Property Expo
×

ယခုပံုမွာ နမူနာပံုသာျဖစ္သည္   
                                       
ယခုေဖာ္ျပေပးမယ့္ ဇာတ္လမ္းေလးဟာ တစ္ခ်ိန္တစ္ခါတုန္းက ေျမာင္းျမျမိဳ႕အနားက ရြာကေလးတစ္ရြာ မွာ အမွန္တကယ္ျဖစ္ပြားခဲ့တဲ့ ျဖစ္ရပ္ကေလးပဲျဖစ္ပါတယ္.. လူတစ္ေယာက္ရဲ႕ အသားဟာ ဘယ္လုိပဲ ဘယ္ေလာက္ပဲ အရသာရွိရွိ ဇာတ္တူသားစားရင္ ပ်က္စီးတတ္တဲ့ ဟသၤာကိုးေသာင္းရဲ႕ ဥပမာလုိ ဒီဇာတ္လမ္းေလးကိုလည္း သာဓကထား သံေ၀ဂယူႏုိင္ေစဖို႔ ေရွးလူၾကီး အဆင့္ဆင့္က လက္ဆင့္ကမ္းေျပာျပခဲ့ၾကပါတယ္.. စာဖတ္ပရိသတ္ မန္ဘာမ်ားအေနနဲ႔လည္း ဒီဇာတ္လမ္းေလးကိုဖတ္ၿပီး ဗဟုသုတရေစရန္ရည္ရြယ္ၿပီး ေရးသားလုိက္ရ ပါတယ္ ရွင္… စာဖတ္ပရိသတ္ မန္ဘာမ်ား စိတ္ခ်မ္းသာ ကုိယ္က်မ္းမာစြာနဲ႔ ရႊင္လန္းခ်မ္းေျမ့ႏုိင္ၾကပါေစ ရွင္..
ေျမာင္းျမျမိဳ႕.. ဂ်ပန္ေခတ္ကာလ…
တႏိုင္ငံလံုး က်ီးလန္႔စာစားၿပီး တထိတ္ထိတ္ တလန္႔လန္႔ျဖစ္ေနရခ်ိန္တြင္ ေျမာင္းျမျမိဳ႕ကေလးလည္း အစစ အရာရာရွားပါးလ်က္ ပိန္ေျခာက္ေနေသာ လူမမာေလးသဖြယ္ျဖစ္ေနေလသည္။ ထုိအခ်ိန္က သာမာန္ လက္လုပ္လက္စားေပါမ်ားေသာ ဒီျမိဳ႕ေလးတြင္ ဦးထြန္းတုိ႔ မိသားစုလည္း ပါ၀င္ေလသည္။ ဦးထြန္းတို႔မိသားစုေလးဟာ သာမန္ လူတန္းစား ရပ္ကြက္ကေလးမွာ မုန္႔ဟင္းခါးေရာင္းၿပီး အသက္ေမြးတဲ့ မိသားစုေလးျဖစ္ပါတယ္.. ဒါေပမယ့္ ဒီျမိဳ႕ေပၚဇာတိေတာ့မဟုတ္ပါဘူး… ျမိဳ႕နဲ႔ မလွမ္းမကမ္းရြာကေလးကျဖစ္ပါတယ္.. စီးပြားေရး အဆင္မေျပလုိ႔ ျမိဳ႕ေပၚတက္ မုန္႔ဟင္းခါးေရာင္းၿပီး စီးပြားရွာၾကတာပါ… သူတုိ႔မိသားစုရဲ႕ ရုိးသားမႈ၊ ဆက္ဆံေရးပ်ဴငွာမႈ၊ လက္ရာေကာင္းမြန္မႈ နဲ႔ ဆိုင္အခင္းအက်င္း သပ္ရပ္မႈေတြေၾကာင့္ ႏွစ္အနည္းငယ္အတြင္းမွာ ေငြေၾကးအေတာ္အတန္ စုေဆာင္းမိလာပါေတာ့တယ္… အဲဒီအခ်ိန္မွာ ျပည္တြင္းက စစ္ေရးအေျခအေနကလည္း တစတစ ဆုိး၀ါးလာတာေၾကာင့္ ျမိဳ႕ေပၚမွာ မေနရဲၾကေတာ့ဘဲ သူတုိ႔ရဲ႕ဇာတိရပ္ရြာေလးကို ျပည္လည္ေျပာင္းေရႊ႕လာပါေတာ့တယ္.. ဇာတိရြာေလးကိုေရာက္ေတာ့လည္း အရင္တုန္းကလုပ္ခဲ့တဲ့မုန္႔ဟင္းခါးေရာင္းတဲ့လုပ္ငန္းကိုပဲ ျပန္လုပ္ျဖစ္ပါေတာ့တယ္… ဒါေပမယ့္ ေက်းရြာဆုိေတာ့လည္း ေရာင္းရတဲ့ ရက္ရွိသလုိ မေရာင္းရတဲ့ရက္လည္း ရွိပါတယ္…
ဦးထြန္းတုိ႔ မိသားစုအေၾကာင္း ေျပာမယ္ဆုိရင္ေတာ့ မိသားစု၀င္မ်ားအေၾကာင္း အရင္ေျပာျပမွျဖစ္ပါလိမ့္မယ္.. ဦးထြန္းတုိ႔မိသားစုမွာ ဦးထြန္း၊ ဇနီးျဖစ္သူ ေဒၚျမ၊ သားအၾကီးေကာင္ ၀င္းထြန္းနဲ႔ သားအငယ္ေကာင္ ေအာင္ျမဆုိတာရွိပါတယ္.. ေနာက္တစ္ေယာက္ကေတာ့ အိမ္မွာ ကူညီေဖာ္ ကူညီဖက္ရေအာင္ ေဆြမ်ိဳးနီးစပ္ေတာ္တဲ့ ေဒၚဘုမဆုိတဲ့ အေဒၚၾကီးတစ္ေယာက္ရွိပါတယ္.. သူ႔ကလည္း ေျမာင္းျမမွာကတည္းက ကူညီလုပ္ကိုင္ေပးခဲ့တဲ့အတြက္ ဒီအိမ္အတြက္ အိမ္သူအိမ္သားတစ္ေယာက္လုိ ျဖစ္ေနပါၿပီ… အိမ္သူအိမ္သားေတြဟာ တစ္ဦးနဲ႔တစ္ဦးခ်စ္ခ်စ္ခင္ခင္ ေနၾကေပမယ့္ မုန္႔ဟင္းခါးေရာင္းတဲ့ အလုပ္က မိသားစုအလုပ္ျဖစ္ေနတာေၾကာင့္ ကိုယ္စီကုိယ္စီ အလုပ္တာ၀န္ေတြကို ခြဲေ၀ယူထားပါတယ္.. ေဒၚဘုမက မုန္႔ဟင္းခါးအတြက္ ေစ်းမွာ ၀ယ္ျခမ္းၿပီး မုန္႔ဟင္းခါးျပဳလုပ္တဲ့ေနရာမွာ လုိအပ္တဲ့ ပစၥည္းအမယ္ေတြကို စံုလင္ျပည့္စံုေအာင္ ျပဳလုပ္ေပးရပါတယ္.. မုန္႔ဟင္းခါးကို တကယ္ခ်က္တဲ့လူကေတာ့ ဦးထြန္းနဲ႔ေဒၚျမပဲျဖစ္ပါတယ္…၀င္းထြန္းနဲ႔ေအာင္ျမကေတာ့ ေဘးက ကူညီလုပ္ကိုင္ေပးၿပီး ဆုိင္ဖြင့္တဲ့အခါ ဆုိင္အခင္းအက်င္းနဲ႔ စားပြဲထုိးအျဖစ္ တာ၀န္ယူပါတယ္..

