Royal Maung Bamar Residence
×

ေအာက္တုိဘာ ၂၅ ရက္တြင္ ႏိုင္ငံျခားေငြလဲႏႈန္း စံခ်ိန္တင္ေစ်းအျဖစ္ တစ္ေဒၚလာ က်ပ္ ၁၃၀၀ နီးပါးသို႔ ေရာက္ရွိခဲ့ၿပီး ျပည္တြင္းေရႊေစ်းႏႈန္း က်ပ္ ၈၇၇၀၀၀ ေက်ာ္အထိ ေရာက္ရွိလာေၾကာင္း ေစ်းကြက္ အတြင္း ႏုိင္ငံျခားေငြေၾကးႏွင့္ ေရႊေရာင္း၀ယ္သူမ်ားထံမွ သိရသည္။

ေအာက္တုိဘာ ၂၀ ရက္ႏွင့္ ေအာက္တုိဘာ ၂၄ ရက္တြင္ ျဖစ္ေပၚခဲ့ေသာ တစ္ေဒၚလာ က်ပ္ ၁၂၉၀ စံခ်ိန္ကုိ ေအာက္တုိဘာ ၂၅ ရက္တြင္ ေက်ာ္လြန္ခဲ့ျခင္းျဖစ္သည္။ ေအာက္တုိဘာ ၂၄ ရက္တြင္ ၁၂၈၅ က်ပ္ျဖင့္ ေစ်းဖြင့္ၿပီး မြန္းလဲြပုိင္းတြင္ က်ပ္ ၁၂၉၀ အထိ ျမင့္တက္ခဲ့ေသာ ႏုိင္ငံျခားေငြလဲႏႈန္းသည္ ေအာက္တုိဘာ ၂၅ ရက္တြင္ က်ပ္ ၁၂၉၀ ျဖင့္ပင္ ေစ်းဖြင့္ခဲ့ၿပီး မြန္းလြဲပုိင္းတြင္ ၁၂၉၅ က်ပ္အထိ ဆက္လက္ျမင့္တက္ခဲ့ ကာ ညေနပုိင္းတြင္ ၁၂၉၃ က်ပ္အထိ ျပန္လည္က်ဆင္းခဲ့သည္။ ျပင္ပေငြလဲႏႈန္းျမင့္ တက္မႈေၾကာင့္ ပုိ႔ကုန္ရေငြ (earning) ေဒၚလာေစ်းႏႈန္းမ်ားလည္း ျမင့္တက္ခဲ့ၿပီး ေအာက္တုိဘာ ၂၄ ရက္က ပုိ႔ကုန္ရေငြ တစ္ေဒၚလာလွ်င္ ၁၃၀၂ က်ပ္ခန္႔အထိ ေရာက္ရွိခဲ့ၿပီး ေအာက္တုိဘာ ၂၅ ရက္တြင္ ၁၃၀၅-၁၃၀၆ က်ပ္ႏႈန္းအထိ ျဖစ္ေပၚခဲ့သည္။

တစ္ပတ္အတြင္း ရက္အလုိက္အျမင့္ ဆံုးေစ်းႏႈန္းျဖစ္ေပၚခဲ့ေသာ ႏုိင္ငံျခားေငြလဲႏႈန္းမ်ားမွာ ေအာက္တုိဘာ ၁၉ ရက္တြင္ ၁၂၈၇ က်ပ္၊ ေအာက္တုိဘာ ၂၀ ရက္တြင္ က်ပ္ ၁၂၉၀ ၊ ေအာက္တုိဘာ ၂၁ ရက္တြင္ ၁၂၈၉ က်ပ္၊ ေအာက္တုိဘာ ၂၂ ရက္တြင္ ၁၂၈၈ က်ပ္၊ ေအာက္တုိဘာ ၂၃ ရက္တြင္ ၁၂၈၆ က်ပ္၊ ေအာက္တုိဘာ ၂၄ ရက္တြင္ က်ပ္ ၁၂၉၀၊ ေအာက္တုိဘာ ၂၅ ရက္တြင္ျဖစ္ေပၚေသာ အနိမ့္ဆံုးေစ်းႏႈန္းမွာ က်ပ္ ၁၂၉၀ ျဖစ္ၿပီး အ ျမင့္ဆံုးႏႈန္းမွာ ၁၂၉၅ က်ပ္ျဖစ္ရာ ႏွစ္ရက္အတြင္း ကုိးက်ပ္ ထပ္မံျမင့္တက္ခဲ့ျခင္းျဖစ္သည္။

