Property Expo
×

ျပည္တြင္းမွာ ထုတ္လုပ္ေရာင္းခ်ေနတဲ့ ေသာက္ေရသန္႔ေတြထဲက အရည္အေသြးနိမ့္ ေသာက္ေရသန္႔ေတြကုိ ေဈးကြက္ထဲကေန ရွာေဖြေဖာ္ထုတ္ၿပီး အမ်ဳိးသား အစားအေသာက္ ဥပေဒအရ ထိထိေရာက္ေရာက္ အေရးယူသြားမယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက သတင္းထုတ္ျပန္လိုက္ပါတယ္။


FDA အေနနဲ႔ အစားအေသာက္ထုတ္လုပ္တဲ့ ေထာက္ခံခ်က္ေတြကုိ လုပ္ထုံးလုပ္နည္းေတြနဲ႔အညီစိစစ္ၿပီး အျမန္ဆုံးထုတ္ေပးႏုိင္ဖုိ႔ ေဆာင္ရြက္ေနၿပီး ေစ်းကြက္ထဲမွာ  အရည္အေသြးအာမခံခ်က္မရွိဘဲ ထုတ္လုပ္ေရာင္းခ်ေနတဲ့ ေသာက္ေရသန္႔လုပ္ငန္းေတြကုိ ရွာေဖြေဖာ္ထုတ္ဖို႔ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ေတြကုိ ၫႊန္ၾကားခ်က္ ထုတ္ျပန္ထားတယ္လို႔ ဆိုပါတယ္။

ေသာက္ေရသန္႔လုပ္ငန္းရွင္ေတြက အစားအေသာက္ထုတ္လုပ္ဖို႔ ေထာက္ခံခ်က္ရရွိၿပီး သက္တမ္းရွိမွပဲ ထုတ္လုပ္ေရာင္းခ်ဖို႔နဲ႔ လုပ္ငန္းသစ္ေထာက္ခံခ်က္ ေလွ်ာက္ထားဆဲ ကာလေတြမွာ ေရာင္းခ်တာေတြမလုပ္ဖို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက သတိေပးထားကာ သတိေပးခ်က္ကုိ လုိက္နာေဆာင္ရြက္တာေတြမလုပ္ရင္  ထုတ္လုပ္တဲ့ေနရာအထိ စစ္ေဆးေဖာ္ထုတ္ၿပီး ဥပေဒအရ ထိထိေရာက္ေရာက္ အေရးယူသြားမယ္လုိ႔ ဆိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

Unicode Version

ပြည်တွင်းမှာ ထုတ်လုပ်ရောင်းချနေတဲ့ သောက်ရေသန့်တွေထဲက အရည်အသွေးနိမ့် သောက်ရေသန့်တွေကို ဈေးကွက်ထဲကနေ ရှာဖွေဖော်ထုတ်ပြီး အမျိုးသား အစားအသောက် ဥပဒေအရ ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။


FDA အနေနဲ့ အစားအသောက်ထုတ်လုပ်တဲ့ ထောက်ခံချက်တွေကို လုပ်ထုံးလုပ်နည်းတွေနဲ့အညီစိစစ်ပြီး အမြန်ဆုံးထုတ်ပေးနိုင်ဖို့ ဆောင်ရွက်နေပြီး ဈေးကွက်ထဲမှာ  အရည်အသွေးအာမခံချက်မရှိဘဲ ထုတ်လုပ်ရောင်းချနေတဲ့ သောက်ရေသန့်လုပ်ငန်းတွေကို ရှာဖွေဖော်ထုတ်ဖို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို ညွှန်ကြားချက် ထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။

သောက်ရေသန့်လုပ်ငန်းရှင်တွေက အစားအသောက်ထုတ်လုပ်ဖို့ ထောက်ခံချက်ရရှိပြီး သက်တမ်းရှိမှပဲ ထုတ်လုပ်ရောင်းချဖို့နဲ့ လုပ်ငန်းသစ်ထောက်ခံချက် လျှောက်ထားဆဲ ကာလတွေမှာ ရောင်းချတာတွေမလုပ်ဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတိပေးထားကာ သတိပေးချက်ကို လိုက်နာဆောင်ရွက်တာတွေမလုပ်ရင်  ထုတ်လုပ်တဲ့နေရာအထိ စစ်ဆေးဖော်ထုတ်ပြီး ဥပဒေအရ ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ဆိုပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top