Property Expo
×

ထိုင္းႏိုင္ငံ၊ ေခ်ာင္ဘူရီၿမိဳ႕မွာ အမ်ိဳးသားတဦးဟာ သူေမြးျမဴထားတဲ့ဘဲေတြကို စားပစ္လိုက္တဲ့ စပါးႀကီးေႁမြတေကာင္ကို ကလဲ့စားေခ်တဲ့အေနနဲ႔ ႏွိပ္စက္ညႇဥ္းပန္းခဲ့ပါတယ္။
သူဟာ ေႁမြႀကီးကို ဆိုင္ကယ္မွာခ်ည္ေႏွာင္ကာ ရြာလမ္းတေလွ်ာက္ တရြတ္တိုက္ ဆြဲေခၚသြားခဲ့တယ္လို႔ ထိုင္းအေျခစိုက္ ေခါ၀္ဆြတ္သတင္းမွာ ေဖာ္ျပပါတယ္။

ဒီအျဖစ္အပ်က္ဟာ စက္တင္ဘာ ၃ ရက္ ညပိုင္းမွာျဖစ္ခဲ့ၿပီး မ်က္ျမင္ေတြ႔ရွိသူ ေအာ္ရာဖန္ ဆူဖြန္ အမည္ရတဲ့ အမ်ိဳးသမီးက ညပိုင္း ၉ နာရီခြဲေလာက္က ဖက္ဘန္ဆူ အန္ရြာအနီးမွာ ေတြ႔ခဲ့တယ္လို႔ ဆိုပါတယ္။

သူေတြ႔လိုက္ရခ်ိန္မွာ အဆိုပါအမ်ိဳးသားဟာ အရွည္ ၅ မီတာေလာက္ရွိတဲ့ ေႁမြႀကီးကို ခ်ည္ေႏွာင္ကာ ဆိုင္ကယ္ကို စီးသြားခဲ့တာလို႔ ေျပာပါတယ္။

ေအာ္ရာဖန္ဆူဖြန္နဲ႔ ေတြ႔ခ်ိန္မွာ သူက ေႁမြႀကီးဟာ အသက္ရွင္ေနေသးတယ္လို႔ ေျပာခဲ့တာပါ။

အဆိုပါေႁမြႀကီးဟာ သူ႔ရဲ႕ဘဲေတြကို ၂ ႀကိမ္တိုင္တိုင္ စားေသာက္ခဲ့လို႔ ခုလို ကလဲ့စားေခ်တာျဖစ္တယ္လို႔ သူက ေအာ္ရာဖန္ကို ေျပာခဲ့ပါတယ္။

အဲဒီေနာက္ ေအာ္ရာဖန္က ေတာင္းပန္ခဲ့တဲ့အတြက္ သူဟာ အဲဒီေႁမြႀကီးကို အနီးက တိုင္တတိုင္မွာ ခ်ည္ေႏွာင္ထားခဲ့ၿပီး ေနရာကေန ထြက္သြားခဲ့တာပါ။

ေအာ္ရာဖန္ဟာ ေႁမြႀကီးကိုကယ္တင္ဖို႔ ကယ္ဆယ္ေရးအဖြဲ႔ေတြဆီ အေၾကာင္းၾကားခဲ့ၿပီးေနာက္မွာေတာ့ မၾကာခင္မွာ ေရာက္လာခဲ့ၾကကာ ေတာထဲကို ျပန္လႊတ္ေပးႏိုင္ခဲ့တယ္လို႔ သတင္းမွာ ေဖာ္ျပပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:DVB

#Unicode Version
ထိုင်းနိုင်ငံ၊ ချောင်ဘူရီမြို့မှာ အမျိုးသားတဦးဟာ သူမွေးမြူထားတဲ့ဘဲတွေကို စားပစ်လိုက်တဲ့ စပါးကြီးမြွေတကောင်ကို ကလဲ့စားချေတဲ့အနေနဲ့ နှိပ်စက်ညှဉ်းပန်းခဲ့ပါတယ်။
သူဟာ မြွေကြီးကို ဆိုင်ကယ်မှာချည်နှောင်ကာ ရွာလမ်းတလျှောက် တရွတ်တိုက် ဆွဲခေါ်သွားခဲ့တယ်လို့ ထိုင်းအခြေစိုက် ခေါဝ်ဆွတ်သတင်းမှာ ဖော်ပြပါတယ်။

ဒီအဖြစ်အပျက်ဟာ စက်တင်ဘာ ၃ ရက် ညပိုင်းမှာဖြစ်ခဲ့ပြီး မျက်မြင်တွေ့ရှိသူ အော်ရာဖန် ဆူဖွန် အမည်ရတဲ့ အမျိုးသမီးက ညပိုင်း ၉ နာရီခွဲလောက်က ဖက်ဘန်ဆူ အန်ရွာအနီးမှာ တွေ့ခဲ့တယ်လို့ ဆိုပါတယ်။

သူတွေ့လိုက်ရချိန်မှာ အဆိုပါအမျိုးသားဟာ အရှည် ၅ မီတာလောက်ရှိတဲ့ မြွေကြီးကို ချည်နှောင်ကာ ဆိုင်ကယ်ကို စီးသွားခဲ့တာလို့ ပြောပါတယ်။

အော်ရာဖန်ဆူဖွန်နဲ့ တွေ့ချိန်မှာ သူက မြွေကြီးဟာ အသက်ရှင်နေသေးတယ်လို့ ပြောခဲ့တာပါ။

အဆိုပါမြွေကြီးဟာ သူ့ရဲ့ဘဲတွေကို ၂ ကြိမ်တိုင်တိုင် စားသောက်ခဲ့လို့ ခုလို ကလဲ့စားချေတာဖြစ်တယ်လို့ သူက အော်ရာဖန်ကို ပြောခဲ့ပါတယ်။

အဲဒီနောက် အော်ရာဖန်က တောင်းပန်ခဲ့တဲ့အတွက် သူဟာ အဲဒီမြွေကြီးကို အနီးက တိုင်တတိုင်မှာ ချည်နှောင်ထားခဲ့ပြီး နေရာကနေ ထွက်သွားခဲ့တာပါ။

အော်ရာဖန်ဟာ မြွေကြီးကိုကယ်တင်ဖို့ ကယ်ဆယ်ရေးအဖွဲ့တွေဆီ အကြောင်းကြားခဲ့ပြီးနောက်မှာတော့ မကြာခင်မှာ ရောက်လာခဲ့ကြကာ တောထဲကို ပြန်လွှတ်ပေးနိုင်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:DVB
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top