Property Expo
×

ကခ်င္ျပည္နယ္ မိုး ေမာက္ၿမိဳ႕တြင္ အဘြားႏွင့္အရြယ္ မေရာက္ေသးေသာ ေျမးႏွစ္ဦး သံုးေလာင္းၿပိဳင္ လူသတ္မႈျဖစ္ပြား ခဲ့ေၾကာင္း သတင္းရရိွိသည္။

မိုးေမာက္ၿမိဳ႕နယ္ မံပံုေက်း ရြာတြင္ ေအာက္တိုဘာ ၁၉ ရက္ နံနက္က ျဖစ္ပြားခဲ့ၿပီး အဘြားျဖစ္သူက ေျမးႏွစ္ဦးကိုသတ္ကာ ကိုယ့္ကိုယ္ကိုယ္ အဆံုးစီရင္ခဲ့ျခင္းျဖစ္ႏိုင္ေၾကာင္း ရဲတပ္ဖြဲ႔ႏွင့္ ေဒသခံမ်ားက လတ္တေလာ သံုးသပ္ထားသည္။

 မံပံု ေက်းရြာေန ဦးေမာင္ သိန္းႏွင့္ ဇနီးသည္ အသက္ (၁၀) ႏွစ္ႏွင့္ (၆)ႏွစ္အရြယ္ သားႏွင့္ သမီးကို အသက္ (၅၇) ႏွစ္အရြယ္ အဘြားျဖစ္သူႏွင့္အတူ အိမ္တြင္ ထားခဲ့ၿပီး ေစ်းေရာင္းအျပန္ ေအာက္တိုဘာ ၁၉ ရက္နံနက္ ၂ နာရီခန္႔က ယင္းကဲ့သို႔ အသတ္ ခံထားရသည္ကို ေတြ႕ရွိခဲ့ျခင္းျဖစ္ ေၾကာင္း မိုးေမာက္ၿမိဳ႕မရဲစခန္းမွ ရဲအရာရွိတစ္ဦးက ေျပာသည္။

‘‘အဘြားက ေျမးႏွစ္ေယာက္ ကိုသတ္တာလို႔ ကနဦးယူဆထား တယ္။ ဓားဒဏ္ရာေတြနဲ႔ ေသေန တာ။ သူ(အဘြား)က စိတ္က်န္း မာေရးမေကာင္းလို႔ ေဆးေသာက္ ေနရတဲ့သူ။ ကေလးႏွစ္ေယာက္ ကိုသတ္ၿပီး သူ႔ကိုယ္သူ ျပန္သတ္ လိုက္တဲ့ပံု။ ကြၽန္ေတာ္တို႔ စစ္ ေဆးေနပါတယ္’’ ဟု မိုးေမာက္ ၿမိဳ႕မ ရဲစခန္းမွ ရဲအရာရွိတစ္ဦးက ေျပာသည္။ ေသဆံုးသူ ကေလး ႏွစ္ဦးမွာ ပထမတန္းႏွင့္ တတိယ တန္းတက္ေရာက္ေနဆဲျဖစ္သည္။

လူသတ္မႈျဖစ္စဥ္ကို ရဲတပ္ ဖြဲ႕ႏွင့္အတူ စစ္ေဆးရာ ေသဆံုး သူ ကေလးႏွစ္ဦး၏ ေဘးတြင္ ေတြ႕ရေသာ ေသြးေပေနသည့္ ေျခရာမွာ အဘြားျဖစ္သူ၏ ေျခရာပင္ျဖစ္ေနၿပီး ကိုယ့္ကိုယ္ကိုယ္ ဓားျဖင့္ထုိးထားသည့္ ပံုစံျဖစ္ေန ေၾကာင္း မံပံုေက်းရြာအုပ္ခ်ဳပ္ေရး မွဴး ဦးေလာစီက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

ကချင်ပြည်နယ် မိုး မောက်မြို့တွင် အဘွားနှင့်အရွယ် မရောက်သေးသော မြေးနှစ်ဦး သုံးလောင်းပြိုင် လူသတ်မှုဖြစ်ပွား ခဲ့ကြောင်း သတင်းရရှိသည်။

မိုးမောက်မြို့နယ် မံပုံကျေး ရွာတွင် အောက်တိုဘာ ၁၉ ရက် နံနက်က ဖြစ်ပွားခဲ့ပြီး အဘွားဖြစ်သူက မြေးနှစ်ဦးကိုသတ်ကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့နှင့် ဒေသခံများက လတ်တလော သုံးသပ်ထားသည်။

 မံပုံ ကျေးရွာနေ ဦးမောင် သိန်းနှင့် ဇနီးသည် အသက် (၁၀) နှစ်နှင့် (၆)နှစ်အရွယ် သားနှင့် သမီးကို အသက် (၅၇) နှစ်အရွယ် အဘွားဖြစ်သူနှင့်အတူ အိမ်တွင် ထားခဲ့ပြီး ဈေးရောင်းအပြန် အောက်တိုဘာ ၁၉ ရက်နံနက် ၂ နာရီခန့်က ယင်းကဲ့သို့ အသတ် ခံထားရသည်ကို တွေ့ရှိခဲ့ခြင်းဖြစ် ကြောင်း မိုးမောက်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘အဘွားက မြေးနှစ်ယောက် ကိုသတ်တာလို့ ကနဦးယူဆထား တယ်။ ဓားဒဏ်ရာတွေနဲ့ သေနေ တာ။ သူ(အဘွား)က စိတ်ကျန်း မာရေးမကောင်းလို့ ဆေးသောက် နေရတဲ့သူ။ ကလေးနှစ်ယောက် ကိုသတ်ပြီး သူ့ကိုယ်သူ ပြန်သတ် လိုက်တဲ့ပုံ။ ကျွန်တော်တို့ စစ် ဆေးနေပါတယ်’’ ဟု မိုးမောက် မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။ သေဆုံးသူ ကလေး နှစ်ဦးမှာ ပထမတန်းနှင့် တတိယ တန်းတက်ရောက်နေဆဲဖြစ်သည်။

လူသတ်မှုဖြစ်စဉ်ကို ရဲတပ် ဖွဲ့နှင့်အတူ စစ်ဆေးရာ သေဆုံး သူ ကလေးနှစ်ဦး၏ ဘေးတွင် တွေ့ရသော သွေးပေနေသည့် ခြေရာမှာ အဘွားဖြစ်သူ၏ ခြေရာပင်ဖြစ်နေပြီး ကိုယ့်ကိုယ်ကိုယ် ဓားဖြင့်ထိုးထားသည့် ပုံစံဖြစ်နေ ကြောင်း မံပုံကျေးရွာအုပ်ချုပ်ရေး မှူး ဦးလောစီက ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top