Property Expo
×

ဝစ္လစ္စလစ္ အမ်ိဳးသား၊ အမ်ိဳးသမီး ကေခ်သည္ေတြဟာ အေမရိကန္၊ ကေနဒါ၊ ဥေရာပႏိုင္ငံၿမိဳ႕ေတြထဲက ရာနဲ႔ခ်ီတဲ့ ေနရာေတြမွာ ကိုယ္ဟန္အမ်ိဳးမ်ိဳးနဲ႔ သ႐ုပ္ျပ ဓာတ္ပံု အ႐ိုက္ခံခဲ့ၾကပါတယ္။
ဒါဟာ မန္ဟက္တန္အေျခစိုက္ နာမည္ေက်ာ္ဓာတ္ပံုဆရာ ေဂ်ာ္ဒန္မက္တာရဲ႕ စာအုပ္သစ္ “Dancers After Dark”အတြက္ ခုလို ႐ိုက္ကူးခဲ့ၾကတာလို႔ ေဒးလီးေမးလ္သတင္းတပုဒ္မွာ ေဖာ္ျပပါတယ္။

အသက္ရွဴမွားေလာက္စရာ ပံုေတြထဲက တပံုကေတာ့ အေမရိကန္ႏိုင္ငံ၊ ဝါရွင္တန္ စကြဲပါ့ခ္ အမိုးခံုးေရွ႕မွာ ညအခ်ိန္ ႐ိုက္ကူးခဲ့တာပါ။

ဝစ္လစ္စလစ္ကေခ်သည္ ၂၅ ဦးပါ၀င္တဲ့ အုပ္စုကို မက္တာက “မင္းတို႔ အဝတ္ေတြ ခၽြတ္ခ်လိုက္ၿပီး ပံုစံမွန္အတိုင္း လႈပ္ရွားပါ”လို႔ ညႊန္ၾကားခဲ့ၿပီး အခ်ိန္ ၄၃ စကၠန္႔အၾကာမွာ နားမယ္လို႔ ေျပာလိုက္တာပါ။
ဒါဟာ သူ႕စာအုပ္သစ္ထဲမွာပါမယ့္ ေနာက္ဆံုးအၿပီးသတ္ ဓာတ္ပံုပါပဲ။

မက္တာဟာ နယူးေယာက္တိုင္းမ္ရဲ႕ နာမည္ေက်ာ္စာေရးဆရာတဦးလည္းျဖစ္ၿပီး အေရာင္းရဆံုးစာရင္းဝင္စာအုပ္တအုပ္ျဖစ္တဲ့ “Dancers Among Us”ဆိုတဲ့ စာအုပ္ကို ထုတ္ေဝခဲ့ၿပီးပါၿပီ။

အေမရိကန္ႏိုင္ငံမွာ ႐ိုက္ကူးတဲ့ ပံုေတြအမ်ားစုကုိေတာ့ နယူးေယာက္ခ္ၿမိဳ႕အနီး ဝန္းက်င္မွာ ႐ိုက္ကူးခဲ့တာလို႔ ဆိုပါတယ္။

ေရာ့ခ္ဖဲလားစင္တာမွာ ႐ိုက္ကူးခဲ့တဲ့ လူသား႐ုပ္တုသ႐ုပ္ေဖာ္ပံုကိုေတာ့ ဟူစတန္ ေဘာလက္ကေခ်သည္ ဟားပါးဝက္တာစ္က သ႐ုပ္ျပေပးခဲ့တာပါ။

ခုလိုလူျမင္ကြင္း ညအခ်ိန္ ဝစ္လစ္စလစ္အေျခအေနနဲ႔ ႐ိုက္ကူးခဲ့ရတာေတြမွာ ရဲေတြက သူ႔ကို အႀကိမ္ ၄၀ ထက္မနည္း ေႏွာင့္ယွက္ခဲ့တယ္လို႔ ဆိုပါတယ္။

ဓာတ္ပံု႐ိုက္ကြင္းတခုစီမွာ မက္တာဟာ ကေခ်သည္အုပ္စုကို သူတို႔ရဲ႕ အဝတ္ေတြကို ခၽြတ္ေစၿပီး အခ်ိန္ တမိနစ္ေလာက္သာ ကိုယ္ဟန္ျပေပးဖို႔ ညႊန္ၾကားခဲ့တာလို႔ ဆို ပါတယ္။

