Kantharyar Centre
×









Credit:7Day Daily

#Unicode Version
 ‘ငါ့အကယ်ဒမီ’ရုပ်ရှင် ဇာတ်ကားအတွက် လိုအပ်သည့် အကယ်ဒမီပေးပွဲ ဇာတ်ဝင်ခန်းကို ကျပ်သိန်းသုံးရာခန့် အကုန်အကျ ခံ၍ ဆက်တင်ပြင်ဆင်ပြီး ရိုက် ကူးမည်ဖြစ်ကြောင်း ဒါရိုက်တာ ရာဇာဝင်ကိုက ပြောသည်။

‘‘အကယ်ဒမီဆုပေးပွဲကို အကယ်ဒမီပေးပွဲအစစ်အတိုင်း လာမယ့် (အောက်တိုဘာ) ၂၀ ရက်နေ့မှာ ရိုက်မယ်။ အမျိုးသား ကဇာတ်ရုံကို ငှားထားတယ်။ ဒီပွဲ က နိုင်ငံတော်ရဲ့ Image (ပုံရိပ်) လိုဖြစ်နေတော့ ရိုက်ပြီဆိုပေါ့ ပျက်ပျက်ရိုက်လို့မရဘူး။ အဲဒါ ကြောင့် စတိတ်စင်အစစ်အတိုင်း လုပ်ဖို့ ကြိုးစားထားတယ်။ အဲဒီ တစ် Scene တည်းအတွက်ကို သိန်းသုံးရာလောက် အကုန်အကျ ခံပြီး ရိုက်မှာပါ’’ဟု ၎င်းက ပြော သည်။ အဆိုပါ ဇာတ်ကားကို အောက်တိုဘာ ၁ ရက်က ကန် တော့ပွဲပေးခဲ့ပြီး အောက်တိုဘာ ၂ ရက်တွင် စတင်ရိုက်ကူးနေပြီဖြစ် သည်။

‘‘ဒီကားမှာ မခိုင်လေး (ခိုင် သင်းကြည်)နဲ့ ရွှေမှုံ (ရွှေမှုံရတီ) က ဒီလောကက နာမည်ကြီး ထိတ် ထိတ်ကြဲနှစ်ယောက်၊ သူတို့နှစ် ယောက်အပြိုင်အဆိုင် နာမည် ကြီးဖို့ ကြိုးစားတာကို ဟာသလေး နဲ့ရောပြီး ရိုက်မှာပါ’’ဟု ‘ငါ့အ ကယ်ဒမီ’ရုပ်ရှင်ဇာတ်လမ်းအ ကြောင်း ရာဇဝင်ကိုက ပြော သည်။

ယင်းဇာတ်ကားသည် မင်း သမီးနှစ်ဦး၏ အဓိကဇာတ်လမ်းဖြစ်ပြီး ခန့်စည်သူ၊ ညီထွဋ်ခေါင်နှင့် သူရိယတို့လည်း ပါဝင်ကြမည်ဖြစ်သည်။

‘‘စိန်ခေါ်မှုတော့ရှိတယ်။ အ ရှေ့က ‘ဖေ့စ်ဘုတ်ရွာ’က အခြေ အနေကောင်းထားတော့ ‘ဖေ့စ် ဘုတ်ရွာ’ကို မကျော်နိုင်ရင်တောင် သူ့ထက်တော့ မလျော့ချင်ဘူး။ စိုးရိမ်မှုတော့ မရှိပါဘူး။ အ ကောင်းဆုံးကြိုးစားရင် ပရိသတ် တုံ့ပြန်မှုလည်းကောင်းမယ်လို့ ထင်ပါတယ်’’ဟု ယင်းဇာတ်ကား နှင့်ပတ်သက်၍ ဒါရိုက်တာ ရာဇ ဝင်ကိုက ပြောသည်။

အဆိုပါ ဇာတ်ကားသည် ၎င်းဒါရိုက်တာအဖြစ် ရိုက်ကူးသည့် ဒုတိယမြောက် ဇာတ်ကားဖြစ်ပြီး ဗီဒီယိုတွင် ဒါရိုက်တာအဖြစ် ရိုက်ကူးထားသော ဇာတ်ကားများ လည်း ဆက်လက်ထွက်ရန်ရှိ ကြောင်း ၎င်းက ပြောသည်။

‘‘ဗီဒီယိုမှာဆိုရင် လတ် တလော‘အိုင်းစ်’ဆိုတဲ့ ကားထွက် ဖို့ရှိတယ်။ အဲဒါပြီးရင်လည်း ဆက်တိုက်ထွက်လာမှာပါ။ ‘ဗိုက်နှစ် လုံး’တို့၊ ‘အချေအတင်’တို့’’ဟု ဒါရိုက်တာရာဇဝင်ကိုက ပြော သည်။

ဒါရိုက်တာရာဇဝင်ကို ဒါ ရိုက်တာအဖြစ် ပထမဆုံးရိုက်ကူး သည့် ‘ဖေ့စ်ဘုတ်ရွာ’ဇာတ်ကား သည် တန်းစီစနစ်ဖြင့် ပြသခဲ့ခြင်းမဟုတ်သော်လည်း ပရိသတ်အား ပေးမှုရရှိခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top