Kantharyar Centre
×

 ခ်စ္တာတစ္ခုတည္းနဲ႕ျဖင့္ မျပီးနိုင္ေတာ့တဲ့ ေခတ္ျမန္မာႏိုင္ငံ လူဦးေရ၏အ သက္ (၁၅) ႏွစ္မွ (၄၉) ႏွစ္ အတြင္း ရွိသူ အသက္ အပိုင္းအျခား အ တြင္းမွ ထက္ဝက္ခန္႔သည္ အိမ္ ေထာင္မျပဳၾကဘဲ ေနထိုင္လ်က္ရွိ ေနၾကသည္ ဆိုသည့္ သတင္းထုတ္ ျပန္ခ်က္ တစ္ခုကို ကမၻာ့လူဦးေရ ေန႔ အထိမ္းအမွတ္ အျဖစ္ က်င္းပ သည့္ အခမ္းအနားဆီမွ ၾကားလိုက္ ရသည္။ က်ား၊ မ ရာခိုင္ႏႈန္း အ ခ်ိဳးအဆ အေနႏွင့္မူ အဆိုပါအ သက္အပိုင္း အျခားရွိ လူဦးေရထဲ မွ ထက္ဝက္ခန္႔၏ အမ်ိဳးသမီး ၄၄ ရာခိုင္ႏႈန္းႏွင့္ အမ်ိဳးသား ၄၇ ရာ ခိုင္ႏႈန္းတို႔သည္ အိမ္ေထာင္ မျပဳ ဘဲေနထိုင္ၾက သည္ဟုဆိုေလ၏။

သို႔ဆိုေသာ္လည္း ထိုသို႔အိမ္ ေထာင္မျပဳၾကသူေတြမွာ အမ်ိဳး သမီးႏွင့္အမ်ိဳးသားတို႔၏ သဘာဝ ဓမၼတာအရ က်ား၊ မခ်စ္ကြ်မ္းဝင္မႈ မ်ားမရွိၾကဟု ဆိုျခင္းမဟုတ္ ေၾကာင္း။ ထိုထုတ္ျပန္ခ်က္က ထပ္ မံဖြင့္ဆိုထားျပန္သည္။ ထို သတင္း ကို အေသအခ်ာစဥ္းစား မိသည့္ အခါ ေကာင္းသတင္းမဟုတ္။ အ ႏုတ္လကၡဏာေဆာင္ေသာ သ တင္းသာျဖစ္ေလဟုထင္သည္။ စင္စစ္လူသားတစ္ေယာက္ ျဖစ္ လာသည္ႏွင့္ အခ်ိန္တန္ အရြယ္ ေထာင္ျပဳၾကသည္ဆိုျခင္းမွာ သ ဘာဝလည္းျဖစ္၊ ဓမၼတာလည္း ျဖစ္ေလသည္။ ထိုသဘာဝ ဓမၼတာ သည္ သဘာဝဓမၼတာ အတိုင္း ျဖစ္ မလာဘဲႏွင့္ ေဖာက္လွဲ ေဖာက္ျပန္ ျဖစ္လာၿပီဆိုသည့္အခါ တစ္ခုခု အမွားအယြင္းေတာ့ျဖင့္ ရွိေနၿပီ ျဖစ္ေၾကာင္း ေသခ်ာေလသည္။

လြန္ခဲ့သည့္ ခုနွစ္၊ ရွစ္နွစ္ ခန္႔တုန္းက သားသမီးအရင္းလို ခင္မင္ေနသည့္ ကေလးမေလး တစ္ေယာက္ကေမးဖူးသည္။ " ဆရာအိမ္ေထာင္ေရး တစ္ခုမွာ အခ်စ္နဲ႔ ဓနေငြေၾကး ဘယ္ဟာ ဟာပိုအေရးႀကီးသလဲ"တဲ့။

သည္ကေလးမေလးက ကေလးမေလး ဆိုရေသာ္လည္း တစ္ဆယ္ေက်ာ္ငါးႏွစ္ပတ္လည္ . . . တင့္တင့္တို႔အရြယ္ဆိုသည့္ သီခ်င္းလို ၿမီးေကာင္ေပါက္စ အရြယ္မဟုတ္ေတာ့။ ျမန္မာစာ ႏွင့္ မဟာဘြဲ႕ယူထားၿပီးသည့္ အ သက္ ၃၀ နားကပ္ေနသည့္ အရြယ္။ ေျပာရလွ်င္ သည္အရြယ္မွ အၿမီး မေပါက္ ဘာေမ်ာက္တဲ့လဲကြဲ႕ ဆို သည့္အရြယ္။ သည္ေတာ့ သူ႔အိမ္ ေထာင္ေရးလမ္းခရီးအတြက္ ဆံုး ျဖတ္ခ်က္တစ္ခုေတာ့ျဖင့္ ခ်ီတံုခ် တံုျဖစ္ေနေၾကာင္း သေဘာေပါက္ လိုက္မိသည္။

