Property Expo
×
#Unicode Version
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ အောက်တိုဘာ ၃ နံနက်ပိုင်းက နေပြည်တော် ဇမ္ဗူသီရိအထူးကုဆေးရုံကြီးတွင် ပါမောက္ခဒေါက်တာ ဇော်ဝေစိုးနှင့်တွေ့ဆုံ၍ အရိုးအကြောဆိုင်ရာ ဆေးစစ်မှုခံယူခဲ့ကြောင်း သတင်းရရှိသည်။
ထိုသို့ ကျန်းမာရေးစစ်ဆးမှုခံယူရာတွင် ဓါတ်ရောင်ခြည်အန္တရာယ်လုံးဝမရှိသည့် စွမ်းအားမြင့်သံလိုက်ဓါတ်အသုံးပြု ခေတ်မီ (3 Tesla MRI) ဖြင့် ခန္ဓာကိုယ်တွင်းရှိ နှလုံး၊ ဥနှောက်နှင့်အာရုံကြော၊ အရိုးအကြောအဆစ်နှင့်ရင်ခေါင်း ဝမ်းဗိုက်အတွင်းရှိ ခန္ဓာကိုယ်အစိတ်အပိုင်းများ၏အခြေအနေကို ပုံရိပ်ဖမ်းရိုက်ကူးခြင်းဖြစ်ကြောင်း သိရသည်။
“အစ်မ ကျန်းမာပါတယ်။ ထွက်သွားတာကြည့်ပါဦး။ သွက်လက်နေတာလေ။ MRI စစ်တယ်။ X-ray စစ်တယ်။ ကျီးပေါင်းရောဂါမရှိပါဘူး”ဟု အထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာ ဇော်ဝေစိုးက ပြောသည်။
 ဖိုးသူတော် (www.phothutaw.com)
Credit:News Watch(စောင့်ကြည့်သတင်းဂျာနယ်)
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top