Property Expo
×

 မဂၤလာဒံုၿမိဳ႕နယ္ အ မွတ္(၃)လမ္းမ ေညာင္ပင္မွတ္ တိုင္အနီး ယမံုနာလမ္းသြယ္တြင္ ဓားဒဏ္ရာမ်ား ရရွိထားသည့္ အမ်ိဳးသမီးငယ္တစ္ဦးကို ကားေပၚမွ ပစ္ခ်ထားခဲ့သည့္အမႈ ျဖစ္ပြားေၾကာင္း သတင္းရရွိသည္။

ကားေပၚမွ ပစ္ခ်ခံရသည့္ အမ်ိဳးသမီးသည္ ေျမာက္ဒဂံုၿမိဳ႕ နယ္ (၃၃)ရပ္ကြက္ေန အသက္ (၁၈)ႏွစ္အရြယ္ မစႏၵာလြင္ျဖစ္ၿပီး လည္ပင္းတြင္ ဓားဒဏ္ရာႏွစ္ခ်က္၊ ဘယ္လက္တြင္ ဓားဒဏ္ရာႏွစ္ခ်က္ႏွင့္ ဦးေခါင္းတြင္ ႐ိုက္ႏွက္ခံရသည့္ ဒဏ္ရာတစ္ခ်က္ရရွိထားေၾကာင္း ပုလဲၿမိဳ႕ အရန္မီးသတ္တပ္ဖဲြ႕မွ တာ၀န္ရွိသူတစ္ ဦးကေျပာသည္။


‘‘ကြၽန္ေတာ္တို႔ကို ဖုန္းဆက္ ၿပီး အေၾကာင္းၾကားေတာ့ ၈ နာရီ မနစ္ ၄၀ ေလာက္မွာပါ။ ေနာက္ ၉ နာရီ တစ္ေခါက္ထပ္ၿပီး ဆက္ တယ္။ ဓားဒဏ္ရာေတြပါ ေတြ႕ တယ္ဆိုၿပီး ေျပာပါတယ္။ မိုးေတြ အရမ္းရြာေနေတာ့ သူ႔ကို သက္ သာေအာင္ ကုရတာခက္ခဲတယ္။ ကံေကာင္းတာကေတာ့ ေသြးထိန္း ႏိုင္လို႔ အသက္အႏၲရာယ္ေတာ့ မ ရွိေတာ့ပါဘူး’’ဟု ၎ကေျပာ သည္။

ဓားျဖင့္ထုိးကာ ကားေပၚမွ ပစ္ခ်ခံရသည့္ မစႏၵာလြင္သည္ ေအာက္တိုဘာ ၂၂ ရက္ နံနက္ တြင္ ခင္ပြန္းႏွင့္ ရန္ျဖစ္စကားမ်ား ၿပီးေနာက္ ဆရာစံလမ္းအတိုင္း တစ္ဦးတည္း လမ္းေလွ်ာက္လာ စဥ္ အမ်ိဳးသားတစ္ဦးက ကားေပၚ သို႔ ၿခိမ္းေျခာက္ေခၚတင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

‘‘ေကာင္မေလးကိုေမးေတာ့ အိမ္ကေယာက္်ားနဲ႔ ရန္ျဖစ္ၿပီး ထြက္လာတာလို႔ ေျပာတယ္။အိမ္ေထာင္က်တာေတာ့ ငါးလ ေလာက္ပဲ ရွိေသးတယ္ ေျပာ တယ္။ ကားေပၚေခၚတင္တဲ့သူက လက္မွာ ေဆးမင္ေၾကာင္ေတြရွိ တယ္။ လူေကာင္နည္းနည္းထြား တယ္။ ဒီေလာက္ပဲ မွတ္မိတယ္ လို႔ေျပာပါတယ္’’ဟု ပုလဲၿမိဳ႕အရန္ မီးသတ္တပ္ဖြဲ႕မွ တာ၀န္ရွိသူတစ္ဦးကေျပာသည္။