သူတုိ႔မိသားစုေလးဟာ တက္ညီလက္ညီနဲ႔ မုန္႔ဟင္းခါးေရာင္းရင္း တစ္ေန႔ေတာ့ ထူးဆန္းတဲ့အျဖစ္မ်ိဳးေတြနဲ႔ ျဖစ္ေပၚေတြ႕ၾကံဳရပါေတာ့တယ္…
တစ္ေန႔.. မုန္႔ဟင္းခါး စခ်က္ၿပီဆုိကတည္းက ေမႊးလုိက္တဲ့အေမႊးနံ႔ဟာ မုန္႔ဟင္းခါးခ်က္တဲ့ သက္တမ္းတေလွ်ာက္ ဒီေလာက္ ေမႊးတာတစ္ခါမွ မေတြ႕မျမင္ခဲ့ဘူးပါဘူးလုိ႔ ဦးထြန္းက ဆုိရတဲ့အထိကို ေမႊးပ်ံေနပါတယ္.. ဒါနဲ႔ အိမ္ကလူေတြလည္း မုန္႔ဟင္းခါးရည္ကို ျမည္းရင္း ျမည္းရင္း အေတာမသတ္ႏုိင္ေအာင္ ျဖစ္ေနၾကတဲ့အထိ မုန္႔ဟင္းခါးရည္က အရမ္းကို ေကာင္းလြန္းေနပါတယ္.. မနက္က်ေတာ့လည္း ဦးထြန္းတုိ႔လုပ္တဲ့မုန္႔ဟင္းခါးကို လာ၀ယ္စားလုိက္ၾကတာမ်ား လူေတြကို တန္းစီေနပါေတာ့တယ္.. ပုိက္ဆံပါသေလာက္အကုန္ စားၿပီး ပုိက္ဆံကုန္ေတာ့ ဟင္းရည္ေလး နဲနဲျဖစ္ျဖစ္ အဆစ္ေတာင္းတဲ့လူေတြေတာင္ အမ်ားၾကီးပါပဲ… ဦးထြန္းတုိ႔လည္း ေရာင္းရတာ လက္ကုိ မလည္ႏုိင္ေတာ့ဘူးေပါ့.. မိသားစု၀င္အားလံုးလည္း တစ္သက္နဲ႔ တစ္ကုိယ္ ဒီလုိတစ္ခါမွ ေရာင္းမေကာင္းဖူးတဲ့အတြက္ ေပ်ာ္ရႊင္ေနၾကတာေပါ့..
ေနာက္ေန႔ မုန္႔ဟင္းခါးခ်က္တဲ့အခါမွာလည္း ဒီလုိပါပဲ.. အိမ္ကလူေတြ ျမည္းတာနဲ႔တင္ ေတာ္ေတာ္ကုန္သြားပါတယ္.. ဒါအျပင္ မုန္႔ဟင္းခါး ဟင္းရည္ ေမႊးလြန္းတဲ့အတြက္ အိမ္အနားက အိမ္နီးခ်င္းေတြကလည္း မုန္႔ဟင္းရည္က်က္တာနဲ႔ လာ၀ယ္စားၾကတဲ့အတြက္ မုန္႔ဖတ္ကို အရင္ေန႔ေတြက ေရာင္းရတာထက္ ပိုပိုသာသာေလး ၀ယ္ယူထားရပါတယ္.. အစစအရာရာရွားပါးေနတဲ့ ဒီလုိေခတ္ဆုိးၾကီးထဲမွာ မုန္႔ဟင္းခါးခ်က္ရတာ ပါ၀င္တဲ့အမယ္ပစၥည္းေတြကိုေတာင္ စံုလင္ေအာင္မထည့္ႏုိင္ပါဘူး.. ဒါေပမယ့္ မုန္႔ဟင္းရည္ေလးကေတာ့ တစ္ဇြန္းေသာက္ၿပီးရင္ ေနာက္ထပ္တစ္ဇြန္း ေသာက္ခ်င္လာႏိုင္ေအာင္ စြဲေဆာင္မႈရွိတယ္လုိ႔ ေျပာစမွတ္ျဖစ္ခဲ့ရပါတယ္… မနက္ဆုိင္ဖြင့္ေတာ့လည္း လာစားလုိက္ၾကတဲ့လူေတြက မေန႔က လူေဟာင္းေတြအျပင္ ဒီေန႔မွ အသစ္လာစားၾကတဲ့ ရြာနီးေျခာက္စပ္က လူေတြလည္း ပါပါတယ္.. ေတာရြာေလးျဖစ္တဲ့အတြက္ မနက္ငါးနာရီေလာက္ကဆုိင္ခင္းၿပီး ကိုးနာရီဆယ္နာရီေတာင္ မကုန္လုိ႔ အိမ္သူအိမ္သားေတြ ဗုိက္ရုိက္စားရတဲ့ မုန္႔ဟင္းခါးေတြက အခုေတာ့ မနက္ ၇ နာရီေတာင္ မျပည့္ေသးဘူး ကုန္ေတာ့မယ္ဆုိေတာ့ အိမ္သူအိမ္သားေတြလည္း ေပ်ာ္ရႊင္ေနၾကတာေပါ့..

ဒါေပမယ့္ ေဒၚျမရဲ႕မ်က္နွာမွာေတာ့ မေန႔ကေလာက္ ေပ်ာ္ရႊင္မႈမရွိဘူးဆုိတာ ဘယ္သူမွ သတိမထားမိႏိုင္ပါဘူး.. ္ဘာျဖစ္လုိ႔လဲဆိုေတာ့ မေန႔ညကတည္းက ေဒၚျမရဲ႕ အိမ္မက္ဆုိးၾကီးတစ္ခုေၾကာင့္ပါပဲ.. အိမ္မက္ထဲမွာ ေသြးသဲတရႊဲရႊဲနဲ႔ လက္တစ္ဖက္ျပတ္ေနတဲ့ ကုလား၀၀ၾကီးတစ္ေယာက္က ေဒၚျမကို ၾကိတ္မႏုိင္ ခဲမရျဖစ္ေနတဲ့မ်က္လံုးေတြနဲ႔ ၾကည့္ၿပီး ေတာက္ခ္တစ္ေခါက္ေခါက္ျဖစ္ေနလုိ႔ပါပဲ.. စိတ္စြဲၿပီးမက္ရေအာင္လည္း အဲဒီကုလား၀၀ၾကီးကို ေဒၚျမအေနနဲ႔ တစ္ခါမွ မျမင္ခဲ့ဖူးပါဘူး… ဒီလုိနဲ႔ မုန္႔ဟင္းခါးလုပ္ငန္းကလည္း တစတစ ေအာင္ျမင္လာတာနဲ႔ ေဒၚျမလည္း ညစဥ္ရက္ဆက္ အိမ္မက္ဆုိးေတြ မက္ၿပီး တပိန္ပိန္ တလိန္လိန္ ျဖစ္လာေတာ့တာပါပဲ.. ဦးထြန္းကေတာ့ တတ္စြမ္းတဲ့ သမားေတာ္ေတြနဲ႔ ျပသေပမယ့္ ေဒၚျမရဲ႕အျဖစ္က ခုတ္ရာတျခား ရွရာတျခားျဖစ္ေနသလို ေဆးမတုိးခဲ့ပါဘူး.. ဒီလုိနဲ႔ တစ္ရက္မွာေတာ့ တစ္အိမ္သားလံုး ထိတ္လန္႔ေျခာက္ျခားစရာ အျဖစ္အပ်က္ၾကီးတစ္ခု ျဖစ္ေပၚလာပါေတာ့တယ္…
ညမုိးခ်ဳပ္ၿပီး လူေျခတိတ္တာနဲ႔ တစ္အိမ္လံုးေတာက္ခ္ေခါက္သံမ်ား ၾကားလာရေတာ့တာပါပဲ… ဘယ္သူေတြလဲဆုိၿပီး ၀င္းထြန္းနဲ႔ေအာင္ျမက ျခံထဲပတ္ရွာေပမယ့္ ဘယ္သူ႔ကိုမွမေတြ႕ရဘဲ ေတာက္ခ္ေခါက္သံမ်ား ဆက္တုိက္ၾကားလာရတာေၾကာင့္ တအိမ္လံုး မအိပ္ရဲၾကေတာ့ဘဲ ဧည့္ခန္းေလးမွာ စုထုိင္ေနလုိက္မိၾကပါတယ္.. အဲဒီအခ်ိန္မွာ အေပၚထပ္ ေခါင္မုိးထုတ္တန္းဆီက ေတာက္ခ္ေခါက္သံအက်ယ္ၾကီး ၾကားလုိက္မိပါေတာ့တယ္…

