Property Expo
×

 ေရယာဥ္မ်ားႏွင့္ပတ္သက္ ၍ ျပည့္စံုေသာ ဥပေဒ တစ္ရပ္ ေရးဆဲြရန္ စီစဥ္ထားၿပီး လႊတ္ ေတာ္သို႔ အျမန္ဆံုးတင္မည္ျဖစ္ ေၾကာင္း စစ္ကုိင္းတိုင္းေဒသႀကီး အစိုးရအဖဲြ႕ ဥပေဒခ်ဳပ္ ဦးခင္ ေမာင္လွက ေျပာၾကားသည္။

ခ်င္းတြင္းျမစ္အတြင္း ဟုမၼ လင္းၿမိဳ႕မွ မံုရြာၿမိဳ႕သို႔ ေမာင္းႏွင္ လာသည့္ ခရီးသည္တင္ အျမန္ေရယာဥ္ နစ္ျမဳပ္မႈျဖစ္စဥ္ႏွင့္စပ္ လ်ဥ္း၍ မံုရြာခ႐ိုင္ အုပ္ခ်ဳပ္ေရးမွဴး ႐ံုး ျမသလႅာခန္းမတြင္ ေအာက္ တိုဘာ ၂၂ ရက္က က်င္းပေသာ ရွင္းလင္းပဲြ အခမ္းအနား၌ တုိင္း ေဒသႀကီးအစိုးရအဖဲြ႕ ဥပေဒခ်ဳပ္ ဦးခင္ေမာင္လွက ယင္းကဲ့သို႔ေျပာၾကားျခင္းျဖစ္သည္။

‘‘စစ္ေဆးၿပီး ျပည့္စံုၿပီဆုိမွ ဂိတ္က ထြက္ဆုိမွ ထြက္ရမယ္။ ေနာက္တစ္ခါ ၾကားထဲမွာ မံုရြာ ကေန ထြက္သြားတယ္။ ကနီကို ေရာက္မယ္။ မံုရြာမွာ လူ ၅၀ တင္ ရမယ္ မွန္တယ္။ လမ္းမွာ လူ ၁၀၀ ေကာက္တင္သြားတဲ့အခါ ကနီမွာ ၁၅၀ ျဖစ္ေနၿပီ။  ကနီမွာ ရွိတဲ့ ရစက အဖဲြ႕ကေသာ္လည္း ေကာင္း၊ တာ၀န္ေပးတဲ့ အဖဲြ႕အ စည္းကေသာ္လည္းေကာင္း စစ္ ေဆးရမယ္။ လက္မွတ္ေတြ၊ လို အပ္တဲ့အေထာက္အထားေတြ၊ ေထာက္ခံခ်က္္ေတြ၊ လက္မွတ္ ေတြပါသလား မပါဘူးလား။ လူ ကေကာ သတ္မွတ္တဲ့အတိုင္း ဟုတ္သလား၊ မဟုတ္ဘူးလား  ျပန္စစ္ရမွာေလ။ စစ္လိုက္လုိ႔ ဒီ ေရယာဥ္က မဟုတ္ေတာ့ဘူးဆုိ ရင္ တည္ဆဲဥပေဒအရ ျပည့္စံု တာေတြလည္းရွိပါတယ္။ မျပည့္ စံုရင္ ဆက္မထြက္ရဘူး။ တား ႏုိင္တဲ့အခြင့္အေရးရွိရမယ္၊ တား ရဲဲ႕သားနဲ႔ ထြက္သြားရင္ သူ႔ကို ဘယ္လိုအေရးယူမယ္။ အေရးယူ တဲ့ေနရာမွာ ေမာင္းတဲ့သူရွိတယ္။ ပိုင္ရွင္ရွိတယ္။ ပိုင္ရွင္က အိမ္မွာ အိပ္ရင္ အိပ္ေနမွာေပါ့။ သူ႔လည္း ပဲ အေရးယူႏိုင္ေအာင္ လုပ္ရမွာ ေပါ့။ အဲဒီလို လုိအပ္တဲ့ ျပည့္စံု ေအာင္ ဥပေဒတစ္ရပ္ေရးဆဲြႏုိင္ဖို႔ ရာ စိတ္လည္း စိတ္ကူးထားတယ္။ လႊတ္ေတာ္ကုိလည္း အျမန္ဆံုး တင္မယ္။ ထိန္းခ်ဳပ္ႏုိင္ေအာင္ လုပ္ေပးမယ္’’ ဟု ဦးခင္ေမာင္လွ က ေျပာၾကားသည္။

