Property Expo
×

ဘာစီလိုနာအသင္းႏွင့္ ၂၀၁၉ ခုႏွစ္အထိရွိေစမည့္ သံုးႏွစ္စာခ်ဳပ္သစ္ကိုလက္မွတ္ထိုးၿပီးေနာက္ ဘာစီလိုနာႏွင့္ေနာက္ဆံုး စာခ်ဳပ္ျခင္းဟု မာေရွယာႏိုက ေျပာသည္။

အာဂ်င္တီးနားလက္ေရြးစင္မာေရွယာႏိုက “ဒါက ကၽြန္ေတာ္ေနာက္ဆံုးစာခ်ဳပ္တာလို႔ ေျပာႏိုင္ပါတယ္။ ကၽြန္ေတာ့္ကို ကစား သမားေကာင္းတစ္ေယာက္အျဖစ္ အမွတ္ရေနၾကဖို႔ ေမွ်ာ္လင့္ပါတယ္။

ၿပီးေတာ့အခ်ိန္ေတြကိုေနာက္ျပန္သြားလို႔ရရင္ လြန္ခဲ့တဲ့ ၁၅ ႏွစ္ေလာက္ကတည္းက ဘာစီလိုနာမွာပဲ ကစားခ်င္ပါတယ္”ဟု ေျပာသည္။

အသက္ ၃၂ ႏွစ္ရွိၿပီျဖစ္ၿပီး ဘာစီလိုနာအသင္းအတြက္ ပြဲေပါင္း ၂၉၀ ကစားထားေသာ ေနာက္ခံလူသည္ တနလၤာေန႔က အသင္းႏွင့္ စာခ်ဳပ္သစ္လက္မွတ္ထိုးခဲ့ျခင္းျဖစ္သည္။

လြန္ခဲ့သည့္ေျခာက္ႏွစ္က လီဗာပူးလ္မွေျပာင္းလာၿပီးေနာက္ ဘာစီလိုနာအသင္းႏွင့္အတူ ဆုဖလား ၁၇ လံုးရရွိထားသည္။ ယင္းဆုဖလားမ်ားထဲတြင္ လာလီဂါဖလားေလးလံုး၊ စပိန္ဖလားသံုးလံုး၊ ခ်န္ပီယံလိဂ္ဖလားႏွစ္လံုး၊ ဥေရာပစူပါဖလားႏွစ္လံုးႏွင့္ ကလပ္ကမာၻ႔ဖလားႏွစ္လံုးတို႔ပါဝင္သည္။

မာေရွယာႏိုသည္ ေႏြရာသီအေျပာင္းအေရႊ႕ကာလအတြင္းက ဂ်ဴဗင္တပ္အသင္းႏွင့္သတင္းထြက္ခဲ့ေသးေသာ္လည္း ယခုအခါ ဘာစီလိုနာအသင္းႏွင့္သာ စာခ်ဳပ္သစ္ခ်ဳပ္လိုက္ျခင္းျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mizzima

#Unicode Version

ဘာစီလိုနာအသင်းနှင့် ၂၀၁၉ ခုနှစ်အထိရှိစေမည့် သုံးနှစ်စာချုပ်သစ်ကိုလက်မှတ်ထိုးပြီးနောက် ဘာစီလိုနာနှင့်နောက်ဆုံး စာချုပ်ခြင်းဟု မာရှေယာနိုက ပြောသည်။

အာဂျင်တီးနားလက်ရွေးစင်မာရှေယာနိုက “ဒါက ကျွန်တော်နောက်ဆုံးစာချုပ်တာလို့ ပြောနိုင်ပါတယ်။ ကျွန်တော့်ကို ကစား သမားကောင်းတစ်ယောက်အဖြစ် အမှတ်ရနေကြဖို့ မျှော်လင့်ပါတယ်။

ပြီးတော့အချိန်တွေကိုနောက်ပြန်သွားလို့ရရင် လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက ဘာစီလိုနာမှာပဲ ကစားချင်ပါတယ်”ဟု ပြောသည်။

အသက် ၃၂ နှစ်ရှိပြီဖြစ်ပြီး ဘာစီလိုနာအသင်းအတွက် ပွဲပေါင်း ၂၉၀ ကစားထားသော နောက်ခံလူသည် တနင်္လာနေ့က အသင်းနှင့် စာချုပ်သစ်လက်မှတ်ထိုးခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သည့်ခြောက်နှစ်က လီဗာပူးလ်မှပြောင်းလာပြီးနောက် ဘာစီလိုနာအသင်းနှင့်အတူ ဆုဖလား ၁၇ လုံးရရှိထားသည်။ ယင်းဆုဖလားများထဲတွင် လာလီဂါဖလားလေးလုံး၊ စပိန်ဖလားသုံးလုံး၊ ချန်ပီယံလိဂ်ဖလားနှစ်လုံး၊ ဥရောပစူပါဖလားနှစ်လုံးနှင့် ကလပ်ကမ္ဘာ့ဖလားနှစ်လုံးတို့ပါဝင်သည်။

မာရှေယာနိုသည် နွေရာသီအပြောင်းအရွှေ့ကာလအတွင်းက ဂျူဗင်တပ်အသင်းနှင့်သတင်းထွက်ခဲ့သေးသော်လည်း ယခုအခါ ဘာစီလိုနာအသင်းနှင့်သာ စာချုပ်သစ်ချုပ်လိုက်ခြင်းဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Mizzima
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top