ဘယ္သူမွ အေပၚကို ေမာ့မၾကည့္ရဲၾကေတာ့ေပမယ့္ ေနာက္ဆံုး ဦးထြန္းက ေၾကာက္စိတ္ကို အသာဖယ္ၿပီး ေျဖးေျဖးခ်င္း ေမာ့ၾကည့္လုိက္မိတဲ့အခါမွာေတာ့ ထုတ္တန္းမွာ လက္တစ္ဖက္ျပတ္ေနတဲ့ ကုလား၀၀ၾကီးတစ္ေယာက္ ေဇာက္ထုိးၾကီးရပ္ေနၿပီး နီရဲေနတဲ့ မ်က္လံုးမ်ားနဲ႔ ျပဴးၾကည့္ေနတာကို ေတြ႕လုိက္ရပါေတာ့တယ္… ဦးထြန္းနဲ႔ ထပ္တူ ေဒၚျမလည္း ၾကည့္မိတဲ့အခုိက္မွာ ျမင္လုိက္ရတဲ့ ျမင္ကြင္းေၾကာင့္ ေဒၚျမ တက္ၿပီး သတိလစ္သြားပါေတာ့တယ္.. ဦးထြန္းတို႔က်န္တဲ့မိသားစုကလည္း စုၿပီး ပဌာန္းေတာ္ၾကီးကို သံေန သံထားနဲ႔ ရြတ္ဖတ္ၾကပါေတာ့တယ္.. ေခတ္ကာလ မေကာင္းတဲ့အခ်ိန္ျဖစ္တာေၾကာင့္ တစ္မိသားစုလံုး စုၿပီး ပဌာန္းရြတ္ေနၾကျဖစ္ပါတယ္.. ပဌာန္းေဒသနာေတာ္ဟာ မေကာင္းဆုိး၀ါးမ်ားကို ႏွိမ္နင္းစည္းခ်ႏုိင္ၿပီး မေကာင္းတဲ့ ကံ မေကာင္းတဲ့ေဘးေတြကို ဖယ္ရွားႏုိင္တာေၾကာင့္ တစ္အိမ္သားလံုးကို ရြတ္ဆုိတတ္ေအာင္ ဦးထြန္းကိုယ္တုိင္ သင္ၾကားေပးထားတာျဖစ္ပါတယ္…
ဒီလုိ ပဌာန္းရြတ္ၿပီး သိပ္မၾကာခင္.. ဒုန္း ဆုိတဲ့ အသံၾကီးၾကားရၿပီး တစ္အိမ္လံုး သိမ့္ကနဲျဖစ္သြားကာ ေစာေစာက ထုတ္တန္းမွ မည္းမည္း၀၀ ကုလားၾကီး ဆင္းလာပါေတာ့တယ္.. လက္တစ္ဖက္ျပတ္ၿပီး ေသြးသံရဲရဲျဖစ္ေနေပမယ့္ က်န္တဲ့လက္တစ္ဖက္ရဲ႕လက္သည္းေတြကေတာ့ ရွည္လ်ားေကာ့ပ်ံေနၿပီး ေၾကာက္မက္ဖြယ္ရာ မ်က္လံုးမ်ားနဲ႔ လဲက်သတိလစ္ေနတဲ့ ေဒၚျမဆီကို လွမ္းလာပါေတာ့တယ္…

ဦးထြန္းလည္း ေဒၚျမကို ေပြ႕ဖက္ၿပီး မ်က္စိကို မွိတ္ကာ ပဌာန္းကိုပဲ အာရံုစုိက္ၿပီး ရြတ္ဖတ္ေနပါေတာ့တယ္… မေကာင္းဆုိး၀ါးၾကီးက ေဒၚျမကို ဒုကၡေပးရန္ လာေရာက္ေပမယ့္ အနားကပ္တုိင္း တစ္ခုခုက တြန္းထုတ္လုိက္သလုိ ျပန္ျပန္လန္သြားၿပီး ေနာက္ဆံုး ေဒါသထြက္ၿပီး အိမ္ေပၚကေန တဒုန္းဒုန္း ေျခသံၾကီးကိုေပးၿပီး ဆင္းေျပးသြားပါေတာ့တယ္.. အဲဒီေတာ့မွ ဦးထြန္းတုိ႔လည္း စိတ္သက္သာရာရၾကၿပီး ေဒၚျမ သတိျပန္လည္လာေအာင္ ျပဳစုၾကပါေတာ့တယ္… ေဒၚျမ သတိျပန္ရလာတဲ့အခါမွာလည္း ျဖစ္ပြားခဲ့တဲ့ အျဖစ္အပ်က္မ်ားေၾကာင့္ ခင္ပြန္းျဖစ္သူ ဦးထြန္းကို ဖက္ၿပီး အားရပါးရငို္ေၾကြးပါေတာ့တယ္… ဒီ မေကာင္းဆုိးရြားၾကီးကို ခုရက္ပုိင္း သူ႔အိမ္မက္ထဲမွာ မၾကာခဏျမင္ေတြ႕ေနရတဲ့ မေကာင္းဆုိးရြားၾကီးျဖစ္ေၾကာင္း၊ အခုမွ မ်က္ျမင္ကိုယ္ေတြ႕ၾကံဳ႕ရေသာေၾကာင့္ အေၾကာက္လြန္ၿပီး သတိလစ္သြားရတဲ့အေၾကာင္း ေျပာျပပါတယ္.. ေနာက္ရက္မ်ားတြင္လည္း မေကာင္းဆုိးရြားေကာင္ၾကီးက အိမ္ေပၚသုိ႔မတက္ေတာ့ဘဲ အိမ္ေဘးပတ္၀န္းက်င္မ်ားမွ ေတာက္ခ္ေခါက္သံမ်ားေပး၍လည္းေကာင္း အိမ္တံခါးေပါက္ ျပတင္းေပါက္မ်ားကို ခပ္ၾကမ္းၾကမ္းပုတ္၍ လည္းေကာင္း ေျခာက္လွန္႔ေနသျဖင့္ မုန္႔ဟင္းခါးေတာင္ မခ်က္ႏုိင္ေတာ့ဘဲ ေၾကာက္လန္႔ေနၾကရရွာေလေတာ့သည္။ တတ္သိနားလည္ေသာ ဆရာေတာ္မ်ား ဆရာသမားမ်ားျဖင့္ ျပသ အလွဴအတန္းလုပ္ေသာ္လည္း လုပ္ေသာခဏသာျငိမ္သြားၿပီး ေနာက္ရက္မ်ားတြင္ ေျခာက္လွန္႔ျမဲ ေျခာက္လွန္႔ေနသျဖင့္ တစ္အိမ္သားလံုး အၾကံအုိက္ၿပီး ဘာဆက္လုပ္ရမွန္းမသိျဖစ္ေနေလသည္။ အိမ္ကို စြန္႔ခြာေျပးရန္ ၾကံမိၾကေသာ္လည္း မိဘ၏ အေမြအိမ္ေလးျဖစ္သျဖင့္ မစြန္႔ခြာရက္ၾကေခ်။

