Kantharyar Centre
×

စက္တင္ဘာလဆန္းက ဆက္တုိက္ ျမင့္တက္လာသည့္ ျပည္တြင္း စက္သုံးဆီ ေစ်းႏႈန္း သည္ လက္ရွိတြင္ တစ္လီတာ ၁၀၀ က်ပ္ခန္႔ ေစ်းတက္ခဲ့ၿပီး တစ္ လအတြင္း အျမင့္ဆုံးႏႈန္းထားအ ထိ ေရာက္ရွိလာေၾကာင္း စက္ သုံးဆီ အေရာင္းဆုိင္မ်ားမွ စုံစမ္း သိရသည္။

စက္တင္ဘာလဆန္းက ဒီ ဇယ္တစ္လီတာက်ပ္ ၅၃၀ ခန္႔၊ အဆင္ျမင့္ဒီဇယ္တစ္လီတာ ၅၅၀ က်ပ္ခန္႔၊ ေအာက္တိန္း -92 တစ္ လီတာ ၅၁၀ က်ပ္ခန္႔၊ ေအာက္ တိန္း -95 တစ္လီတာက်ပ္ ၆၀၀ ခန္႔ရွိရာမွ ေအာက္တိုဘာ ၂၂  ရက္တြင္ ဒီဇယ္တစ္လီတာ က်ပ္ ၆၁၀ ခန္႔၊ အဆင့္ျမင့္ဒီဇယ္တစ္လီ တာ က်ပ္ ၆၃၀ ခန္႔၊ ေအာက္တိန္း -92 တစ္လီတာ က်ပ္ ၆၂၀ ခန္႔ ႏွင့္ ေအာက္တိန္း -95 တစ္လီ တာက်ပ္ ၆၇၀ ခန္႔ျဖင့္ ေရာင္းခ်မႈ ရွိေနခဲ့သည္။

ႏုိင္ငံျခားေငြလဲလွယ္ႏႈန္းမွာ စက္တင္ဘာလဆန္းက အေမ ရိကန္တစ္ေဒၚလာလွ်င္ ၁,၂၀၈ က်ပ္ရွိၿပီး ေအာက္တုိဘာ ၂၂ ရက္တြင္ ၁,၂၈၃ က်ပ္ရွိေနျခင္း ေၾကာင့္ ျပည္တြင္းစက္သုံးဆီေစ်း ႏႈန္း ေျပာင္းလဲမႈရွိေနရျခင္းျဖစ္ သည္ဟု စက္သုံးဆီေရာင္း၀ယ္ ေရးလုပ္ငန္းမ်ားက ဆုိသည္။

‘‘အဓိကကေတာ့ ႏုိင္ငံျခား ေငြလဲလွယ္ႏႈန္း တက္လာတာ ေၾကာင့္လို႔ ယူဆတယ္။ တစ္လ ေက်ာ္အတြင္းဆီေစ်းဆက္တုိက္ တက္တယ္ဆုိတာ ၂၀၁၅ ႏွစ္ဆန္း ပိုင္းကေန အခုအခ်ိန္အတြင္းမွာ ပထမဆုံးျပန္ျဖစ္လာတဲ့ သေဘာ ပဲ’’ဟု မက္စ္စက္သုံးဆီ အေရာင္း ဆုိင္ခဲြ မန္ေနဂ်ာတစ္ဦးက မွတ္ ခ်က္ျပဳသည္။

ျပည္တြင္း စက္သုံးဆီေစ်း တက္ရျခင္းမွာ ႏုိင္ငံျခားေငြ လဲ လွယ္ႏႈန္း ျမင့္တက္ျခင္းေၾကာင့္အျပင္ ကမၻာ့ေရနံစိမ္းေစ်းတက္လာျခင္းေၾကာင့္လည္း ျဖစ္သည္ဟု ေစ်း ကြက္ ကြၽမ္းက်င္သူအခ်ဳိ႕က ဆုိ သည္။

ကမၻာ့ ေရနံစိမ္းေစ်းသည္ ေအာက္တိုဘာ လဆန္းကစ၍ တစ္စည္လွ်င္ ေဒၚလာ ၅၀ ေက်ာ္ အထိ ေရာက္ရွိလာခဲ့ေၾကာင္း မွတ္တမ္းမ်ားအရ သိရသည္။

ျပည္တြင္း စက္သုံးဆီေစ်း ႏႈန္းသည္လပုိင္းအတြင္း ျပန္လည္ ျမင့္တက္လာသည္ဆုိေသာ္လည္း ယခင္ႏွစ္က ျဖစ္ေပၚခဲ့သည့္ ႏႈန္း အထိ ေရာက္ရွိရန္ လိုေနေသး သည္ဟု ဆုိသည္။

၂၀၁၅ ေအာက္တိုဘာအ တြင္းက ျပည္တြင္းေစ်းကြက္တြင္ ေအာက္တိန္း -92 တစ္လီတာ ၇၀၀ က်ပ္ခန္႔၊ ေအာက္တိန္း - 92 တစ္လီတာ ၈၀၀ က်ပ္ခန္႔၊ ဒီ ဇယ္တစ္လီတာ ၆၆၀ က်ပ္ခန္႔ႏွင့္ အဆင့္ျမင့္ဒီဇယ္တစ္လီတာ ၇၀၀ က်ပ္ခန္႔ ရွိခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

