Property Expo
×

စိတ္ခံစားမႈဆုိတာဟာ လူတစ္ဦးတစ္ေယာက္အတြက္ ကင္းကြာလုိ႕မရတဲ့ အရာပါ။ အဲ့ဒီစိတ္ခံစားခ်က္ေတြကို အေကာင္းဘက္က၊ အဆိုးဘက္က ဆုိျပီး ခြဲျခားလိုက္တဲ့အခါမွာေတာ့  ေပ်ာ္ရႊင္မႈ၊ ၀မ္းနည္းမႈ၊ ေဒါသ၊ ပီတိစတဲ့ ခံစားခ်က္ေတြဆိုျပီး ကြဲျပားသြားပါတယ္။ အဲ့ဒီအထဲမွာမွ ေဒါသထြက္တယ္ဆိုတာ သင့္အတြက္ေရာ အျခားဘယ္သူ႕အတြက္မွ အက်ိဳးရွိတဲ့အရာ မဟုတ္ဘူးလုိ႕ သိထားပါလိမ့္မယ္။  ဒါေပမယ့္ အဲ့ဒီအက်ိဳးမရွိဘူးလို႕ သတ္မွတ္ထားတဲ့ ဆိုး၀ါးတဲ့စိတ္ခံစားခ်က္ေတြကပဲ အဆိုးထဲက အေကာင္းလုိ႕ဆုိရေအာင္ သင့္ကို အေကာင္းဘက္ ေျပာင္းလဲေပးပစ္လုိက္ႏိုင္တာေတြ ရွိေနပါတယ္။ ေဒါသထြက္တဲ့အခါ ေအာ္ေငါက္ပစ္လိုက္တာမ်ိဳး၊ မထင္ရင္မထင္သလို ကိုယ့္ေဘးနားရွိတဲ့အရာေတြကို ဖ်က္ဆီးပစ္လိုက္တာမ်ိဳး၊ တစ္ခ်ိဳ႕ဆို စိတ္မထိန္းႏိုင္ပဲ သူတစ္ပါးအသက္ေသေၾကပ်က္စီးရေအာင္ လုပ္ၾကံတာေတြ ရွိတတ္ပါတယ္။ ဒါေပမယ့္ ေဒါသထြက္လိုက္လုိ႕ သင္ကိုယ္တုိင္ေတြ႕ၾကံဳခံစားႏိုင္မယ့္ ေကာင္းက်ိဳးေတြလည္း ရွိေနျပန္ပါတယ္။ ဒါ့ေၾကာင့္သုေတသီေတြကေတာ့ ေဒါသထြက္ေပးတာဟာ သင့္အတြက္ ေကာင္းက်ိဳးေတြ ရွိေနတယ္လုိ႕ ဖြင့္ဟလာတာပါ။ ဘယ္လိုေကာင္းက်ိဳးေတြလဲ ၾကည့္ရေအာင္။

၁။ ေဒါသေတြကေန ကိုယ္အသက္ရွင္ေနထုိင္ႏိုင္ဖုိ႕အတြက္ ၾကိဳးစားခ်င္စိတ္ေတြ ျဖစ္လာပါတယ္။
ေဒါသဆုိတာမ်ိဳးက လူတစ္ေယာက္ကို မခံခ်င္စိတ္ေတြ ျဖစ္လာေအာင္ လႈံ႕ေဆာ္ေပးႏိုင္သလို အသက္ရွင္ရုန္းကန္ဖုိ႕အတြက္ အားျဖစ္ေစပါတယ္။ ဒါ့အျပင္ ကိုယ့္ကိုကုိယ္ ကာကြယ္ႏိုင္ဖုိ႕အတြက္လည္း သူက တြန္းအားေတြေပးေနပါတယ္။ ေတာထဲမွာ တိရိစၦာန္တစ္ေကာင္ေကာင္ဟာ အႏၱရာယ္တစ္ခုခု ၾကံဳရျပီေဟ့ဆုိရင္ သူဟာ ေဒါသေတြနဲ႕အတူ သူဒီဒုကၡကေန ဘယ္လုိေက်ာ္လႊားရမလဲဆုိတာကို အျပင္းအထန္စဥ္းစားပါလိမ့္မယ္။ သူ အသက္ရွင္က်န္ရစ္ေအာင္လည္း ၾကိဳးစားပါလိမ့္မယ္။

