ၁,၁၇၆ က်ပ္သို႔ က်ဆင္းခဲ့သည္။

အစိုးရက တည္ေဆာက္ေရး  လုပ္ငန္းမ်ားအေပၚ စည္းမ်ဥ္း စည္းကမ္းမ်ား တင္းက်ပ္ျခင္း၊ တ႐ုတ္ႏုိင္ငံက အဖမ္းအဆီးမ်ား ေၾကာင့္ ျမန္မာ့ပို႔ကုန္မ်ား တင္ပို႔ ေရာင္းခ်ႏိုင္မႈ ေလ်ာ့နည္းလာျခင္း တို႔ေၾကာင့္ ႏုိင္ငံျခားေငြလည္ပတ္ မႈ က်ပ္တည္းၿပီး အေမရိကန္ေဒၚ လာေစ်း ျမင့္တက္လာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

ရက်ပိုင်းအတွင်း အမေ ရိကန်ဒေါ်လာတန်ဖိုး အတက်အ ကျများခြင်းကြောင့် လုပ်ငန်းများ လုပ်ကိုင်ရန် အခက်အခဲများဖြစ် လာသည်ဟု စီးပွားရေးလုပ်ငန်း ရှင်အချို့က ပြောကြားသည်။


အမေရိကန်ဒေါ်လာတန်ဖိုး သည် အောက်တိုဘာ ၄ ရက်မ တိုင်မီက တစ်ဒေါ်လာလျှင် ကျပ် ၁,၂၉၀ အထိ မြင့်တက်ခဲ့သည်။ ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များ ကို ဒေါ်လာဈေးမကစားရန် ခေါ်ယူသတိပေးပြီးနောက်ပိုင်း အောက်တိုဘာ ၁၁ ရက်၌ တစ်ဒေါ်လာလျှင် ၁,၂၄၄ ကျပ်အထိ ကျဆင်းခဲ့ကာ ၁၃ ရက်တွင် တစ်ဒေါ်လာ ၁,၂၇၄ ကျပ်သို့ ပြန်လည်မြင့်တက်လာသည်။

‘‘ရက်ပိုင်းအတွင်းမှာတင် တစ်ဒေါ်လာကို ၅၀ လောက် ဈေး ကွာနေတော့ လုပ်ရကိုင်ရတာ ခက်ခဲတယ်’’ဟု မြန်မာနိုင်ငံ ဆန် စပါးအသင်းချုပ် တွဲဖက်အတွင်း ရေးမှူး ဦးနေလင်းဇင်က ပြော ကြားသည်။

ငွေလဲနှုန်းအပြောင်းအလဲ လျင်မြန်ခြင်းသည် လက်ရှိအစိုးရ အတွက် နိုင်ငံစီးပွားရေးတိုးတက် မှုအတွက် စိန်ခေါ်မှုတစ်ခုဖြစ် သည်ဟု စီးပွားရေးလုပ်ငန်းရှင် အချို့က ဆိုသည်။ ရင်းနှီးမြှုပ်နှံ မည့်သူများက ငွေလဲနှုန်းတည်ငြိမ် မှုကို စောင့်ကြည့်လေ့လာလေ့ရှိ ကြောင်း စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက ပြော သည်။

ငွေလဲနှုန်းမတည်ငြိမ်ခြင်း ကြောင့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်း များ ရက်ပိုင်းအတွင်း ငွေကြေးဆုံး ရှုံးမှုများ ကြုံတွေ့နေရသည်ဟု စီး ပွားရေးလုပ်ငန်းရှင်အချို့က ဆို သည်။

လက်ရှိအစိုးရ အုပ်ချုပ်ရေး တာဝန်စတင်ရယူသည့် ဧပြီတွင် အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၁,၂၀၀ ခန့်မှ နိုင်ငံရေးအ ခြေအနေတည်ငြိမ်မည့် အလား အလာရှိခြင်းကြောင့် တစ်ဒေါ်လာ ၁,၁၇၆ ကျပ်သို့ ကျဆင်းခဲ့သည်။

အစိုးရက တည်ဆောက်ရေး  လုပ်ငန်းများအပေါ် စည်းမျဉ်း စည်းကမ်းများ တင်းကျပ်ခြင်း၊ တရုတ်နိုင်ငံက အဖမ်းအဆီးများ ကြောင့် မြန်မာ့ပို့ကုန်များ တင်ပို့ ရောင်းချနိုင်မှု လျော့နည်းလာခြင်း တို့ကြောင့် နိုင်ငံခြားငွေလည်ပတ် မှု ကျပ်တည်းပြီး အမေရိကန်ဒေါ် လာဈေး မြင့်တက်လာသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top