Kantharyar Centre
×

အိမ္ဆိုတာ လံုၿခံဳမႈ၊ စိတ္အပန္းေျပမႈေတြအေပးႏုိင္ဆံုးေသာ အေကာင္းဆံုးေနရာလို႔ လူတိုင္းခံယူထားတတ္ၾကပါတယ္။ အႏၲရာယ္ကင္းတယ္လို႔ယံုၾကည္ထားတဲ့အိမ္ထဲမွာ လူတိုင္းလိုလုိ သတိမထားမိတဲ့ အႏၲရာယ္ေတြရွိေနတာေၾကာင့္ ေရွာင္ရွားႏုိင္ဖို႔ အတြက္ မွ်ေဝေပးခ်င္ပါတယ္။

မိႈ - ေနေရာင္ျခည္လံုးဝမရတဲ့ စိုထုိင္းထိုင္းေနရာေတြ၊ ေျမေအာက္ခန္းေနရာေတြ၊ မ်က္ႏွာၾကက္၊ ၾကမ္းခင္း၊ ပရိေဘာဂအေဟာင္းေတြရဲ႕ ေျခေထာက္ေတြနဲ႔ ျပတင္းေပါက္၊ တံခါးေပါက္၊ ေရထုတ္ပိုက္၊ေရခ်ဳိးခန္းတို႔မွာ မိႈေတြရွိေနတတ္ပါတယ္။ မိႈေတြအရမ္းမ်ားလာတဲ့ အခါ ေခ်ာင္းဆိုး၊ ႏွာေခ်၊ ယားယံ၊ ေခါင္းကိုက္တာကစလို႔ အသက္႐ွဴလမ္းေၾကာင္းဆိုင္ရာ ေရာဂါေတြျဖစ္တတ္ပါတယ္။

ခဲ - ခဲပါတဲ့အိမ္သုတ္ေဆးသံုးရင္ ေဆးမႈန္၊ ေဆးခဲေတြၾကမ္းေပၚ အဝတ္အစားေတြေပၚ၊ ကေလးကစားစရာေတြေပၚ က်ကုန္ရင္ လက္ကေနတစ္ဆင့္ ခဲမႈန္ေတြ ပါးစပ္ထဲဝင္ႏိုင္ပါတယ္။ ခဲဆိပ္ သင့္ရင္ စိတ္ကစဥ့္ကလ်ားျဖစ္ျခင္း၊ ေသြးတုိးျခင္း၊ မ်ဳိးပြားမႈအ တြက္ အခက္အခဲျဖစ္ေစျခင္း၊ ကေလးမ်ားႀကီးထြားမႈေႏွးေကြးၿပီး ဦးေႏွာက္ဖြံ႕ၿဖိဳးမႈထိခိုက္တာေတြျဖစ္ႏိုင္ပါတယ္။

သန္႔ရွင္းေရးပစၥည္းမ်ား - ဆပ္ျပာမႈန္႔၊ ဆပ္ျပာခဲ၊ အစြန္းခြၽတ္ေဆး၊ ေႂကြေၾကးခြၽတ္ေဆးစတဲ့ သန္႔ရွင္းေရးပစၥည္းေတြမွာ အဆိပ္အေတာက္ေတြပါၿပီး အဲဒါေတြကို ကိုင္တြယ္ၿပီးရင္ ေသခ်ာစြာေဆး ေၾကာသန္႔စင္ဖို႔လိုအပ္ပါတယ္။ အ့ဲဒီအဆိပ္အေတာက္ေတြေၾကာင့္ အသက္႐ွဴခက္ခဲျခင္း၊ နာတာရွည္ေခါင္းကိုက္ျခင္း၊ ဦးေႏွာက္၊ အသည္းနဲ႔ေက်ာက္ကပ္ကိုပ်က္စီးေစျခင္း၊ ေလသင္တုန္းျဖတ္ျခင္း စတာေတြျဖစ္ႏိုင္လို႔ပါ။

