Property Expo
×

မင္းၿခံ အက်ဥ္းေထာင္ဆူပူမႈႏွင့္ ပတ္သက္၍ စုံစမ္းစစ္ေဆး အေရးယူမႈမ်ား ေဆာင္ရြက္သြားမည္ဟု
 ျပည္ထဲေရး၀န္ႀကီးဌာန လုံၿခံဳေရးဌာန၊ ဒုတိယညႊန္ၾကားေရးမွဴး ဦးမင္းထြန္းစိုးက မဇၩိမကို ေျပာသည္။

"စုံစမ္းစစ္ေဆးမႈေတြလုပ္ေနပါတယ္။ အက်ဥ္းသား အျပစ္ရွိရင္လည္း အေရးယူမယ္။ ေထာင္ဝန္ထမ္းေတြ အျပစ္ရွိရင္ လည္း အေရးယူမႈေတြလုပ္သြားမယ္။ အေသးစိတ္ေျပာဖို႔ေတာ့ အခ်ိန္ေစာပါေသးတယ္။"ဟု ဦးမင္းထြန္းစိုးက ေျပာ သည္။

ျမင္းၿခံအက်ဥ္းေထာင္တြင္ယေန႔နံနက္ပိုင္းကအက်ဥ္းက်ေနသူမ်ားမွ ေထာင္ပိုင္အလိုမရွိဟု ေတာင္ဆိုမႈမ်ား
 ျပဳလုပ္ခဲ႔ ေသာေၾကာင့္ သက္ဆိုင္ရာအဖြဲ႔အစည္းမ်ားႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားက သြားေရာက္ညိႈႏႈိင္းမႈမ်ားျပဳလုပ္ခဲ့ရၿပီး နံနက္ ၁၁ နာရီတြင္  ေျပလည္မႈရရွိခဲ႔သည္ဟု ညိႈႏႈိင္းမႈတြင္ပါဝင္ခဲ႔သူ ျမင္းၿခံၿမိဳ႕နယ္မွအမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ဦးေအာင္မ်ိဳးလတ္က ေျပာသည္။

"က်ြန္ေတာ္တို႔ သိသိခ်င္း သြားေရာက္ခဲ႔ပါတယ္။ သူတို႔ကေတာ့ ေထာင္ပိုင္ေျပာင္းေရႊ႕
 ေပးဖို႔ေတာင္းဆိုေနတယ္။ စည္း ကမ္း တင္ၾကပ္လို႔ အစားေသာက္ခက္လို႔ေျပာပါတယ္။ ညိႈႏႈိင္းလို႔ အဆင္ေျပတယ္ေျပာရမွာေပါ့။ က်ြန္ေတာ္အေနနဲ႔က အခုျဖစ္စဥ္နဲ႔ ပတ္သက္ၿပးီ ႏုိင္ငံသားမူလ အခြင့္ေရး၊ ဒီမိုကေရစီ လူ႔အခြင့္ေရးေကာ္မတီကို တင္ျပေပးသြားမယ္ "ဟု  ဦးေအာင္မ်ိဳးလတ္က ေျပာသည္။

"ဒီ ေထာင္ ပိုင္လက္ထက္မွာ အက်ဥ္းသားေသဆုံးမႈေတြ အမ်ားဆုံးပဲ။ က်န္းမာေရးေစာင့္ေရွာက္မႈလည္းမရွိဘူး။ HIV ျဖစ္ ေနတဲ႔ အက်ဥ္းသား ၁၂ ဦးမႏၲေလးအက်ဥ္းေထာင္ ေျပာင္းေရႊ႕ဖို႔   ေတာင္းဆိုတာလည္း မေပးဘူး။ စိုက္ပ်ိဳး လုပ္ ကိုင္ခြင့္ လည္း ပိတ္ထားေတာ့ အက်ဥ္းသားေတြ အေနနဲ႔ စားဝတ္ေနေရးပါခက္ေနတယ္။ အဆိုးဆုံးကေတာ့ တနလၤာ ေန႔ ေထာင္ပိုင္ လွည့္စစ္တဲ႔အခ်ိန္ သူကိုယ္တိုင္ ႏွိပ္စက္မႈေတြလုပ္တယ္။ ဒီလိုေတြေၾကာင့္ အက်ဥ္းသားေတြက မခံႏုိင္ ျဖစ္ ၿပီး အခုလိုျဖစ္တာပဲ။ ေထာင္ပိုင္ အလိုမရွိဘဲ ေအာ္ေနတယ္။ က်ြန္ေတာ္သိသေလာက္ေတာ့ သူတို႔ေတာင္းဆိုတာ လိုက္ ေလ်ွာမယ္လို႔သိတယ္။"ဟု ျမင္းၿခံၿမိဳ႕နယ္ ႏုိင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေေရွာက္ ေရးအဖြဲ႔ မွ ႏုိင္ငံေရး  အက်ဥ္းသားေဟာင္း ဦးမ်ိဳးဟန္က ေျပာသည္။

ယခုႏွစ္အတြင္း ျမင္းၿခံေထာင္အတြင္း၌ အက်ဥ္းသား ၉ ဦးခန္႕ေသဆံုးခဲ့ၿပီး က်န္းမာေရးေစာင့္ေရွာက္ခြင့္ မလံုေလာက္မႈ၊ အက်ဥ္းသားဦးေရ မ်ားျပားေနမႈမ်ား ျဖစ္ေပၚေနေၾကာင္း ႏိုင္းငံေရး အက်ဥ္းသားေဟာင္းမ်ား ကူညီ ေစာင့္ေရွာက္ေရးအဖြဲ႔ထ့မွ သိရသည္။

