Property Expo
×
ပန်းသီးရှာလကာရည်
-------------------------
အရမ်းအသုံးဝင်ပါတယ်။
ဂျင်း
----
Credit:Justlife
#Unicode Version
တစ်ခါတစ်ရံ သင့် ခြေထောက်နဲ့ ပေါင်နေရာတွေမှာ ပင့်ကူအိမ်လို သွေးကြောမျှင်လေးတွေ
ထင်ထင်ရှားရှားထွက်ပေါ်လာတက်ပါတယ်။ ဒီလိုဖြစ်လာရင်တော့ သင်ကိုယ်တိုင်
ယားယံခြင်း၊ နာကျင်ခြင်း၊ စသည့် ခံစားချက်တစ်ချို့ကို ခံစားရစေပါတယ်။ ပင့်ကူသွေးကြောမျှင်လေး
များ ကုသရန် ဆေးများရှိသကဲ့သို့ သဘာဝအလျှောက် မိမိအိမ်မှာတင် ပြုလုပ်နိုင်တဲ့ နည်းလမ်းလေး
တွေလည်းရှိပါတယ်။ ဒီနည်းလမ်းလေးတွေကို မျှဝေပေးမယ်နော်။
ပန်းသီးရှာလကာရည်
-------------------------
ပန်းသီးရှာလကာရည်က ခန္ဓာကိုယ်အတွက် များစွာ ကောင်းကျိုးပြုနိုင်ပါတယ်။ သူက အအေးမိခြင်း၊
ဖျားနာခြင်းများကိုလည်း သက်သာသေပါတယ်။ ပင့်ကူ သွေးကြောမျှင်များအတွက် သူကလည်း
အရမ်းအသုံးဝင်ပါတယ်။
၁။ အဝတ်အပိုင်းအစ တစ်ခုကိုယူပြီး ပန်းသီးရှာလကာရည်ကို သုတ်လိမ်းလိုက်ပါ။
၂။ သွေးကြောမျှင်တွေပေါ်မှာ မိနစ်၂၀ လောက် စည်းထားလိုက်ပါ။
၃။ တစ်လကို တစ်နေ့တစ်ကြိမ် မှန်မှန်ပြုလုပ်ပေးခြင်းအားဖြင့် သင့်ပင်ယူသွေးကြောတွေကို ဖယ်ရှားနိုင်ပါတယ်။
ဂျင်း
----
အိမ်တွင်းမီးဖိုချောင်မှာ အလွယ်တကူရရှိနိုင်ပါတယ်။ သွေးဖိအားကို လျော့ချစေပါတယ်။
သင့်ကိုယ်တိုင် တစ်နေ့ကို ဂျင်းပြုတ်ရည် ရေနွေးကြမ်းတစ်နေ့ကို တစ်ခွက် သောက်သုံးပေးပါ။
သင့်ရဲ့ ခြေထောက်မှာ ဖြစ်ပေါ်နေတဲ့ သွေးမျှင်ကြောတွေအတွက် အလွယ်တကူ ဖျယ်ရှားနိုင်ပါတယ်။
သဘာဝ နည်းလမ်းတွေနဲ့ ဖြေရှင်းခြင်းအပြင် သင့်ရဲ့ နေထိုင်မှု့ပုံစံကိုလည်း ပြောင်းလဲပေးရပါလိမ့်မယ်။ နေ့စဉ် အထိုင်များခြင်း၊ မတ်တက်ရပ်ခြင်းတို့ကို သတိထားပြုလုပ်
ပေးရပါမယ်။ တစ်နေ့တာ အစားအသောက် ကိုလည်းသတိထားပေးပါ. ကျန်းမာရေးနဲ့ညီညွတ်တဲ့
အစားအသောက်တွေစားသုံးပေးခြင်း၊ လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ပေးခြင်းတို့ပြုလုပ်ပေးရပါမယ်။
ဒီလိုသာမှန်မှန်ပြုလုပ်ပေးနိုင်ရင်တော့ သင့်ရဲ့ ပင်ကူမျှင် သွေးကြောများဖြစ်ပေါ်ခြင်းကို
သက်သာစေနိုင်တဲ့ အပြင် သင့်ကျန်းမာရေးကိုလည်း များစွာ အထောက်အကူပြုနိုင်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:Justlife
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top