Property Expo
×

ဆီးခ်ိဳေသြးခ်ိဳေရာဂါရွင္ မ်ား၌ ခႏၶာကိုယ္ခုခံအားစနစ္မွာ သာမန္လူမ်ားထက္ က်ဆင္း လြယ္ၿပီး ေရာဂါပိုး၀င္ေရာက္ရန္ လြယ္ကူသျဖင့္ သတိျပဳရန္လိုအပ္ ေၾကာင္း သတင္းရရွိသည္။

‘‘ဆီးခ်ိဳျဖစ္ၿပီဆိုရင္ ခႏၶာ ကိုယ္က ေရာဂါကို တိုက္ထုတ္ ႏိုင္တဲ့ စြမ္းအားက်လာတတ္တယ္။ အနာျဖစ္လြယ္တယ္။ ေရာဂါပိုး၀င္ေရာက္ လြယ္တယ္။  ဆီးခ်ိဳေရာဂါကို ထိန္းထားႏိုင္မယ္ဆိုရင္ေတာ့ ခႏၶာကိုယ္ရဲ႕ ခုခံအားစနစ္ (Immune System) သိပ္မက်ႏိုင္ဘူး။ ဆီးခ်ိဳေရာဂါကိုထိန္းထားႏိုင္ေပမယ့္ Immune System က သိပ္က်ေနရင္တျခား အေၾကာင္းရင္းခံ ရွိ၊မရွိ စစ္သင့္တယ္’’ဟု ျမန္မာႏိုင္ငံ ဆီးခ်ိဳေသြးခ်ိဳေရာဂါ အသင္းဥကၠ႒ပါေမာကၡ ေဒါက္တာတင့္ေဆြလတ္က ေျပာ ၾကားသည္။

 ဆီးခ်ိဳေရာဂါ ရွိသူမ်ားကို မ်က္စိ၊ ေက်ာက္ကပ္၊ေျခေထာက္ ထုံက်ဥ္မႈရွိ၊မရွိႏွင့္ ႏွလံုးအေျခအ ေန ပံုမွန္စစ္ေဆးရန္ ယခင္က သတ္မွတ္ထားရာမွ ယခုေနာက္ ပိုင္း၌ အသည္းေရာင္အသား၀ါ ဘီပိုး၊ စီပိုး ရွိ၊မရွိပါ ထပ္မံစစ္ ေဆးရန္ လိုအပ္လာေၾကာင္း အ ေထြေထြေရာဂါကု ဆရာ၀န္ ေဒါက္တာ ဇာနည္ဇင္ကဆိုသည္။

‘‘ဆီးခ်ိဳျဖစ္ၿပီဆိုတာနဲ႔ေနာက္ ဆက္တြဲဆိုးက်ိဳးေတြက မ်ားလာ တယ္။ အခုဆိုရင္ အသည္းနဲ႔ ဆီး ခ်ိဳက ဆက္စပ္ေနေတာ့  အသည္း အေျခအေနကို စစ္ဖို႔လိုလာၿပီ’’ဟု ၎ကဆိုသည္။

ဆီးခ်ိဳေရာဂါရွိသူမ်ားသည္ အသည္းေျခာက္ရန္ အခြင့္အလမ္း ႏွစ္ဆခန္႔ရွိေသာေၾကာင့္ တစ္ႏွစ္ တစ္ခါ အသည္းေရာဂါရွိ၊မရွိ ပံုမွန္စစ္ေဆးရန္ လိုအပ္ၿပီးအသည္း ေရာင္အသား၀ါ ဘီပိုးမရွိပါက ကာကြယ္ေဆး ထိုးထားသင့္ေၾကာင္း ေဒါက္တာဇာနည္ဇင္က ေျပာသည္။

‘‘ဆီးခ်ိဳေသြးခ်ိဳေရာဂါ ခံစား ေနရတာေတာ့ ၾကာၿပီ။ ကုေပးေန တဲ့ ဆရာ၀န္ႀကီးက ေသြးစစ္ခိုင္း လို႔ စစ္ၾကည့္ေတာ့ ဘီပိုးပါေတြ႕ တယ္။ ဘီပိုးေကာင္ေရက သိန္း ေပါင္းမ်ားစြာေတြ႕ရွိေနတယ္လုို႔ မွတ္ခ်က္ထြက္တယ္။ဆီးခ်ိဳ ေသြး ခ်ိဳျဖစ္ေနလို႔ ဘီပိုးေကာင္ေရမ်ား ရတာလို႔ ကုေပးတဲ့ဆရာ၀န္ႀကီး က ေျပာတယ္’’ဟု ဆီးခ်ိဳေသြးခ်ိဳ ေရာဂါခံစားေနရသူ အသက္(၅၀) ခန္႔ရွိ အမ်ိဳးသားတစ္ဦးက ေျပာၾကားသည္။

 ျမန္မာႏိုင္ငံတြင္ အသက္ (၂၅) ႏွစ္မွ (၆၅) ႏွစ္အၾကား လူ ဦးေရမွာ ၂၅ သန္းခန္႔ရွိၿပီး ယင္း လူဦးေရ ၂ ဒသမ ၅ သန္းခန္႔မွာ ဆီးခ်ိဳေသြးခ်ိဳေရာဂါ ခံစားေနရ ေၾကာင္း၊ ဆီးခ်ိဳေသြးခ်ိဳေရာဂါျဖစ္ ပြား၍ အႀကိဳအဆင့္သို႔ေရာက္ေန သူဦးေရသည္  ငါးသန္းခန္႔ ရွိ ေၾကာင္း ျမန္မာႏိုင္ငံ ဆီးခ်ိဳေသြး ခ်ိဳစီမံခ်က္၏ ၂၀၁၅ သုေတသန စစ္တမ္းအရ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

