Kantharyar Centre
×

ဘရာဇီးႏိုင္ငံ၊ ရီယိုဒီဂ်န္ေနး႐ိုးမွာ နည္းပညာဆုိင္ရာ အလုပ္အႏၱရာယ္ကင္းရွင္းေရးအရာရွိျဖစ္တဲ့ အသက္ ၂၉ ႏွစ္အရြယ္ ရိန္နာထရင္ဒိတ္ဒ္ဟာ ကုိယ္အေလးခ်ိန္ ၂၈၅ ေပါင္ျဖစ္တဲ့အထိ အသင့္စား အစားအစာ (Junk Food) ေတြကို အလြန္အမင္းစားသံုးသူျဖစ္ပါတယ္။

ေက်ာင္းမွာ အစေနာက္ခံရၿပီး က်န္းမာေရးလည္း ခ်ဳိ႕ယြင္းလာတဲ့အတြက္ ရိန္နာဟာ ကိုယ္အေလးခ်ိန္က်ဖို႔ အဆီခ်ေဆးစားျခင္းအပါအဝင္ အႏၱရာယ္ရွိတဲ့နည္းလမ္းေတြကို အသံုးျပဳခဲ့ပါတယ္။

ဒါေေပမဲ့ ႏွလံုးေဖာက္ျပန္ႏုိင္ေၾကာင္း ဆရာဝန္ေတြက သတိေပးၿပီးေနာက္မွာေတာ့  bariatric လို႔ေခၚတဲ့ အစာအိမ္ခ်ဳံ႕ခြဲစိတ္ကုသမႈ ခံယူၿပီးေနာက္မွာ သူမဟာ က်န္းမာသန္စြမ္းတဲ့ ကိုယ္အေလးခ်ိန္ ၁၄၆ အထိ က်သြားခဲ့ပါတယ္။

သူမအလြန္လိုခ်င္တဲ့ ခႏၶာကိုယ္အခ်ဳိးအစားရဖုိ႔ ၂၀၁၄ ခုႏွစ္မွာ ဝမ္းဗိုက္သားေတြ လွီးထုတ္ခဲ့သလို ရင္သားအစားထိုးကုသျခင္းလည္း လုပ္ခဲ့ပါတယ္။

သူမရဲ႕ခႏၶာကိုယ္က တျဖည္းျဖည္း လွပလာေပမဲ့လည္း ရိန္နာဟာ သူမကိုယ္သူမ ဝေနဆဲလုိ႔ထင္ေနၿပီး သူမရဲ႕ခႏၶာကိုယ္နဲ႔ စစ္တုိက္ေနတယ္လို႔ ေျပာပါတယ္။

"ဒါက ကၽြန္မအတြက္ တုိက္ပြဲတစ္ခုလုိပဲ။ ကၽြန္မရဲ႕ဗုိက္ကို ခြဲစိတ္ကုသၿပီးျဖစ္ေပမဲ့ ကၽြန္မရဲ႕စိတ္ကို မခြဲစိတ္ရေသးတဲ့အတြက္ ကၽြန္မရဲ႕ခႏၶာကိုယ္နဲ႔ စစ္ျဖစ္ေနတုန္းပဲ" လို႔ ရိန္နာက ဆုိပါတယ္။

"အဲဒါေၾကာင့္ ကၽြန္မကိုယ္ကၽြန္မ ဝတယ္လို႔ထင္ေနတုန္း။ ကၽြန္မ သိပ္ႀကိဳက္ခဲ့တဲ့ အာဟာရမျဖစ္တဲ့ အစားအစာေတြကို စားဖို႔လည္း ေတြးေနတုန္းပဲ" လို႔ သူမက ရင္ဖြင့္ခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျန်နေးရိုးမှာ နည်းပညာဆိုင်ရာ အလုပ်အန္တရာယ်ကင်းရှင်းရေးအရာရှိဖြစ်တဲ့ အသက် ၂၉ နှစ်အရွယ် ရိန်နာထရင်ဒိတ်ဒ်ဟာ ကိုယ်အလေးချိန် ၂၈၅ ပေါင်ဖြစ်တဲ့အထိ အသင့်စား အစားအစာ (Junk Food) တွေကို အလွန်အမင်းစားသုံးသူဖြစ်ပါတယ်။

ကျောင်းမှာ အစနောက်ခံရပြီး ကျန်းမာရေးလည်း ချို့ယွင်းလာတဲ့အတွက် ရိန်နာဟာ ကိုယ်အလေးချိန်ကျဖို့ အဆီချဆေးစားခြင်းအပါအဝင် အန္တရာယ်ရှိတဲ့နည်းလမ်းတွေကို အသုံးပြုခဲ့ပါတယ်။

ဒါေပေမဲ့ နှလုံးဖောက်ပြန်နိုင်ကြောင်း ဆရာဝန်တွေက သတိပေးပြီးနောက်မှာတော့  bariatric လို့ခေါ်တဲ့ အစာအိမ်ချုံ့ခွဲစိတ်ကုသမှု ခံယူပြီးနောက်မှာ သူမဟာ ကျန်းမာသန်စွမ်းတဲ့ ကိုယ်အလေးချိန် ၁၄၆ အထိ ကျသွားခဲ့ပါတယ်။

သူမအလွန်လိုချင်တဲ့ ခန္ဓာကိုယ်အချိုးအစားရဖို့ ၂၀၁၄ ခုနှစ်မှာ ဝမ်းဗိုက်သားတွေ လှီးထုတ်ခဲ့သလို ရင်သားအစားထိုးကုသခြင်းလည်း လုပ်ခဲ့ပါတယ်။

သူမရဲ့ခန္ဓာကိုယ်က တဖြည်းဖြည်း လှပလာပေမဲ့လည်း ရိန်နာဟာ သူမကိုယ်သူမ ဝနေဆဲလို့ထင်နေပြီး သူမရဲ့ခန္ဓာကိုယ်နဲ့ စစ်တိုက်နေတယ်လို့ ပြောပါတယ်။

"ဒါက ကျွန်မအတွက် တိုက်ပွဲတစ်ခုလိုပဲ။ ကျွန်မရဲ့ဗိုက်ကို ခွဲစိတ်ကုသပြီးဖြစ်ပေမဲ့ ကျွန်မရဲ့စိတ်ကို မခွဲစိတ်ရသေးတဲ့အတွက် ကျွန်မရဲ့ခန္ဓာကိုယ်နဲ့ စစ်ဖြစ်နေတုန်းပဲ" လို့ ရိန်နာက ဆိုပါတယ်။

"အဲဒါကြောင့် ကျွန်မကိုယ်ကျွန်မ ဝတယ်လို့ထင်နေတုန်း။ ကျွန်မ သိပ်ကြိုက်ခဲ့တဲ့ အာဟာရမဖြစ်တဲ့ အစားအစာတွေကို စားဖို့လည်း တွေးနေတုန်းပဲ" လို့ သူမက ရင်ဖွင့်ခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top