Kantharyar Centre
×

လမ္းခြဲျပီးသား ရည္းစားေဟာင္းကို လံုး၀အဆက္အသြယ္ ျဖတ္သင့္တယ္ဆုိတာ သိထားျပီး ျဖစ္ၾကမွာပါ။ ဒါေပမယ့္ တစ္ခါတစ္ေလ သူ႕ဆီ ကိစၥတစ္ခုခုေၾကာင့္ ဖုန္းဆက္ရတဲ့ အေျခအေနမ်ိဳးေတြလည္း ရွိေကာင္းရွိႏိုင္ပါတယ္။ ဥပမာ သူနဲ႕ကိုယ္နဲ႕ ရည္းစားမဟုတ္ေတာ့ေပမယ့္ စီးပြားေရးကိစၥတစ္ခုခု ဆက္ႏြယ္ေနလို႕၊ အလုပ္ကိစၥ၊ ဒါမွမဟုတ္ ေက်ာင္းကိစၥတစ္ခုခု ေမးစရာရွိလို႕၊ စတဲ့ အေျခအေနေတြေၾကာင့္ ဖုန္းဆက္သင့္ရင္ ဆက္ရပါလိမ့္မယ္။ လမ္းခြဲျပီးသားလူကို ကိုယ့္ဘက္က ျပတ္ျပတ္သားသား ေျပာဆုိဆက္ဆံဖုိ႕ေတာ့ လုိမွာေပါ့ေလ။ ဒါေပမယ့္ အေပၚက ေျပာထားတဲ့အေျခအေနမ်ိဳးေတြ မဟုတ္ပဲ အျခားအေၾကာင္းအရာမ်ိဳးေတြေၾကာင့္ေတာ့ သူ႕ဆီကုိ ဖုန္းလံုး၀ မဆက္သင့္ေတာ့ပါဘူး။ ရည္းစားေဟာင္းဆီ ဖုန္းလံုး၀မေခၚသင့္တဲ့ အခ်ိန္ေတြ ေျပာျပရရင္ေတာ့

၁။ လမ္းခြဲျပီးစ အခ်ိန္မ်ိဳးေတြ
သူနဲ႕လမ္းခြဲျပီးခါစမို႕ အရင္ကညေနတုိင္း ေတြ႕ေနက် အခ်ိန္ေတြဆုိ သူ႕ကို သတိရေနပါလိမ့္မယ္။ သူနဲ႕ဖုန္းေျပာေနက် အခ်ိန္ေတြဆုိရင္လည္း ဘာလုပ္ရမွန္းမသိ ေယာင္လည္လည္ ျဖစ္ေနႏိုင္ပါတယ္။ ဘယ္လိုပဲျဖစ္ေနျဖစ္ေန ကိုယ္နဲ႕သေဘာထားခ်င္း မတိုက္ဆုိင္လို႕ လမ္းခြဲျပီးသား ရည္းစားေဟာင္းကို စိတ္လြတ္ကိုယ္လြတ္ အရင္လို ျပန္ေခၚေျပာ ဆက္ဆံဖုိ႕ ဆိုတာ ဘယ္လုိမွ မျဖစ္ႏိုင္ပါဘူး။ နာက်င္ခံစားေနရတယ္ဆုိေပမယ့္ ကိုယ့္ဘက္က စိတ္ကိုတင္းျပီးေနဖုိ႕ လိုပါတယ္။ တစ္ခုခု သတိရတုိင္း ဖုန္းသြားေခၚေနမယ္ဆုိရင္ တစ္ဖက္က ကိုယ့္ကို အထင္ေသးသြားပါလိမ့္မယ္။