၂။ တစ္ခုခုကို စတင္ျပဳမူေဆာင္ရြက္ဖုိ႕လည္း သူက လႈံ႕ေဆာ္ေပးျပန္ပါတယ္။
တစ္ေယာက္ေယာက္က သင္ျဖစ္ခ်င္တာေတြ၊ လိုအပ္ခ်က္ေတြကို တားဆီးပိတ္ပင္ေနတယ္လုိ႕ သင္ခံစားရျပီဆုိရင္ အဲ့ဒီလူနဲ႕ ပတ္သက္ျပီး ေဒါသထြက္တာမ်ိဳး ျဖစ္ပါလိမ့္မယ္။ ဒါမထူးဆန္းပါဘူး။ ထူးဆန္းတာက အဲ့ဒီေဒါသဟာ သင့္ေအာင္ျမင္မႈပန္းတုိင္ကို လက္မေလွ်ာ့ပဲ ဘယ္လုိဆက္သြားရမယ္ဆုိတာ လႈံ႕ေဆာ္ေပးေနတယ္ဆုိတာ ပါပဲ။ ေဒါသဆုိတာကို ေကာင္းတဲ့ခံစားခ်က္အေနနဲ႕ ၾကည့္ရင္ ဒါဟာ သင့္အလုပ္ေတြကို ျပီးေျမာက္ေအာင္ တြန္းအားေပးေနတဲ့အရာဆုိတာ သင္သိလာပါလိမ့္မယ္။

၃။ ေဒါသဟာ မညီမ်ွမႈေတြကို ပိုသတိျပဳမိလာေစပါတယ္။
လူေတြေဒါသထြက္လာတဲ့အခါ ခုျဖစ္ေနတဲ့အေျခအေန၊ ခု ကိုယ့္အဆင့္အေနအထားေတြကို ပိုသတိျပဳမိသြား ပါတယ္။ ျဖစ္ေနတာေတြက တကယ္ျဖစ္သင့္တဲ့အေျခအေန မဟုတ္မွန္းသိသြားတဲ့အခါ ေျပာင္းလဲဖုိ႕ စတင္ၾကိဳးစားလာၾကပါတယ္။ ဥပမာ အရင္ကဆုိ အမ်ိဳးသားနဲ႕အမ်ိဳးသမီးမွာ အမ်ိဳးသားေတြကသာ မဲေပးခြင့္ရွိတယ္ဆုိတဲ့ အခြင့္အေရးမညီမ်ွမႈေတြကို အမ်ိဳးသမီးေတြ ခံစားခဲ့ၾကရပါတယ္။ ဒီမညီမ်ွမႈေတြအတြက္ သူတုိ႕ ေဒါသေတြထြက္ျပီး ဒါမ်ိဳးမျဖစ္သင့္တဲ့အတြက္ ၾကိဳးစားရမယ္၊ အခြင့္အေရးကို ေတာင္းဆိုရမယ္၊ တန္းတူညီမ်ွရွိရမယ္ဆုိတာမ်ိဳးေတြ သိလာျမင္လာၾကပါတယ္။

၄။ေဒါသဟာ ကြယ္၀ွက္ပစ္ဖုိ႕ ၾကိဳးစားတဲ့အရာေတြကို ေဖာ္ထုတ္ပစ္ၾကဖုိ႕လည္း တြန္းအားေပးပါတယ္။
လူေတြဟာ ေဒါသတစ္ခုေၾကာင့္ အေၾကာက္တရားကိုေတာ့ ေက်ာ္လြန္သြားတတ္ၾကပါတယ္။ အရင္က ေၾကာက္တတ္တဲ့စိတ္ကို ေဒါသက ႏႈိးဆြပစ္လိုက္တဲ့အခါ အဲ့ဒီစိတ္ေပ်ာက္သြားျပီး လုပ္သင့္တာကို လုပ္ဖုိ႕ ရဲတင္းသြားၾကပါတယ္။ ကိုယ့္ဘ၀တစ္ေလ်ွာက္လံုး အေၾကာက္တရားေတြနဲ႕ ေနလာခဲ့တယ္ ဆုိရင္ တစ္ေန႕ေန႕ အဲ့ဒီအေၾကာက္တရားနဲ႕ပတ္သက္ျပီး ေဒါသၾကီးၾကီးမားမား ထြက္တဲ့အခ်ိန္ ဒီအေၾကာက္တရားကို ဖယ္ထုတ္ပစ္ႏိ္ုင္ပါလိမ့္မယ္။

၅။ ေဒါသဟာ ကိုယ့္ကိုကုိယ္ ဘာေတြတိုးတက္ေအာင္လုပ္ရမလဲဆုိတာ သိသြားေစပါတယ္။
ေဒါသေၾကာင့္ သင္ဟာ သင့္ကိုယ္သင္ ဘာေတြေျပာင္းလဲပစ္ရမလဲဆုိတာကို ျမင္သြားေစပါလိမ့္မယ္။ တစ္ခါတစ္ေလ ေဒါသထြက္လိုက္ျခင္းအားျဖင့္ ကိုယ့္ဘ၀အတြက္ ဘာေတြက အေရးၾကီးျပီး အေရးပါသလဲဆုိတာကို ကြင္းကြင္းကြက္ကြက္ သိသြားေစတတ္ပါတယ္။ အဲ့ဒီလို သိသြားျပီး ကိုယ့္ကိုယ္ကုိယ္တုိးတက္ဖုိ႕သာ ၾကိဳးစားႏိုင္မယ္ဆုိရင္ ဒါေကာင္းေသာေျပာင္းလဲျခင္း ျဖစ္လာပါလိမ့္မယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar

