Property Expo
×

ပရီးမီးယားလိဂ္ဆြမ္ဆီး အသင္းက အီတလီနည္းျပ ဖရန္ ဆက္စကို ဂူဒိုလင္ကို ထုတ္ပယ္ လိုက္ၿပီး အေမရိကန္လက္ေရြးစင္ အသင္းနည္းျပေဟာင္း ေဆာ့ ဘရက္ဒေလအား နည္းျပသစ္အျဖစ္ ခန္႔အပ္လိုက္သည္။

ဂူဒိုလင္သည္ ဆြမ္ဆီးကို ဇန္န၀ါရီက  စတင္တာ၀န္ယူခဲ့ ေသာ္လည္း ပြဲစဥ္ခုနစ္ပြဲတြင္ ေလးမွတ္သာရခဲ့ၿပီးေနာက္ ယခု ရာသီ ပရီးမီးယားလိဂ္၌ပထမဆံုး ထြက္ခြာရေသာ နည္းျပျဖစ္လာ သည္။ဂူဒိုလင္ေနာက္ဆံုးတာ၀န္ ယူခဲ့ေသာ စေနေန႔ကပြဲ၌ လီဗာ ပူးကို ၂-၁ ဂိုးျဖင့္႐ံႈးနိမ့္ခဲ့ၿပီး ယင္း ပြဲတြင္ ဦးေဆာင္ဂိုးရၿပီးမွ ႐ံႈးနိမ့္ ခဲ့ျခင္းျဖစ္သည္။

ဘရက္ဒေလ (၅၈) ႏွစ္ သည္ ျပင္သစ္လီဂူး-၂ မွ လီဟာ ဗရီအသင္းႏွင့္ လမ္းခြဲၿပီးေနာက္ ဆြမ္ဆီးသို႔ ေရာက္လာျခင္းျဖစ္ သည္။ ေနာ္ေ၀းႏွင့္အီဂ်စ္အသင္း မ်ားကို နည္းျပခဲ့ေသာ္လည္း ၂၀၀၆ မွ ၂၀၁၁ အထိအေမရိကန္ လက္ေရြးစင္အသင္းကို ကိုင္ တြယ္ခဲ့သည္။

ဆြမ္ဆီးကို ဘရက္ဒေလ ပထမဆံုး တာ၀န္ယူမည့္ပြဲမွာ ကမၻာ့ဖလားေျခစမ္းပြဲမ်ားအၿပီး ေအာက္တိုဘာ ၁၅ ရက္တြင္ အာဆင္နယ္သို႔ သြားေရာက္တာ ၀န္ယူမည့္ပြဲျဖစ္သည္။

မန္ေနဂ်ာ ဖရန္ဘက္စကို ဂူဒိုလင္ႏွင့္ လမ္းခြဲလိုက္ၿပီး အေမ ရိကန္အသင္း၏ နည္းျပေဟာင္း ဘရက္ဒေလျဖင့္ အစားထိုးလိုက္ ေၾကာင္း ဆြမ္ဆီးအသင္းက တရား၀င္ထုတ္ျပန္ခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

ပရီးမီးယားလိဂ်ဆွမ်ဆီး အသင်းက အီတလီနည်းပြ ဖရန် ဆက်စကို ဂူဒိုလင်ကို ထုတ်ပယ် လိုက်ပြီး အမေရိကန်လက်ရွေးစင် အသင်းနည်းပြဟောင်း ဆော့ ဘရက်ဒလေအား နည်းပြသစ်အဖြစ် ခန့်အပ်လိုက်သည်။

ဂူဒိုလင်သည် ဆွမ်ဆီးကို ဇန်နဝါရီက  စတင်တာဝန်ယူခဲ့ သော်လည်း ပွဲစဉ်ခုနစ်ပွဲတွင် လေးမှတ်သာရခဲ့ပြီးနောက် ယခု ရာသီ ပရီးမီးယားလိဂ်၌ပထမဆုံး ထွက်ခွာရသော နည်းပြဖြစ်လာ သည်။ဂူဒိုလင်နောက်ဆုံးတာဝန် ယူခဲ့သော စနေနေ့ကပွဲ၌ လီဗာ ပူးကို ၂-၁ ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပြီး ယင်း ပွဲတွင် ဦးဆောင်ဂိုးရပြီးမှ ရှုံးနိမ့် ခဲ့ခြင်းဖြစ်သည်။

ဘရက်ဒလေ (၅၈) နှစ် သည် ပြင်သစ်လီဂူး-၂ မှ လီဟာ ဗရီအသင်းနှင့် လမ်းခွဲပြီးနောက် ဆွမ်ဆီးသို့ ရောက်လာခြင်းဖြစ် သည်။ နော်ဝေးနှင့်အီဂျစ်အသင်း များကို နည်းပြခဲ့သော်လည်း ၂၀၀၆ မှ ၂၀၁၁ အထိအမေရိကန် လက်ရွေးစင်အသင်းကို ကိုင် တွယ်ခဲ့သည်။

ဆွမ်ဆီးကို ဘရက်ဒလေ ပထမဆုံး တာဝန်ယူမည့်ပွဲမှာ ကမ္ဘာ့ဖလားခြေစမ်းပွဲများအပြီး အောက်တိုဘာ ၁၅ ရက်တွင် အာဆင်နယ်သို့ သွားရောက်တာ ဝန်ယူမည့်ပွဲဖြစ်သည်။

မန်နေဂျာ ဖရန်ဘက်စကို ဂူဒိုလင်နှင့် လမ်းခွဲလိုက်ပြီး အမေ ရိကန်အသင်း၏ နည်းပြဟောင်း ဘရက်ဒလေဖြင့် အစားထိုးလိုက် ကြောင်း ဆွမ်ဆီးအသင်းက တရားဝင်ထုတ်ပြန်ခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top