၂။ အရက္မူးေနတဲ့ အခ်ိန္မ်ိဳးေတြ
တစ္ခ်ိဳ႕လူေတြက်ေတာ့လည္း လမ္းခြဲတာ အခ်ိန္နည္းနည္း ၾကာသြားသည့္တုိင္ေအာင္ မူးေစတတ္တဲ့ အရာမ်ိဳးေတြ ေသာက္ျပီးျပီေဟ့ဆုိတာနဲ႕ ဖုန္းကို ေကာက္ကိုင္ျပီး ရည္းစားေဟာင္းဆီ ဖုန္းေတြ ဆက္ေတာ့တာပဲ။ အဲ့ဒီအခ်ိန္ လြမ္းတဲ့အေၾကာင္းလည္း ေျပာခ်င္ေျပာမယ္၊ ဒါမွမဟုတ္ မုန္းတဲ့အေၾကာင္း၊ ကိုယ့္ကိုမွ ဒီလိုလုပ္ရက္သြားသလားဆုိတဲ့ အေၾကာင္းေတြ တစ္ဖက္လူကို ေျပာမိပါလိမ့္မယ္။ ကိုယ္ညက ဘာလုပ္ခဲ့တယ္ဆုိတာ မနက္ေရာက္မွ ျပန္သတိရျပီး အရွက္ရေစတဲ့ အျဖစ္မ်ိဳးေတြ ေရွာင္ၾကဥ္ရပါမယ္။

၃။ အထီးက်န္တဲ့အခ်ိန္မ်ိဳးေတြ
လူတိုင္း လူတုိင္းမွာ အထီးက်န္ဆန္ဆန္ေက်ာ္လြန္ျဖတ္သန္းရခ်ိန္ေတြ ရွိပါတယ္။ ရည္းစားရွိတဲ့သူေရာ၊ မရွိတဲ့သူေရာ အထီးက်န္ဆန္တဲ့ဒဏ္ကို ခံၾကရတာခ်ည္းပါပဲ။ ဒါေပမယ့္ ခ်စ္သူနဲ႕လမ္းခြဲထားတဲ့သူေတြ ကေတာ့ ဒီလိုအခ်ိန္ေတြကို ျဖတ္သန္းရတာ ပိုမိုခက္ခဲေနတတ္ပါတယ္။ အဲ့ဒီလိုအခ်ိန္ေတြ ေက်ာ္လြန္ႏိုင္သြားရင္ အသည္းကြဲသမားေတြ တည္ျငိမ္သြားတတ္ေပမယ့္ ဒီအေျခအေနကိုမေက်ာ္လြန္ႏိုင္ၾကပဲ ရည္းစားေဟာင္းကို ဖုန္းျပန္ဆက္မိတာမ်ိဳးေတြ ျဖစ္တတ္ၾကပါတယ္။ အဲ့ဒီလိုမျဖစ္ေအာင္ စိတ္ကိုထိန္းဖုိ႕ လုိပါတယ္။

၄။ ေနာက္တစ္ေယာက္နဲ႕ ဒိတ္ေနတဲ့ အခ်ိန္မ်ိဳးေတြ
ရည္းစားေဟာင္းကိုလညံ သံေယာဇဥ္က မျပတ္ႏိုင္၊ အသစ္လည္း ထပ္ေတြ႕ေနျပီျဖစ္တဲ့ လူေတြ လုပ္ေလ့ရွိတာက ကိုယ္ အသစ္နဲ႕တြဲၾကည့္ေနျပီဆုိတာကို ရည္းစားေဟာင္းဆီ ဖုန္းဆက္ျပီး အသိေပးတတ္တာပါ။ ဒါက ဇာတ္လမ္းပိုရႈပ္ေစတဲ့အျပင္ အခ်စ္ေရးဟာ ကစားပြဲတစ္ခုမဟုတ္တာေၾကာင့္ အပိုေတြလုပ္ေနတာ သက္သက္ပါပဲ။

၅။ ရည္းစားေဟာင္းရဲ႕ ျခိမ္းေျခာက္တာ ခံေနရတဲ့အခ်ိန္မ်ိဳးေတြ
တကယ္လုိ႕ ရည္းစားေဟာင္းက သူနဲ႕ အဆက္အသြယ္မလုပ္ေတာ့ရင္ ကိုယ့္ကို ဘာလုပ္မယ္၊ ညာလုပ္မယ္ဆုိတာမ်ိဳးေတြ ျခိမ္းေျခာက္တာခံထားရလို႕ သူ႕ဆီဖုန္းေတြ ေခၚေနရတယ္ဆုိတာ သိပ္ေတာ့နည္းလမ္း မက်ပါဘူး။ သူ႕အေျခအေနကိုၾကည့္ျပီး သူက တကယ္လုပ္မယ့္လူစားလုိ႕ထင္ရင္ သက္ဆုိင္ရာကို အကူအညီေတာင္းထားလိုက္ပါ။ ဒါမွမဟုတ္ မိဘေဆြမ်ိဳး နဲ႕ သူငယ္ခ်င္းေတြကို ဒီအေၾကာင္းေပးသိထားလိုက္တာ အေကာင္းဆံုးပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar

