Property Expo
×

ရန္ကုန္စေတာ့အိတ္ ခ်ိန္း ဖြင့္လွစ္ခဲ့သည့္ ခုနစ္လတာ ကာလအတြင္း အေရာင္းအဝယ္ ျပဳလုပ္ေနေသာ ကုမၸဏီသံုးခုစလံုး ၏ အရည္အခ်င္းမွာ ဆိုးဆိုးရြား ရြား က်ဆင္းျခင္္းမ်ဳိး မရွိေသး ေၾကာင္း ရန္ကုန္စေတာ့အိတ္ခ်ိန္း မွ Senior Executive Manager ဦးသက္ထြန္းဦးက ေျပာသည္။

‘‘Performance ဆိုးဆိုးရြား ရြား က်သြားတာလား ဆိုေတာ့ လည္း မဟုတ္ဘူး။ ကုမၸဏီသံုးခု စလံုးက အေကာင္းဆံုးလည္ပတ္ ေနတယ္’’ဟု ဦးသက္ထြန္းဦးက ေျပာသည္။

      ကုမၸဏီမ်ား၏ လုပ္ငန္းလည္ပတ္ပံု ေကာင္းမြန္ေသာ္လည္း စေတာ့ရွယ္ယာအေရာင္းအဝယ္ျပဳလုပ္သူမ်ားဘက္က ေစ်းကြက္ကို ေစာင့္ၾကည့္ၿပီး အေရာင္းအဝယ္ျပဳလုပ္ေန၍ ရန္ကုန္ စေတာ့အိတ္ခ်ိန္းတြင္ အေရာင္းအဝယ္နည္းပါးေနျခင္း ျဖစ္သည္ဟု ဆုိသည္။

ရန္ကုန္ စေတာ့အိတ္ခ်ိန္း တြင္ အေရာင္းအဝယ္နည္းပါးၿပီး ေစ်းက်ဆင္းေနသည္မွာ မွန္ကန္ ေသာ္လည္း တစ္ခါတစ္ရံ၌ ရက္ပိုင္းအတြင္း ရွယ္ယာ ဝယ္ယူ လိုသူ သိန္းဂဏန္းအထိ ရွိခဲ့ၿပီးျပန္လည္ေရာင္းခ်လိုသူ ေထာင္ ဂဏန္းသာ ရွိခဲ့သည့္ ထူးျခားျဖစ္စဥ္မ်ားလည္း ရွိခဲ့ေၾကာင္း CB Securities ကုမၸဏီမွ ဦးေသာင္းဟန္က ေျပာသည္။

 စေတာ့အိတ္ခ်ိန္း၏ အေရာင္းအဝယ္ အတက္အက်မွာ ေဒၚလာေစ်း၊ ေရႊေစ်းမ်ားႏွင့္ တိုက္႐ိုက္မသက္ဆိုင္ေသာ္လည္းကုမၸဏီ၏ လုပ္ငန္းမ်ားေပၚမူတည္ၿပီး သြယ္ဝုိက္ သက္ေရာက္သျဖင့္ ရွယ္ယာေစ်းအတက္အက် ရွိႏိုင္ေၾကာင္း ဦးေသာင္းဟန္က ဆိုသည္။

‘‘ဥပမာ သီလဝါေပါ့။ သူဆို ရင္ သီလဝါ SEZ က ေဒၚလာနဲ႔ ရတယ္။ ၿပီးေတာ့ ေဆာက္လုပ္ ေရးလုပ္ငန္းေတြ ရွိတယ္။ ဒါေတြ ဟာ ေဒၚလာေစ်း အတက္အက် ေပၚမူတည္ၿပီး လုပ္ရတာျဖစ္တဲ့ အတြက္ တိုက္႐ိုက္မဟုတ္ေတာင္ အနည္းငယ္ေတာ့ ဆက္စပ္မႈရွိ ေနတယ္’’ဟု ၎ကဆိုသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Verison

ရန်ကုန်စတော့အိတ် ချိန်း ဖွင့်လှစ်ခဲ့သည့် ခုနစ်လတာ ကာလအတွင်း အရောင်းအဝယ် ပြုလုပ်နေသော ကုမ္ပဏီသုံးခုစလုံး ၏ အရည်အချင်းမှာ ဆိုးဆိုးရွား ရွား ကျဆင်းခြင်းမျိုး မရှိသေး ကြောင်း ရန်ကုန်စတော့အိတ်ချိန်း မှ Senior Executive Manager ဦးသက်ထွန်းဦးက ပြောသည်။

‘‘Performance ဆိုးဆိုးရွား ရွား ကျသွားတာလား ဆိုတော့ လည်း မဟုတ်ဘူး။ ကုမ္ပဏီသုံးခု စလုံးက အကောင်းဆုံးလည်ပတ် နေတယ်’’ဟု ဦးသက်ထွန်းဦးက ပြောသည်။

      ကုမ္ပဏီများ၏ လုပ်ငန်းလည်ပတ်ပုံ ကောင်းမွန်သော်လည်း စတော့ရှယ်ယာအရောင်းအဝယ်ပြုလုပ်သူများဘက်က ဈေးကွက်ကို စောင့်ကြည့်ပြီး အရောင်းအဝယ်ပြုလုပ်နေ၍ ရန်ကုန် စတော့အိတ်ချိန်းတွင် အရောင်းအဝယ်နည်းပါးနေခြင်း ဖြစ်သည်ဟု ဆိုသည်။

ရန်ကုန် စတော့အိတ်ချိန်း တွင် အရောင်းအဝယ်နည်းပါးပြီး ဈေးကျဆင်းနေသည်မှာ မှန်ကန် သော်လည်း တစ်ခါတစ်ရံ၌ ရက်ပိုင်းအတွင်း ရှယ်ယာ ဝယ်ယူ လိုသူ သိန်းဂဏန်းအထိ ရှိခဲ့ပြီးပြန်လည်ရောင်းချလိုသူ ထောင် ဂဏန်းသာ ရှိခဲ့သည့် ထူးခြားဖြစ်စဉ်များလည်း ရှိခဲ့ကြောင်း CB Securities ကုမ္ပဏီမှ ဦးသောင်းဟန်က ပြောသည်။

 စတော့အိတ်ချိန်း၏ အရောင်းအဝယ် အတက်အကျမှာ ဒေါ်လာဈေး၊ ရွှေဈေးများနှင့် တိုက်ရိုက်မသက်ဆိုင်သော်လည်းကုမ္ပဏီ၏ လုပ်ငန်းများပေါ်မူတည်ပြီး သွယ်ဝိုက် သက်ရောက်သဖြင့် ရှယ်ယာဈေးအတက်အကျ ရှိနိုင်ကြောင်း ဦးသောင်းဟန်က ဆိုသည်။

‘‘ဥပမာ သီလဝါပေါ့။ သူဆို ရင် သီလဝါ SEZ က ဒေါ်လာနဲ့ ရတယ်။ ပြီးတော့ ဆောက်လုပ် ရေးလုပ်ငန်းတွေ ရှိတယ်။ ဒါတွေ ဟာ ဒေါ်လာဈေး အတက်အကျ ပေါ်မူတည်ပြီး လုပ်ရတာဖြစ်တဲ့ အတွက် တိုက်ရိုက်မဟုတ်တောင် အနည်းငယ်တော့ ဆက်စပ်မှုရှိ နေတယ်’’ဟု ၎င်းကဆိုသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily




 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top