Property Expo
×

တ႐ုတ္ႏိုင္ငံသားတစ္ဦးဟာ မိုက္ခ႐ိုေ၀့ဖ္ (အစာေႏႊးစက္) ထဲမွာ ၾကက္ဥျပဳတ္မိတဲ့အတြက္ ေပါက္ကြဲမႈျဖစ္ပြားၿပီး မ်က္စိ ၂ ဘက္လံုး ကြယ္သြားခဲ့ရတယ္လို႔ www.siamupdate.com သတင္းမွာ ေဖာ္ျပပါတယ္။

တရုတ္ႏိုင္ငံက အသက္ ၃၀ ရြယ္ ဖခင္တဦးဟာ သားျဖစ္သူေက်ာင္းမသြားခင္ စားဖို႔ ၾကက္ဥ ကို ေရဇလံုထဲထည့္ၿပီး မိုက္ခရိုေ၀့ဖ္ထဲ ထည့္ထားခဲ့ပါတယ္။

၂ မိနစ္ေလာက္အၾကာ မိုက္ခရိုေ၀့ဖ္ထဲမွာ က်ယ္ေလာင္တဲ့ အသံၾကားလိုက္ရၿပီး သူက မိုက္ခရိုေ၀့ဖ္ အဖံုးကို ဖြင့္လိုက္တဲ့အခါမွာ ေပါက္ကြဲစေတြ မီးဖိုေခ်ာင္တခုလံုး ျပန္႔က်ဲေအာင္ လႊင့္စင္လာၿပီး သူ႔မ်က္စိ ၂ ဘက္လည္း ေပါက္ကြဲစေၾကာင့္ မီးစနဲ႔အထိုးခံရသလို ပူေလာင္ ေနတယ္လို႔ ေျပာပါတယ္။

ေဆး႐ုံေရာက္တဲ့အခါ ဆရာ၀န္က သူ႔မ်က္ခြံေရာ မ်က္လံုးေရာ ၂ ဘက္လံုး ျပင္းထန္စြာ ဒဏ္ရာရတဲ့အတြက္ ကြယ္သြားၿပီလို႔ ေျပာပါတယ္။

ဒီလိုျဖစ္ရတဲ့အေၾကာင္းကေတာ့ ၾကက္ဥကို ရိုးရိုးမီးဖိုနဲ႔ ျပဳတ္တဲ့အခါမွာ အပူခ်ိန္ေတြဟာ ျပင္ပကေန အတြင္းသို႔ စီး၀င္ၿပီး မိုက္ခရိုေ၀့ဖ္နဲ႔ ျပဳတ္ရင္ေတာ့ အဲဒါနဲ႔ ဆန္႔က်င္ဘက္ အပူခ်ိန္ေတြက အတြင္းပိုင္းကေန အျပင္ကိုစီးထြက္တယ္လို႔ ဆရာ၀န္က ေျပာပါတယ္။

မိုက္ခရိုေ၀.ဖ္ထဲက ၾကက္ဥဟာ အတြင္းဘက္မွာ အပူရွိန္ေတြ ျပင္းထန္လာျပီး သိပ္သည္းတဲ့ ၾကက္ဥခြံကို ေဖာက္ထြင္းဖို႔ႀကိဳးစားတဲ့အတြက္ ၾကက္ဥခြံတုန္ခါလာေၾကာင္း၊ ဇလံုထဲမွာရွိတဲ့ ေရအပူခ်ိန္လည္း ျမင့္လာျပီး အေငြ႔ပ်ံသြားတဲ့အတြက္ ၾကက္ဥရဲ႕အပူကိုထိန္းညႇိေပးႏိုင္စြမ္း မရွိေတာ့ဘဲ ျပင္းထန္တဲ့ ေပါက္ကြဲမႈျဖစ္ပြားရတာလို႔ ဆိုပါတယ္။

ဒါေၾကာင့္ မိုက္ခရိုေ၀့ဖ္နဲ႔ ၾကက္ဥျပဳတ္မယ္ဆိုရင္ ၾကက္ဥကို ဇလံုထဲေခါက္ထည့္ၿပီး အႏွစ္ကို လည္း အေပါက္ေဖာက္ေပးသင့္ေၾကာင္း၊ ၾကက္ဥစြပ္ျပဳတ္၊ ဒါမွမဟုတ္ ပူတင္းဖုတ္မယ္ ဆိုရင္လည္း ၾကက္ဥကို အပ္သြား ဒါမွမဟုတ္ သြားၾကားထိုးတံနဲ႔ အေပါက္ေဖာက္ၿပီးမွ ျပဳတ္ကာ အဖံုးကိုလံုေအာင္ဖံုးသင့္ေၾကာင္း ေျပာသြားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:DVB