လက္ရွိတြင္ ျမင္းၿခံအက်ဥ္းေထာင္တြင္ အက်ဥ္းသား ၁၈၇၁ ဦးရွိေၾကာင္း ဦးမ်ိဳးဟန္၏ ေျပာၾကားခ်က္အရ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Mizzima News

#Unicode Version
မင်းခြံ အကျဉ်းထောင်ဆူပူမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေး အရေးယူမှုများ ဆောင်ရွက်သွားမည်ဟု

 ပြည်ထဲရေးဝန်ကြီးဌာန လုံခြုံရေးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက မဇ္ဈိမကို ပြောသည်။

"စုံစမ်းစစ်ဆေးမှုတွေလုပ်နေပါတယ်။ အကျဉ်းသား အပြစ်ရှိရင်လည်း အရေးယူမယ်။ ထောင်ဝန်ထမ်းတွေ အပြစ်ရှိရင် လည်း အရေးယူမှုတွေလုပ်သွားမယ်။ အသေးစိတ်ပြောဖို့တော့ အချိန်စောပါသေးတယ်။"ဟု ဦးမင်းထွန်းစိုးက ပြော သည်။

မြင်းခြံအကျဉ်းထောင်တွင်ယနေ့နံနက်ပိုင်းကအကျဉ်းကျနေသူများမှ ထောင်ပိုင်အလိုမရှိဟု တောင်ဆိုမှုများ

 ပြုလုပ်ခဲ့ သောကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် လွှတ်တော်ကိုယ်စားလှယ်များက သွားရောက်ညှိုနှိုင်းမှုများပြုလုပ်ခဲ့ရပြီး နံနက် ၁၁ နာရီတွင်  ပြေလည်မှုရရှိခဲ့သည်ဟု ညှိုနှိုင်းမှုတွင်ပါဝင်ခဲ့သူ မြင်းခြံမြို့နယ်မှအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးအောင်မျိုးလတ်က ပြောသည်။

"ကျွန်တော်တို့ သိသိချင်း သွားရောက်ခဲ့ပါတယ်။ သူတို့ကတော့ ထောင်ပိုင်ပြောင်းရွှေ့

 ပေးဖို့တောင်းဆိုနေတယ်။ စည်း ကမ်း တင်ကြပ်လို့ အစားသောက်ခက်လို့ပြောပါတယ်။ ညှိုနှိုင်းလို့ အဆင်ပြေတယ်ပြောရမှာပေါ့။ ကျွန်တော်အနေနဲ့က အခုဖြစ်စဉ်နဲ့ ပတ်သက်ပြးီ နိုင်ငံသားမူလ အခွင့်ရေး၊ ဒီမိုကရေစီ လူ့အခွင့်ရေးကော်မတီကို တင်ပြပေးသွားမယ် "ဟု  ဦးအောင်မျိုးလတ်က ပြောသည်။

"ဒီ ထောင် ပိုင်လက်ထက်မှာ အကျဉ်းသားသေဆုံးမှုတွေ အများဆုံးပဲ။ ကျန်းမာရေးစောင့်ရှောက်မှုလည်းမရှိဘူး။ HIV ဖြစ် နေတဲ့ အကျဉ်းသား ၁၂ ဦးမန္တလေးအကျဉ်းထောင် ပြောင်းရွှေ့ဖို့   တောင်းဆိုတာလည်း မပေးဘူး။ စိုက်ပျိုး လုပ် ကိုင်ခွင့် လည်း ပိတ်ထားတော့ အကျဉ်းသားတွေ အနေနဲ့ စားဝတ်နေရေးပါခက်နေတယ်။ အဆိုးဆုံးကတော့ တနင်္လာ နေ့ ထောင်ပိုင် လှည့်စစ်တဲ့အချိန် သူကိုယ်တိုင် နှိပ်စက်မှုတွေလုပ်တယ်။ ဒီလိုတွေကြောင့် အကျဉ်းသားတွေက မခံနိုင် ဖြစ် ပြီး အခုလိုဖြစ်တာပဲ။ ထောင်ပိုင် အလိုမရှိဘဲ အော်နေတယ်။ ကျွန်တော်သိသလောက်တော့ သူတို့တောင်းဆိုတာ လိုက် လျှောမယ်လို့သိတယ်။"ဟု မြင်းခြံမြို့နယ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ေရှောက် ရေးအဖွဲ့ မှ နိုင်ငံရေး  အကျဉ်းသားဟောင်း ဦးမျိုးဟန်က ပြောသည်။

ယခုနှစ်အတွင်း မြင်းခြံထောင်အတွင်း၌ အကျဉ်းသား ၉ ဦးခန့်သေဆုံးခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်ခွင့် မလုံလောက်မှု၊ အကျဉ်းသားဦးရေ များပြားနေမှုများ ဖြစ်ပေါ်နေကြောင်း နိုင်းငံရေး အကျဉ်းသားဟောင်းများ ကူညီ စောင့်ရှောက်ရေးအဖွဲ့ထ့မှ သိရသည်။

လက်ရှိတွင် မြင်းခြံအကျဉ်းထောင်တွင် အကျဉ်းသား ၁၈၇၁ ဦးရှိကြောင်း ဦးမျိုးဟန်၏ ပြောကြားချက်အရ သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Mizzima News
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top