Kantharyar Centre
×
Credit:Lwin Pyin
#Unicode Version
အသက် ၂၃ နှစ်သာရှိသေးတဲ့ သြစတျေးလျ တက္ကသိုလ်ကျောင်းသူ Cleo Loi ဟာ ကျနော်တို့ နေထိုင်နေတဲ့ ကမ္ဘာကြီးကို (တနည်း) ကမ္ဘာ့လေထု အလွှာကြီးကို ထူးဆန်းတဲ့ ပလာစမာ ပြွန်ကြီးတစ်ခုနဲ့ ဖုံးအုပ်ထားတယ်ဆိုတဲ့အချက်ကို သက်သေပြနိုင်ခဲ့ပါတယ်..။
ပလာစမာ ဆိုတာကတော့ အခြေခံ ဒြပ် လေးမျိုး (အစိုင်အခဲ၊ အရည်၊ အငွေ့ နဲ့ ပလာစမာ) ထဲက တစ်ခုပါပဲ..။ အငွေ့ (ဓါတ်ငွေ့) ကို အပူပေးလျှင် (သို့) အားကောင်းတဲ့ လျှပ်စစ် စီးဆင်းစေလျှင် ပလာစမာ ရပါတယ်။ (ကျနော်တို့ အခြေခံ ရူပဗေဒ သင်ခန်းစာများမှာ သင်ကြားဖူးခဲ့ပါတယ်..။)
ထို့အတူပဲ ကမ္ဘာ့ အပြင်ဘက်က လေထုအလွှာကို နေရဲ့ လျှပ်စစ်အပူ စီးဆင်းတဲ့အခါမှာ ပလာစမာဆိုတဲ့ အလွှာတစ်ခု ဖြစ်ပေါ်လာပါတယ်။
Cleo Loi ဟာ သြစတျေးလျှတိုက် အနောက်ဘက်ကမ်းက ရေဒီယို တယ်လီစကုပ်ကြီးများကို အသုံးပြုပြီး သိပ္ပံပညာရှင်များ နှစ်ပေါင်း ၆၀ လောက် အဖြေရှာမရတဲ့ ပုစ ္ဆာတစ်ပုဒ်ကို ဖြေရှင်းပေးနိုင်ခဲ့ပါတယ်။ သိပ်တော်တဲ့ လူငယ်လေး တစ်ယောက်ပါပဲ။
ကမ္ဘာမြေပြင် (ပင်လယ်ရေ မျက်နှာပြင်) အထက် ကီလိုမီတာ ၆၀၀ အကွာမှာ (တနည်း) အိုင်အိုနိုစဖီးယား အလွှာရဲ့ အပေါ်ဖက်နားမှာတော့ ပလာစမာ စဖီးရား (Plasmasphere) ဆိုတဲ့ အလွှာတစ်ခု ရှိတဲ့အကြောင်း အနာဂတ် သိပ္ပံစာအုပ်များမှာ ထည့်သွင်းရေးသားရတော့မှာပဲ ဖြစ်ပါတော့တယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:Lwin Pyin
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top