#Unicode Version

လမ်းခွဲပြီးသား ရည်းစားဟောင်းကို လုံးဝအဆက်အသွယ် ဖြတ်သင့်တယ်ဆိုတာ သိထားပြီး ဖြစ်ကြမှာပါ။ ဒါပေမယ့် တစ်ခါတစ်လေ သူ့ဆီ ကိစ္စတစ်ခုခုကြောင့် ဖုန်းဆက်ရတဲ့ အခြေအနေမျိုးတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ ဥပမာ သူနဲ့ကိုယ်နဲ့ ရည်းစားမဟုတ်တော့ပေမယ့် စီးပွားရေးကိစ္စတစ်ခုခု ဆက်နွယ်နေလို့၊ အလုပ်ကိစ္စ၊ ဒါမှမဟုတ် ကျောင်းကိစ္စတစ်ခုခု မေးစရာရှိလို့၊ စတဲ့ အခြေအနေတွေကြောင့် ဖုန်းဆက်သင့်ရင် ဆက်ရပါလိမ့်မယ်။ လမ်းခွဲပြီးသားလူကို ကိုယ့်ဘက်က ပြတ်ပြတ်သားသား ပြောဆိုဆက်ဆံဖို့တော့ လိုမှာပေါ့လေ။ ဒါပေမယ့် အပေါ်က ပြောထားတဲ့အခြေအနေမျိုးတွေ မဟုတ်ပဲ အခြားအကြောင်းအရာမျိုးတွေကြောင့်တော့ သူ့ဆီကို ဖုန်းလုံး၀ မဆက်သင့်တော့ပါဘူး။ ရည်းစားဟောင်းဆီ ဖုန်းလုံးဝမခေါ်သင့်တဲ့ အချိန်တွေ ပြောပြရရင်တော့

၁။ လမ်းခွဲပြီးစ အချိန်မျိုးတွေ
သူနဲ့လမ်းခွဲပြီးခါစမို့ အရင်ကညနေတိုင်း တွေ့နေကျ အချိန်တွေဆို သူ့ကို သတိရနေပါလိမ့်မယ်။ သူနဲ့ဖုန်းပြောနေကျ အချိန်တွေဆိုရင်လည်း ဘာလုပ်ရမှန်းမသိ ယောင်လည်လည် ဖြစ်နေနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်နေဖြစ်နေ ကိုယ်နဲ့သဘောထားချင်း မတိုက်ဆိုင်လို့ လမ်းခွဲပြီးသား ရည်းစားဟောင်းကို စိတ်လွတ်ကိုယ်လွတ် အရင်လို ပြန်ခေါ်ပြော ဆက်ဆံဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ နာကျင်ခံစားနေရတယ်ဆိုပေမယ့် ကိုယ့်ဘက်က စိတ်ကိုတင်းပြီးနေဖို့ လိုပါတယ်။ တစ်ခုခု သတိရတိုင်း ဖုန်းသွားခေါ်နေမယ်ဆိုရင် တစ်ဖက်က ကိုယ့်ကို အထင်သေးသွားပါလိမ့်မယ်။

