Property Expo
×

ပဲခူးတုိင္းေဒသႀကီး ပန္း ေတာင္းၿမိဳ႕နယ္ ဥသွ်စ္ပင္ၿမိဳ႕တြင္ တပ္မေတာ္သားတစ္ဦးႏွင့္ အမ်ဳိး သမီးတစ္ဦးတုိ႔ ခ်ိန္းေတြ႕စဥ္ ေငြ ေၾကးေတာင္းသည့္ကိစၥႏွင့္ အ ခ်င္းမ်ားရာမွ အမ်ဳိးသမီးကို လည္ပင္းညႇစ္သတ္မႈျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

ဥသွ်စ္ပင္ၿမိဳ႕ ေလေၾကာင္း ရန္ကာကြယ္ေရးတပ္မွ အသက္ (၂၆)ႏွစ္အရြယ္ တပ္သားအဆင့္ ရွိ တပ္မေတာ္သားသည္ အသက္(၂၅)ႏွစ္အရြယ္ ကြမ္းယာေရာင္းသူ အမ်ဳိးသမီးႏွင့္ ပန္းေတာင္း-ေတာင္ကုတ္လမ္းမေဘး၊ တပ္မေတာ္ အမွတ္(၆၀၁) ဒုံးတပ္ရင္းအနီးရွိ လွ်ဳိေျမာင္တစ္ခုတြင္ ခ်ိန္းေတြ႕စဥ္ လူသတ္မႈျဖစ္ခဲ့ေၾကာင္းပန္းေတာင္းၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွဴးယာယီရဲမွဴးေက်ာ္ဆန္းက ေျပာသည္။

‘‘တပ္မေတာ္သားနဲ႔ ေသဆုံး သူအမ်ဳိးသမီးတုိ႔ ခ်ိန္းေတြ႕ရာမွာ တပ္မေတာ္သားကေန အမ်ဳိးသမီးထံက သုံးဖို႔ပုိက္ဆံေတာင္း တယ္။ အမ်ဳိးသမီးကမေပးေတာ့ တပ္မေတာ္သားက ဆြဲတြန္းလိုက္ တယ္။ အဲဒီမွာ အမ်ဳိးသမီးက ေအာ္လို႔ မေအာ္ေအာင္ ပါးစပ္ကို ပိတ္ရာကေန လက္လြန္သြား တယ္လုိ႔ စစ္ေဆးေပၚေပါက္ခဲ့ တယ္’’ဟု ယာယီရဲမွဴးေက်ာ္ဆန္း ကေျပာသည္။

 တပ္မေတာ္သားက အ မ်ဳိးသမီးေပၚ ခြထုိင္၍ လည္ပင္း ညႇစ္ၿပီး မေအာ္ႏုိင္ရန္ ပါးစပ္အ တြင္း ေျမႀကီးခဲမ်ား ပိတ္ဆုိ႔ခဲ့သည္ ဟု ထြက္ဆုိခဲ့ေၾကာင္း၊ အမ်ဳိးသ မီးမွာ အသက္႐ွဴလမ္းေၾကာင္း ပိတ္ကာ ေသဆုံးသြားသည့္ သ ေဘာျဖစ္ေၾကာင္း ပန္းေတာင္းၿမိဳ႕ နယ္ရဲတပ္ဖြဲ႕မွဴးကေျပာသည္။

ကြမ္းယာေရာင္းသူ အမ်ဳိးသမီး အေလာင္းတြင္ လက္ေကာက္၀တ္ ျပတ္ရွဒဏ္ရာရရွိခဲ့ၿပီး ဦးေခါင္းကုိ အုတ္ခဲမ်ား၊ ေျမႀကီးခဲမ်ားျဖင့္ ဖုံးအုပ္စြန္႔ပစ္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

လူေသအေလာင္းေတြ႕ရွိၿပီး ေနာက္ တပ္မေတာ္မွ တာ၀န္ရွိ သူမ်ားႏွင့္ ပန္းေတာင္းၿမိဳ႕နယ္ရဲ တပ္ဖြဲ႕တုိ႔ ပူးေပါင္းစုံစမ္းေဖာ္ထုတ္ခ့ဲျခင္းျဖစ္သည္။ အခင္းျဖစ္ပြားသည့္ေန႔တြင္ ပန္းေတာင္း-ေတာင္ကုတ္ကားလမ္းရွိ ဓာတ္ဆီဆုိင္ရွိ စီစီတီဗီမွတ္တမ္းမ်ားအရ တပ္မေတာ္သားႏွင့္ ေသဆုံးသူအမ်ဳိးသမီး ေမာင္းႏွင္လာသည့္ဆုိင္ကယ္ကို ေျခရာခံႏုိင္ခဲ့ၿပီး ေအာက္တုိဘာ ၂ ရက္တြင္ တပ္မေတာ္သားထံမွ ၀န္ခံထြက္ဆုိခ်က္ရရွိခဲ့ေၾကာင္း ပန္းေတာင္းၿမိဳ႕နယ္ရဲစခန္းမွသိရသည္။