အေမးရွိၿပီဆိုေတာ့ ေျဖမွ ေတာ့ျဖစ္မည္။ သို႔ေသာ္ ေျဖရမည္ ကလည္းခက္ခက္။ ကိုယ့္ရွိရင္းစြဲ အေတြးအရေတာ့ျဖင့္ အခ်စ္မပါ သည့္အိမ္ေထာင္ေရးဆိုသည္ကို အႏွစ္အသားမပါသည့္ ဥခြံတစ္ လံုးလို႔သာ ထင္ထားမိသည္။ အ ခ်စ္မပါဘဲႏွင့္ေတာ့ျဖင့္လည္း အိမ္ေထာင္တစ္ခု မတည္သင့္ဟု ကိုယ့္ဘာသာအယူအဆခိုင္မာ ထားခဲ့သည္။ သို႔ေသာ္ ခုေခတ္က သည္လိုမဟုတ္ႏိုင္ေတာ့တာလား ထင္သည္။ " တူႏွစ္ကိုယ္တဲ အိုပ်က္ မွာ ေနရ ခ်စ္တာပဓာန" သီခ်င္း က ဒိတ္ကုန္သြားခဲ့ၿပီပဲထင္သည္။ သည္ေတာ့ ခ်င့္ခ်င့္ခ်ိန္ခ်ိန္ႏွင့္ပင္ ေျဖရသည္။

ကိုယ့္ဘဝထဲက တစ္သက္ လံုးစာအေရးအႀကီးဆံုးေဆးမင္ ရည္စုတ္ထိုးရတဲ့ အိမ္ေထာင္ေရး ဆိုတာမွာလည္း အခ်စ္ကပဲ နံပါတ္တစ္ျဖစ္လာခဲ့တယ္ထင္ ပါရဲ႕။ ဒါကလည္း ကာလ သတ္မွတ္ ခ်က္ေတာ့ရွိေနသလားပဲ။ဆရာ တို႔ေခတ္အခါတုန္းကနဲ႔ေတာ့ ဒီေခတ္က မတူႏိုင္ေတာ့ဘူးထင္ ပါရဲ႕။ လြန္ခဲ့တဲ့ ႏွစ္သံုးေလးငါး ဆယ္ ဆရာတို႔ေခတ္တုန္းကေတာ့ လစာနည္း ဝန္ထမ္းအဆင့္ျဖစ္ တဲ့ လစာတစ္ရာႏွစ္ဆယ့္ေျခာက္ က်ပ္ပဲရတဲ့ မူလတန္းျပဆရာ တစ္ေယာက္က သူ႔မိသားစုေလး ငါးေယာက္ကို ထမင္းဝေအာင္ ေကြ်းႏိုင္႐ံုမက က်န္းမာေရး၊ ပညာေရးပါ လူတမ္းေစ့ေအာင္ ထားႏိုင္ခဲ့တာကိုးသမီးရယ္။

ဘဝတူ မူလတန္းျပဆရာနဲ႔ဆရာမ ေမတၲာမွ်လို႔ အိမ္ေထာင္ျပဳၾက မယ္ဆို လစဥ္ ေရႊငါးမူးသား ေလာက္ဝယ္စုႏိုင္တယ္ဆိုတဲ့ ေခတ္ ေလကြာ။ ဒီေတာ့လည္း ဘဝက ခြင့္ျပဳခ်က္အရကို အခ်စ္က နံပါတ္ တစ္ျဖစ္ႏိုင္ခဲ့တယ္လို႔လည္း ဆိုႏိုင္ ပါတယ္။ အခု သမီးတို႔ ေခတ္ ေရာက္ေတာ့ သမီးခုနက ေမးတဲ့ ေမးခြန္းမ်ိဳးကို ေမးရေတာ့မယ့္ ေခတ္ကိုေရာက္သြားခဲ့ၿပီလို႔ ဆရာ နားလည္ပါတယ္။ တစ္ခု အႀကံ ေပးခ်င္တာကေတာ့ အခ်စ္ ဆိုတာ နဲ႔ ဥစၥာဓနဆိုတာရဲ႕ ႏွစ္ဖက္လံုး အစြန္းကိုမေရာက္ေအာင္ သတိ နဲ႔ဆံုးျဖတ္ဖို႔ပါပဲ။

ကြ်န္ေတာ့္အေျဖေၾကာင့္ က ေလးမေလးက မခ်ိၿပံဳးၿပံဳးသည္။ လြန္ခဲ့သည့္ေႏြေႏွာင္းတုန္း ကေတာ့ မထင္မမွတ္ႏွင့္ပင္ သည္ ကေလးမေလးထံမွ မဂၤလာပြဲဖိတ္ သည့္ တယ္လီဖုန္းရသည္။ "ဆရာ က ကိုယ့္မိဘလိုပဲမို႔ ဆက္ဆက္ လာခဲ့ပါေနာ္"တဲ့။တစ္ ဆက္တည္း ေျပာသည္က "သူက သမီးထက္ ရွစ္ႏွစ္ေတာင္ႀကီး တယ္ဆရာရဲ႕" တဲ့။

သူ႕အသက္ပင္ (၄၀) ဆိုသည့္ အခါ သူတို႔ဇနီးေမာင္ႏွံအတြက္ မ်ိဳးဆက္ကို သူတို႔ဘယ္လိုစဥ္းစား ထားၾကသည္လဲ။ တကယ္က မိမိ၏မ်ိဳးဆက္ဆိုသည္က မိမိ တို႔၏ ပုဂၢလိကအိမ္ေထာင္တစ္ခု အတြက္သာမက လူ႔ေဘာင္တစ္ခု လံုးအတြက္လည္း လူသားမ်ိဳး ဆက္၏ အခန္းက႑မွာ အလြန္ အေရးႀကီးလွ၏။ လူသားမ်ိဳးဆက္ တည္တံ့ျပန္႔ပြားေရးဆိုသည္က လူ သားတိုင္း၏တာဝန္ျဖစ္သည္ဟု ထင္သည္။ သို႔ပါလ်က္ အိမ္ ေထာင္ျပဳသူဦးေရနည္းပါးလာ ျခင္း(သို႔မဟုတ္) အခ်ိန္ႏွင့္အခါ ႏွင့္ အိမ္ေထာင္မျပဳျဖစ္ၾကျခင္းဆို သည္မွာ ဘယ္လိုပဲေတြးေတြး အေပါင္းလကၡဏာေတာ့ျဖင့္မျဖစ္ ႏိုင္ဟုေတြးမိ၏။