ေကာ္ေဇာ - ေကာ္ေဇာအၾကာႀကီး ခင္းထားၿပီး သန္႔ရွင္းေရးမလုပ္ ဘူးဆိုရင္ အမႈန္အမႊားနဲ႔ ပိုးေပါင္းစံုကပ္ၿငိေနတာေၾကာင့္ အေရ ျပားေရာဂါ၊ အသက္႐ွဴလမ္းေၾကာင္းေရာဂါနဲ႔ အသည္း၊ သိုင္းရြိဳက္ ဂလင္းေတြကို ဆိုးက်ဳိးေပးႏိုင္ပါတယ္။

ေလသန္႔ျဖန္းေဆး - အဆိပ္အေတာက္ျဖစ္ေစတဲ့ပါဝင္ပစၥည္း အခ်ဳိ႕ေၾကာင့္ ပါးစပ္၊ အစာႁပြန္၊ အစာအိမ္တြင္အနာျဖစ္ျခင္း၊ေခ်ာင္းဆိုးရင္က်ပ္ျဖစ္ျခင္းတို႔အျပင္ ကင္ဆာအထိပါျဖစ္ႏိုင္တာ ေၾကာင့္ စနစ္တက်သံုးစြဲဖို႔လိုအပ္ပါတယ္။

ကေလးႏို႔ဘူး - ေရာဂါပိုးအမ်ားဆံုးကပ္ၿငိႏိုင္တာက ကေလးႏို႔ ဘူးေတြျဖစ္ၿပီး ႏို႔ဘူးေတြေဆးေၾကာတဲ့အခါ အရမ္းအပူေပးၿပီး ခဏခဏ ေဆးတဲ့အခါမ်ဳိးမွာ ပလတ္စတစ္က ဓာတ္ေျပာင္းၿပီး ႏို႔ထဲကိုေရာသြားတတ္တာေၾကာင့္ သတိခ်ပ္သင့္ပါတယ္။

ပ႐ုတ္လံုး - အဝတ္ေတြ၊ စာအုပ္ေတြ ပိုးမကုိက္ေအာင္ဆိုၿပီး ပ႐ုတ္လံုးသံုးၾကသလို တခ်ဳိ႕ကလည္း ပန္းၿခံထဲ၊ အိမ္ၾကမ္းခင္းေတြမွာ အင္းဆက္ေတြမလာေအာင္ထားတတ္ၾကပါတယ္။ ပ႐ုတ္လံုးကို ခဏခဏ လက္နဲ႔ကိုင္တာမ်ားရင္ ပ႐ုတ္လုံးထဲက အဆိပ္အ ေတာက္ေတြ အေရျပားတို႔၊ မ်က္လံုးထဲတို႔ဝင္တဲ့အခါ ေအာ့အန္ျခင္း၊ မ်က္စိအတြင္းတိမ္ျဖစ္ျခင္းမွ ကင္ဆာအထိပါျဖစ္ႏိုင္ပါတယ္။

အလွကုန္မ်ား - ေစ်းႀကီးေပးဝယ္ထားရတယ္ဆိုၿပီး သက္တမ္းကုန္၊အလွကုန္ေတြကို ဆက္မသံုးသင့္ပါဘူး။ ယားယံတာ၊ ဓာတ္မတည့္ တာကစလို႔ ကင္ဆာေရာဂါအထိ ျဖစ္ႏိုင္လို႔ပါ။