ျပင္ပေငြလဲႏႈန္း ျမင့္တက္ေနျခင္းေၾကာင့္ ျမန္မာႏုိင္ငံေတာ္ ဗဟုိဘဏ္ ၎၏ ရည္ညႊန္း ႏုိင္ငံျခားေငြလဲႏႈန္းကုိ ေအာက္တုိဘာ ၂၅ ရက္ တြင္ က်ပ္ ၁၂၈၀ အျဖစ္ သတ္မွတ္ခဲ့သည္။ ဗဟုိဘဏ္က ရည္ညႊန္းႏုိင္ငံျခား ေငြလဲႏႈန္းကုိ ေအာက္တုိဘာ ၁၇ ႏွင့္ ၁၈ ရက္တြင္ ၁၂၅၉ က်ပ္၊ ေအာက္တုိဘာ ၁၉ ရက္တြင္ က်ပ္ ၁၂၇၀၊ ေအာက္တုိဘာ ၂၀ ရက္တြင္ ၁၂၇၂ က်ပ္၊ ေအာက္တုိဘာ ၂၁ ရက္ႏွင့္ ေအာက္တုိဘာ ၂၄ ရက္တြင္ ၁၂၇၅ က်ပ္၊ ေအာက္တုိဘာ ၂၅ ရက္တြင္ က်ပ္ ၁၂၈၀ အျဖစ္ သတ္မွတ္ ထားေၾကာင္း သိရသည္။

ေအာက္တုိဘာ ၂၅ ရက္တြင္ ကမၻာ့ေရႊေစ်းႏႈန္း တစ္ေအာင္စ ၁၂၆၇ ေဒၚလာ၀န္းက်င္တြင္ ရွိေနၿပီး ယခင္ရက္မ်ားႏွင့္ ႏႈိင္းယွဥ္ ပါက သိသိသာသာ ျမင့္တက္မႈ မရွိေသာ္လည္း ႏုိင္ငံျခားေငြလဲႏႈန္း ဆက္လက္ ျမင့္တက္ေနျခင္းေၾကာင့္ ျပည္တြင္းေရႊေစ်းႏႈန္း က်ပ္ ၈၇၇၀၀၀ ေက်ာ္အထိ ေရာက္ရွိလာသည္။ ေအာက္တုိဘာ ၂၄ ရက္က က်ပ္ ၈၆၆၉၀၀ ျဖင့္ ေစ်းဖြင့္ခဲ့ၿပီး မြန္းလဲြပုိင္းတြင္ က်ပ္ ၈၇၃၀၀၀ ေက်ာ္အထိ ျမင့္တက္ခဲ့ေသာ ေရႊေစ်းႏႈန္းသည္ ေအာက္တုိဘာ ၂၅ ရက္တြင္ က်ပ္ ၈၇၇၅၀၀ ျဖင့္ ေစ်းဖြင့္ခဲ့ၿပီး မြန္းလဲြပုိင္းတြင္ က်ပ္ ၈၇၆၉၀၀ အထိ ျပန္လည္ က်ဆင္းခဲ့ေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Eleven News

#Unicode Version
အောက်တိုဘာ ၂၅ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း စံချိန်တင်ဈေးအဖြစ် တစ်ဒေါ်လာ ကျပ် ၁၃၀၀ နီးပါးသို့ ရောက်ရှိခဲ့ပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၈၇၇၀၀၀ ကျော်အထိ ရောက်ရှိလာကြောင်း ဈေးကွက် အတွင်း နိုင်ငံခြားငွေကြေးနှင့် ရွှေရောင်းဝယ်သူများထံမှ သိရသည်။

အောက်တိုဘာ ၂၀ ရက်နှင့် အောက်တိုဘာ ၂၄ ရက်တွင် ဖြစ်ပေါ်ခဲ့သော တစ်ဒေါ်လာ ကျပ် ၁၂၉၀ စံချိန်ကို အောက်တိုဘာ ၂၅ ရက်တွင် ကျော်လွန်ခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာ ၂၄ ရက်တွင် ၁၂၈၅ ကျပ်ဖြင့် ဈေးဖွင့်ပြီး မွန်းလွဲပိုင်းတွင် ကျပ် ၁၂၉၀ အထိ မြင့်တက်ခဲ့သော နိုင်ငံခြားငွေလဲနှုန်းသည် အောက်တိုဘာ ၂၅ ရက်တွင် ကျပ် ၁၂၉၀ ဖြင့်ပင် ဈေးဖွင့်ခဲ့ပြီး မွန်းလွဲပိုင်းတွင် ၁၂၉၅ ကျပ်အထိ ဆက်လက်မြင့်တက်ခဲ့ ကာ ညနေပိုင်းတွင် ၁၂၉၃ ကျပ်အထိ ပြန်လည်ကျဆင်းခဲ့သည်။ ပြင်ပငွေလဲနှုန်းမြင့် တက်မှုကြောင့် ပို့ကုန်ရငွေ (earning) ဒေါ်လာဈေးနှုန်းများလည်း မြင့်တက်ခဲ့ပြီး အောက်တိုဘာ ၂၄ ရက်က ပို့ကုန်ရငွေ တစ်ဒေါ်လာလျှင် ၁၃၀၂ ကျပ်ခန့်အထိ ရောက်ရှိခဲ့ပြီး အောက်တိုဘာ ၂၅ ရက်တွင် ၁၃၀၅-၁၃၀၆ ကျပ်နှုန်းအထိ ဖြစ်ပေါ်ခဲ့သည်။