ေရယာဥ္နစ္ျမဳပ္မႈ ျဖစ္စဥ္ ႏွင့္ ပတ္သက္၍ ပုဂၢလိက ေရ ယာဥ္မ်ား စနစ္တက် ေျပးဆဲြႏုိင္ ေရးေကာ္မတီမ်ားကုိ အေရးယူမႈ ေဆာင္ရြက္ရန္ ေခတ္ႏွင့္ေလ်ာ္ညီ ေသာ တာ၀န္ခံမႈ၊ အေရးယူမႈမ်ား ေဆာင္ရြက္ႏုိင္ရန္ လိုအပ္သည့္ ဥပေဒကုိ ျပင္ဆင္ရန္ လိုအပ္ ေၾကာင္း  ဦးခင္ေမာင္လွက  ဆုိ သည္။

‘‘ေရယာဥ္နစ္ျမဳပ္တဲ့ျဖစ္စဥ္ နဲ႔ပတ္သက္ၿပီး ဥပေဒျပင္ဆင္သင့္ တာေတြ ျပင္ဆင္ရမယ္။ မၾကာ ခင္ လႊတ္ေတာ္မွာ ဒီကိစၥနဲ႔ပတ္ သက္ၿပီး ေဆြးေႏြးဖို႔ေတာ့ စီစဥ္ ထားတာရွိတယ္’’ ဟု ကနီၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၂) တိုင္းေဒသ ႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းထြန္း၀င္းက ေျပာသည္။

ကနီၿမိဳ႕နယ္ မိေက်ာင္းတြင္း ေက်းရြာအနီး ခ်င္းတြင္းျမစ္ အ တြင္း ေအာက္တိုဘာ ၁၅ ရက္ နံနက္ ၅ နာရီခန္႔တြင္ ေအာင္စိုး မိုးေက်ာ္ေရယာဥ္သည္ ေက်ာက္ ေဆာင္ကိုေရွာင္တိမ္းရာမွ အရွိန္ လြန္၍ တိမ္းေမွာက္ခဲ့သျဖင့္ ခရီး သည္ ၁၅၉ ဦး အသက္ရွင္ကယ္ တင္ႏုိင္ခဲ့ၿပီး ၇၃ ဦးေသဆံုးကာ ခုနစ္ဦး ေပ်ာက္ဆံုးေနေၾကာင္း စစ္ကိုင္းတုိင္းေဒသႀကီး အစိုးရ အဖဲြ႕ လွ်ပ္စစ္၊စက္မႈႏွင့္လမ္းပန္း ဆက္သြယ္ေရး၀န္ႀကီး ဦးသန္းၫြန္႔၀င္းက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

 ရေယာဉ်များနှင့်ပတ်သက် ၍ ပြည့်စုံသော ဥပဒေ တစ်ရပ် ရေးဆွဲရန် စီစဉ်ထားပြီး လွှတ် တော်သို့ အမြန်ဆုံးတင်မည်ဖြစ် ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဥပဒေချုပ် ဦးခင် မောင်လှက ပြောကြားသည်။

ချင်းတွင်းမြစ်အတွင်း ဟုမ္မ လင်းမြို့မှ မုံရွာမြို့သို့ မောင်းနှင် လာသည့် ခရီးသည်တင် အမြန်ရေယာဉ် နစ်မြုပ်မှုဖြစ်စဉ်နှင့်စပ် လျဉ်း၍ မုံရွာခရိုင် အုပ်ချုပ်ရေးမှူး ရုံး မြသလ္လာခန်းမတွင် အောက် တိုဘာ ၂၂ ရက်က ကျင်းပသော ရှင်းလင်းပွဲ အခမ်းအနား၌ တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ် ဦးခင်မောင်လှက ယင်းကဲ့သို့ပြောကြားခြင်းဖြစ်သည်။

