Property Expo
×

 ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕တြင္ ၿမိဳ႕ပတ္ရထားကို ခဲျဖင့္ပစ္ေပါက္ေသာ အသက္(၁၇)ႏွစ္အ ရြယ္ ျမန္မာလုပ္သားတစ္ဦးကို ထုိင္းရဲတပ္ဖြဲ႕က ဖမ္းဆီးထားေၾကာင္း သတင္းရရွိသည္။

ေအာက္တိုဘာ ၃ ရက္ ဘန္ ေကာက္ၿမိဳ႕ ေဟြ႕ကိြဳင္ခ႐ိုင္တြင္ ေဘာလံုးကစားေနေသာ အသက္ (၁၇)ႏွစ္အရြယ္ ျမန္မာလုပ္သား တစ္ဦးသည္ ၿမိဳ႕ပတ္ရထားကို ခဲျဖင့္ႏွစ္ခ်က္ပစ္ေပါက္ရာ ရထားေပၚ၌ လိုက္ပါလာသည့္ ခရီးသည္ ႏွစ္ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း သ တင္းရရွိသည္။

‘‘အဲဒီေန႔က ေတာ္ေတာ္ေလး စိုးရိမ္မႈေတြျဖစ္ၿပီး လူမႈကြန္ရက္ စာမ်က္ႏွာေတြေပၚမွာ ေရးတင္ ေနၾကတာ ေတြ႕ရတယ္။ ကေလး က ရထားလာတာမွာ ရထားသံ နားၿငီးလို႔ ဆိုၿပီး ေပါက္လိုက္တာလို႔ ထုိင္းရဲတပ္ဖြဲ႕က ေျပာထားတယ္။ လူေတြလည္း ေတာ္ေတာ္ေလးထိတ္လန္႔ၾကတယ္’’ ဟု ဘန္ေကာက္ၿမိဳ႕ေန ကိုေက်ာ္စြာလင္းက ေျပာသည္။

ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ ထိုင္းႏိုင္ငံဆိုင္ရာ  ျမန္မာသံ႐ံုးသို႔ ဆက္သြယ္ေမးျမန္းရာ ျဖစ္စဥ္ အေၾကာင္းအရာကို ထုိင္းရဲတပ္ဖြဲ႕ထံ ေတာင္းထားေၾကာင္း ထိုင္း ႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ံုးမွ တာ ဝန္ရွိသူတစ္ဦးက ေျပာသည္။

‘‘ျဖစ္စဥ္ကိုေတာ့ မသိရေသးဘူး။ ျမန္မာႏိုင္ငံသား ဟုတ္၊ မ ဟုတ္နဲ႔ ဘာေၾကာင့္ျဖစ္တယ္ဆို တာ ေမးထားပါတယ္’’ဟု ၎က ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မြို့ပတ်ရထားကို ခဲဖြင့်ပစ်ပေါက်သော အသက်(၁၇)နှစ်အ ရွယ် မြန်မာလုပ်သားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၃ ရက် ဘန် ကောက်မြို့ ဟွေ့ကွိုင်ခရိုင်တွင် ဘောလုံးကစားနေသော အသက် (၁၇)နှစ်အရွယ် မြန်မာလုပ်သား တစ်ဦးသည် မြို့ပတ်ရထားကို ခဲဖြင့်နှစ်ချက်ပစ်ပေါက်ရာ ရထားပေါ်၌ လိုက်ပါလာသည့် ခရီးသည် နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သ တင်းရရှိသည်။

‘‘အဲဒီနေ့က တော်တော်လေး စိုးရိမ်မှုတွေဖြစ်ပြီး လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ရေးတင် နေကြတာ တွေ့ရတယ်။ ကလေး က ရထားလာတာမှာ ရထားသံ နားငြီးလို့ ဆိုပြီး ပေါက်လိုက်တာလို့ ထိုင်းရဲတပ်ဖွဲ့က ပြောထားတယ်။ လူတွေလည်း တော်တော်လေးထိတ်လန့်ကြတယ်’’ ဟု ဘန်ကောက်မြို့နေ ကိုကျော်စွာလင်းက ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ  မြန်မာသံရုံးသို့ ဆက်သွယ်မေးမြန်းရာ ဖြစ်စဉ် အကြောင်းအရာကို ထိုင်းရဲတပ်ဖွဲ့ထံ တောင်းထားကြောင်း ထိုင်း နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘ဖြစ်စဉ်ကိုတော့ မသိရသေးဘူး။ မြန်မာနိုင်ငံသား ဟုတ်၊ မ ဟုတ်နဲ့ ဘာကြောင့်ဖြစ်တယ်ဆို တာ မေးထားပါတယ်’’ဟု ၎င်းက ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top