Property Expo
×

 ၿဗိတိန္ႏုိင္ငံ၊ လန္ဒန္ၿမိဳ႕ေတာ္ရွိ တိရစာၦန္႐ံုတစ္ခုမွ ေဂၚရီလာ ေမ်ာက္ဝံတစ္ေကာင္ လြတ္ေျမာက္သြားေသာ္လည္း မည္သူမွ် ေဘးမသီ ရန္မခဘဲ ျပန္လည္ ထိန္းသိမ္း ဖမ္းဆီးႏုိင္ခဲ့ေၾကာင္း သိရသည္။

ေအာက္တိုဘာ ၁၃ ရက္တြင္ ေဂၚရီလာ ေမ်ာက္ဝံႀကီး ကြမ္ဘူကာ လြတ္ေျမာက္သြားသျဖင့္ အာဏာပိုင္မ်ား ျပာယာခတ္သြားၿပီး ၎ကို အသည္းအသန္ လုိက္လံ ရွာေဖြခဲ့ရသည္။ ထို႔အျပင္ ပိုင္ဂ္တန္ တိရစာၦန္ ဥယ်ာဉ္သို႔ လာေရာက္ လည္ပတ္သူ ဧည့္သည္မ်ားကိုလည္း စားေသာက္ဆုိင္၊ ငါးျပတုိက္ႏွင့္ လိပ္ျပာျပတိုက္ကဲ့သို႔ အလံုပိတ္ အေဆာက္အအံုမ်ားထဲ၌ လူစုထားေစကာ ဥယ်ာဉ္ ပရဝုဏ္ထဲတြင္ ကြမ္ဘူကာကို လုိက္ရွာခဲ့ၾကသည္။

တစ္နာရီမွ် အၾကာတြင္မူ ေပါင္ခ်ိန္ ၄၀၀ ေက်ာ္မွ် အေလးခ်ိန္ရွိသည့္ ေမ်ာက္ဝံႀကီးကို ဝန္းရံပိတ္ဆုိ႔ကာ ေမ့ေဆးေသနတ္ျဖင့္ ပစ္ဖမ္းၿပီး အေျခအေနကို ထိန္းသိမ္းႏုိင္ခဲ့ေၾကာင္း တိရစာၦန္ဥယ်ာဉ္ တာဝန္ရွိသူမ်ားက ေၾကညာခဲ့ၾကသည္။

ျပန္ၾကားေရး တာဝန္ခံ မယ္လ္ကြမ္ ဖစ္ဇ္ပက္ထရစ္က “ျဖစ္စဉ္အတြင္းမွာ ဧည့္သည္ေတြေရာ၊ တိရစာၦန္႐ံု ဝန္ထမ္းေတြပါ အထိအခိုက္ မရွိခဲ့ပါဘူး။ ကြမ္ဘူကာလည္း ေမ့ေဆးျပယ္ၿပီး ျမန္ျမန္ဆန္ဆန္ပဲ လန္းဆန္းလာပါတယ္။ ၿပီးေတာ့ တျခားေဂၚရီလာ မိသားစုဝင္ေတြနဲ႔ အဆင္ေျပေျပ ျပန္ေရာေႏွာသြားတာ ဝမ္းသာစရာပါပဲ”ဟု ေျပာၾကားသြားသည္။

ကြမ္ဘူကာသည္ တိရစာၦန္႐ံု ဝန္ထမ္းမ်ား အသံုးျပဳေလ့ရွိသည့္ သားရဲတြင္းေနာက္ဘက္ လံုၿခံဳေရး ဧရိယာ တစ္ခုထဲသို႔ ေရာက္ရွိေနခဲ့ေသာ္လည္း ဧည့္သည္မ်ားႏွင့္ နီးနီးစပ္စပ္ မရွိခဲ့ဟု ဆိုသည္။ ကြမ္ဘူကာ လြတ္သြားခ်ိန္တြင္ တိရစာၦန္႐ံု ပိတ္ခါနီးေနၿပီ ျဖစ္ေသာေၾကာင့္ ဧည့္သည္ ၁၀၀ ဝန္းက်င္သာ က်န္ရွိေနေၾကာင္းလည္း သတင္းမ်ားက ဆိုသည္။

တိရစာၦန္႐ံု တာဝန္ရွိသူမ်ားက ေမ်ာက္ဝံႀကီး လြတ္ေျမာက္ခဲ့သည့္ အေၾကာင္းရင္းကို စံုစမ္းေဖာ္ထုတ္လ်က္ ရွိသည္။ ကြမ္ဘူကာသည္ ၂၀၁၃ ခုႏွစ္တြင္ ပိုင္ဂ္တန္ တိရစာၦန္ဥယ်ာဉ္သို႔ ေရာက္ရွိလာခဲ့သည္။ အဆိုပါ တိရစာၦန္ ဥယ်ာဉ္တြင္ ေဂၚရီလာေမ်ာက္ဝံ အနည္းဆံုး ၇ ေကာင္မွ် ရွိေနသည္ဟုလည္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

 ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တော်ရှိ တိရစ္ဆာန်ရုံတစ်ခုမှ ဂေါ်ရီလာ မျောက်ဝံတစ်ကောင် လွတ်မြောက်သွားသော်လည်း မည်သူမျှ ဘေးမသီ ရန်မခဘဲ ပြန်လည် ထိန်းသိမ်း ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၁၃ ရက်တွင် ဂေါ်ရီလာ မျောက်ဝံကြီး ကွမ်ဘူကာ လွတ်မြောက်သွားသဖြင့် အာဏာပိုင်များ ပြာယာခတ်သွားပြီး ၎င်းကို အသည်းအသန် လိုက်လံ ရှာဖွေခဲ့ရသည်။ ထို့အပြင် ပိုင်ဂ်တန် တိရစ္ဆာန် ဥယျာဉ်သို့ လာရောက် လည်ပတ်သူ ဧည့်သည်များကိုလည်း စားသောက်ဆိုင်၊ ငါးပြတိုက်နှင့် လိပ်ပြာပြတိုက်ကဲ့သို့ အလုံပိတ် အဆောက်အအုံများထဲ၌ လူစုထားစေကာ ဥယျာဉ် ပရဝုဏ်ထဲတွင် ကွမ်ဘူကာကို လိုက်ရှာခဲ့ကြသည်။

တစ်နာရီမျှ အကြာတွင်မူ ပေါင်ချိန် ၄၀၀ ကျော်မျှ အလေးချိန်ရှိသည့် မျောက်ဝံကြီးကို ဝန်းရံပိတ်ဆို့ကာ မေ့ဆေးသေနတ်ဖြင့် ပစ်ဖမ်းပြီး အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့ကြောင်း တိရစ္ဆာန်ဥယျာဉ် တာဝန်ရှိသူများက ကြေညာခဲ့ကြသည်။

ပြန်ကြားရေး တာဝန်ခံ မယ်လ်ကွမ် ဖစ်ဇ်ပက်ထရစ်က “ဖြစ်စဉ်အတွင်းမှာ ဧည့်သည်တွေရော၊ တိရစ္ဆာန်ရုံ ဝန်ထမ်းတွေပါ အထိအခိုက် မရှိခဲ့ပါဘူး။ ကွမ်ဘူကာလည်း မေ့ဆေးပြယ်ပြီး မြန်မြန်ဆန်ဆန်ပဲ လန်းဆန်းလာပါတယ်။ ပြီးတော့ တခြားဂေါ်ရီလာ မိသားစုဝင်တွေနဲ့ အဆင်ပြေပြေ ပြန်ရောနှောသွားတာ ဝမ်းသာစရာပါပဲ”ဟု ပြောကြားသွားသည်။

ကွမ်ဘူကာသည် တိရစ္ဆာန်ရုံ ဝန်ထမ်းများ အသုံးပြုလေ့ရှိသည့် သားရဲတွင်းနောက်ဘက် လုံခြုံရေး ဧရိယာ တစ်ခုထဲသို့ ရောက်ရှိနေခဲ့သော်လည်း ဧည့်သည်များနှင့် နီးနီးစပ်စပ် မရှိခဲ့ဟု ဆိုသည်။ ကွမ်ဘူကာ လွတ်သွားချိန်တွင် တိရစ္ဆာန်ရုံ ပိတ်ခါနီးနေပြီ ဖြစ်သောကြောင့် ဧည့်သည် ၁၀၀ ဝန်းကျင်သာ ကျန်ရှိနေကြောင်းလည်း သတင်းများက ဆိုသည်။

တိရစ္ဆာန်ရုံ တာဝန်ရှိသူများက မျောက်ဝံကြီး လွတ်မြောက်ခဲ့သည့် အကြောင်းရင်းကို စုံစမ်းဖော်ထုတ်လျက် ရှိသည်။ ကွမ်ဘူကာသည် ၂၀၁၃ ခုနှစ်တွင် ပိုင်ဂ်တန် တိရစ္ဆာန်ဥယျာဉ်သို့ ရောက်ရှိလာခဲ့သည်။ အဆိုပါ တိရစ္ဆာန် ဥယျာဉ်တွင် ဂေါ်ရီလာမျောက်ဝံ အနည်းဆုံး ၇ ကောင်မျှ ရှိနေသည်ဟုလည်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top