တစ္ေန႔ေတာ့ ဦးထြန္း၏ အိမ္ေရွ႕တြင္ အာဂႏၱဳဘုန္းၾကီးတစ္ပါး လာေရာက္ ရပ္ေတာ္မူေနတာကို ေတြ႕သျဖင့္ ဘာသာတရား ကုိင္းရိႈင္းေသာ ဦးထြန္းက အိမ္ေပၚကို ပင့္ေဆာင္ၿပီး လွဴဖြယ္ပစၥည္းမ်ားကပ္လွဴေလသည္။ ထုိအခါ ထိုဘုန္းေတာ္ၾကီးမွ ဒီအိမ္တြင္ မေကာင္းေသာ အေငြ႕အသက္မ်ားစြာ ခံစားမိေၾကာင္း၊ လူေတြမွာလည္း မေကာင္းဆုိးရြား အနံ႔မ်ား ကပ္ျငိေနေၾကာင္း ေျပာၾကားသျဖင့္ အားလံုးထိတ္လန္႔တုန္လႈတ္သြားၿပီး အျဖစ္အပ်က္ အလံုးစံုကို ေလွ်ာက္ထားရာ ထုိဘုန္းေတာ္ၾကီးမွ အာရံုခံၿပီး ဤအိမ္သည္ ဘာလုပ္ငန္းျဖင့္ အသက္ေမြး၀မ္းေက်ာင္းျပဳပါသလဲဟုေမးရာ ဦးထြန္းမွ မုန္႔ဟင္းခါး ခ်က္လုပ္ေသာလုပ္ငန္းျဖင့္ အသက္ေမြး၀မ္းေက်ာင္းျပဳခဲ့ပါသည္ ဟု ျပန္လည္ေျဖၾကားခဲ့ေလသည္။ မုန္႔ဟင္းခါးခ်က္ရာတြင္ အဘယ္သို႔ေသာ ပစၥည္းမ်ားကို အသံုးျပဳသနည္းဟုေမးရာ ဦးထြန္းကလည္း ပစၥည္းအမယ္မ်ားကို ေဖာ္ျပေလွ်ာက္ထားရာတြင္ ဆရာေတာ္မွ ကုိယ္တုိင္ခ်က္လုပ္ျပဳလုပ္သံုးစြဲေသာ ပစၥည္းအမယ္မ်ား ရွိပါသလား ဟုထပ္ဆင့္ေမးျမန္းျပန္သည္။ ထုိအခါ ဦးထြန္းက ငါးေပါမ်ားေသာ အရပ္ေဒသျဖစ္သျဖင့္ ငါးမ်ားပုဇြန္မ်ားကို ရာ၀င္အုိးၾကီးတစ္လံုးကို ငါးမ်ား ပုဇြန္မ်ားထည့္ၿပီး အေပၚမွာ သစ္သားျပားျဖင့္ ဖိသိပ္ထားၿပီး ငံျပာရည္ခ်က္လုပ္ေသာ အလုပ္သာ ကိုယ္တုိင္ျပဳလုပ္ပါသည္ဟု ေလွ်ာက္ထားေလသည္။ ထုိအခါ ဆရာေတာ္က ထို ငံျပာရည္ျပဳလုပ္ေသာ ရာ၀င္အုိးကို ျပန္ျပီး ေသခ်ာစစ္ေဆးခိုင္းေလသည္။

ဦးထြန္းကလည္း ထုိငံျပာရည္အုိးကို သားမ်ားျဖစ္ေသာ ၀င္းထြန္းႏွင့္ ေအာင္ျမတုိ႔ကို စစ္ေဆးခုိင္းလုိက္သည္။ ခဏအၾကာတြင္ ၀င္းထြန္းႏွင့္ ေအာင္ျမထံမွ ထိတ္လန္႔တၾကား ေအာ္ဟစ္ ေအာ့အန္သံမ်ားေပၚလာသျဖင့္ ဦးထြန္းကိုယ္တုိင္ သြားေရာက္ၾကည့္ရႈရာ သစ္သားျပားေအာက္မွ ငါးပိ ပုဇြန္မ်ားၾကားတြင္ ပုတ္သုိးေနၿပီျဖစ္ေသာ လူ႔လက္ၾကီးတစ္ဖက္ကို ထိတ္လန္႔ဖြယ္ ေတြ႕ရွိလုိက္ရေလသည္။ ထိုအခ်ိန္ ထိုကာလကား စစ္ေဘးစစ္ဒဏ္သင့္ေသာ အခ်ိန္ျဖစ္ေနေသာေၾကာင့္ ျမစ္ေၾကာင္းတေလွ်ာက္တြင္ လူေသအေလာင္းမ်ား ျမင္မေကာင္းေအာင္ျဖစ္ေနၾကၿပီး ဂ်ပန္မ်ားကလည္း လူသတ္ၿပီး ျမစ္ထဲေမွ်ာတတ္သည့္ အေလ့အထမ်ား ျဖစ္ေပၚေနၾကသည္။ တံငါသည္တစ္ေယာက္က ဖမ္းမိေသာ ငါးပုဇြန္မ်ားၾကားထဲတြင္ လူ႔လက္တစ္ဖက္ ပါေနသည္ကို မသိဘဲ ေဒၚျမထံသုိ႔ေရာင္းခ်လုိက္ရာမွ ေဒၚျမကလည္း မစစ္ေဆးေတာ့ဘဲ ငံျပာရည္ျပဳလုပ္ေသာ အုိးထဲသုိ႔ထည့္ခုိင္းလိုက္ရာမွ အထက္ေဖာ္ျပပါ ဇာတ္လမ္းျဖစ္ေပၚလာျခင္း ျဖစ္ေပသည္။ ဆရာေတာ္ကလည္း ထို လူလက္ပါ၀င္ေသာ အုိးကို ျမစ္အတြင္း ျပန္လည္ေမွ်ာေစၿပီး အိမ္တြင္လည္း ဆရာေတာ္မ်ားႏွင့္တုိင္ပင္ၿပီး ကမၼ၀ါဇာရြတ္ဖတ္ျခင္း၊ အလွဴအတန္းျပဳလုပ္ၿပီး မကၽြတ္မလြတ္ေသးသူအတြက္ ရည္စူးၿပီး ေရစက္ခ် အမွ်ေ၀ေစခဲ့သည္။ ဆရာေတာ္ကိုယ္တုိင္လည္း အိမ္တြင္ ေမတၱာကမၼဌာန္း စီးျဖန္းၿပီး အိမ္ပတ္လည္ႏွင့္ျခံပတ္လည္တ၀ုိက္တြင္ ပက္ျဖန္းႏုိင္ရန္ ပရိတ္ေရမ်ား ပရိတ္ၾကိဳးမ်ား ခ်ီးျမင့္ခဲ့ေလသည္။

ဦးထြန္းတုိ႔မိသားစုကိုလည္း ေဘးဒုကၡဆိုသည္မွာ ေရွာင္လြဲ၍မရႏုိင္ေၾကာင္း ႏြားလွည္းတစ္ခုတြင္
ေရွ႕မွႏြားသြားရာေနာက္သို႔ ေနာက္ကလွည္းဘီးက ထပ္ခ်ပ္မခြာလုိက္ျခင္း ခံရသကဲ့သို႔ အကုသုိလ္ကံဆုိသည္မွာ အက်ိဳးေပးမေကာင္းတတ္ေၾကာင္း ထုိ႔ေၾကာင့္ အသက္ရွင္ေနထုိင္စဥ္တြင္ ကုသုိလ္တရားမ်ားမ်ားလုပ္ေဆာင္သင့္ေၾကာင္း ေျပာၾကားၿပီး ထြက္ခြာသြားေလသည္။ ဦးထြန္းတုိ႔မိသားစုကလည္း ဆရာေတာ္ ေျပာၾကားခဲ့သည့္အတုိင္း ျပဳလုပ္ေဆာင္ရြက္ၾကေလသည္။ ထိုအခ်ိန္မွစ၍ ထုိမေကာင္းဆုိးရြားေျခာက္လွန္႔ေနေသာအႏၱရယ္ မေတြ႕ၾကံဳရေတာ့ေခ်။ သို႔ေသာ္ လူသားျဖင့္ခ်က္လုပ္ထားေသာ မုန္႔ဟင္းခါးဟင္းရည္ကို ေသာက္မိၾကေသာ ဦးထြန္းတို႔မိသားစုအားလံုးႏွင့္ ရြာသူရြာသားမ်ားသည္ မၾကာမွီမွာပင္ ကာလ၀မ္းေရာဂါျဖင့္ တစ္ေယာက္ၿပီးတစ္ေယာက္ ဆံုးပါးသြားခဲ့ရၿပီး ရြာမွာလည္း ရြာပ်က္ၾကီးသဖြယ္ျဖစ္သြားခဲ့ရေလသည္။ သို႔ေသာ္ ထူးျခားသည္ကား ဟင္းရည္မေသာက္မိလုိက္ေသာ ရြာသူရြာသားတခ်ိဳ႕ႏွင့္ သက္ၾကီးရြယ္အုိ၊ ကေလးတခ်ိဳ႕မွာ ကာလသားေရာဂါအျဖစ္ဆုိးမွ ကင္းေ၀းၿပီး တျခားရြာမ်ားသို႔ေျပာင္းေရြ႕သြားႏုိင္ၾကေသာေၾကာင့္ ဒီျဖစ္ရပ္မ်ားသည္ ဆက္ႏြယ္မႈရွိသည္ဟု ယံုၾကည္လက္ခံၾကၿပီး အခ်င္းခ်င္းလက္ဆင့္ကမ္းေျပာၾကားခဲ့ၾကျခင္းပင္ ျဖစ္ေလသည္။