မက္တာရဲ႕ စာအုပ္သစ္ကိုေတာ့ လာမယ့္ အဂၤါေန႔မွာ ရရွိႏိုင္မွာျဖစ္ၿပီး Workman စာအုပ္ထုတ္ေဝေရးကုမၸဏီမွတဆင့္ ထုတ္ေဝသြားမယ္လို႔ ဆိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:DVB

#Unicode Version
ဝစ်လစ်စလစ် အမျိုးသား၊ အမျိုးသမီး ကချေသည်တွေဟာ အမေရိကန်၊ ကနေဒါ၊ ဥရောပနိုင်ငံမြို့တွေထဲက ရာနဲ့ချီတဲ့ နေရာတွေမှာ ကိုယ်ဟန်အမျိုးမျိုးနဲ့ သရုပ်ပြ ဓာတ်ပုံ အရိုက်ခံခဲ့ကြပါတယ်။
ဒါဟာ မန်ဟက်တန်အခြေစိုက် နာမည်ကျော်ဓာတ်ပုံဆရာ ဂျော်ဒန်မက်တာရဲ့ စာအုပ်သစ် “Dancers After Dark”အတွက် ခုလို ရိုက်ကူးခဲ့ကြတာလို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

အသက်ရှူမှားလောက်စရာ ပုံတွေထဲက တပုံကတော့ အမေရိကန်နိုင်ငံ၊ ဝါရှင်တန် စကွဲပါ့ခ် အမိုးခုံးရှေ့မှာ ညအချိန် ရိုက်ကူးခဲ့တာပါ။

ဝစ်လစ်စလစ်ကချေသည် ၂၅ ဦးပါဝင်တဲ့ အုပ်စုကို မက်တာက “မင်းတို့ အဝတ်တွေ ချွတ်ချလိုက်ပြီး ပုံစံမှန်အတိုင်း လှုပ်ရှားပါ”လို့ ညွှန်ကြားခဲ့ပြီး အချိန် ၄၃ စက္ကန့်အကြာမှာ နားမယ်လို့ ပြောလိုက်တာပါ။
ဒါဟာ သူ့စာအုပ်သစ်ထဲမှာပါမယ့် နောက်ဆုံးအပြီးသတ် ဓာတ်ပုံပါပဲ။

မက်တာဟာ နယူးယောက်တိုင်းမ်ရဲ့ နာမည်ကျော်စာရေးဆရာတဦးလည်းဖြစ်ပြီး အရောင်းရဆုံးစာရင်းဝင်စာအုပ်တအုပ်ဖြစ်တဲ့ “Dancers Among Us”ဆိုတဲ့ စာအုပ်ကို ထုတ်ဝေခဲ့ပြီးပါပြီ။

အမေရိကန်နိုင်ငံမှာ ရိုက်ကူးတဲ့ ပုံတွေအများစုကိုတော့ နယူးယောက်ခ်မြို့အနီး ဝန်းကျင်မှာ ရိုက်ကူးခဲ့တာလို့ ဆိုပါတယ်။

ရော့ခ်ဖဲလားစင်တာမှာ ရိုက်ကူးခဲ့တဲ့ လူသားရုပ်တုသရုပ်ဖော်ပုံကိုတော့ ဟူစတန် ဘောလက်ကချေသည် ဟားပါးဝက်တာစ်က သရုပ်ပြပေးခဲ့တာပါ။

ခုလိုလူမြင်ကွင်း ညအချိန် ဝစ်လစ်စလစ်အခြေအနေနဲ့ ရိုက်ကူးခဲ့ရတာတွေမှာ ရဲတွေက သူ့ကို အကြိမ် ၄၀ ထက်မနည်း နှောင့်ယှက်ခဲ့တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံရိုက်ကွင်းတခုစီမှာ မက်တာဟာ ကချေသည်အုပ်စုကို သူတို့ရဲ့ အဝတ်တွေကို ချွတ်စေပြီး အချိန် တမိနစ်လောက်သာ ကိုယ်ဟန်ပြပေးဖို့ ညွှန်ကြားခဲ့တာလို့ ဆို ပါတယ်။

မက်တာရဲ့ စာအုပ်သစ်ကိုတော့ လာမယ့် အင်္ဂါနေ့မှာ ရရှိနိုင်မှာဖြစ်ပြီး Workman စာအုပ်ထုတ်ဝေရေးကုမ္ပဏီမှတဆင့် ထုတ်ဝေသွားမယ်လို့ ဆိုပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:DVB
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top