၂။ အရက်မူးနေတဲ့ အချိန်မျိုးတွေ
တစ်ချို့လူတွေကျတော့လည်း လမ်းခွဲတာ အချိန်နည်းနည်း ကြာသွားသည့်တိုင်အောင် မူးစေတတ်တဲ့ အရာမျိုးတွေ သောက်ပြီးပြီဟေ့ဆိုတာနဲ့ ဖုန်းကို ကောက်ကိုင်ပြီး ရည်းစားဟောင်းဆီ ဖုန်းတွေ ဆက်တော့တာပဲ။ အဲ့ဒီအချိန် လွမ်းတဲ့အကြောင်းလည်း ပြောချင်ပြောမယ်၊ ဒါမှမဟုတ် မုန်းတဲ့အကြောင်း၊ ကိုယ့်ကိုမှ ဒီလိုလုပ်ရက်သွားသလားဆိုတဲ့ အကြောင်းတွေ တစ်ဖက်လူကို ပြောမိပါလိမ့်မယ်။ ကိုယ်ညက ဘာလုပ်ခဲ့တယ်ဆိုတာ မနက်ရောက်မှ ပြန်သတိရပြီး အရှက်ရစေတဲ့ အဖြစ်မျိုးတွေ ရှောင်ကြဉ်ရပါမယ်။

၃။ အထီးကျန်တဲ့အချိန်မျိုးတွေ
လူတိုင်း လူတိုင်းမှာ အထီးကျန်ဆန်ဆန်ကျော်လွန်ဖြတ်သန်းရချိန်တွေ ရှိပါတယ်။ ရည်းစားရှိတဲ့သူရော၊ မရှိတဲ့သူရော အထီးကျန်ဆန်တဲ့ဒဏ်ကို ခံကြရတာချည်းပါပဲ။ ဒါပေမယ့် ချစ်သူနဲ့လမ်းခွဲထားတဲ့သူတွေ ကတော့ ဒီလိုအချိန်တွေကို ဖြတ်သန်းရတာ ပိုမိုခက်ခဲနေတတ်ပါတယ်။ အဲ့ဒီလိုအချိန်တွေ ကျော်လွန်နိုင်သွားရင် အသည်းကွဲသမားတွေ တည်ငြိမ်သွားတတ်ပေမယ့် ဒီအခြေအနေကိုမကျော်လွန်နိုင်ကြပဲ ရည်းစားဟောင်းကို ဖုန်းပြန်ဆက်မိတာမျိုးတွေ ဖြစ်တတ်ကြပါတယ်။ အဲ့ဒီလိုမဖြစ်အောင် စိတ်ကိုထိန်းဖို့ လိုပါတယ်။

၄။ နောက်တစ်ယောက်နဲ့ ဒိတ်နေတဲ့ အချိန်မျိုးတွေ
ရည်းစားဟောင်းကိုလညံ သံယောဇဉ်က မပြတ်နိုင်၊ အသစ်လည်း ထပ်တွေ့နေပြီဖြစ်တဲ့ လူတွေ လုပ်လေ့ရှိတာက ကိုယ် အသစ်နဲ့တွဲကြည့်နေပြီဆိုတာကို ရည်းစားဟောင်းဆီ ဖုန်းဆက်ပြီး အသိပေးတတ်တာပါ။ ဒါက ဇာတ်လမ်းပိုရှုပ်စေတဲ့အပြင် အချစ်ရေးဟာ ကစားပွဲတစ်ခုမဟုတ်တာကြောင့် အပိုတွေလုပ်နေတာ သက်သက်ပါပဲ။

၅။ ရည်းစားဟောင်းရဲ့ ခြိမ်းခြောက်တာ ခံနေရတဲ့အချိန်မျိုးတွေ
တကယ်လို့ ရည်းစားဟောင်းက သူနဲ့ အဆက်အသွယ်မလုပ်တော့ရင် ကိုယ့်ကို ဘာလုပ်မယ်၊ ညာလုပ်မယ်ဆိုတာမျိုးတွေ ခြိမ်းခြောက်တာခံထားရလို့ သူ့ဆီဖုန်းတွေ ခေါ်နေရတယ်ဆိုတာ သိပ်တော့နည်းလမ်း မကျပါဘူး။ သူ့အခြေအနေကိုကြည့်ပြီး သူက တကယ်လုပ်မယ့်လူစားလို့ထင်ရင် သက်ဆိုင်ရာကို အကူအညီတောင်းထားလိုက်ပါ။ ဒါမှမဟုတ် မိဘဆွေမျိုး နဲ့ သူငယ်ချင်းတွေကို ဒီအကြောင်းပေးသိထားလိုက်တာ အကောင်းဆုံးပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top