မည္သို႔ပင္ ဆုိေစကာမူ ဇာတ္တူသားဆုိသည့္ လူသားအခ်င္းခ်င္း လူတစ္ေယာက္ရဲ႕ အသားကို မစားသင့္ မစားထုိက္ေခ်။ တေလာက ေဖ့ဘုတ္သတင္းတခ်ိဳ႕တြင္ တရုတ္ျပည္တြင္ ေမြးကင္းစကေလးမ်ား၏အသားကို စားသည္ဟု သိရသျဖင့္ အလြန္စိတ္မေကာင္းျဖစ္မိခဲ့ရသည္။ ေသျပီးသားျဖစ္ေစ မေသေသးသူမ်ား၏ အသားျဖစ္ေစ မစားသင့္ေခ်။ ေမတၱာျဗဟၼစိုရ္တရားေလးပါး လက္ကိုင္ထားၿပီး မေကာင္းမႈျပဳလုပ္ရမွာ ရွက္ျခင္း၊ ေၾကာက္ျခင္းဟူေသာ တရားမ်ားကိုလက္ကိုင္ထားလ်က္ လူသားအခ်င္းခ်င္းစာနာစိတ္ထားႏုိင္ၾကပါေစလုိ႔ ဆုေတာင္းရည္ရြယ္လ်က္…..


ဖိုးသူေတာ္ (www.phothutaw.com)
Credit: သရဲ သဘက္ ဘီလူး အစရွိေသာ – ေပတေလာကသားမ်ားအေၾကာင္း

#Unicode Version
ယခုဖော်ပြပေးမယ့် ဇာတ်လမ်းလေးဟာ တစ်ချိန်တစ်ခါတုန်းက မြောင်းမြမြို့အနားက ရွာကလေးတစ်ရွာ မှာ အမှန်တကယ်ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ကလေးပဲဖြစ်ပါတယ်.. လူတစ်ယောက်ရဲ့ အသားဟာ ဘယ်လိုပဲ ဘယ်လောက်ပဲ အရသာရှိရှိ ဇာတ်တူသားစားရင် ပျက်စီးတတ်တဲ့ ဟင်္သာကိုးသောင်းရဲ့ ဥပမာလို ဒီဇာတ်လမ်းလေးကိုလည်း သာဓကထား သံဝေဂယူနိုင်စေဖို့ ရှေးလူကြီး အဆင့်ဆင့်က လက်ဆင့်ကမ်းပြောပြခဲ့ကြပါတယ်.. စာဖတ်ပရိသတ် မန်ဘာများအနေနဲ့လည်း ဒီဇာတ်လမ်းလေးကိုဖတ်ပြီး ဗဟုသုတရစေရန်ရည်ရွယ်ပြီး ရေးသားလိုက်ရ ပါတယ် ရှင်… စာဖတ်ပရိသတ် မန်ဘာများ စိတ်ချမ်းသာ ကိုယ်ကျမ်းမာစွာနဲ့ ရွှင်လန်းချမ်းမြေ့နိုင်ကြပါစေ ရှင်..
မြောင်းမြမြို့.. ဂျပန်ခေတ်ကာလ…
တနိုင်ငံလုံး ကျီးလန့်စာစားပြီး တထိတ်ထိတ် တလန့်လန့်ဖြစ်နေရချိန်တွင် မြောင်းမြမြို့ကလေးလည်း အစစ အရာရာရှားပါးလျက် ပိန်ခြောက်နေသော လူမမာလေးသဖွယ်ဖြစ်နေလေသည်။ ထိုအချိန်က သာမာန် လက်လုပ်လက်စားပေါများသော ဒီမြို့လေးတွင် ဦးထွန်းတို့ မိသားစုလည်း ပါဝင်လေသည်။ ဦးထွန်းတို့မိသားစုလေးဟာ သာမန် လူတန်းစား ရပ်ကွက်ကလေးမှာ မုန့်ဟင်းခါးရောင်းပြီး အသက်မွေးတဲ့ မိသားစုလေးဖြစ်ပါတယ်.. ဒါပေမယ့် ဒီမြို့ပေါ်ဇာတိတော့မဟုတ်ပါဘူး… မြို့နဲ့ မလှမ်းမကမ်းရွာကလေးကဖြစ်ပါတယ်.. စီးပွားရေး အဆင်မပြေလို့ မြို့ပေါ်တက် မုန့်ဟင်းခါးရောင်းပြီး စီးပွားရှာကြတာပါ… သူတို့မိသားစုရဲ့ ရိုးသားမှု၊ ဆက်ဆံရေးပျူငှာမှု၊ လက်ရာကောင်းမွန်မှု နဲ့ ဆိုင်အခင်းအကျင်း သပ်ရပ်မှုတွေကြောင့် နှစ်အနည်းငယ်အတွင်းမှာ ငွေကြေးအတော်အတန် စုဆောင်းမိလာပါတော့တယ်… အဲဒီအချိန်မှာ ပြည်တွင်းက စစ်ရေးအခြေအနေကလည်း တစတစ ဆိုးဝါးလာတာကြောင့် မြို့ပေါ်မှာ မနေရဲကြတော့ဘဲ သူတို့ရဲ့ဇာတိရပ်ရွာလေးကို ပြည်လည်ပြောင်းရွှေ့လာပါတော့တယ်.. ဇာတိရွာလေးကိုရောက်တော့လည်း အရင်တုန်းကလုပ်ခဲ့တဲ့မုန့်ဟင်းခါးရောင်းတဲ့လုပ်ငန်းကိုပဲ ပြန်လုပ်ဖြစ်ပါတော့တယ်… ဒါပေမယ့် ကျေးရွာဆိုတော့လည်း ရောင်းရတဲ့ ရက်ရှိသလို မရောင်းရတဲ့ရက်လည်း ရှိပါတယ်…
ဦးထွန်းတို့ မိသားစုအကြောင်း ပြောမယ်ဆိုရင်တော့ မိသားစုဝင်များအကြောင်း အရင်ပြောပြမှဖြစ်ပါလိမ့်မယ်.. ဦးထွန်းတို့မိသားစုမှာ ဦးထွန်း၊ ဇနီးဖြစ်သူ ဒေါ်မြ၊ သားအကြီးကောင် ဝင်းထွန်းနဲ့ သားအငယ်ကောင် အောင်မြဆိုတာရှိပါတယ်.. နောက်တစ်ယောက်ကတော့ အိမ်မှာ ကူညီဖော် ကူညီဖက်ရအောင် ဆွေမျိုးနီးစပ်တော်တဲ့ ဒေါ်ဘုမဆိုတဲ့ အဒေါ်ကြီးတစ်ယောက်ရှိပါတယ်.. သူ့ကလည်း မြောင်းမြမှာကတည်းက ကူညီလုပ်ကိုင်ပေးခဲ့တဲ့အတွက် ဒီအိမ်အတွက် အိမ်သူအိမ်သားတစ်ယောက်လို ဖြစ်နေပါပြီ… အိမ်သူအိမ်သားတွေဟာ တစ်ဦးနဲ့တစ်ဦးချစ်ချစ်ခင်ခင် နေကြပေမယ့် မုန့်ဟင်းခါးရောင်းတဲ့ အလုပ်က မိသားစုအလုပ်ဖြစ်နေတာကြောင့် ကိုယ်စီကိုယ်စီ အလုပ်တာဝန်တွေကို ခွဲဝေယူထားပါတယ်.. ဒေါ်ဘုမက မုန့်ဟင်းခါးအတွက် ဈေးမှာ ဝယ်ခြမ်းပြီး မုန့်ဟင်းခါးပြုလုပ်တဲ့နေရာမှာ လိုအပ်တဲ့ ပစ္စည်းအမယ်တွေကို စုံလင်ပြည့်စုံအောင် ပြုလုပ်ပေးရပါတယ်.. မုန့်ဟင်းခါးကို တကယ်ချက်တဲ့လူကတော့ ဦးထွန်းနဲ့ဒေါ်မြပဲဖြစ်ပါတယ်…ဝင်းထွန်းနဲ့အောင်မြကတော့ ဘေးက ကူညီလုပ်ကိုင်ပေးပြီး ဆိုင်ဖွင့်တဲ့အခါ ဆိုင်အခင်းအကျင်းနဲ့ စားပွဲထိုးအဖြစ် တာဝန်ယူပါတယ်..