ယခုေတာ့ ျမန္မာႏိုင္ငံ အ တြင္းမွ အသက္ (၁၅) ႏွစ္မွ (၄၉) ႏွစ္ အတြင္းရွိသူ က်ား၊ မေပါင္း လူဦး ေရ၏ ထက္ဝက္ခန္႔သည္ သမုဒယ ေတြ၊ အခ်စ္စိတ္ေတြ၊ ေမတၲာတ ရားေတြ ကုန္ခန္းသြား ၾက၍လည္း မဟုတ္ပါဘဲ အျဗဟၼစရိယာပုဒ္ကို ေစာင့္ထိန္းကာ အာသေဝါေတြ ကုန္ခန္းၾကသျဖင့္ နိဗၺာန္ကူးလု ဆဲဆဲ တစ္မဂ္တစ္ဖိုလ္ဆိုက္ၾက မည့္ အရိယာပုဂၢိဳလ္ေတြလည္း မ ဟုတ္ၾကပါဘဲလ်က္ အိမ္ေထာင္ မျပဳၾကဟုဆိုေလသည္။

သည္ေတာ့ ဘာေတြျဖစ္လာ သနည္း။ ရွင္းသည္။ ၂၄ နာရီ အတြင္းစားရသည့္ တားေဆးေတြ ေရာင္းေကာင္းသည္ဟု လမ္းေဘး ေဆးဆိုင္ေတြကဆိုၾကသည္။ တစ္ လခံ၊ သံုးလခံေဆးေတြလည္းေဆး ခန္းမ်ားတြင္ အေတာ္ထိုးေပးရ သည္။ နာရီပိုင္းႏွင့္ငွားသည့္ တည္းခိုခန္းေတြေပါလာသည္။ LI ဟု အတိုေကာက္ ေခၚေနၾက ေသာ တစ္ဦးအေပၚတစ္ဦးအျပန္ အလွန္တာဝန္ယူမႈ မရွိသည့္ တာ ဝန္ယူစရာလည္းမလိုသည့္ Living Together ေခၚ လြတ္လပ္စြာ ဖိုမ ဆက္ဆံေရးမ်ိဳးေတြ ေခတ္စား လာသည္။ လက္ထပ္ပြဲမဂၤလာဦး ညအထိ အမြန္တျမတ္ထိန္းသိမ္း ေစာင့္ေရွာက္ထားေလ့ရွိၾကသည့္ ကြ်ႏု္ပ္တို႔ ျမန္မာအမ်ိဳးသမီးငယ္ ေလးေတြ၏ အပ်ိဳဂုဏ္ဆိုတာေတြ လည္း ခုေတာ့ျဖင့္ ဟင္းရြက္ကန္ စြန္းထက္ ေဈးေပါသြားၾကၿပီလား ထင္သည္။

ဟိုတစ္ေလာကေဖ့စ္ ဘြတ္ခ္စာမ်က္ႏွာမွာ အမ်ိဳးသမီး ေလးတစ္ေယာက္က ရင္နင့္နင့္ ႏွင့္ေရးထားသည့္သေဘာထား စာစုေလး တစ္ပုဒ္ဖတ္လိုက္ရ သည္။ တကၠသိုလ္ေက်ာင္းအမ်ိဳး သမီးအိမ္သာေတြနားမွာ၊ပုဂၢလိ က အမ်ိဳးသမီးေဆာင္ေတြက ေရအိမ္ အမိႈက္ျခင္းေတြထဲမွာ ကိုယ္ဝန္ ရွိ၊ မရွိ ဆီးစစ္သည့္ ပစၥည္းေလးေတြ ေတြ႕ç ေတြ႕ေနရ တတ္သတဲ့။ ဗဟိုအမ်ိဳးသမီးေဆး ႐ံုႀကီးတြင္ တက္ေရာက္ ကုသရင္း အသက္ပ်က္စီး ဆံုး႐ံႈးရသည့္ ဦး ေရထဲတြင္ ကိုယ္ဝန္ဖ်က္ခ်မႈ ေၾကာင့္ေသဆံုးရသည့္ဦးေရစာ ရင္းက ပိုမ်ားေနသည္တဲ့။

ေတြးၾကည့္သည့္အခါ သည္ ကိစၥေတြအားလံုးသည္ အႏုတ္ လကၡဏာေတြခ်ည္းျဖစ္ေနသည္။ သည္အႏုတ္လကၡဏာမ်ား၏ လက္သည္တရားခံကိုရွာေတာ့ ေဝးေဝးလံလံမွာမဟုတ္။ ကြ်ႏု္ပ္ တို႔ေန႔စဥ္ႏွင့္အမွ် ရင္ဆိုင္ေနၾကရ ေသာ ဝင္ေငြ၊ ထြက္ေငြမညီမွ်မႈ စီးပြားေရး ျပႆနာႀကီးသာ ျဖစ္ေန ေလေတာ့၏။