 တပ္မေတာ္သားသည္ ၂၀၀၈ ကစ၍ ေလေၾကာင္းရန္ကာကြယ္ေရးတပ္တြင္ တာ၀န္ထမ္းေဆာင္ခဲ့ၿပီး လုပ္သက္ရွစ္ႏွစ္ခန္႔ရွိၿပီျဖစ္ေၾကာင္း သိရသည္။

တပ္မေတာ္သားကို ေလ ေၾကာင္းရန္ ကာကြယ္ေရးတပ္ (၂၀၃၄)ဗဟုိကင္းအခ်ဳပ္တြင္ခ်ဳပ္ ေႏွာင္ထားၿပီး စစ္တရား႐ုံးျဖင့္ စစ္ေဆးၿပီးေနာက္ အရပ္ဘက္တ ရား႐ုံးတြင္ အေရးယူေဆာင္ရြက္ ႏုိင္ရန္ ရဲတပ္ဖြဲ႕သုိ႔ ခုနစ္ရက္အ တြင္း ျပန္လည္လႊဲေျပာင္းေပးမည္ ျဖစ္ေၾကာင္းပန္းေတာင္ၿမိဳ႕နယ္ရဲ တပ္ဖြဲ႕မွ သိရသည္။

‘‘ေသဆုံးသြားတဲ့အမ်ဳိးသမီး က ကြမ္းယာဆုိင္ဖြင့္တယ္။ သူ႔ မွာ ေယာက္်ားရွိတယ္။ တျခားေန ရာမွာ အလုပ္သြားလုပ္ေနတယ္။ ဘယ္လိုအေၾကာင္းအရာေၾကာင့္ တပ္မေတာ္သားနဲ႔ လွ်ဳိေျမာင္တစ္ ခုမွာ ခ်ိန္းေတြ႕တယ္မသိဘူး’’ဟု ဥသွ်စ္ပင္ၿမိဳ႕ ေဒသခံအမ်ဳိးသား တစ္ဦးကေျပာသည္။

အမ်ဳိးသမီး၏ ကြမ္းယာဆုိင္ သုိ႔ တပ္မေတာ္သားသည္ အ၀င္ အထြက္မ်ားေၾကာင္း၊ တပ္မေတာ္ သားမွာ ကြမ္းယာဆုိင္အနီးရွိ စာသင္ေက်ာင္း တစ္ေက်ာင္းတြင္ တပ္တြင္းေက်ာင္းသားႀကိဳပုိ႔ကား  ေမာင္းသူျဖစ္ၿပီး အမ်ဳိးသမီး အိမ္ ေထာင္မက်မီကပင္ သမီးရည္း စားျဖစ္ဖူးသူျဖစ္ေၾကာင္း ေဒသခံ တစ္ဦးကေျပာသည္။ ေသဆုံးသူ တြင္ သားသမီး မက်န္ရစ္ခဲ့ ေၾကာင္း သိရသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily

#Unicode Version

ပဲခူးတိုင်းဒေသကြီး ပန်း တောင်းမြို့နယ် ဥသျှစ်ပင်မြို့တွင် တပ်မတော်သားတစ်ဦးနှင့် အမျိုး သမီးတစ်ဦးတို့ ချိန်းတွေ့စဉ် ငွေ ကြေးတောင်းသည့်ကိစ္စနှင့် အ ချင်းများရာမှ အမျိုးသမီးကို လည်ပင်းညှစ်သတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဥသျှစ်ပင်မြို့ လေကြောင်း ရန်ကာကွယ်ရေးတပ်မှ အသက် (၂၆)နှစ်အရွယ် တပ်သားအဆင့် ရှိ တပ်မတော်သားသည် အသက်(၂၅)နှစ်အရွယ် ကွမ်းယာရောင်းသူ အမျိုးသမီးနှင့် ပန်းတောင်း-တောင်ကုတ်လမ်းမဘေး၊ တပ်မတော် အမှတ်(၆၀၁) ဒုံးတပ်ရင်းအနီးရှိ လျှိုမြောင်တစ်ခုတွင် ချိန်းတွေ့စဉ် လူသတ်မှုဖြစ်ခဲ့ကြောင်းပန်းတောင်းမြို့နယ် ရဲတပ်ဖွဲ့မှူးယာယီရဲမှူးကျော်ဆန်းက ပြောသည်။