#Unicode Version

 စိတ်ခံစားမှုဆိုတာဟာ လူတစ်ဦးတစ်ယောက်အတွက် ကင်းကွာလို့မရတဲ့ အရာပါ။ အဲ့ဒီစိတ်ခံစားချက်တွေကို အကောင်းဘက်က၊ အဆိုးဘက်က ဆိုပြီး ခွဲခြားလိုက်တဲ့အခါမှာတော့  ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ ဒေါသ၊ ပီတိစတဲ့ ခံစားချက်တွေဆိုပြီး ကွဲပြားသွားပါတယ်။ အဲ့ဒီအထဲမှာမှ ဒေါသထွက်တယ်ဆိုတာ သင့်အတွက်ရော အခြားဘယ်သူ့အတွက်မှ အကျိုးရှိတဲ့အရာ မဟုတ်ဘူးလို့ သိထားပါလိမ့်မယ်။  ဒါပေမယ့် အဲ့ဒီအကျိုးမရှိဘူးလို့ သတ်မှတ်ထားတဲ့ ဆိုးဝါးတဲ့စိတ်ခံစားချက်တွေကပဲ အဆိုးထဲက အကောင်းလို့ဆိုရအောင် သင့်ကို အကောင်းဘက် ပြောင်းလဲပေးပစ်လိုက်နိုင်တာတွေ ရှိနေပါတယ်။ ဒေါသထွက်တဲ့အခါ အော်ငေါက်ပစ်လိုက်တာမျိုး၊ မထင်ရင်မထင်သလို ကိုယ့်ဘေးနားရှိတဲ့အရာတွေကို ဖျက်ဆီးပစ်လိုက်တာမျိုး၊ တစ်ချို့ဆို စိတ်မထိန်းနိုင်ပဲ သူတစ်ပါးအသက်သေကြေပျက်စီးရအောင် လုပ်ကြံတာတွေ ရှိတတ်ပါတယ်။ ဒါပေမယ့် ဒေါသထွက်လိုက်လို့ သင်ကိုယ်တိုင်တွေ့ကြုံခံစားနိုင်မယ့် ကောင်းကျိုးတွေလည်း ရှိနေပြန်ပါတယ်။ ဒါ့ကြောင့်သုတေသီတွေကတော့ ဒေါသထွက်ပေးတာဟာ သင့်အတွက် ကောင်းကျိုးတွေ ရှိနေတယ်လို့ ဖွင့်ဟလာတာပါ။ ဘယ်လိုကောင်းကျိုးတွေလဲ ကြည့်ရအောင်။

၁။ ဒေါသတွေကနေ ကိုယ်အသက်ရှင်နေထိုင်နိုင်ဖို့အတွက် ကြိုးစားချင်စိတ်တွေ ဖြစ်လာပါတယ်။
ဒေါသဆိုတာမျိုးက လူတစ်ယောက်ကို မခံချင်စိတ်တွေ ဖြစ်လာအောင် လှုံ့ဆော်ပေးနိုင်သလို အသက်ရှင်ရုန်းကန်ဖို့အတွက် အားဖြစ်စေပါတယ်။ ဒါ့အပြင် ကိုယ့်ကိုကိုယ် ကာကွယ်နိုင်ဖို့အတွက်လည်း သူက တွန်းအားတွေပေးနေပါတယ်။ တောထဲမှာ တိရိစ္ဆာန်တစ်ကောင်ကောင်ဟာ အန္တရာယ်တစ်ခုခု ကြုံရပြီဟေ့ဆိုရင် သူဟာ ဒေါသတွေနဲ့အတူ သူဒီဒုက္ခကနေ ဘယ်လိုကျော်လွှားရမလဲဆိုတာကို အပြင်းအထန်စဉ်းစားပါလိမ့်မယ်။ သူ အသက်ရှင်ကျန်ရစ်အောင်လည်း ကြိုးစားပါလိမ့်မယ်။