အိမ္ေထာင္တစ္ခုကို လူႏွင့္ တူတူ သူႏွင့္တန္တန္ တင့္ေတာင့္ တင့္တယ္ရွိေအာင္လုပ္ဖို႔ဆိုသည္ က သည္ေခတ္ထဲမွာ လူငယ္ေလး ေတြအတြက္ ဓားေတာင္ႏွင့္မီးပင္ လယ္ကိုျဖတ္ရဖို႔ထက္ ခက္ခဲသည့္ ကိစၥျဖစ္လာသည္။ သို႔ႏွင့္ပင္ တည္ တည္တံ့တံ့ျဖင့္ ခိုင္မာေအာင္ တည္ ေဆာက္ရမည့္ အိမ္ေထာင္တစ္ခု ထက္ ပါးလႊာသည့္ အထိမခံ ထိ လြယ္ရွလြယ္ဖိုမကိစၥ ဘက္သို႔သာ ေပါက္ထြက္သည့္အခါ အထက္ တြင္ ေဖာ္ျပခဲ့သည့္ တလြဲလမ္း ေၾကာင္းမ်ားဆီသို႔သာ ေရဦးလည္ ေတာ့၏။

ဒါက စဥ္းစားတတ္၊ေတြးေခၚ တတ္သည့္ ပညာတတ္လူလတ္ တန္းစား ေအာက္လႊာမွ လူငယ္ ေလးမ်ား အမ်ားစု၏ လက္ရွိ ျဖစ္ ေပၚေနေသာ ေရစီးေၾကာင္း ျဖစ္ ေလသည္။ သို႔ေသာ္ သူတို႔ ကဲ့သို႔ မစဥ္းစားႏိုင္ၾကသူ၊ မစဥ္းစား တတ္ၾကသူ ပညာမဲ့ ေအာက္ေျခ လူတန္းစားအလႊာမွ လူငယ္ေတြ ကမူ ႐ိုးသားစြာျဖင့္ပင္ သူတို႔ ဘဝကိုသူတို႔ ရွင္းရွင္းျပတ္ျပတ္ ေဆာင္ရြက္တတ္ၾကေလသည္။ အနာဂတ္အတြက္ ဘာအတြက္၊ သားသမီးေရွ႕ေရး၊ ပညာေရး၊ က်န္းမာေရး ဘာမွ် မစဥ္းစား။ စဥ္းစားႏိႈင္းယွဥ္စရာလည္း သူ႔ ပတ္ဝန္းက်င္မွာ အတူတူႏွင့္ အႏူႏူ ခ်ည္းမို႔ ခ်စ္တဲ့သူေတြ႕လွ်င္ဆို ဝမ္း တူးသရီးႏွင့္ ၿပိဳင္တူစိန္ ေခၚရသည္ ပင္ၾကာသလားလို႔ ထင္ၾကေသး သည္။ ေပ်ာ္ေပ်ာ္ ပါးပါးႏွင့္ပင္ ဘဝ ထဲ ပုဆိုးတန္းတင္လင္မယား အ ျဖစ္ ခပ္ျမန္ျမန္ႏွင့္ခပ္ရဲရဲ လက္တြဲ ပစ္လိုက္ၾကသည္။ ေမြးလာသည့္ ကေလးေတြက်ေတာ့လည္း ပညာ တတ္ဖို႔၊ မတတ္ဖို႔ထက္ မိ႐ိုးဖလာ ေကာက္စိုက္၊ ပ်ိဳးႏုတ္၊ လယ္သူရင္း ငွား ဘဝျဖင့္အ႐ိုးထုတ္ၾကေပေရာ့ ဆိုသည့္ ဘဝေတြ ျဖစ္ေနသည္။

အားလံုးကို ၿခံဳၾကည့္လိုက္ ေသာအခါ ထိုသို႔ေသာလူတန္းစား မတူညီၾကသည့္ လူလတ္တန္းစား၊ လူလတ္တန္းစားေအာက္လႊာႏွင့္ အေျခခံလူတန္းစားထဲမွ လူငယ္ မ်ား၏ အိမ္ေထာင္ေရးအေျခအ ေနမ်ားက အနာဂတ္အ႐ုဏ္ဦး အေပၚ တိမ္မည္းတိမ္ပုပ္တို႔ လႊမ္း မိုးေနသလားဟု ခံစားမိသည္။

ျမန္မာ့လူဦးေရႏွင့္ပတ္သက္ ၍ ထုတ္ျပန္ထားေသာ စာရင္း ဇယားတစ္ခုတြင္ ေသဆံုးႏႈန္း ထက္ ေမြးဖြားႏႈန္းက အဆမတန္ နိမ့္က်ေနသျဖင့္ ၂၀၁၅ တြင္ အလုပ္မလုပ္ႏိုင္ေတာ့ေသာ သက္ ႀကီးရြယ္အိုေတြက အလုပ္လုပ္ႏိုင္ သူ ဦးေရထက္ မ်ားျပားလာမည္ ဟုဆိုေနသည္။ ယခုႏႈန္းထား အတိုင္းရွိေနမည္ဆိုလွ်င္ ျမန္မာ ႏိုင္ငံ၏ စီးပြားေရးဖြံ႔ၿဖိဳးတိုးတက္ လာမည့္ ေနာင္ဆယ္စုႏွစ္မ်ားတြင္ အမွန္တကယ္စြမ္းေဆာင္ႏိုင္အား ရွိေသာ လုပ္သားစြမ္းရည္မ်ား လို အပ္မႈကို ျပည့္မီေအာင္ျဖည့္ဆည္း ေပးႏိုင္လိမ့္မည္မဟုတ္ဟု ေဟာ ကိန္းေတြထုတ္ေနၾကသည္။