#Unicode Version
တရုတ်နိုင်ငံသားတစ်ဦးဟာ မိုက်ခရိုဝေ့ဖ် (အစာနွှေးစက်) ထဲမှာ ကြက်ဥပြုတ်မိတဲ့အတွက် ပေါက်ကွဲမှုဖြစ်ပွားပြီး မျက်စိ ၂ ဘက်လုံး ကွယ်သွားခဲ့ရတယ်လို့ www.siamupdate.com သတင်းမှာ ဖော်ပြပါတယ်။

တရုတ်နိုင်ငံက အသက် ၃၀ ရွယ် ဖခင်တဦးဟာ သားဖြစ်သူကျောင်းမသွားခင် စားဖို့ ကြက်ဥ ကို ရေဇလုံထဲထည့်ပြီး မိုက်ခရိုဝေ့ဖ်ထဲ ထည့်ထားခဲ့ပါတယ်။

၂ မိနစ်လောက်အကြာ မိုက်ခရိုဝေ့ဖ်ထဲမှာ ကျယ်လောင်တဲ့ အသံကြားလိုက်ရပြီး သူက မိုက်ခရိုဝေ့ဖ် အဖုံးကို ဖွင့်လိုက်တဲ့အခါမှာ ပေါက်ကွဲစတွေ မီးဖိုချောင်တခုလုံး ပြန့်ကျဲအောင် လွှင့်စင်လာပြီး သူ့မျက်စိ ၂ ဘက်လည်း ပေါက်ကွဲစကြောင့် မီးစနဲ့အထိုးခံရသလို ပူလောင် နေတယ်လို့ ပြောပါတယ်။

ဆေးရုံရောက်တဲ့အခါ ဆရာဝန်က သူ့မျက်ခွံရော မျက်လုံးရော ၂ ဘက်လုံး ပြင်းထန်စွာ ဒဏ်ရာရတဲ့အတွက် ကွယ်သွားပြီလို့ ပြောပါတယ်။

ဒီလိုဖြစ်ရတဲ့အကြောင်းကတော့ ကြက်ဥကို ရိုးရိုးမီးဖိုနဲ့ ပြုတ်တဲ့အခါမှာ အပူချိန်တွေဟာ ပြင်ပကနေ အတွင်းသို့ စီးဝင်ပြီး မိုက်ခရိုဝေ့ဖ်နဲ့ ပြုတ်ရင်တော့ အဲဒါနဲ့ ဆန့်ကျင်ဘက် အပူချိန်တွေက အတွင်းပိုင်းကနေ အပြင်ကိုစီးထွက်တယ်လို့ ဆရာဝန်က ပြောပါတယ်။

မိုက်ခရိုဝေ.ဖ်ထဲက ကြက်ဥဟာ အတွင်းဘက်မှာ အပူရှိန်တွေ ပြင်းထန်လာပြီး သိပ်သည်းတဲ့ ကြက်ဥခွံကို ဖောက်ထွင်းဖို့ကြိုးစားတဲ့အတွက် ကြက်ဥခွံတုန်ခါလာကြောင်း၊ ဇလုံထဲမှာရှိတဲ့ ရေအပူချိန်လည်း မြင့်လာပြီး အငွေ့ပျံသွားတဲ့အတွက် ကြက်ဥရဲ့အပူကိုထိန်းညှိပေးနိုင်စွမ်း မရှိတော့ဘဲ ပြင်းထန်တဲ့ ပေါက်ကွဲမှုဖြစ်ပွားရတာလို့ ဆိုပါတယ်။

ဒါကြောင့် မိုက်ခရိုဝေ့ဖ်နဲ့ ကြက်ဥပြုတ်မယ်ဆိုရင် ကြက်ဥကို ဇလုံထဲခေါက်ထည့်ပြီး အနှစ်ကို လည်း အပေါက်ဖောက်ပေးသင့်ကြောင်း၊ ကြက်ဥစွပ်ပြုတ်၊ ဒါမှမဟုတ် ပူတင်းဖုတ်မယ် ဆိုရင်လည်း ကြက်ဥကို အပ်သွား ဒါမှမဟုတ် သွားကြားထိုးတံနဲ့ အပေါက်ဖောက်ပြီးမှ ပြုတ်ကာ အဖုံးကိုလုံအောင်ဖုံးသင့်ကြောင်း ပြောသွားပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:DVB
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top