၂။ တစ်ခုခုကို စတင်ပြုမူဆောင်ရွက်ဖို့လည်း သူက လှုံ့ဆော်ပေးပြန်ပါတယ်။
တစ်ယောက်ယောက်က သင်ဖြစ်ချင်တာတွေ၊ လိုအပ်ချက်တွေကို တားဆီးပိတ်ပင်နေတယ်လို့ သင်ခံစားရပြီဆိုရင် အဲ့ဒီလူနဲ့ ပတ်သက်ပြီး ဒေါသထွက်တာမျိုး ဖြစ်ပါလိမ့်မယ်။ ဒါမထူးဆန်းပါဘူး။ ထူးဆန်းတာက အဲ့ဒီဒေါသဟာ သင့်အောင်မြင်မှုပန်းတိုင်ကို လက်မလျှော့ပဲ ဘယ်လိုဆက်သွားရမယ်ဆိုတာ လှုံ့ဆော်ပေးနေတယ်ဆိုတာ ပါပဲ။ ဒေါသဆိုတာကို ကောင်းတဲ့ခံစားချက်အနေနဲ့ ကြည့်ရင် ဒါဟာ သင့်အလုပ်တွေကို ပြီးမြောက်အောင် တွန်းအားပေးနေတဲ့အရာဆိုတာ သင်သိလာပါလိမ့်မယ်။

၃။ ဒေါသဟာ မညီမျှမှုတွေကို ပိုသတိပြုမိလာစေပါတယ်။
လူတွေဒေါသထွက်လာတဲ့အခါ ခုဖြစ်နေတဲ့အခြေအနေ၊ ခု ကိုယ့်အဆင့်အနေအထားတွေကို ပိုသတိပြုမိသွား ပါတယ်။ ဖြစ်နေတာတွေက တကယ်ဖြစ်သင့်တဲ့အခြေအနေ မဟုတ်မှန်းသိသွားတဲ့အခါ ပြောင်းလဲဖို့ စတင်ကြိုးစားလာကြပါတယ်။ ဥပမာ အရင်ကဆို အမျိုးသားနဲ့အမျိုးသမီးမှာ အမျိုးသားတွေကသာ မဲပေးခွင့်ရှိတယ်ဆိုတဲ့ အခွင့်အရေးမညီမျှမှုတွေကို အမျိုးသမီးတွေ ခံစားခဲ့ကြရပါတယ်။ ဒီမညီမျှမှုတွေအတွက် သူတို့ ဒေါသတွေထွက်ပြီး ဒါမျိုးမဖြစ်သင့်တဲ့အတွက် ကြိုးစားရမယ်၊ အခွင့်အရေးကို တောင်းဆိုရမယ်၊ တန်းတူညီမျှရှိရမယ်ဆိုတာမျိုးတွေ သိလာမြင်လာကြပါတယ်။

၄။ဒေါသဟာ ကွယ်ဝှက်ပစ်ဖို့ ကြိုးစားတဲ့အရာတွေကို ဖော်ထုတ်ပစ်ကြဖို့လည်း တွန်းအားပေးပါတယ်။
လူတွေဟာ ဒေါသတစ်ခုကြောင့် အကြောက်တရားကိုတော့ ကျော်လွန်သွားတတ်ကြပါတယ်။ အရင်က ကြောက်တတ်တဲ့စိတ်ကို ဒေါသက နှိုးဆွပစ်လိုက်တဲ့အခါ အဲ့ဒီစိတ်ပျောက်သွားပြီး လုပ်သင့်တာကို လုပ်ဖို့ ရဲတင်းသွားကြပါတယ်။ ကိုယ့်ဘဝတစ်လျှောက်လုံး အကြောက်တရားတွေနဲ့ နေလာခဲ့တယ် ဆိုရင် တစ်နေ့နေ့ အဲ့ဒီအကြောက်တရားနဲ့ပတ်သက်ပြီး ဒေါသကြီးကြီးမားမား ထွက်တဲ့အချိန် ဒီအကြောက်တရားကို ဖယ်ထုတ်ပစ်နိုင်ပါလိမ့်မယ်။

၅။ ဒေါသဟာ ကိုယ့်ကိုကိုယ် ဘာတွေတိုးတက်အောင်လုပ်ရမလဲဆိုတာ သိသွားစေပါတယ်။
ဒေါသကြောင့် သင်ဟာ သင့်ကိုယ်သင် ဘာတွေပြောင်းလဲပစ်ရမလဲဆိုတာကို မြင်သွားစေပါလိမ့်မယ်။ တစ်ခါတစ်လေ ဒေါသထွက်လိုက်ခြင်းအားဖြင့် ကိုယ့်ဘဝအတွက် ဘာတွေက အရေးကြီးပြီး အရေးပါသလဲဆိုတာကို ကွင်းကွင်းကွက်ကွက် သိသွားစေတတ်ပါတယ်။ အဲ့ဒီလို သိသွားပြီး ကိုယ့်ကိုယ်ကိုယ်တိုးတက်ဖို့သာ ကြိုးစားနိုင်မယ်ဆိုရင် ဒါကောင်းသောပြောင်းလဲခြင်း ဖြစ်လာပါလိမ့်မယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top