ေတြးမိေတာ့ ပညာ အေၾကာင္း သိၾကသည့္ ပညာတတ္ လူလတ္ တန္းစားအလႊာကလည္း အိမ္ ေထာင္သားေမြးကိစၥအတြက္ လက္ တြန္႔ကာ တာဝန္မဲ့ ဖိုမေရစီးထဲ သို႔သာ ေမွ်ာခ်ေနၾက။ ပညာ အ ေၾကာင္း အေလးအနက္ မထား တတ္သည့္ ေအာက္ေျခအလႊာက လည္း က်န္းမာေရးႏွင့္ ပညာေရး တြင္ ခ်ိဳ႕တဲ့ႏံုနဲ႕ေသာ ကေလးေတြ ကို ေဖာေဖာ သီသီေမြး ထုတ္ေနၾက ဟုဆိုခဲ့လွ်င္ ကြ်ႏု္ပ္တို႔ ႏိုင္ငံေတာ္ ၏ အနာဂတ္ မ်ိဳးဆက္ လွပရွင္သန္ ေရးကို မည္သို႔မည္ပံု ေတြးေတာပူ ပန္ဝိုင္းဝန္း၍ ကြ်ႏု္ပ္တို႔အားလံုး ေဆာင္ရြက္ႏိုင္ၾကပါ မည္နည္းဟု စဥ္းစားရင္းျဖင့္...

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day News

#Unicode Version
 ချစ်တာတစ်ခုတည်းနဲ့ဖြင့် မပြီးနိုင်တော့တဲ့ ခေတ်မြန်မာနိုင်ငံ လူဦးရေ၏အ သက် (၁၅) နှစ်မှ (၄၉) နှစ် အတွင်း ရှိသူ အသက် အပိုင်းအခြား အ တွင်းမှ ထက်ဝက်ခန့်သည် အိမ် ထောင်မပြုကြဘဲ နေထိုင်လျက်ရှိ နေကြသည် ဆိုသည့် သတင်းထုတ် ပြန်ချက် တစ်ခုကို ကမ္ဘာ့လူဦးရေ နေ့ အထိမ်းအမှတ် အဖြစ် ကျင်းပ သည့် အခမ်းအနားဆီမှ ကြားလိုက် ရသည်။ ကျား၊ မ ရာခိုင်နှုန်း အ ချိုးအဆ အနေနှင့်မူ အဆိုပါအ သက်အပိုင်း အခြားရှိ လူဦးရေထဲ မှ ထက်ဝက်ခန့်၏ အမျိုးသမီး ၄၄ ရာခိုင်နှုန်းနှင့် အမျိုးသား ၄၇ ရာ ခိုင်နှုန်းတို့သည် အိမ်ထောင် မပြု ဘဲနေထိုင်ကြ သည်ဟုဆိုလေ၏။

သို့ဆိုသော်လည်း ထိုသို့အိမ် ထောင်မပြုကြသူတွေမှာ အမျိုး သမီးနှင့်အမျိုးသားတို့၏ သဘာဝ ဓမ္မတာအရ ကျား၊ မချစ်ကျွမ်းဝင်မှု များမရှိကြဟု ဆိုခြင်းမဟုတ် ကြောင်း။ ထိုထုတ်ပြန်ချက်က ထပ် မံဖွင့်ဆိုထားပြန်သည်။ ထို သတင်း ကို အသေအချာစဉ်းစား မိသည့် အခါ ကောင်းသတင်းမဟုတ်။ အ နုတ်လက္ခဏာဆောင်သော သ တင်းသာဖြစ်လေဟုထင်သည်။ စင်စစ်လူသားတစ်ယောက် ဖြစ် လာသည်နှင့် အချိန်တန် အရွယ် ထောင်ပြုကြသည်ဆိုခြင်းမှာ သ ဘာဝလည်းဖြစ်၊ ဓမ္မတာလည်း ဖြစ်လေသည်။ ထိုသဘာဝ ဓမ္မတာ သည် သဘာဝဓမ္မတာ အတိုင်း ဖြစ် မလာဘဲနှင့် ဖောက်လှဲ ဖောက်ပြန် ဖြစ်လာပြီဆိုသည့်အခါ တစ်ခုခု အမှားအယွင်းတော့ဖြင့် ရှိနေပြီ ဖြစ်ကြောင်း သေချာလေသည်။

လွန်ခဲ့သည့် ခုနှစ်၊ ရှစ်နှစ် ခန့်တုန်းက သားသမီးအရင်းလို ခင်မင်နေသည့် ကလေးမလေး တစ်ယောက်ကမေးဖူးသည်။ " ဆရာအိမ်ထောင်ရေး တစ်ခုမှာ အချစ်နဲ့ ဓနငွေကြေး ဘယ်ဟာ ဟာပိုအရေးကြီးသလဲ"တဲ့။

သည်ကလေးမလေးက ကလေးမလေး ဆိုရသော်လည်း တစ်ဆယ်ကျော်ငါးနှစ်ပတ်လည် . . . တင့်တင့်တို့အရွယ်ဆိုသည့် သီချင်းလို မြီးကောင်ပေါက်စ အရွယ်မဟုတ်တော့။ မြန်မာစာ နှင့် မဟာဘွဲ့ယူထားပြီးသည့် အ သက် ၃၀ နားကပ်နေသည့် အရွယ်။ ပြောရလျှင် သည်အရွယ်မှ အမြီး မပေါက် ဘာမျောက်တဲ့လဲကွဲ့ ဆို သည့်အရွယ်။ သည်တော့ သူ့အိမ် ထောင်ရေးလမ်းခရီးအတွက် ဆုံး ဖြတ်ချက်တစ်ခုတော့ဖြင့် ချီတုံချ တုံဖြစ်နေကြောင်း သဘောပေါက် လိုက်မိသည်။



