Property Expo
×

ထိုင္းဘုရင္နတ္ရြာစံၿပီးတဲ့ေနာက္ ဘုရင္ႀကီးနဲ႔ ပတ္သက္တဲ့ အေၾကာင္းအရာေတြ ေနစဥ္ မီဒီယာေတြက ေဖာ္ျပေနတာမွာ ဘုရင္ရဲ႕ ႐ုပ္ကလပ္ ထည့္သြင္းထားတဲ့ ေခါင္းတလားအေၾကာင္းပါ မက်န္ ေတြ႔ျမင္ရပါတယ္။

ထိုင္းႏိုင္ငံရဲ႕ အျမင့္ဆံုးအထြတ္အျမတ္ထားရာ ဥေသွ်ာင္ဘုရင္ရဲ႕ ေခါင္းတလားကို လူေတြကလည္း စူးစမ္းသိလိုၾကတဲ့အတြက္ ေခါ၀္ဆြတ္သတင္းဌာနက ေခါင္းတလားအလႉရွင္ကို သြားေရာက္ေမးျမန္းခဲ့ပါတယ္။

အလႉရွင္သူရိယဖရထိပ္မိသားစုဟာလြန္ခဲ့တဲ့ ႏွစ္ေပါင္း၁၀၀ ေက်ာ္ကတည္းက ေခါင္းတလား
ထုတ္လုပ္ေရာင္းခ်တဲ့ လုပ္ငန္းကို လုပ္ကိုင္လာတာျဖစ္ျပီး ႏိုင္ငံ့ဥေသွ်ာင္ဘုရင္ႀကီးရဲ႕ ေခါင္းတလားကို သူတို႔ထုတ္လုပ္ခဲ့သမွ် ေတာ္၀င္မိသားစု ေခါင္းတလားေတြထဲမွာ အေကာင္းဆံုး၊ တန္ဖုိးအရွိဆံုး ျဖစ္ေအာင္ ထုတ္လုပ္ခဲ့ၾကတယ္လို႔ ပိုင္ရွင္ရဲ႕ သမီးျဖစ္သူ နန္းကႏုတ္၀မ္းက သတင္းေထာက္ကို ေျပာပါတယ္။

ေခါင္းတလားရဲ႕ အဓိကအက်ဆံုး သစ္သားဟာ သူတို႔ဆိုင္မွာ ႏွစ္ေပါင္းမ်ားစြာ သိမ္းထားခဲ့တဲ့ အဆက္အစပ္မရွိ တျပင္တည္းေသာ ကၽြန္းသားစစ္စစ္ျဖစ္ၿပီး အဆိုပါကၽြန္းသားမွာလည္း ႏွစ္ေပါင္း ရာေက်ာ္သက္တမ္းရွိ ကၽြန္းပင္ႀကီးကေန ခုတ္ထားတာလို႔ ဆိုပါတယ္။

ေခါင္းတလားရဲ႕ အရြယ္အစားမွာ အရွည္ ၈၈ လက္မ၊ အက်ယ္ ၂၉ လက္မ အျမင့္ ၃၄ လက္မရွိၿပီး ေခါင္းတလားေဘာင္ကိုေတာ့ ႏွင္းဆီပြင့္နဲ႔ ကႏုတ္ပန္း စပ္ယွက္ပံုေဖာ္ ထြင္းထုကာ ရာႏႈန္းျပည္႔ ေရႊရည္စစ္စစ္နဲ႔ သြန္းေလာင္းမြမ္းမံထားတယ္လို႔ ဆိုပါတယ္။

အတြင္းပိုင္းမွာေတာ့ အႏူးညံံ့ဆံုးပိုးထည္နဲ႔ ခင္းက်င္းထားၿပီး ဇာပန္းေတြကိုလည္း ေရႊအစစ္နဲ႔ သြန္းေလာင္းတဲ့ ေရႊခ်ည္ျဖင့္ ေဖာက္ၿပီး ခ်ဳပ္ထားတယ္လို႔ ပိုင္ရွင္က ေျပာပါတယ္။

ေခါင္းတလားကို နန္းေတာ္မအပ္ႏွံခင္ ႐ုိက္ကူးထားတဲ့ ဗြီဒီယိုဖိုင္ကို ဖြင့္ျပရင္း ဆိုင္ရွင္က သတင္းေထာက္ကို ရွင္းျပခဲ့ပါတယ္။

ဘုရင္ႀကီးအတြက္ ေခါင္းတလားလုပ္ဖို႔ ယံုၾကည္စြာ လာေရာက္အပ္ႏွံျခင္းခံခဲ့ရတဲ့အေပၚ သူတို႔ ကုမၸဏီမိသားစုအေနနဲ႔ အထူးပင္ ဂုဏ္ယူမိပါေၾကာင္း၊ ဒါဟာ သူတို႔မ်ိဳးရိုးစဥ္ဆက္ကာလ တေလွ်ာက္လံုးအတြက္ ၀င့္ႂကြားဂုဏ္ယူစရာတခုျဖစ္တယ္လို႔ ဆိုင္ရွင္က ေျပာပါတယ္။