ဆီးချိုသွေးချိုရောဂါရှင် များ၌ ခန္ဓာကိုယ်ခုခံအားစနစ်မှာ သာမန်လူများထက် ကျဆင်း လွယ်ပြီး ရောဂါပိုးဝင်ရောက်ရန် လွယ်ကူသဖြင့် သတိပြုရန်လိုအပ် ကြောင်း သတင်းရရှိသည်။

‘‘ဆီးချိုဖြစ်ပြီဆိုရင် ခန္ဓာ ကိုယ်က ရောဂါကို တိုက်ထုတ် နိုင်တဲ့ စွမ်းအားကျလာတတ်တယ်။ အနာဖြစ်လွယ်တယ်။ ရောဂါပိုးဝင်ရောက် လွယ်တယ်။  ဆီးချိုရောဂါကို ထိန်းထားနိုင်မယ်ဆိုရင်တော့ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ် (Immune System) သိပ်မကျနိုင်ဘူး။ ဆီးချိုရောဂါကိုထိန်းထားနိုင်ပေမယ့် Immune System က သိပ်ကျနေရင်တခြား အကြောင်းရင်းခံ ရှိ၊မရှိ စစ်သင့်တယ်’’ဟု မြန်မာနိုင်ငံ ဆီးချိုသွေးချိုရောဂါ အသင်းဥက္ကဋ္ဌပါမောက္ခ ဒေါက်တာတင့်ဆွေလတ်က ပြော ကြားသည်။

 ဆီးချိုရောဂါ ရှိသူများကို မျက်စိ၊ ကျောက်ကပ်၊ခြေထောက် ထုံကျဉ်မှုရှိ၊မရှိနှင့် နှလုံးအခြေအ နေ ပုံမှန်စစ်ဆေးရန် ယခင်က သတ်မှတ်ထားရာမှ ယခုနောက် ပိုင်း၌ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး ရှိ၊မရှိပါ ထပ်မံစစ် ဆေးရန် လိုအပ်လာကြောင်း အ ထွေထွေရောဂါကု ဆရာဝန် ဒေါက်တာ ဇာနည်ဇင်ကဆိုသည်။

‘‘ဆီးချိုဖြစ်ပြီဆိုတာနဲ့နောက် ဆက်တွဲဆိုးကျိုးတွေက များလာ တယ်။ အခုဆိုရင် အသည်းနဲ့ ဆီး ချိုက ဆက်စပ်နေတော့  အသည်း အခြေအနေကို စစ်ဖို့လိုလာပြီ’’ဟု ၎င်းကဆိုသည်။

ဆီးချိုရောဂါရှိသူများသည် အသည်းခြောက်ရန် အခွင့်အလမ်း နှစ်ဆခန့်ရှိသောကြောင့် တစ်နှစ် တစ်ခါ အသည်းရောဂါရှိ၊မရှိ ပုံမှန်စစ်ဆေးရန် လိုအပ်ပြီးအသည်း ရောင်အသားဝါ ဘီပိုးမရှိပါက ကာကွယ်ဆေး ထိုးထားသင့်ကြောင်း ဒေါက်တာဇာနည်ဇင်က ပြောသည်။

‘‘ဆီးချိုသွေးချိုရောဂါ ခံစား နေရတာတော့ ကြာပြီ။ ကုပေးနေ တဲ့ ဆရာဝန်ကြီးက သွေးစစ်ခိုင်း လို့ စစ်ကြည့်တော့ ဘီပိုးပါတွေ့ တယ်။ ဘီပိုးကောင်ရေက သိန်း ပေါင်းများစွာတွေ့ရှိနေတယ်လို့ မှတ်ချက်ထွက်တယ်။ဆီးချို သွေး ချိုဖြစ်နေလို့ ဘီပိုးကောင်ရေများ ရတာလို့ ကုပေးတဲ့ဆရာဝန်ကြီး က ပြောတယ်’’ဟု ဆီးချိုသွေးချို ရောဂါခံစားနေရသူ အသက်(၅၀) ခန့်ရှိ အမျိုးသားတစ်ဦးက ပြောကြားသည်။

 မြန်မာနိုင်ငံတွင် အသက် (၂၅) နှစ်မှ (၆၅) နှစ်အကြား လူ ဦးရေမှာ ၂၅ သန်းခန့်ရှိပြီး ယင်း လူဦးရေ ၂ ဒသမ ၅ သန်းခန့်မှာ ဆီးချိုသွေးချိုရောဂါ ခံစားနေရ ကြောင်း၊ ဆီးချိုသွေးချိုရောဂါဖြစ် ပွား၍ အကြိုအဆင့်သို့ရောက်နေ သူဦးရေသည်  ငါးသန်းခန့် ရှိ ကြောင်း မြန်မာနိုင်ငံ ဆီးချိုသွေး ချိုစီမံချက်၏ ၂၀၁၅ သုတေသန စစ်တမ်းအရ သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top