အမေးရှိပြီဆိုတော့ ဖြေမှ တော့ဖြစ်မည်။ သို့သော် ဖြေရမည် ကလည်းခက်ခက်။ ကိုယ့်ရှိရင်းစွဲ အတွေးအရတော့ဖြင့် အချစ်မပါ သည့်အိမ်ထောင်ရေးဆိုသည်ကို အနှစ်အသားမပါသည့် ဥခွံတစ် လုံးလို့သာ ထင်ထားမိသည်။ အ ချစ်မပါဘဲနှင့်တော့ဖြင့်လည်း အိမ်ထောင်တစ်ခု မတည်သင့်ဟု ကိုယ့်ဘာသာအယူအဆခိုင်မာ ထားခဲ့သည်။ သို့သော် ခုခေတ်က သည်လိုမဟုတ်နိုင်တော့တာလား ထင်သည်။ " တူနှစ်ကိုယ်တဲ အိုပျက် မှာ နေရ ချစ်တာပဓာန" သီချင်း က ဒိတ်ကုန်သွားခဲ့ပြီပဲထင်သည်။ သည်တော့ ချင့်ချင့်ချိန်ချိန်နှင့်ပင် ဖြေရသည်။

ကိုယ့်ဘဝထဲက တစ်သက် လုံးစာအရေးအကြီးဆုံးဆေးမင် ရည်စုတ်ထိုးရတဲ့ အိမ်ထောင်ရေး ဆိုတာမှာလည်း အချစ်ကပဲ နံပါတ်တစ်ဖြစ်လာခဲ့တယ်ထင် ပါရဲ့။ ဒါကလည်း ကာလ သတ်မှတ် ချက်တော့ရှိနေသလားပဲ။ဆရာ တို့ခေတ်အခါတုန်းကနဲ့တော့ ဒီခေတ်က မတူနိုင်တော့ဘူးထင် ပါရဲ့။ လွန်ခဲ့တဲ့ နှစ်သုံးလေးငါး ဆယ် ဆရာတို့ခေတ်တုန်းကတော့ လစာနည်း ဝန်ထမ်းအဆင့်ဖြစ် တဲ့ လစာတစ်ရာနှစ်ဆယ့်ခြောက် ကျပ်ပဲရတဲ့ မူလတန်းပြဆရာ တစ်ယောက်က သူ့မိသားစုလေး ငါးယောက်ကို ထမင်းဝအောင် ကျွေးနိုင်ရုံမက ကျန်းမာရေး၊ ပညာရေးပါ လူတမ်းစေ့အောင် ထားနိုင်ခဲ့တာကိုးသမီးရယ်။

ဘဝတူ မူလတန်းပြဆရာနဲ့ဆရာမ မေတ္တာမျှလို့ အိမ်ထောင်ပြုကြ မယ်ဆို လစဉ် ရွှေငါးမူးသား လောက်ဝယ်စုနိုင်တယ်ဆိုတဲ့ ခေတ် လေကွာ။ ဒီတော့လည်း ဘဝက ခွင့်ပြုချက်အရကို အချစ်က နံပါတ် တစ်ဖြစ်နိုင်ခဲ့တယ်လို့လည်း ဆိုနိုင် ပါတယ်။ အခု သမီးတို့ ခေတ် ရောက်တော့ သမီးခုနက မေးတဲ့ မေးခွန်းမျိုးကို မေးရတော့မယ့် ခေတ်ကိုရောက်သွားခဲ့ပြီလို့ ဆရာ နားလည်ပါတယ်။ တစ်ခု အကြံ ပေးချင်တာကတော့ အချစ် ဆိုတာ နဲ့ ဥစ္စာဓနဆိုတာရဲ့ နှစ်ဖက်လုံး အစွန်းကိုမရောက်အောင် သတိ နဲ့ဆုံးဖြတ်ဖို့ပါပဲ။

ကျွန်တော့်အဖြေကြောင့် က လေးမလေးက မချိပြုံးပြုံးသည်။ လွန်ခဲ့သည့်နွေနှောင်းတုန်း ကတော့ မထင်မမှတ်နှင့်ပင် သည် ကလေးမလေးထံမှ မင်္ဂလာပွဲဖိတ် သည့် တယ်လီဖုန်းရသည်။ "ဆရာ က ကိုယ့်မိဘလိုပဲမို့ ဆက်ဆက် လာခဲ့ပါနော်"တဲ့။တစ် ဆက်တည်း ပြောသည်က "သူက သမီးထက် ရှစ်နှစ်တောင်ကြီး တယ်ဆရာရဲ့" တဲ့။

သူ့အသက်ပင် (၄၀) ဆိုသည့် အခါ သူတို့ဇနီးမောင်နှံအတွက် မျိုးဆက်ကို သူတို့ဘယ်လိုစဉ်းစား ထားကြသည်လဲ။ တကယ်က မိမိ၏မျိုးဆက်ဆိုသည်က မိမိ တို့၏ ပုဂ္ဂလိကအိမ်ထောင်တစ်ခု အတွက်သာမက လူ့ဘောင်တစ်ခု လုံးအတွက်လည်း လူသားမျိုး ဆက်၏ အခန်းကဏ္ဍမှာ အလွန် အရေးကြီးလှ၏။ လူသားမျိုးဆက် တည်တံ့ပြန့်ပွားရေးဆိုသည်က လူ သားတိုင်း၏တာဝန်ဖြစ်သည်ဟု ထင်သည်။ သို့ပါလျက် အိမ် ထောင်ပြုသူဦးရေနည်းပါးလာ ခြင်း(သို့မဟုတ်) အချိန်နှင့်အခါ နှင့် အိမ်ထောင်မပြုဖြစ်ကြခြင်းဆို သည်မှာ ဘယ်လိုပဲတွေးတွေး အပေါင်းလက္ခဏာတော့ဖြင့်မဖြစ် နိုင်ဟုတွေးမိ၏။