‘‘စစ်ဆေးပြီး ပြည့်စုံပြီဆိုမှ ဂိတ်က ထွက်ဆိုမှ ထွက်ရမယ်။ နောက်တစ်ခါ ကြားထဲမှာ မုံရွာ ကနေ ထွက်သွားတယ်။ ကနီကို ရောက်မယ်။ မုံရွာမှာ လူ ၅၀ တင် ရမယ် မှန်တယ်။ လမ်းမှာ လူ ၁၀၀ ကောက်တင်သွားတဲ့အခါ ကနီမှာ ၁၅၀ ဖြစ်နေပြီ။  ကနီမှာ ရှိတဲ့ ရစက အဖွဲ့ကသော်လည်း ကောင်း၊ တာဝန်ပေးတဲ့ အဖွဲ့အ စည်းကသော်လည်းကောင်း စစ် ဆေးရမယ်။ လက်မှတ်တွေ၊ လို အပ်တဲ့အထောက်အထားတွေ၊ ထောက်ခံချက်တွေ၊ လက်မှတ် တွေပါသလား မပါဘူးလား။ လူ ကကော သတ်မှတ်တဲ့အတိုင်း ဟုတ်သလား၊ မဟုတ်ဘူးလား  ပြန်စစ်ရမှာလေ။ စစ်လိုက်လို့ ဒီ ရေယာဉ်က မဟုတ်တော့ဘူးဆို ရင် တည်ဆဲဥပဒေအရ ပြည့်စုံ တာတွေလည်းရှိပါတယ်။ မပြည့် စုံရင် ဆက်မထွက်ရဘူး။ တား နိုင်တဲ့အခွင့်အရေးရှိရမယ်၊ တား ရဲ့သားနဲ့ ထွက်သွားရင် သူ့ကို ဘယ်လိုအရေးယူမယ်။ အရေးယူ တဲ့နေရာမှာ မောင်းတဲ့သူရှိတယ်။ ပိုင်ရှင်ရှိတယ်။ ပိုင်ရှင်က အိမ်မှာ အိပ်ရင် အိပ်နေမှာပေါ့။ သူ့လည်း ပဲ အရေးယူနိုင်အောင် လုပ်ရမှာ ပေါ့။ အဲဒီလို လိုအပ်တဲ့ ပြည့်စုံ အောင် ဥပဒေတစ်ရပ်ရေးဆွဲနိုင်ဖို့ ရာ စိတ်လည်း စိတ်ကူးထားတယ်။ လွှတ်တော်ကိုလည်း အမြန်ဆုံး တင်မယ်။ ထိန်းချုပ်နိုင်အောင် လုပ်ပေးမယ်’’ ဟု ဦးခင်မောင်လှ က ပြောကြားသည်။

ရေယာဉ်နစ်မြုပ်မှု ဖြစ်စဉ် နှင့် ပတ်သက်၍ ပုဂ္ဂလိက ရေ ယာဉ်များ စနစ်တကျ ပြေးဆွဲနိုင် ရေးကော်မတီများကို အရေးယူမှု ဆောင်ရွက်ရန် ခေတ်နှင့်လျော်ညီ သော တာဝန်ခံမှု၊ အရေးယူမှုများ ဆောင်ရွက်နိုင်ရန် လိုအပ်သည့် ဥပဒေကို ပြင်ဆင်ရန် လိုအပ် ကြောင်း  ဦးခင်မောင်လှက  ဆို သည်။

‘‘ရေယာဉ်နစ်မြုပ်တဲ့ဖြစ်စဉ် နဲ့ပတ်သက်ပြီး ဥပဒေပြင်ဆင်သင့် တာတွေ ပြင်ဆင်ရမယ်။ မကြာ ခင် လွှတ်တော်မှာ ဒီကိစ္စနဲ့ပတ် သက်ပြီး ဆွေးနွေးဖို့တော့ စီစဉ် ထားတာရှိတယ်’’ ဟု ကနီမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောသည်။

ကနီမြို့နယ် မိကျောင်းတွင်း ကျေးရွာအနီး ချင်းတွင်းမြစ် အ တွင်း အောက်တိုဘာ ၁၅ ရက် နံနက် ၅ နာရီခန့်တွင် အောင်စိုး မိုးကျော်ရေယာဉ်သည် ကျောက် ဆောင်ကိုရှောင်တိမ်းရာမှ အရှိန် လွန်၍ တိမ်းမှောက်ခဲ့သဖြင့် ခရီး သည် ၁၅၉ ဦး အသက်ရှင်ကယ် တင်နိုင်ခဲ့ပြီး ၇၃ ဦးသေဆုံးကာ ခုနစ်ဦး ပျောက်ဆုံးနေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့ လျှပ်စစ်၊စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top