အပူခံမကပ္ဒယ္အုိး - အပူခံၿပီး မကပ္တဲ့ ပလတ္စတစ္ တစ္မ်ဳိးကို ဒယ္အိုးအတြင္းပိုင္းမွာ ကပ္ထားတဲ့လူသံုးမ်ားမီးဖုိေခ်ာင္သံုး ပစၥည္းေတြကို ထာဝရမသံုးစြဲသင့္ဘူးလို႔ ေဆးပညာရွင္ေတြက အႀကံျပဳထားပါတယ္။ ဒီလို အုိးခြက္ေတြနဲ႔ပဲ အၿမဲလိုလိုခ်က္ျပဳတ္မယ္ဆိုရင္ အုိးတြင္းကပ္ထားတဲ့ ပလတ္စတစ္က ဓာတ္ေျပာင္းၿပီး ဆိုးက်ဳိးေတြေပး ႏိုင္လို႔ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
အိမ်ဆိုတာ လုံခြုံမှု၊ စိတ်အပန်းပြေမှုတွေအပေးနိုင်ဆုံးသော အကောင်းဆုံးနေရာလို့ လူတိုင်းခံယူထားတတ်ကြပါတယ်။ အန္တရာယ်ကင်းတယ်လို့ယုံကြည်ထားတဲ့အိမ်ထဲမှာ လူတိုင်းလိုလို သတိမထားမိတဲ့ အန္တရာယ်တွေရှိနေတာကြောင့် ရှောင်ရှားနိုင်ဖို့ အတွက် မျှဝေပေးချင်ပါတယ်။

မှို - နေရောင်ခြည်လုံးဝမရတဲ့ စိုထိုင်းထိုင်းနေရာတွေ၊ မြေအောက်ခန်းနေရာတွေ၊ မျက်နှာကြက်၊ ကြမ်းခင်း၊ ပရိဘောဂအဟောင်းတွေရဲ့ ခြေထောက်တွေနဲ့ ပြတင်းပေါက်၊ တံခါးပေါက်၊ ရေထုတ်ပိုက်၊ရေချိုးခန်းတို့မှာ မှိုတွေရှိနေတတ်ပါတယ်။ မှိုတွေအရမ်းများလာတဲ့ အခါ ချောင်းဆိုး၊ နှာချေ၊ ယားယံ၊ ခေါင်းကိုက်တာကစလို့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်တတ်ပါတယ်။

ခဲ - ခဲပါတဲ့အိမ်သုတ်ဆေးသုံးရင် ဆေးမှုန်၊ ဆေးခဲတွေကြမ်းပေါ် အဝတ်အစားတွေပေါ်၊ ကလေးကစားစရာတွေပေါ် ကျကုန်ရင် လက်ကနေတစ်ဆင့် ခဲမှုန်တွေ ပါးစပ်ထဲဝင်နိုင်ပါတယ်။ ခဲဆိပ် သင့်ရင် စိတ်ကစဥ့်ကလျားဖြစ်ခြင်း၊ သွေးတိုးခြင်း၊ မျိုးပွားမှုအ တွက် အခက်အခဲဖြစ်စေခြင်း၊ ကလေးများကြီးထွားမှုနှေးကွေးပြီး ဦးနှောက်ဖွံ့ဖြိုးမှုထိခိုက်တာတွေဖြစ်နိုင်ပါတယ်။

သန့်ရှင်းရေးပစ္စည်းများ - ဆပ်ပြာမှုန့်၊ ဆပ်ပြာခဲ၊ အစွန်းချွတ်ဆေး၊ ကြွေကြေးချွတ်ဆေးစတဲ့ သန့်ရှင်းရေးပစ္စည်းတွေမှာ အဆိပ်အတောက်တွေပါပြီး အဲဒါတွေကို ကိုင်တွယ်ပြီးရင် သေချာစွာဆေး ကြောသန့်စင်ဖို့လိုအပ်ပါတယ်။ အဲ့ဒီအဆိပ်အတောက်တွေကြောင့် အသက်ရှူခက်ခဲခြင်း၊ နာတာရှည်ခေါင်းကိုက်ခြင်း၊ ဦးနှောက်၊ အသည်းနဲ့ကျောက်ကပ်ကိုပျက်စီးစေခြင်း၊ လေသင်တုန်းဖြတ်ခြင်း စတာတွေဖြစ်နိုင်လို့ပါ။