သူတို့မိသားစုလေးဟာ တက်ညီလက်ညီနဲ့ မုန့်ဟင်းခါးရောင်းရင်း တစ်နေ့တော့ ထူးဆန်းတဲ့အဖြစ်မျိုးတွေနဲ့ ဖြစ်ပေါ်တွေ့ကြုံရပါတော့တယ်…
တစ်နေ့.. မုန့်ဟင်းခါး စချက်ပြီဆိုကတည်းက မွှေးလိုက်တဲ့အမွှေးနံ့ဟာ မုန့်ဟင်းခါးချက်တဲ့ သက်တမ်းတလျှောက် ဒီလောက် မွှေးတာတစ်ခါမှ မတွေ့မမြင်ခဲ့ဘူးပါဘူးလို့ ဦးထွန်းက ဆိုရတဲ့အထိကို မွှေးပျံနေပါတယ်.. ဒါနဲ့ အိမ်ကလူတွေလည်း မုန့်ဟင်းခါးရည်ကို မြည်းရင်း မြည်းရင်း အတောမသတ်နိုင်အောင် ဖြစ်နေကြတဲ့အထိ မုန့်ဟင်းခါးရည်က အရမ်းကို ကောင်းလွန်းနေပါတယ်.. မနက်ကျတော့လည်း ဦးထွန်းတို့လုပ်တဲ့မုန့်ဟင်းခါးကို လာဝယ်စားလိုက်ကြတာများ လူတွေကို တန်းစီနေပါတော့တယ်.. ပိုက်ဆံပါသလောက်အကုန် စားပြီး ပိုက်ဆံကုန်တော့ ဟင်းရည်လေး နဲနဲဖြစ်ဖြစ် အဆစ်တောင်းတဲ့လူတွေတောင် အများကြီးပါပဲ… ဦးထွန်းတို့လည်း ရောင်းရတာ လက်ကို မလည်နိုင်တော့ဘူးပေါ့.. မိသားစုဝင်အားလုံးလည်း တစ်သက်နဲ့ တစ်ကိုယ် ဒီလိုတစ်ခါမှ ရောင်းမကောင်းဖူးတဲ့အတွက် ပျော်ရွှင်နေကြတာပေါ့..
နောက်နေ့ မုန့်ဟင်းခါးချက်တဲ့အခါမှာလည်း ဒီလိုပါပဲ.. အိမ်ကလူတွေ မြည်းတာနဲ့တင် တော်တော်ကုန်သွားပါတယ်.. ဒါအပြင် မုန့်ဟင်းခါး ဟင်းရည် မွှေးလွန်းတဲ့အတွက် အိမ်အနားက အိမ်နီးချင်းတွေကလည်း မုန့်ဟင်းရည်ကျက်တာနဲ့ လာဝယ်စားကြတဲ့အတွက် မုန့်ဖတ်ကို အရင်နေ့တွေက ရောင်းရတာထက် ပိုပိုသာသာလေး ဝယ်ယူထားရပါတယ်.. အစစအရာရာရှားပါးနေတဲ့ ဒီလိုခေတ်ဆိုးကြီးထဲမှာ မုန့်ဟင်းခါးချက်ရတာ ပါဝင်တဲ့အမယ်ပစ္စည်းတွေကိုတောင် စုံလင်အောင်မထည့်နိုင်ပါဘူး.. ဒါပေမယ့် မုန့်ဟင်းရည်လေးကတော့ တစ်ဇွန်းသောက်ပြီးရင် နောက်ထပ်တစ်ဇွန်း သောက်ချင်လာနိုင်အောင် စွဲဆောင်မှုရှိတယ်လို့ ပြောစမှတ်ဖြစ်ခဲ့ရပါတယ်… မနက်ဆိုင်ဖွင့်တော့လည်း လာစားလိုက်ကြတဲ့လူတွေက မနေ့က လူဟောင်းတွေအပြင် ဒီနေ့မှ အသစ်လာစားကြတဲ့ ရွာနီးခြောက်စပ်က လူတွေလည်း ပါပါတယ်.. တောရွာလေးဖြစ်တဲ့အတွက် မနက်ငါးနာရီလောက်ကဆိုင်ခင်းပြီး ကိုးနာရီဆယ်နာရီတောင် မကုန်လို့ အိမ်သူအိမ်သားတွေ ဗိုက်ရိုက်စားရတဲ့ မုန့်ဟင်းခါးတွေက အခုတော့ မနက် ၇ နာရီတောင် မပြည့်သေးဘူး ကုန်တော့မယ်ဆိုတော့ အိမ်သူအိမ်သားတွေလည်း ပျော်ရွှင်နေကြတာပေါ့..

ဒါပေမယ့် ဒေါ်မြရဲ့မျက်နှာမှာတော့ မနေ့ကလောက် ပျော်ရွှင်မှုမရှိဘူးဆိုတာ ဘယ်သူမှ သတိမထားမိနိုင်ပါဘူး.. ်ဘာဖြစ်လို့လဲဆိုတော့ မနေ့ညကတည်းက ဒေါ်မြရဲ့ အိမ်မက်ဆိုးကြီးတစ်ခုကြောင့်ပါပဲ.. အိမ်မက်ထဲမှာ သွေးသဲတရွှဲရွှဲနဲ့ လက်တစ်ဖက်ပြတ်နေတဲ့ ကုလား၀၀ကြီးတစ်ယောက်က ဒေါ်မြကို ကြိတ်မနိုင် ခဲမရဖြစ်နေတဲ့မျက်လုံးတွေနဲ့ ကြည့်ပြီး တောက်ခ်တစ်ခေါက်ခေါက်ဖြစ်နေလို့ပါပဲ.. စိတ်စွဲပြီးမက်ရအောင်လည်း အဲဒီကုလား၀၀ကြီးကို ဒေါ်မြအနေနဲ့ တစ်ခါမှ မမြင်ခဲ့ဖူးပါဘူး… ဒီလိုနဲ့ မုန့်ဟင်းခါးလုပ်ငန်းကလည်း တစတစ အောင်မြင်လာတာနဲ့ ဒေါ်မြလည်း ညစဉ်ရက်ဆက် အိမ်မက်ဆိုးတွေ မက်ပြီး တပိန်ပိန် တလိန်လိန် ဖြစ်လာတော့တာပါပဲ.. ဦးထွန်းကတော့ တတ်စွမ်းတဲ့ သမားတော်တွေနဲ့ ပြသပေမယ့် ဒေါ်မြရဲ့အဖြစ်က ခုတ်ရာတခြား ရှရာတခြားဖြစ်နေသလို ဆေးမတိုးခဲ့ပါဘူး.. ဒီလိုနဲ့ တစ်ရက်မှာတော့ တစ်အိမ်သားလုံး ထိတ်လန့်ခြောက်ခြားစရာ အဖြစ်အပျက်ကြီးတစ်ခု ဖြစ်ပေါ်လာပါတော့တယ်…
ညမိုးချုပ်ပြီး လူခြေတိတ်တာနဲ့ တစ်အိမ်လုံးတောက်ခ်ခေါက်သံများ ကြားလာရတော့တာပါပဲ… ဘယ်သူတွေလဲဆိုပြီး ဝင်းထွန်းနဲ့အောင်မြက ခြံထဲပတ်ရှာပေမယ့် ဘယ်သူ့ကိုမှမတွေ့ရဘဲ တောက်ခ်ခေါက်သံများ ဆက်တိုက်ကြားလာရတာကြောင့် တအိမ်လုံး မအိပ်ရဲကြတော့ဘဲ ဧည့်ခန်းလေးမှာ စုထိုင်နေလိုက်မိကြပါတယ်.. အဲဒီအချိန်မှာ အပေါ်ထပ် ခေါင်မိုးထုတ်တန်းဆီက တောက်ခ်ခေါက်သံအကျယ်ကြီး ကြားလိုက်မိပါတော့တယ်…