ေခါင္းတလားရဲ႕ တန္ဖုိး နဲ႔ လက္ခကိုေတာ့ ေဖာ္ျပထားျခင္းမရွိပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:DVB Burmese

#Unicode Version
ထိုင်းဘုရင်နတ်ရွာစံပြီးတဲ့နောက် ဘုရင်ကြီးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ နေစဉ် မီဒီယာတွေက ဖော်ပြနေတာမှာ ဘုရင်ရဲ့ ရုပ်ကလပ် ထည့်သွင်းထားတဲ့ ခေါင်းတလားအကြောင်းပါ မကျန် တွေ့မြင်ရပါတယ်။

ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံးအထွတ်အမြတ်ထားရာ ဥသျှောင်ဘုရင်ရဲ့ ခေါင်းတလားကို လူတွေကလည်း စူးစမ်းသိလိုကြတဲ့အတွက် ခေါဝ်ဆွတ်သတင်းဌာနက ခေါင်းတလားအလှူရှင်ကို သွားရောက်မေးမြန်းခဲ့ပါတယ်။

အလှူရှင် သူရိယဖရထိပ် မိသားစုဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်ကတည်းက ခေါင်းတလားထုတ်လုပ်ရောင်းချတဲ့ လုပ်ငန်းကို လုပ်ကိုင်လာတာဖြစ်ပြီး နိုင်ငံ့ဥသျှောင်ဘုရင်ကြီးရဲ့ ခေါင်းတလားကို သူတို့ထုတ်လုပ်ခဲ့သမျှ တော်ဝင်မိသားစု ခေါင်းတလားတွေထဲမှာ အကောင်းဆုံး၊ တန်ဖိုးအရှိဆုံး ဖြစ်အောင် ထုတ်လုပ်ခဲ့ကြတယ်လို့ ပိုင်ရှင်ရဲ့ သမီးဖြစ်သူ နန်းကနုတ်ဝမ်းက သတင်းထောက်ကို ပြောပါတယ်။

ခေါင်းတလားရဲ့ အဓိကအကျဆုံး သစ်သားဟာ သူတို့ဆိုင်မှာ နှစ်ပေါင်းများစွာ သိမ်းထားခဲ့တဲ့ အဆက်အစပ်မရှိ တပြင်တည်းသော ကျွန်းသားစစ်စစ်ဖြစ်ပြီး အဆိုပါကျွန်းသားမှာလည်း နှစ်ပေါင်း ရာကျော်သက်တမ်းရှိ ကျွန်းပင်ကြီးကနေ ခုတ်ထားတာလို့ ဆိုပါတယ်။

ခေါင်းတလားရဲ့ အရွယ်အစားမှာ အရှည် ၈၈ လက်မ၊ အကျယ် ၂၉ လက်မ အမြင့် ၃၄ လက်မရှိပြီး ခေါင်းတလားဘောင်ကိုတော့ နှင်းဆီပွင့်နဲ့ ကနုတ်ပန်း စပ်ယှက်ပုံဖော် ထွင်းထုကာ ရာနှုန်းပြည့် ရွှေရည်စစ်စစ်နဲ့ သွန်းလောင်းမွမ်းမံထားတယ်လို့ ဆိုပါတယ်။

အတွင်းပိုင်းမှာတော့ အနူးညံံ့ဆုံးပိုးထည်နဲ့ ခင်းကျင်းထားပြီး ဇာပန်းတွေကိုလည်း ရွှေအစစ်နဲ့ သွန်းလောင်းတဲ့ ရွှေချည်ဖြင့် ဖောက်ပြီး ချုပ်ထားတယ်လို့ ပိုင်ရှင်က ပြောပါတယ်။

ခေါင်းတလားကို နန်းတော်မအပ်နှံခင် ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်ကို ဖွင့်ပြရင်း ဆိုင်ရှင်က သတင်းထောက်ကို ရှင်းပြခဲ့ပါတယ်။

ဘုရင်ကြီးအတွက် ခေါင်းတလားလုပ်ဖို့ ယုံကြည်စွာ လာရောက်အပ်နှံခြင်းခံခဲ့ရတဲ့အပေါ် သူတို့ ကုမ္ပဏီမိသားစုအနေနဲ့ အထူးပင် ဂုဏ်ယူမိပါကြောင်း၊ ဒါဟာ သူတို့မျိုးရိုးစဉ်ဆက်ကာလ တလျှောက်လုံးအတွက် ဝင့်ကြွားဂုဏ်ယူစရာတခုဖြစ်တယ်လို့ ဆိုင်ရှင်က ပြောပါတယ်။

ခေါင်းတလားရဲ့ တန်ဖိုး နဲ့ လက်ခကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။


ဖိုးသူတော် (www.phothutaw.com)
Credit:DVB Burmese
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top