Kantharyar Centre
×

ေန႔စဥ္ လူသားေတြ ထိေတြ႔အသံုးျပဳေနရတဲ့ လူသံုးကုန္ပစၥည္းအခ်ိဳ႕ဟာ ကင္ဆာေရာဂါ၊ ဆီးခ်ိဳေရာဂါနဲ႔ မွတ္ဉာဏ္ေပ်ာက္ကြယ္တဲ့ ေရာဂါေတြ ျဖစ္ပြားေစေၾကာင္း ပညာရွင္ေတြက သတိေပးလိုက္ပါတယ္။

ပလပ္စတစ္ေရဘူးထဲကို ထည့္ထားတဲ့ေရေတြ၊ အစားအေသာက္ေတြကို စားသံုးျခင္းျဖင့္ ကင္ဆာေရာဂါအပါအဝင္၊ ဆီးခ်ိဳေရာဂါ၊ မွတ္ဉာဏ္ခၽြတ္ယြင္းတဲ့ ေရာဂါေတြ ျဖစ္ေစတယ္လို႔ ဆိုပါတယ္။ ေန႔စဥ္ထိေတြ႔အသံုးျပဳေနရတဲ့ ဓာတုအသံုးျပဳ ပစၥည္းေတြဟာ ခ်က္ျခင္းေရာဂါ မျဖစ္ႏုိင္ေပမဲ့ ေရရွည္မွာ က်န္းမာေရး အက်ိဳးသက္ေရာက္မႈ ႀကီးမားႏုိင္တယ္လို႔ သိရပါတယ္။


ခႏၶာကိုယ္တြင္းမွာ တစ္႐ွဴးေတြ တည္ေဆာက္ဖြံၿဖိဳးမႈဟာ ပံုမွန္မဟုတ္ဘဲ ျဖစ္လာတတ္တဲ့အတြက္ ဒီလိုေရာဂါဆန္းေတြကို ျဖစ္ေစတတ္တာလို႔ ဆိုပါတယ္။ ပလတ္စတစ္ပစၥည္းေတြအပါအဝင္ အျခားေသာ ဓာတုအသံုးျပဳ လူသံုးကုန္ ပစၥည္းေတြက ျဖစ္ပြားတဲ့ ေရာဂါအမ်ားစုဟာ ကုသဖို႔ ခက္ခဲတာေၾကာင့္ အႏၱရာယ္ဟာ ထင္ထားတာထက္ပိုႀကီးပါတယ္။ ကေလးေတြအတြက္ ထုတ္လုပ္တဲ့ အ႐ုပ္ေတြ၊ ဓာတုအလြန္အကၽြံသံုးစြဲထားတဲ့ ဆပ္ျပာမႈန္႔ေတြမွာလည္း ဒါမ်ိဳးျဖစ္ေစတဲ့ အႏၱရာယ္ရွိတယ္လို႔ ဆိုပါတယ္။

NYU ရဲ႕တြက္ခ်က္မႈအရ ဥေရာပမွာဆိုရင္ ဓာတုအသံုးျပဳမႈေတြေၾကာင့္ျဖစ္တဲ့ ေရာဂါေတြကို ကုသရဖို႔အတြက္ ကုန္က်စရိတ္ဟာ မႏွစ္က ေဒၚလာ ၂၇၁ ဘီလ်ံရွိခဲ့တယ္လို႔ ဆိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

Unicode Version

နေ့စဉ် လူသားတွေ ထိတွေ့အသုံးပြုနေရတဲ့ လူသုံးကုန်ပစ္စည်းအချို့ဟာ ကင်ဆာရောဂါ၊ ဆီးချိုရောဂါနဲ့ မှတ်ဉာဏ်ပျောက်ကွယ်တဲ့ ရောဂါတွေ ဖြစ်ပွားစေကြောင်း ပညာရှင်တွေက သတိပေးလိုက်ပါတယ်။

ပလပ်စတစ်ရေဘူးထဲကို ထည့်ထားတဲ့ရေတွေ၊ အစားအသောက်တွေကို စားသုံးခြင်းဖြင့် ကင်ဆာရောဂါအပါအဝင်၊ ဆီးချိုရောဂါ၊ မှတ်ဉာဏ်ချွတ်ယွင်းတဲ့ ရောဂါတွေ ဖြစ်စေတယ်လို့ ဆိုပါတယ်။ နေ့စဉ်ထိတွေ့အသုံးပြုနေရတဲ့ ဓာတုအသုံးပြု ပစ္စည်းတွေဟာ ချက်ခြင်းရောဂါ မဖြစ်နိုင်ပေမဲ့ ရေရှည်မှာ ကျန်းမာရေး အကျိုးသက်ရောက်မှု ကြီးမားနိုင်တယ်လို့ သိရပါတယ်။


ခန္ဓာကိုယ်တွင်းမှာ တစ်ရှူးတွေ တည်ဆောက်ဖွံဖြိုးမှုဟာ ပုံမှန်မဟုတ်ဘဲ ဖြစ်လာတတ်တဲ့အတွက် ဒီလိုရောဂါဆန်းတွေကို ဖြစ်စေတတ်တာလို့ ဆိုပါတယ်။ ပလတ်စတစ်ပစ္စည်းတွေအပါအဝင် အခြားသော ဓာတုအသုံးပြု လူသုံးကုန် ပစ္စည်းတွေက ဖြစ်ပွားတဲ့ ရောဂါအများစုဟာ ကုသဖို့ ခက်ခဲတာကြောင့် အန္တရာယ်ဟာ ထင်ထားတာထက်ပိုကြီးပါတယ်။ ကလေးတွေအတွက် ထုတ်လုပ်တဲ့ အရုပ်တွေ၊ ဓာတုအလွန်အကျွံသုံးစွဲထားတဲ့ ဆပ်ပြာမှုန့်တွေမှာလည်း ဒါမျိုးဖြစ်စေတဲ့ အန္တရာယ်ရှိတယ်လို့ ဆိုပါတယ်။

NYU ရဲ့တွက်ချက်မှုအရ ဥရောပမှာဆိုရင် ဓာတုအသုံးပြုမှုတွေကြောင့်ဖြစ်တဲ့ ရောဂါတွေကို ကုသရဖို့အတွက် ကုန်ကျစရိတ်ဟာ မနှစ်က ဒေါ်လာ ၂၇၁ ဘီလျံရှိခဲ့တယ်လို့ ဆိုပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top