Kantharyar Centre
×

ေန႔တုိင္းျပင္ဆင္ျခယ္သေနက်  နည္းတစ္ခ်ိဳ႕ကို နည္းနည္းေလး ေျပာင္းေပးလိုက္တာနဲ႔ သင့္ရဲ႕မ်က္ႏွာအသြင္အျပင္ဟာ ပိုမိုလန္းဆန္းသြားႏိုင္တယ္ဆုိတာ မယံုမရွိပါနဲ႔။ ခုေျပာျပေပးမယ့္ အေျပာင္းအလဲေသးေသးေလးေတြကေန သင့္အသိေတြ၊ သူငယ္ခ်င္းေတြ အကုန္လံုးက "'ဒီေန႔ ထူးျခားျပီး ၾကည့္ေကာင္းေနတယ္"ဆိုတာ မ်ိဳးေလး ျဖစ္သြားမွာမုိ႔ စမ္းျပီး ျပင္ဆင္ျခယ္သၾကည့္လိုက္ပါဦးေနာ္။

၁။လိုင္နာကို အရင္နဲ႔မတူေအာင္ ေျပာင္းဆြဲၾကည့္ပါ။

လိုင္နာဆြဲေနက်အေရာင္က အနက္ခ်ည္းပဲ ျဖစ္ေနတယ္ဆုိရင္ သင္အခု အနက္ေရာင္အစား အစားထုိးျခယ္သရာမွာက ကာလာအဆန္းေလးေတြ၊ ဒါမွမဟုတ္ အညိဳ၊ ၀ိုင္ကာလာ စတာေတြေပါ့။ ရွိတ္ေတြကို ဦးစားေပးျခယ္တာမ်ိဳးဟာ မ်က္လံုးအတြက္ ဆြဲေဆာင္မႈမ်ားစြာ ျဖစ္ေစပါတယ္။ တကယ္လုိ႔ သင့္မ်က္လံုးက အညိဳေရာင္ဆုိရင္ အျပာေရာင္နဲ႔ စမ္းၾကည့္လိုက္ပါ။ သင့္မ်က္လံုးက အစိမ္းဆုိရင္ ခရမ္းနဲ႔ တြဲဖက္ႏိုင္ျပီး အျပာဆုိရင္ေတာ့ အညိဳေရာင္နဲ႕ ျခယ္သၾကည့္ႏိုင္ပါတယ္။

၂။ဆံပင္ခြဲေၾကာင္းရဲ႕ ဟိုဘက္ ဒီဘက္ ေျပာင္းၾကည့္လိုက္ပါ။

သင့္ဆံပင္ကို အၿမဲတမ္း တစ္ဖက္တည္းႀကီး ခြဲထားတတ္တယ္ဆုိရင္ ခြဲေၾကာင္းေျပာင္းျပီး ဘက္ေျပာင္းခြဲၾကည့္လိုက္တာနဲ႔ သင့္မ်က္ႏွာအသြင္ေျပာင္းသြားတာကို အံ့ၾသဖြယ္ေတြ႕ရမွာပါ။ ျဖစ္ႏိုင္ရင္ ပိုၾကည့္ေကာင္းေစဖုိ႔ ဆံပင္ကို အပူေခ်ာင္းနဲ႔ ယာယီေျဖာင့္တာ၊ ေကာက္တာမ်ိဳး လုပ္ႏိုင္တယ္ေနာ္။

၃။မ်က္ခံုးေမႊးဆြဲတံအစား ေပါင္ဒါကို သံုးၾကည့္လိုက္ပါ။

မ်က္ခံုးေမႊးဆိုတာကလည္း အေရာင္ေရာ၊ အထူ၊ အပါး ေျပာင္းဆြဲလိုက္တာနဲ႔ကို ရုပ္ေျပာင္းသြားႏိုင္တာပါ။ ဒီေတာ့ ျဖစ္ႏိုင္ရင္ အရင္က မ်က္ခံုးေမႊးဆြဲတဲ့ ခဲတံအစား ေပါင္ဒါကို သံုးလိုက္ပါ။ ေပါင္ဒါက သင့္ရဲ႕အသြင္အျပင္ကို ပိုႏူးညံ႔သြား ေစပါတယ္။

၄။Mascara ကိုလည္း ေျပာင္းျခယ္သၾကည့္ပါ။

သံုးေနက် Mascara ေတြအစား အသစ္အဆန္းလုပ္ဖုိ႔ အခြင့္အေရးရရင္ အမ်ိဳးအစားသစ္ကို စမ္း၀ယ္သံုးၾကည့္လိုက္ပါ။ ႀကီးမားတဲ့ကြဲျပား ျခားနားမႈကို ႀကံဳေတြ႕ရမွာပါ။ ဒါ့အျပင္ မ်က္ေတာင္ပိုရွည္ေစမယ့္ အလွကုန္၊ ဒါအျပင္ မ်က္ေတာင္ပိုမ်ားေစဟန္ အထူးထုတ္ထားတဲ့ အလွကုန္ေတြ သံုးၾကည့္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar

#Unicode Version

 နေ့တိုင်းပြင်ဆင်ခြယ်သနေကျ  နည်းတစ်ချို့ကို နည်းနည်းလေး ပြောင်းပေးလိုက်တာနဲ့ သင့်ရဲ့မျက်နှာအသွင်အပြင်ဟာ ပိုမိုလန်းဆန်းသွားနိုင်တယ်ဆိုတာ မယုံမရှိပါနဲ့။ ခုပြောပြပေးမယ့် အပြောင်းအလဲသေးသေးလေးတွေကနေ သင့်အသိတွေ၊ သူငယ်ချင်းတွေ အကုန်လုံးက "'ဒီနေ့ ထူးခြားပြီး ကြည့်ကောင်းနေတယ်"ဆိုတာ မျိုးလေး ဖြစ်သွားမှာမို့ စမ်းပြီး ပြင်ဆင်ခြယ်သကြည့်လိုက်ပါဦးနော်။

၁။လိုင်နာကို အရင်နဲ့မတူအောင် ပြောင်းဆွဲကြည့်ပါ။

လိုင်နာဆွဲနေကျအရောင်က အနက်ချည်းပဲ ဖြစ်နေတယ်ဆိုရင် သင်အခု အနက်ရောင်အစား အစားထိုးခြယ်သရာမှာက ကာလာအဆန်းလေးတွေ၊ ဒါမှမဟုတ် အညို၊ ဝိုင်ကာလာ စတာတွေပေါ့။ ရှိတ်တွေကို ဦးစားပေးခြယ်တာမျိုးဟာ မျက်လုံးအတွက် ဆွဲဆောင်မှုများစွာ ဖြစ်စေပါတယ်။ တကယ်လို့ သင့်မျက်လုံးက အညိုရောင်ဆိုရင် အပြာရောင်နဲ့ စမ်းကြည့်လိုက်ပါ။ သင့်မျက်လုံးက အစိမ်းဆိုရင် ခရမ်းနဲ့ တွဲဖက်နိုင်ပြီး အပြာဆိုရင်တော့ အညိုရောင်နဲ့ ခြယ်သကြည့်နိုင်ပါတယ်။

၂။ဆံပင်ခွဲကြောင်းရဲ့ ဟိုဘက် ဒီဘက် ပြောင်းကြည့်လိုက်ပါ။

သင့်ဆံပင်ကို အမြဲတမ်း တစ်ဖက်တည်းကြီး ခွဲထားတတ်တယ်ဆိုရင် ခွဲကြောင်းပြောင်းပြီး ဘက်ပြောင်းခွဲကြည့်လိုက်တာနဲ့ သင့်မျက်နှာအသွင်ပြောင်းသွားတာကို အံ့သြဖွယ်တွေ့ရမှာပါ။ ဖြစ်နိုင်ရင် ပိုကြည့်ကောင်းစေဖို့ ဆံပင်ကို အပူချောင်းနဲ့ ယာယီဖြောင့်တာ၊ ကောက်တာမျိုး လုပ်နိုင်တယ်နော်။

၃။မျက်ခုံးမွှေးဆွဲတံအစား ပေါင်ဒါကို သုံးကြည့်လိုက်ပါ။

မျက်ခုံးမွှေးဆိုတာကလည်း အရောင်ရော၊ အထူ၊ အပါး ပြောင်းဆွဲလိုက်တာနဲ့ကို ရုပ်ပြောင်းသွားနိုင်တာပါ။ ဒီတော့ ဖြစ်နိုင်ရင် အရင်က မျက်ခုံးမွှေးဆွဲတဲ့ ခဲတံအစား ပေါင်ဒါကို သုံးလိုက်ပါ။ ပေါင်ဒါက သင့်ရဲ့အသွင်အပြင်ကို ပိုနူးညံ့သွား စေပါတယ်။

၄။Mascara ကိုလည်း ပြောင်းခြယ်သကြည့်ပါ။

သုံးနေကျ Mascara တွေအစား အသစ်အဆန်းလုပ်ဖို့ အခွင့်အရေးရရင် အမျိုးအစားသစ်ကို စမ်းဝယ်သုံးကြည့်လိုက်ပါ။ ကြီးမားတဲ့ကွဲပြား ခြားနားမှုကို ကြုံတွေ့ရမှာပါ။ ဒါ့အပြင် မျက်တောင်ပိုရှည်စေမယ့် အလှကုန်၊ ဒါအပြင် မျက်တောင်ပိုများစေဟန် အထူးထုတ်ထားတဲ့ အလှကုန်တွေ သုံးကြည့်ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top