ဘယ်သူမှ အပေါ်ကို မော့မကြည့်ရဲကြတော့ပေမယ့် နောက်ဆုံး ဦးထွန်းက ကြောက်စိတ်ကို အသာဖယ်ပြီး ဖြေးဖြေးချင်း မော့ကြည့်လိုက်မိတဲ့အခါမှာတော့ ထုတ်တန်းမှာ လက်တစ်ဖက်ပြတ်နေတဲ့ ကုလား၀၀ကြီးတစ်ယောက် ဇောက်ထိုးကြီးရပ်နေပြီး နီရဲနေတဲ့ မျက်လုံးများနဲ့ ပြူးကြည့်နေတာကို တွေ့လိုက်ရပါတော့တယ်… ဦးထွန်းနဲ့ ထပ်တူ ဒေါ်မြလည်း ကြည့်မိတဲ့အခိုက်မှာ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ဒေါ်မြ တက်ပြီး သတိလစ်သွားပါတော့တယ်.. ဦးထွန်းတို့ကျန်တဲ့မိသားစုကလည်း စုပြီး ပဌာန်းတော်ကြီးကို သံနေ သံထားနဲ့ ရွတ်ဖတ်ကြပါတော့တယ်.. ခေတ်ကာလ မကောင်းတဲ့အချိန်ဖြစ်တာကြောင့် တစ်မိသားစုလုံး စုပြီး ပဌာန်းရွတ်နေကြဖြစ်ပါတယ်.. ပဌာန်းဒေသနာတော်ဟာ မကောင်းဆိုးဝါးများကို နှိမ်နင်းစည်းချနိုင်ပြီး မကောင်းတဲ့ ကံ မကောင်းတဲ့ဘေးတွေကို ဖယ်ရှားနိုင်တာကြောင့် တစ်အိမ်သားလုံးကို ရွတ်ဆိုတတ်အောင် ဦးထွန်းကိုယ်တိုင် သင်ကြားပေးထားတာဖြစ်ပါတယ်…
ဒီလို ပဌာန်းရွတ်ပြီး သိပ်မကြာခင်.. ဒုန်း ဆိုတဲ့ အသံကြီးကြားရပြီး တစ်အိမ်လုံး သိမ့်ကနဲဖြစ်သွားကာ စောစောက ထုတ်တန်းမှ မည်းမည်း၀၀ ကုလားကြီး ဆင်းလာပါတော့တယ်.. လက်တစ်ဖက်ပြတ်ပြီး သွေးသံရဲရဲဖြစ်နေပေမယ့် ကျန်တဲ့လက်တစ်ဖက်ရဲ့လက်သည်းတွေကတော့ ရှည်လျားကော့ပျံနေပြီး ကြောက်မက်ဖွယ်ရာ မျက်လုံးများနဲ့ လဲကျသတိလစ်နေတဲ့ ဒေါ်မြဆီကို လှမ်းလာပါတော့တယ်…

ဦးထွန်းလည်း ဒေါ်မြကို ပွေ့ဖက်ပြီး မျက်စိကို မှိတ်ကာ ပဌာန်းကိုပဲ အာရုံစိုက်ပြီး ရွတ်ဖတ်နေပါတော့တယ်… မကောင်းဆိုးဝါးကြီးက ဒေါ်မြကို ဒုက္ခပေးရန် လာရောက်ပေမယ့် အနားကပ်တိုင်း တစ်ခုခုက တွန်းထုတ်လိုက်သလို ပြန်ပြန်လန်သွားပြီး နောက်ဆုံး ဒေါသထွက်ပြီး အိမ်ပေါ်ကနေ တဒုန်းဒုန်း ခြေသံကြီးကိုပေးပြီး ဆင်းပြေးသွားပါတော့တယ်.. အဲဒီတော့မှ ဦးထွန်းတို့လည်း စိတ်သက်သာရာရကြပြီး ဒေါ်မြ သတိပြန်လည်လာအောင် ပြုစုကြပါတော့တယ်… ဒေါ်မြ သတိပြန်ရလာတဲ့အခါမှာလည်း ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်များကြောင့် ခင်ပွန်းဖြစ်သူ ဦးထွန်းကို ဖက်ပြီး အားရပါးရငိုကြွေးပါတော့တယ်… ဒီ မကောင်းဆိုးရွားကြီးကို ခုရက်ပိုင်း သူ့အိမ်မက်ထဲမှာ မကြာခဏမြင်တွေ့နေရတဲ့ မကောင်းဆိုးရွားကြီးဖြစ်ကြောင်း၊ အခုမှ မျက်မြင်ကိုယ်တွေ့ကြုံ့ရသောကြောင့် အကြောက်လွန်ပြီး သတိလစ်သွားရတဲ့အကြောင်း ပြောပြပါတယ်.. နောက်ရက်များတွင်လည်း မကောင်းဆိုးရွားကောင်ကြီးက အိမ်ပေါ်သို့မတက်တော့ဘဲ အိမ်ဘေးပတ်ဝန်းကျင်များမှ တောက်ခ်ခေါက်သံများပေး၍လည်းကောင်း အိမ်တံခါးပေါက် ပြတင်းပေါက်များကို ခပ်ကြမ်းကြမ်းပုတ်၍ လည်းကောင်း ခြောက်လှန့်နေသဖြင့် မုန့်ဟင်းခါးတောင် မချက်နိုင်တော့ဘဲ ကြောက်လန့်နေကြရရှာလေတော့သည်။ တတ်သိနားလည်သော ဆရာတော်များ ဆရာသမားများဖြင့် ပြသ အလှူအတန်းလုပ်သော်လည်း လုပ်သောခဏသာငြိမ်သွားပြီး နောက်ရက်များတွင် ခြောက်လှန့်မြဲ ခြောက်လှန့်နေသဖြင့် တစ်အိမ်သားလုံး အကြံအိုက်ပြီး ဘာဆက်လုပ်ရမှန်းမသိဖြစ်နေလေသည်။ အိမ်ကို စွန့်ခွာပြေးရန် ကြံမိကြသော်လည်း မိဘ၏ အမွေအိမ်လေးဖြစ်သဖြင့် မစွန့်ခွာရက်ကြချေ။

တစ်နေ့တော့ ဦးထွန်း၏ အိမ်ရှေ့တွင် အာဂန္တုဘုန်းကြီးတစ်ပါး လာရောက် ရပ်တော်မူနေတာကို တွေ့သဖြင့် ဘာသာတရား ကိုင်းရှိုင်းသော ဦးထွန်းက အိမ်ပေါ်ကို ပင့်ဆောင်ပြီး လှူဖွယ်ပစ္စည်းများကပ်လှူလေသည်။ ထိုအခါ ထိုဘုန်းတော်ကြီးမှ ဒီအိမ်တွင် မကောင်းသော အငွေ့အသက်များစွာ ခံစားမိကြောင်း၊ လူတွေမှာလည်း မကောင်းဆိုးရွား အနံ့များ ကပ်ငြိနေကြောင်း ပြောကြားသဖြင့် အားလုံးထိတ်လန့်တုန်လှုတ်သွားပြီး အဖြစ်အပျက် အလုံးစုံကို လျှောက်ထားရာ ထိုဘုန်းတော်ကြီးမှ အာရုံခံပြီး ဤအိမ်သည် ဘာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုပါသလဲဟုမေးရာ ဦးထွန်းမှ မုန့်ဟင်းခါး ချက်လုပ်သောလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုခဲ့ပါသည် ဟု ပြန်လည်ဖြေကြားခဲ့လေသည်။ မုန့်ဟင်းခါးချက်ရာတွင် အဘယ်သို့သော ပစ္စည်းများကို အသုံးပြုသနည်းဟုမေးရာ ဦးထွန်းကလည်း ပစ္စည်းအမယ်များကို ဖော်ပြလျှောက်ထားရာတွင် ဆရာတော်မှ ကိုယ်တိုင်ချက်လုပ်ပြုလုပ်သုံးစွဲသော ပစ္စည်းအမယ်များ ရှိပါသလား ဟုထပ်ဆင့်မေးမြန်းပြန်သည်။ ထိုအခါ ဦးထွန်းက ငါးပေါများသော အရပ်ဒေသဖြစ်သဖြင့် ငါးများပုဇွန်များကို ရာဝင်အိုးကြီးတစ်လုံးကို ငါးများ ပုဇွန်များထည့်ပြီး အပေါ်မှာ သစ်သားပြားဖြင့် ဖိသိပ်ထားပြီး ငံပြာရည်ချက်လုပ်သော အလုပ်သာ ကိုယ်တိုင်ပြုလုပ်ပါသည်ဟု လျှောက်ထားလေသည်။ ထိုအခါ ဆရာတော်က ထို ငံပြာရည်ပြုလုပ်သော ရာဝင်အိုးကို ပြန်ပြီး သေချာစစ်ဆေးခိုင်းလေသည်။