စက်တင်ဘာလဆန်းက ဆက်တိုက် မြင့်တက်လာသည့် ပြည်တွင်း စက်သုံးဆီ ဈေးနှုန်း သည် လက်ရှိတွင် တစ်လီတာ ၁၀၀ ကျပ်ခန့် ဈေးတက်ခဲ့ပြီး တစ် လအတွင်း အမြင့်ဆုံးနှုန်းထားအ ထိ ရောက်ရှိလာကြောင်း စက် သုံးဆီ အရောင်းဆိုင်များမှ စုံစမ်း သိရသည်။

စက်တင်ဘာလဆန်းက ဒီ ဇယ်တစ်လီတာကျပ် ၅၃၀ ခန့်၊ အဆင်မြင့်ဒီဇယ်တစ်လီတာ ၅၅၀ ကျပ်ခန့်၊ အောက်တိန်း -92 တစ် လီတာ ၅၁၀ ကျပ်ခန့်၊ အောက် တိန်း -95 တစ်လီတာကျပ် ၆၀၀ ခန့်ရှိရာမှ အောက်တိုဘာ ၂၂  ရက်တွင် ဒီဇယ်တစ်လီတာ ကျပ် ၆၁၀ ခန့်၊ အဆင့်မြင့်ဒီဇယ်တစ်လီ တာ ကျပ် ၆၃၀ ခန့်၊ အောက်တိန်း -92 တစ်လီတာ ကျပ် ၆၂၀ ခန့် နှင့် အောက်တိန်း -95 တစ်လီ တာကျပ် ၆၇၀ ခန့်ဖြင့် ရောင်းချမှု ရှိနေခဲ့သည်။

နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ စက်တင်ဘာလဆန်းက အမေ ရိကန်တစ်ဒေါ်လာလျှင် ၁,၂၀၈ ကျပ်ရှိပြီး အောက်တိုဘာ ၂၂ ရက်တွင် ၁,၂၈၃ ကျပ်ရှိနေခြင်း ကြောင့် ပြည်တွင်းစက်သုံးဆီဈေး နှုန်း ပြောင်းလဲမှုရှိနေရခြင်းဖြစ် သည်ဟု စက်သုံးဆီရောင်းဝယ် ရေးလုပ်ငန်းများက ဆိုသည်။

‘‘အဓိကကတော့ နိုင်ငံခြား ငွေလဲလှယ်နှုန်း တက်လာတာ ကြောင့်လို့ ယူဆတယ်။ တစ်လ ကျော်အတွင်းဆီဈေးဆက်တိုက် တက်တယ်ဆိုတာ ၂၀၁၅ နှစ်ဆန်း ပိုင်းကနေ အခုအချိန်အတွင်းမှာ ပထမဆုံးပြန်ဖြစ်လာတဲ့ သဘော ပဲ’’ဟု မက်စ်စက်သုံးဆီ အရောင်း ဆိုင်ခွဲ မန်နေဂျာတစ်ဦးက မှတ် ချက်ပြုသည်။

ပြည်တွင်း စက်သုံးဆီဈေး တက်ရခြင်းမှာ နိုင်ငံခြားငွေ လဲ လှယ်နှုန်း မြင့်တက်ခြင်းကြောင့်အပြင် ကမ္ဘာ့ရေနံစိမ်းဈေးတက်လာခြင်းကြောင့်လည်း ဖြစ်သည်ဟု ဈေး ကွက် ကျွမ်းကျင်သူအချို့က ဆို သည်။

ကမ္ဘာ့ ရေနံစိမ်းဈေးသည် အောက်တိုဘာ လဆန်းကစ၍ တစ်စည်လျှင် ဒေါ်လာ ၅၀ ကျော် အထိ ရောက်ရှိလာခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။

ပြည်တွင်း စက်သုံးဆီဈေး နှုန်းသည်လပိုင်းအတွင်း ပြန်လည် မြင့်တက်လာသည်ဆိုသော်လည်း ယခင်နှစ်က ဖြစ်ပေါ်ခဲ့သည့် နှုန်း အထိ ရောက်ရှိရန် လိုနေသေး သည်ဟု ဆိုသည်။

၂၀၁၅ အောက်တိုဘာအ တွင်းက ပြည်တွင်းဈေးကွက်တွင် အောက်တိန်း -92 တစ်လီတာ ၇၀၀ ကျပ်ခန့်၊ အောက်တိန်း - 92 တစ်လီတာ ၈၀၀ ကျပ်ခန့်၊ ဒီ ဇယ်တစ်လီတာ ၆၆၀ ကျပ်ခန့်နှင့် အဆင့်မြင့်ဒီဇယ်တစ်လီတာ ၇၀၀ ကျပ်ခန့် ရှိခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top