ယခုတော့ မြန်မာနိုင်ငံ အ တွင်းမှ အသက် (၁၅) နှစ်မှ (၄၉) နှစ် အတွင်းရှိသူ ကျား၊ မပေါင်း လူဦး ရေ၏ ထက်ဝက်ခန့်သည် သမုဒယ တွေ၊ အချစ်စိတ်တွေ၊ မေတ္တာတ ရားတွေ ကုန်ခန်းသွား ကြ၍လည်း မဟုတ်ပါဘဲ အဗြဟ္မစရိယာပုဒ်ကို စောင့်ထိန်းကာ အာသဝေါတွေ ကုန်ခန်းကြသဖြင့် နိဗ္ဗာန်ကူးလု ဆဲဆဲ တစ်မဂ်တစ်ဖိုလ်ဆိုက်ကြ မည့် အရိယာပုဂ္ဂိုလ်တွေလည်း မ ဟုတ်ကြပါဘဲလျက် အိမ်ထောင် မပြုကြဟုဆိုလေသည်။

သည်တော့ ဘာတွေဖြစ်လာ သနည်း။ ရှင်းသည်။ ၂၄ နာရီ အတွင်းစားရသည့် တားဆေးတွေ ရောင်းကောင်းသည်ဟု လမ်းဘေး ဆေးဆိုင်တွေကဆိုကြသည်။ တစ် လခံ၊ သုံးလခံဆေးတွေလည်းဆေး ခန်းများတွင် အတော်ထိုးပေးရ သည်။ နာရီပိုင်းနှင့်ငှားသည့် တည်းခိုခန်းတွေပေါလာသည်။ LI ဟု အတိုကောက် ခေါ်နေကြ သော တစ်ဦးအပေါ်တစ်ဦးအပြန် အလှန်တာဝန်ယူမှု မရှိသည့် တာ ဝန်ယူစရာလည်းမလိုသည့် Living Together ခေါ် လွတ်လပ်စွာ ဖိုမ ဆက်ဆံရေးမျိုးတွေ ခေတ်စား လာသည်။ လက်ထပ်ပွဲမင်္ဂလာဦး ညအထိ အမွန်တမြတ်ထိန်းသိမ်း စောင့်ရှောက်ထားလေ့ရှိကြသည့် ကျွနု်ပ်တို့ မြန်မာအမျိုးသမီးငယ် လေးတွေ၏ အပျိုဂုဏ်ဆိုတာတွေ လည်း ခုတော့ဖြင့် ဟင်းရွက်ကန် စွန်းထက် ဈေးပေါသွားကြပြီလား ထင်သည်။

ဟိုတစ်လောကဖေ့စ် ဘွတ်ခ်စာမျက်နှာမှာ အမျိုးသမီး လေးတစ်ယောက်က ရင်နင့်နင့် နှင့်ရေးထားသည့်သဘောထား စာစုလေး တစ်ပုဒ်ဖတ်လိုက်ရ သည်။ တက္ကသိုလ်ကျောင်းအမျိုး သမီးအိမ်သာတွေနားမှာ၊ပုဂ္ဂလိ က အမျိုးသမီးဆောင်တွေက ရေအိမ် အမှိုက်ခြင်းတွေထဲမှာ ကိုယ်ဝန် ရှိ၊ မရှိ ဆီးစစ်သည့် ပစ္စည်းလေးတွေ တွေ့ç တွေ့နေရ တတ်သတဲ့။ ဗဟိုအမျိုးသမီးဆေး ရုံကြီးတွင် တက်ရောက် ကုသရင်း အသက်ပျက်စီး ဆုံးရှုံးရသည့် ဦး ရေထဲတွင် ကိုယ်ဝန်ဖျက်ချမှု ကြောင့်သေဆုံးရသည့်ဦးရေစာ ရင်းက ပိုများနေသည်တဲ့။

တွေးကြည့်သည့်အခါ သည် ကိစ္စတွေအားလုံးသည် အနုတ် လက္ခဏာတွေချည်းဖြစ်နေသည်။ သည်အနုတ်လက္ခဏာများ၏ လက်သည်တရားခံကိုရှာတော့ ဝေးဝေးလံလံမှာမဟုတ်။ ကျွနု်ပ် တို့နေ့စဉ်နှင့်အမျှ ရင်ဆိုင်နေကြရ သော ဝင်ငွေ၊ ထွက်ငွေမညီမျှမှု စီးပွားရေး ပြဿနာကြီးသာ ဖြစ်နေ လေတော့၏။

အိမ်ထောင်တစ်ခုကို လူနှင့် တူတူ သူနှင့်တန်တန် တင့်တောင့် တင့်တယ်ရှိအောင်လုပ်ဖို့ဆိုသည် က သည်ခေတ်ထဲမှာ လူငယ်လေး တွေအတွက် ဓားတောင်နှင့်မီးပင် လယ်ကိုဖြတ်ရဖို့ထက် ခက်ခဲသည့် ကိစ္စဖြစ်လာသည်။ သို့နှင့်ပင် တည် တည်တံ့တံ့ဖြင့် ခိုင်မာအောင် တည် ဆောက်ရမည့် အိမ်ထောင်တစ်ခု ထက် ပါးလွှာသည့် အထိမခံ ထိ လွယ်ရှလွယ်ဖိုမကိစ္စ ဘက်သို့သာ ပေါက်ထွက်သည့်အခါ အထက် တွင် ဖော်ပြခဲ့သည့် တလွဲလမ်း ကြောင်းများဆီသို့သာ ရေဦးလည် တော့၏။