ဦးထွန်းကလည်း ထိုငံပြာရည်အိုးကို သားများဖြစ်သော ဝင်းထွန်းနှင့် အောင်မြတို့ကို စစ်ဆေးခိုင်းလိုက်သည်။ ခဏအကြာတွင် ဝင်းထွန်းနှင့် အောင်မြထံမှ ထိတ်လန့်တကြား အော်ဟစ် အော့အန်သံများပေါ်လာသဖြင့် ဦးထွန်းကိုယ်တိုင် သွားရောက်ကြည့်ရှုရာ သစ်သားပြားအောက်မှ ငါးပိ ပုဇွန်များကြားတွင် ပုတ်သိုးနေပြီဖြစ်သော လူ့လက်ကြီးတစ်ဖက်ကို ထိတ်လန့်ဖွယ် တွေ့ရှိလိုက်ရလေသည်။ ထိုအချိန် ထိုကာလကား စစ်ဘေးစစ်ဒဏ်သင့်သော အချိန်ဖြစ်နေသောကြောင့် မြစ်ကြောင်းတလျှောက်တွင် လူသေအလောင်းများ မြင်မကောင်းအောင်ဖြစ်နေကြပြီး ဂျပန်များကလည်း လူသတ်ပြီး မြစ်ထဲမျှောတတ်သည့် အလေ့အထများ ဖြစ်ပေါ်နေကြသည်။ တံငါသည်တစ်ယောက်က ဖမ်းမိသော ငါးပုဇွန်များကြားထဲတွင် လူ့လက်တစ်ဖက် ပါနေသည်ကို မသိဘဲ ဒေါ်မြထံသို့ရောင်းချလိုက်ရာမှ ဒေါ်မြကလည်း မစစ်ဆေးတော့ဘဲ ငံပြာရည်ပြုလုပ်သော အိုးထဲသို့ထည့်ခိုင်းလိုက်ရာမှ အထက်ဖော်ပြပါ ဇာတ်လမ်းဖြစ်ပေါ်လာခြင်း ဖြစ်ပေသည်။ ဆရာတော်ကလည်း ထို လူလက်ပါဝင်သော အိုးကို မြစ်အတွင်း ပြန်လည်မျှောစေပြီး အိမ်တွင်လည်း ဆရာတော်များနှင့်တိုင်ပင်ပြီး ကမ္မဝါဇာရွတ်ဖတ်ခြင်း၊ အလှူအတန်းပြုလုပ်ပြီး မကျွတ်မလွတ်သေးသူအတွက် ရည်စူးပြီး ရေစက်ချ အမျှဝေစေခဲ့သည်။ ဆရာတော်ကိုယ်တိုင်လည်း အိမ်တွင် မေတ္တာကမ္မဌာန်း စီးဖြန်းပြီး အိမ်ပတ်လည်နှင့်ခြံပတ်လည်တဝိုက်တွင် ပက်ဖြန်းနိုင်ရန် ပရိတ်ရေများ ပရိတ်ကြိုးများ ချီးမြင့်ခဲ့လေသည်။

ဦးထွန်းတို့မိသားစုကိုလည်း ဘေးဒုက္ခဆိုသည်မှာ ရှောင်လွဲ၍မရနိုင်ကြောင်း နွားလှည်းတစ်ခုတွင်
ရှေ့မှနွားသွားရာနောက်သို့ နောက်ကလှည်းဘီးက ထပ်ချပ်မခွာလိုက်ခြင်း ခံရသကဲ့သို့ အကုသိုလ်ကံဆိုသည်မှာ အကျိုးပေးမကောင်းတတ်ကြောင်း ထို့ကြောင့် အသက်ရှင်နေထိုင်စဉ်တွင် ကုသိုလ်တရားများများလုပ်ဆောင်သင့်ကြောင်း ပြောကြားပြီး ထွက်ခွာသွားလေသည်။ ဦးထွန်းတို့မိသားစုကလည်း ဆရာတော် ပြောကြားခဲ့သည့်အတိုင်း ပြုလုပ်ဆောင်ရွက်ကြလေသည်။ ထိုအချိန်မှစ၍ ထိုမကောင်းဆိုးရွားခြောက်လှန့်နေသောအန္တရယ် မတွေ့ကြုံရတော့ချေ။ သို့သော် လူသားဖြင့်ချက်လုပ်ထားသော မုန့်ဟင်းခါးဟင်းရည်ကို သောက်မိကြသော ဦးထွန်းတို့မိသားစုအားလုံးနှင့် ရွာသူရွာသားများသည် မကြာမှီမှာပင် ကာလဝမ်းရောဂါဖြင့် တစ်ယောက်ပြီးတစ်ယောက် ဆုံးပါးသွားခဲ့ရပြီး ရွာမှာလည်း ရွာပျက်ကြီးသဖွယ်ဖြစ်သွားခဲ့ရလေသည်။ သို့သော် ထူးခြားသည်ကား ဟင်းရည်မသောက်မိလိုက်သော ရွာသူရွာသားတချို့နှင့် သက်ကြီးရွယ်အို၊ ကလေးတချို့မှာ ကာလသားရောဂါအဖြစ်ဆိုးမှ ကင်းဝေးပြီး တခြားရွာများသို့ပြောင်းရွေ့သွားနိုင်ကြသောကြောင့် ဒီဖြစ်ရပ်များသည် ဆက်နွယ်မှုရှိသည်ဟု ယုံကြည်လက်ခံကြပြီး အချင်းချင်းလက်ဆင့်ကမ်းပြောကြားခဲ့ကြခြင်းပင် ဖြစ်လေသည်။

မည်သို့ပင် ဆိုစေကာမူ ဇာတ်တူသားဆိုသည့် လူသားအချင်းချင်း လူတစ်ယောက်ရဲ့ အသားကို မစားသင့် မစားထိုက်ချေ။ တလောက ဖေ့ဘုတ်သတင်းတချို့တွင် တရုတ်ပြည်တွင် မွေးကင်းစကလေးများ၏အသားကို စားသည်ဟု သိရသဖြင့် အလွန်စိတ်မကောင်းဖြစ်မိခဲ့ရသည်။ သေပြီးသားဖြစ်စေ မသေသေးသူများ၏ အသားဖြစ်စေ မစားသင့်ချေ။ မေတ္တာဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ထားပြီး မကောင်းမှုပြုလုပ်ရမှာ ရှက်ခြင်း၊ ကြောက်ခြင်းဟူသော တရားများကိုလက်ကိုင်ထားလျက် လူသားအချင်းချင်းစာနာစိတ်ထားနိုင်ကြပါစေလို့ ဆုတောင်းရည်ရွယ်လျက်…..



ဖိုးသူတော် (www.phothutaw.com)
Credit: သရဲ သဘက် ဘီလူး အစရှိသော – ပေတလောကသားများအကြောင်း
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top