Kantharyar Centre
×

ျမစ္ေခ်ာင္းေတြထဲမွာ နစ္ေသတဲ့လူအေရအတြက္ထက္ အရက္ခြက္ထဲမွာနစ္ၿပီးေသတဲ့သူေတြက ပိုမ်ားေနတယ္လုိ႔ မေကြးတိုင္း၊ ပြင့္ျဖဴၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းထြန္းက ေအာက္တိုဘာလ ၆ ရက္ေန႔မွာ ျပဳလုပ္ခဲ့တဲ့ ျပည္သူလႊတ္ေတာ္ အစည္းအေ၀းပြဲမွာ ေျပာလုိက္ပါတယ္။

ျပည္တြင္းမွာ အရက္ထုတ္လုပ္ေရာင္းခ်ေနတာေတြနဲ႔ တရားမဝင္ အရက္ဆိုင္၊ ထန္းရည္ဆိုင္ေတြကို စနစ္တက် ဥပေဒနဲ႔အညီ အေရးယူေဆာင္ရြက္ဖုိ႔ အစီအစဥ္ရွိ/မရွိ ေမးခြန္းေမးျမန္းတဲ့အခ်ိန္မွာထည့္သြင္း ေျပာဆုိခဲ့တာပါ။

“ဘီအီးလို အရက္ဆီမ်ိဳးကို ေစ်းႏႈန္းခ်ိဳသာစြာ အလြယ္တကူ၀ယ္ယူရရွိၿပီး မိမိအိမ္မွာ ျဖစ္သလို ေရနဲ႔ ခ်က္ျခင္းစပ္ ခ်က္ျခင္း ေသာက္သျဖင့္ သက္တမ္းေစ့ မေနရေတာ့ပါ။ အမွန္က ေရက်က္ေအးနဲ႔ စပ္ၿပီး ၇၂ နာရီၾကာထားၿပီးမွ ေသာက္ရမယ့္အစား ခ်က္ျခင္းေသာက္သျဖင့္ ဘီအီး ေသာက္သံုးသူအမ်ားစု ေသဆံုးေနရျခင္း ျဖစ္ပါတယ္။ ေသာက္သံုးသူအမ်ားစုဟာ ဆင္းရဲသား အမ်ားစု ျဖစ္ပါတယ္"လုိ႔ ဦးထြန္းထြန္းက ေျပာပါတယ္။

ဒီျပႆနာေတြရဲ႕အဓိကျပႆနာကပညာဗဟုသုတနည္းပါးျခင္း၊စီးပြားေရးအဆင္မေျပတာေတြအျပင္ အလြယ္တကူရရွိၿပီးေစ်းႏႈန္းခ်ိဳသာတဲ့ အရက္ေတြကို ခ်ဥ္ခ်ဥ္တူးတူး မူးၿပီးေရာ ေသာက္သံုးေနၾကတယ္လုိ႔လည္း ေျပာခဲ့ပါေသးတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun


#Unicode Version

မြစ်ချောင်းတွေထဲမှာ နစ်သေတဲ့လူအရေအတွက်ထက် အရက်ခွက်ထဲမှာနစ်ပြီးသေတဲ့သူတွေက ပိုများနေတယ်လို့ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းက အောက်တိုဘာလ ၆ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ပြည်သူလွှတ်တော် အစည်းအဝေးပွဲမှာ ပြောလိုက်ပါတယ်။

ပြည်တွင်းမှာ အရက်ထုတ်လုပ်ရောင်းချနေတာတွေနဲ့ တရားမဝင် အရက်ဆိုင်၊ ထန်းရည်ဆိုင်တွေကို စနစ်တကျ ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ဖို့ အစီအစဉ်ရှိ/မရှိ မေးခွန်းမေးမြန်းတဲ့အချိန်မှာထည့်သွင်း ပြောဆိုခဲ့တာပါ။

“ဘီအီးလို အရက်ဆီမျိုးကို ဈေးနှုန်းချိုသာစွာ အလွယ်တကူဝယ်ယူရရှိပြီး မိမိအိမ်မှာ ဖြစ်သလို ရေနဲ့ ချက်ခြင်းစပ် ချက်ခြင်း သောက်သဖြင့် သက်တမ်းစေ့ မနေရတော့ပါ။ အမှန်က ရေကျက်အေးနဲ့ စပ်ပြီး ၇၂ နာရီကြာထားပြီးမှ သောက်ရမယ့်အစား ချက်ခြင်းသောက်သဖြင့် ဘီအီး သောက်သုံးသူအများစု သေဆုံးနေရခြင်း ဖြစ်ပါတယ်။ သောက်သုံးသူအများစုဟာ ဆင်းရဲသား အများစု ဖြစ်ပါတယ်"လို့ ဦးထွန်းထွန်းက ပြောပါတယ်။

ဒီပြဿနာတွေရဲ့အဓိကပြဿနာကပညာဗဟုသုတနည်းပါးခြင်း၊စီးပွားရေးအဆင်မပြေတာတွေအပြင် အလွယ်တကူရရှိပြီးဈေးနှုန်းချိုသာတဲ့ အရက်တွေကို ချဉ်ချဉ်တူးတူး မူးပြီးရော သောက်သုံးနေကြတယ်လို့လည်း ပြောခဲ့ပါသေးတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top