ဓားျဖင့္ထိုးခံရၿပီး လမ္းေဘး တြင္လဲေနစဥ္ ရတနာဓာတ္ဆီ ဆိုင္မွ အေရာင္း၀န္ထမ္းမ်ားက စတင္ေတြ႕ရွိၿပီးေနာက္ ပုလဲၿမိဳ႕ အရန္မီးသတ္တပ္ဖြဲ႕သို႔ အကူအညီေတာင္းခံခဲ့ၿပီး အမ်ိဳးသမီးကို ေျမာက္ဥကၠလာပေဆး႐ံုသို႔ တင္ပို႔ထားေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 မင်္ဂလာဒုံမြို့နယ် အ မှတ်(၃)လမ်းမ ညောင်ပင်မှတ် တိုင်အနီး ယမုံနာလမ်းသွယ်တွင် ဓားဒဏ်ရာများ ရရှိထားသည့် အမျိုးသမီးငယ်တစ်ဦးကို ကားပေါ်မှ ပစ်ချထားခဲ့သည့်အမှု ဖြစ်ပွားကြောင်း သတင်းရရှိသည်။

ကားပေါ်မှ ပစ်ချခံရသည့် အမျိုးသမီးသည် မြောက်ဒဂုံမြို့ နယ် (၃၃)ရပ်ကွက်နေ အသက် (၁၈)နှစ်အရွယ် မစန္ဒာလွင်ဖြစ်ပြီး လည်ပင်းတွင် ဓားဒဏ်ရာနှစ်ချက်၊ ဘယ်လက်တွင် ဓားဒဏ်ရာနှစ်ချက်နှင့် ဦးခေါင်းတွင် ရိုက်နှက်ခံရသည့် ဒဏ်ရာတစ်ချက်ရရှိထားကြောင်း ပုလဲမြို့ အရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ် ဦးကပြောသည်။


‘‘ကျွန်တော်တို့ကို ဖုန်းဆက် ပြီး အကြောင်းကြားတော့ ၈ နာရီ မနစ် ၄၀ လောက်မှာပါ။ နောက် ၉ နာရီ တစ်ခေါက်ထပ်ပြီး ဆက် တယ်။ ဓားဒဏ်ရာတွေပါ တွေ့ တယ်ဆိုပြီး ပြောပါတယ်။ မိုးတွေ အရမ်းရွာနေတော့ သူ့ကို သက် သာအောင် ကုရတာခက်ခဲတယ်။ ကံကောင်းတာကတော့ သွေးထိန်း နိုင်လို့ အသက်အန္တရာယ်တော့ မ ရှိတော့ပါဘူး’’ဟု ၎င်းကပြော သည်။

ဓားဖြင့်ထိုးကာ ကားပေါ်မှ ပစ်ချခံရသည့် မစန္ဒာလွင်သည် အောက်တိုဘာ ၂၂ ရက် နံနက် တွင် ခင်ပွန်းနှင့် ရန်ဖြစ်စကားများ ပြီးနောက် ဆရာစံလမ်းအတိုင်း တစ်ဦးတည်း လမ်းလျှောက်လာ စဉ် အမျိုးသားတစ်ဦးက ကားပေါ် သို့ ခြိမ်းခြောက်ခေါ်တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

‘‘ကောင်မလေးကိုမေးတော့ အိမ်ကယောက်ျားနဲ့ ရန်ဖြစ်ပြီး ထွက်လာတာလို့ ပြောတယ်။အိမ်ထောင်ကျတာတော့ ငါးလ လောက်ပဲ ရှိသေးတယ် ပြော တယ်။ ကားပေါ်ခေါ်တင်တဲ့သူက လက်မှာ ဆေးမင်ကြောင်တွေရှိ တယ်။ လူကောင်နည်းနည်းထွား တယ်။ ဒီလောက်ပဲ မှတ်မိတယ် လို့ပြောပါတယ်’’ဟု ပုလဲမြို့အရန် မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဓားဖြင့်ထိုးခံရပြီး လမ်းဘေး တွင်လဲနေစဉ် ရတနာဓာတ်ဆီ ဆိုင်မှ အရောင်းဝန်ထမ်းများက စတင်တွေ့ရှိပြီးနောက် ပုလဲမြို့ အရန်မီးသတ်တပ်ဖွဲ့သို့ အကူအညီတောင်းခံခဲ့ပြီး အမျိုးသမီးကို မြောက်ဥက္ကလာပဆေးရုံသို့ တင်ပို့ထားကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top