ကော်ဇော - ကော်ဇောအကြာကြီး ခင်းထားပြီး သန့်ရှင်းရေးမလုပ် ဘူးဆိုရင် အမှုန်အမွှားနဲ့ ပိုးပေါင်းစုံကပ်ငြိနေတာကြောင့် အရေ ပြားရောဂါ၊ အသက်ရှူလမ်းကြောင်းရောဂါနဲ့ အသည်း၊ သိုင်းရွိုက် ဂလင်းတွေကို ဆိုးကျိုးပေးနိုင်ပါတယ်။

လေသန့်ဖြန်းဆေး - အဆိပ်အတောက်ဖြစ်စေတဲ့ပါဝင်ပစ္စည်း အချို့ကြောင့် ပါးစပ်၊ အစာပြွန်၊ အစာအိမ်တွင်အနာဖြစ်ခြင်း၊ချောင်းဆိုးရင်ကျပ်ဖြစ်ခြင်းတို့အပြင် ကင်ဆာအထိပါဖြစ်နိုင်တာ ကြောင့် စနစ်တကျသုံးစွဲဖို့လိုအပ်ပါတယ်။

ကလေးနို့ဘူး - ရောဂါပိုးအများဆုံးကပ်ငြိနိုင်တာက ကလေးနို့ ဘူးတွေဖြစ်ပြီး နို့ဘူးတွေဆေးကြောတဲ့အခါ အရမ်းအပူပေးပြီး ခဏခဏ ဆေးတဲ့အခါမျိုးမှာ ပလတ်စတစ်က ဓာတ်ပြောင်းပြီး နို့ထဲကိုရောသွားတတ်တာကြောင့် သတိချပ်သင့်ပါတယ်။

ပရုတ်လုံး - အဝတ်တွေ၊ စာအုပ်တွေ ပိုးမကိုက်အောင်ဆိုပြီး ပရုတ်လုံးသုံးကြသလို တချို့ကလည်း ပန်းခြံထဲ၊ အိမ်ကြမ်းခင်းတွေမှာ အင်းဆက်တွေမလာအောင်ထားတတ်ကြပါတယ်။ ပရုတ်လုံးကို ခဏခဏ လက်နဲ့ကိုင်တာများရင် ပရုတ်လုံးထဲက အဆိပ်အ တောက်တွေ အရေပြားတို့၊ မျက်လုံးထဲတို့ဝင်တဲ့အခါ အော့အန်ခြင်း၊ မျက်စိအတွင်းတိမ်ဖြစ်ခြင်းမှ ကင်ဆာအထိပါဖြစ်နိုင်ပါတယ်။

အလှကုန်များ - ဈေးကြီးပေးဝယ်ထားရတယ်ဆိုပြီး သက်တမ်းကုန်၊အလှကုန်တွေကို ဆက်မသုံးသင့်ပါဘူး။ ယားယံတာ၊ ဓာတ်မတည့် တာကစလို့ ကင်ဆာရောဂါအထိ ဖြစ်နိုင်လို့ပါ။

အပူခံမကပ်ဒယ်အိုး - အပူခံပြီး မကပ်တဲ့ ပလတ်စတစ် တစ်မျိုးကို ဒယ်အိုးအတွင်းပိုင်းမှာ ကပ်ထားတဲ့လူသုံးများမီးဖိုချောင်သုံး ပစ္စည်းတွေကို ထာဝရမသုံးစွဲသင့်ဘူးလို့ ဆေးပညာရှင်တွေက အကြံပြုထားပါတယ်။ ဒီလို အိုးခွက်တွေနဲ့ပဲ အမြဲလိုလိုချက်ပြုတ်မယ်ဆိုရင် အိုးတွင်းကပ်ထားတဲ့ ပလတ်စတစ်က ဓာတ်ပြောင်းပြီး ဆိုးကျိုးတွေပေး နိုင်လို့ပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top