Property Expo
×

 ျမန္မာႏုိင္ငံတြင္ ျဖစ္ပြားေနေသာ ပဋိပကၡမ်ား အားလံုး ရပ္ဆုိင္းၿပီး ၿငိမ္းခ်မ္းစြာ ညွိႏႈိင္းေဆြးေႏြးၾကရန္ ရန္ကုန္ ကက္သလစ္ ဂုိဏ္းခ်ဳပ္သာနာမွ ကာဒီနယ္ခ်ားလ္စ္ဘုိက ေမတၱာရပ္ခံစာ တစ္ေစာင္ကုိ ေအာက္တုိဘာလ ၁၇ ရက္ ထုတ္ျပန္လုိက္သည္။


၂၁ ရာစု ပင္လံု ညီလာခံက်င္းၿပီး၍ မၾကာမီ အခ်ိန္အတြင္းပင္ လက္နက္ကုိင္ ပဋိပကၡမ်ား ျဖစ္ပြားလာျခင္း အတြက္ ဆရာေတာ္ ခ်ားလ္စ္ဘုိအေနျဖင့္ မ်ားစြာ စုိးရိမ္ပူပန္ေၾကာင္းႏွင့္ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္တြင္ ဘာသာေရး ေခါင္းေဆာင္မ်ားကုိလည္း ပါဝင္ရန္ လုိလားေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။


“ျမန္မာ စစ္ဗုိလ္ခ်ဳပ္မ်ား၏ စိတ္ထဲ၌ မည္ကဲ့သုိ႔ စိတ္ကူးႀကံစည္ေနၾကပါသနည္း၊ တျခားေသာ လက္နက္ကုိင္ အဖြဲ႔အစည္းမ်ားမွ ေခါင္းေဆာင္မ်ား၏ စိတ္ထဲတြင္လည္း မည္ကဲ့သုိ႔ စိတ္ကူးႀကံစည္ေနၾကပါသနည္း တရားေသာ စစ္ပြဲကုိ ငါတုိ႔တုိက္ေနၾကသည္ဟု ခံယူေနၾကပါတေလာ၊ လူသားခ်င္း တစ္ဦးနဲ႔တစ္ဦး တုိက္ခုိက္သတ္ျဖတ္ၾကေသာ စစ္ပြဲတြင္ တရားမွ်တမႈ မရွိႏုိင္ေခ်” ဟုလည္း ေရးသားထားသည္။

ၿငိမ္းခ်မ္းေရး ေရရွည္တည္တံ့ရန္အတြက္ ဘာသာေရးေခါင္းေဆာင္မ်ားကုိ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ားထဲတြင္ ထည့္သြင္းရန္ႏွင့္ လိုလားေၾကာင္းလည္း ပါရိွသည္။

“ၿငိမ္းခ်မ္းေရးအတြက္ ပါဝင္လုပ္ေဆာင္မည့္သူမ်ားတြင္ ဘာသာေရးေခါင္းေဆာင္မ်ားကုိလည္း ထည့္သြင္းဖုိ႔ အေရးႀကီးပါသည္။ ၿငိမ္းခ်မ္းေရးအတြက္ လုပ္ေဆာင္ရန္ လုိအပ္လာပါက ဘာသာေရး   ေခါင္းေဆာင္မ်ားသည္ ၄င္းတို႔ႏွင့္ နီးစပ္ ေသာ ေအာက္ေျခလူထုအသိုင္းအဝုိင္းအဆင့္အထိ ေဟာေျပာစည္းရံုးႏုိင္ရန္ ျဖစ္သည္”ဟု ေဖာ္ျပထားသည္။

စစ္ပြဲ၏ အက်ဳိးဆက္အေနျဖင့္ အိုးအိမ္စြန္႔ခြာထြက္ေျပးေနရေသာ ျပည္သူမ်ား ပုိမုိမ်ားျပားလာၿပီျဖစ္၍ လူသားခ်င္း စာနာ ေထာက္ပံ့ေသာ အဖြဲ႔အစည္းမ်ားက ဒုကၡစခန္းမ်ားသုိ႔ အစားအေသာက္ ပ့ံပုိးေပးျခင္းကုိလည္း  ခြင့္ျပဳေစလုိေၾကာင္း ေဖာ္ျပထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mizzima

#Unicode Version

 မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပဋိပက္ခများ အားလုံး ရပ်ဆိုင်းပြီး ငြိမ်းချမ်းစွာ ညှိနှိုင်းဆွေးနွေးကြရန် ရန်ကုန် ကက်သလစ် ဂိုဏ်းချုပ်သာနာမှ ကာဒီနယ်ချားလ်စ်ဘိုက မေတ္တာရပ်ခံစာ တစ်စောင်ကို အောက်တိုဘာလ ၁၇ ရက် ထုတ်ပြန်လိုက်သည်။

၂၁ ရာစု ပင်လုံ ညီလာခံကျင်းပြီး၍ မကြာမီ အချိန်အတွင်းပင် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားလာခြင်း အတွက် ဆရာတော် ချားလ်စ်ဘိုအနေဖြင့် များစွာ စိုးရိမ်ပူပန်ကြောင်းနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ဘာသာရေး ခေါင်းဆောင်များကိုလည်း ပါဝင်ရန် လိုလားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“မြန်မာ စစ်ဗိုလ်ချုပ်များ၏ စိတ်ထဲ၌ မည်ကဲ့သို့ စိတ်ကူးကြံစည်နေကြပါသနည်း၊ တခြားသော လက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၏ စိတ်ထဲတွင်လည်း မည်ကဲ့သို့ စိတ်ကူးကြံစည်နေကြပါသနည်း တရားသော စစ်ပွဲကို ငါတို့တိုက်နေကြသည်ဟု ခံယူနေကြပါတလော၊ လူသားချင်း တစ်ဦးနဲ့တစ်ဦး တိုက်ခိုက်သတ်ဖြတ်ကြသော စစ်ပွဲတွင် တရားမျှတမှု မရှိနိုင်ချေ” ဟုလည်း ရေးသားထားသည်။

ငြိမ်းချမ်းရေး ရေရှည်တည်တံ့ရန်အတွက် ဘာသာရေးခေါင်းဆောင်များကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များထဲတွင် ထည့်သွင်းရန်နှင့် လိုလားကြောင်းလည်း ပါရှိသည်။

“ငြိမ်းချမ်းရေးအတွက် ပါဝင်လုပ်ဆောင်မည့်သူများတွင် ဘာသာရေးခေါင်းဆောင်များကိုလည်း ထည့်သွင်းဖို့ အရေးကြီးပါသည်။ ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်ရန် လိုအပ်လာပါက ဘာသာရေး   ခေါင်းဆောင်များသည် ၎င်းတို့နှင့် နီးစပ် သော အောက်ခြေလူထုအသိုင်းအဝိုင်းအဆင့်အထိ ဟောပြောစည်းရုံးနိုင်ရန် ဖြစ်သည်”ဟု ဖော်ပြထားသည်။

စစ်ပွဲ၏ အကျိုးဆက်အနေဖြင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသော ပြည်သူများ ပိုမိုများပြားလာပြီဖြစ်၍ လူသားချင်း စာနာ ထောက်ပံ့သော အဖွဲ့အစည်းများက ဒုက္ခစခန်းများသို့ အစားအသောက် ပံ့ပိုးပေးခြင်းကိုလည်း  ခွင့်ပြုစေလိုကြောင်း ဖော်ပြထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Mizzima
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top