တစ်ပတ်အတွင်း ရက်အလိုက်အမြင့် ဆုံးဈေးနှုန်းဖြစ်ပေါ်ခဲ့သော နိုင်ငံခြားငွေလဲနှုန်းများမှာ အောက်တိုဘာ ၁၉ ရက်တွင် ၁၂၈၇ ကျပ်၊ အောက်တိုဘာ ၂၀ ရက်တွင် ကျပ် ၁၂၉၀ ၊ အောက်တိုဘာ ၂၁ ရက်တွင် ၁၂၈၉ ကျပ်၊ အောက်တိုဘာ ၂၂ ရက်တွင် ၁၂၈၈ ကျပ်၊ အောက်တိုဘာ ၂၃ ရက်တွင် ၁၂၈၆ ကျပ်၊ အောက်တိုဘာ ၂၄ ရက်တွင် ကျပ် ၁၂၉၀၊ အောက်တိုဘာ ၂၅ ရက်တွင်ဖြစ်ပေါ်သော အနိမ့်ဆုံးဈေးနှုန်းမှာ ကျပ် ၁၂၉၀ ဖြစ်ပြီး အ မြင့်ဆုံးနှုန်းမှာ ၁၂၉၅ ကျပ်ဖြစ်ရာ နှစ်ရက်အတွင်း ကိုးကျပ် ထပ်မံမြင့်တက်ခဲ့ခြင်းဖြစ်သည်။

ပြင်ပငွေလဲနှုန်း မြင့်တက်နေခြင်းကြောင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ၎င်း၏ ရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်းကို အောက်တိုဘာ ၂၅ ရက် တွင် ကျပ် ၁၂၈၀ အဖြစ် သတ်မှတ်ခဲ့သည်။ ဗဟိုဘဏ်က ရည်ညွှန်းနိုင်ငံခြား ငွေလဲနှုန်းကို အောက်တိုဘာ ၁၇ နှင့် ၁၈ ရက်တွင် ၁၂၅၉ ကျပ်၊ အောက်တိုဘာ ၁၉ ရက်တွင် ကျပ် ၁၂၇၀၊ အောက်တိုဘာ ၂၀ ရက်တွင် ၁၂၇၂ ကျပ်၊ အောက်တိုဘာ ၂၁ ရက်နှင့် အောက်တိုဘာ ၂၄ ရက်တွင် ၁၂၇၅ ကျပ်၊ အောက်တိုဘာ ၂၅ ရက်တွင် ကျပ် ၁၂၈၀ အဖြစ် သတ်မှတ် ထားကြောင်း သိရသည်။

အောက်တိုဘာ ၂၅ ရက်တွင် ကမ္ဘာ့ရွှေဈေးနှုန်း တစ်အောင်စ ၁၂၆၇ ဒေါ်လာဝန်းကျင်တွင် ရှိနေပြီး ယခင်ရက်များနှင့် နှိုင်းယှဉ် ပါက သိသိသာသာ မြင့်တက်မှု မရှိသော်လည်း နိုင်ငံခြားငွေလဲနှုန်း ဆက်လက် မြင့်တက်နေခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၈၇၇၀၀၀ ကျော်အထိ ရောက်ရှိလာသည်။ အောက်တိုဘာ ၂၄ ရက်က ကျပ် ၈၆၆၉၀၀ ဖြင့် ဈေးဖွင့်ခဲ့ပြီး မွန်းလွဲပိုင်းတွင် ကျပ် ၈၇၃၀၀၀ ကျော်အထိ မြင့်တက်ခဲ့သော ရွှေဈေးနှုန်းသည် အောက်တိုဘာ ၂၅ ရက်တွင် ကျပ် ၈၇၇၅၀၀ ဖြင့် ဈေးဖွင့်ခဲ့ပြီး မွန်းလွဲပိုင်းတွင် ကျပ် ၈၇၆၉၀၀ အထိ ပြန်လည် ကျဆင်းခဲ့ကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Eleven News
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top