ဒါက စဉ်းစားတတ်၊တွေးခေါ် တတ်သည့် ပညာတတ်လူလတ် တန်းစား အောက်လွှာမှ လူငယ် လေးများ အများစု၏ လက်ရှိ ဖြစ် ပေါ်နေသော ရေစီးကြောင်း ဖြစ် လေသည်။ သို့သော် သူတို့ ကဲ့သို့ မစဉ်းစားနိုင်ကြသူ၊ မစဉ်းစား တတ်ကြသူ ပညာမဲ့ အောက်ခြေ လူတန်းစားအလွှာမှ လူငယ်တွေ ကမူ ရိုးသားစွာဖြင့်ပင် သူတို့ ဘဝကိုသူတို့ ရှင်းရှင်းပြတ်ပြတ် ဆောင်ရွက်တတ်ကြလေသည်။ အနာဂတ်အတွက် ဘာအတွက်၊ သားသမီးရှေ့ရေး၊ ပညာရေး၊ ကျန်းမာရေး ဘာမျှ မစဉ်းစား။ စဉ်းစားနှိုင်းယှဉ်စရာလည်း သူ့ ပတ်ဝန်းကျင်မှာ အတူတူနှင့် အနူနူ ချည်းမို့ ချစ်တဲ့သူတွေ့လျှင်ဆို ဝမ်း တူးသရီးနှင့် ပြိုင်တူစိန် ခေါ်ရသည် ပင်ကြာသလားလို့ ထင်ကြသေး သည်။ ပျော်ပျော် ပါးပါးနှင့်ပင် ဘဝ ထဲ ပုဆိုးတန်းတင်လင်မယား အ ဖြစ် ခပ်မြန်မြန်နှင့်ခပ်ရဲရဲ လက်တွဲ ပစ်လိုက်ကြသည်။ မွေးလာသည့် ကလေးတွေကျတော့လည်း ပညာ တတ်ဖို့၊ မတတ်ဖို့ထက် မိရိုးဖလာ ကောက်စိုက်၊ ပျိုးနုတ်၊ လယ်သူရင်း ငှား ဘဝဖြင့်အရိုးထုတ်ကြပေရော့ ဆိုသည့် ဘဝတွေ ဖြစ်နေသည်။

အားလုံးကို ခြုံကြည့်လိုက် သောအခါ ထိုသို့သောလူတန်းစား မတူညီကြသည့် လူလတ်တန်းစား၊ လူလတ်တန်းစားအောက်လွှာနှင့် အခြေခံလူတန်းစားထဲမှ လူငယ် များ၏ အိမ်ထောင်ရေးအခြေအ နေများက အနာဂတ်အရုဏ်ဦး အပေါ် တိမ်မည်းတိမ်ပုပ်တို့ လွှမ်း မိုးနေသလားဟု ခံစားမိသည်။

မြန်မာ့လူဦးရေနှင့်ပတ်သက် ၍ ထုတ်ပြန်ထားသော စာရင်း ဇယားတစ်ခုတွင် သေဆုံးနှုန်း ထက် မွေးဖွားနှုန်းက အဆမတန် နိမ့်ကျနေသဖြင့် ၂၀၁၅ တွင် အလုပ်မလုပ်နိုင်တော့သော သက် ကြီးရွယ်အိုတွေက အလုပ်လုပ်နိုင် သူ ဦးရေထက် များပြားလာမည် ဟုဆိုနေသည်။ ယခုနှုန်းထား အတိုင်းရှိနေမည်ဆိုလျှင် မြန်မာ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက် လာမည့် နောင်ဆယ်စုနှစ်များတွင် အမှန်တကယ်စွမ်းဆောင်နိုင်အား ရှိသော လုပ်သားစွမ်းရည်များ လို အပ်မှုကို ပြည့်မီအောင်ဖြည့်ဆည်း ပေးနိုင်လိမ့်မည်မဟုတ်ဟု ဟော ကိန်းတွေထုတ်နေကြသည်။

တွေးမိတော့ ပညာ အကြောင်း သိကြသည့် ပညာတတ် လူလတ် တန်းစားအလွှာကလည်း အိမ် ထောင်သားမွေးကိစ္စအတွက် လက် တွန့်ကာ တာဝန်မဲ့ ဖိုမရေစီးထဲ သို့သာ မျှောချနေကြ။ ပညာ အ ကြောင်း အလေးအနက် မထား တတ်သည့် အောက်ခြေအလွှာက လည်း ကျန်းမာရေးနှင့် ပညာရေး တွင် ချို့တဲ့နုံနဲ့သော ကလေးတွေ ကို ဖောဖော သီသီမွေး ထုတ်နေကြ ဟုဆိုခဲ့လျှင် ကျွနု်ပ်တို့ နိုင်ငံတော် ၏ အနာဂတ် မျိုးဆက် လှပရှင်သန် ရေးကို မည်သို့မည်ပုံ တွေးတောပူ ပန်ဝိုင်းဝန်း၍ ကျွနု်ပ်တို့အားလုံး ဆောင်ရွက်နိုင်ကြပါ မည်နည်းဟု စဉ်းစားရင်းဖြင့်...


ဖိုးသူတော် (www.phothutaw.com)
Credit:7Day News
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top