‘‘တပ်မတော်သားနဲ့ သေဆုံး သူအမျိုးသမီးတို့ ချိန်းတွေ့ရာမှာ တပ်မတော်သားကနေ အမျိုးသမီးထံက သုံးဖို့ပိုက်ဆံတောင်း တယ်။ အမျိုးသမီးကမပေးတော့ တပ်မတော်သားက ဆွဲတွန်းလိုက် တယ်။ အဲဒီမှာ အမျိုးသမီးက အော်လို့ မအော်အောင် ပါးစပ်ကို ပိတ်ရာကနေ လက်လွန်သွား တယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့ တယ်’’ဟု ယာယီရဲမှူးကျော်ဆန်း ကပြောသည်။

 တပ်မတော်သားက အ မျိုးသမီးပေါ် ခွထိုင်၍ လည်ပင်း ညှစ်ပြီး မအော်နိုင်ရန် ပါးစပ်အ တွင်း မြေကြီးခဲများ ပိတ်ဆို့ခဲ့သည် ဟု ထွက်ဆိုခဲ့ကြောင်း၊ အမျိုးသ မီးမှာ အသက်ရှူလမ်းကြောင်း ပိတ်ကာ သေဆုံးသွားသည့် သ ဘောဖြစ်ကြောင်း ပန်းတောင်းမြို့ နယ်ရဲတပ်ဖွဲ့မှူးကပြောသည်။

ကွမ်းယာရောင်းသူ အမျိုးသမီး အလောင်းတွင် လက်ကောက်ဝတ် ပြတ်ရှဒဏ်ရာရရှိခဲ့ပြီး ဦးခေါင်းကို အုတ်ခဲများ၊ မြေကြီးခဲများဖြင့် ဖုံးအုပ်စွန့်ပစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လူသေအလောင်းတွေ့ရှိပြီး နောက် တပ်မတော်မှ တာဝန်ရှိ သူများနှင့် ပန်းတောင်းမြို့နယ်ရဲ တပ်ဖွဲ့တို့ ပူးပေါင်းစုံစမ်းဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။ အခင်းဖြစ်ပွားသည့်နေ့တွင် ပန်းတောင်း-တောင်ကုတ်ကားလမ်းရှိ ဓာတ်ဆီဆိုင်ရှိ စီစီတီဗီမှတ်တမ်းများအရ တပ်မတော်သားနှင့် သေဆုံးသူအမျိုးသမီး မောင်းနှင်လာသည့်ဆိုင်ကယ်ကို ခြေရာခံနိုင်ခဲ့ပြီး အောက်တိုဘာ ၂ ရက်တွင် တပ်မတော်သားထံမှ ဝန်ခံထွက်ဆိုချက်ရရှိခဲ့ကြောင်း ပန်းတောင်းမြို့နယ်ရဲစခန်းမှသိရသည်။

 တပ်မတော်သားသည် ၂၀၀၈ ကစ၍ လေကြောင်းရန်ကာကွယ်ရေးတပ်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး လုပ်သက်ရှစ်နှစ်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

တပ်မတော်သားကို လေ ကြောင်းရန် ကာကွယ်ရေးတပ် (၂၀၃၄)ဗဟိုကင်းအချုပ်တွင်ချုပ် နှောင်ထားပြီး စစ်တရားရုံးဖြင့် စစ်ဆေးပြီးနောက် အရပ်ဘက်တ ရားရုံးတွင် အရေးယူဆောင်ရွက် နိုင်ရန် ရဲတပ်ဖွဲ့သို့ ခုနစ်ရက်အ တွင်း ပြန်လည်လွှဲပြောင်းပေးမည် ဖြစ်ကြောင်းပန်းတောင်မြို့နယ်ရဲ တပ်ဖွဲ့မှ သိရသည်။

‘‘သေဆုံးသွားတဲ့အမျိုးသမီး က ကွမ်းယာဆိုင်ဖွင့်တယ်။ သူ့ မှာ ယောက်ျားရှိတယ်။ တခြားနေ ရာမှာ အလုပ်သွားလုပ်နေတယ်။ ဘယ်လိုအကြောင်းအရာကြောင့် တပ်မတော်သားနဲ့ လျှိုမြောင်တစ် ခုမှာ ချိန်းတွေ့တယ်မသိဘူး’’ဟု ဥသျှစ်ပင်မြို့ ဒေသခံအမျိုးသား တစ်ဦးကပြောသည်။

အမျိုးသမီး၏ ကွမ်းယာဆိုင် သို့ တပ်မတော်သားသည် အဝင် အထွက်များကြောင်း၊ တပ်မတော် သားမှာ ကွမ်းယာဆိုင်အနီးရှိ စာသင်ကျောင်း တစ်ကျောင်းတွင် တပ်တွင်းကျောင်းသားကြိုပို့ကား  မောင်းသူဖြစ်ပြီး အမျိုးသမီး အိမ် ထောင်မကျမီကပင် သမီးရည်း စားဖြစ်ဖူးသူဖြစ်ကြောင်း ဒေသခံ တစ်ဦးကပြောသည်။ သေဆုံးသူ တွင် သားသမီး မကျန်ရစ်ခဲ့ ကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top