Kantharyar Centre
×

အမ်ိဳးအစား-၂ ဆီးခ်ဳိေရာဂါရွင္မ်ား အစာစားၿပီးေနာက္ လမ္းေလွ်ာက္ေပးျခင္းသည္ အျခားေသာအခ်ိန္မ်ားတြင္ ေလ့က်င့္ခန္း လုပ္ျခင္းထက္ ေသြးထဲရိွ သၾကားဓာတ္ကုိ ပိုေလ်ာ့ပါးေစႏုိင္ေၾကာင္း ေလ့လာမႈအသစ္တစ္ရပ္က ေဖာ္ျပသည္။


ေသြးထဲတြင္ သၾကားဓာတ္ပမာဏျမင့္မားစြာရိွျခင္းေၾကာင့္ ႏွလံုးေရာဂါျဖစ္ပြားႏုိင္သည့္ အႏၲရာယ္ျမင့္မားလာႏုိင္သည္။ သုေတသီမ်ားက အစာစားၿပီးေနာက္ လမ္းေလွ်ာက္ေလ့ရိွေသာ အမ်ိဳးအ စား-၂ ဆီးခ်ိဳေရာဂါရွင္မ်ားႏွင့္ အျခားေသာအခ်ိန္မ်ား၌ ေလ့က်င့္ ခန္းလုပ္ေသာ ေရာဂါရွင္မ်ား၏ ေသြးထဲရိွ သၾကားဓာတ္ပမာဏကုိ ႏႈိင္းယွဥ္ေလ့လာခဲ့ျခင္းျဖစ္သည္။

အကယ္၍ အမ်ိဳးအစား-၂ ဆီးခ်ဳိေရာဂါျဖစ္ပြားေနပါက သီ တင္းတစ္ပတ္လွ်င္ အနည္းဆံုးမိနစ္ ၁၅၀ အထိ ကုိယ္လက္လႈပ္ရွား မႈျပဳလုပ္ရန္ လိုအပ္သည္ဟု နယူးဇီလန္ႏုိင္ငံ ေအာ္တာဂုိတကၠ သုိလ္မွ သုေတသီမ်ားက ေျပာသည္။

သုိ႔ေသာ္အစာစားၿပီးေနာက္ ကုိယ္လက္လႈပ္ရွားျခင္း၊ လမ္း ေလွ်ာက္ျခင္းျဖင့္ ေသြးထဲပါ၀င္ေသာ သၾကားဓာတ္ကုိ ပုိမိုထိ ေရာက္စြာ ေလ်ာ့က်ေစႏုိင္သည္ဟု သုေတသီမ်ားက ေျပာသည္။

လမ္းေလွ်ာက္ျခင္းကို အမ်ိဳးအစား-၂ ဆီးခ်ဳိေရာဂါသည္မ်ား ေန႔စဥ္ျပဳလုပ္သင့္သည္ဟု ၎တုိ႔က ေျပာသည္။ ေလ့က်င့္ခန္းလုပ္ ျခင္းသည္ အမ်ိဳးအစား-၂ ဆီးခ်ဳိေရာဂါသည္မ်ားအတြက္ ေရာဂါ ကုိ စီမံခန္႔ခြဲထိန္းခ်ဳပ္ကုသရန္ ေကာင္းမြန္ေသာနည္းလမ္းျဖစ္သည္ ဟု သုေတသီမ်ားက ေျပာသည္။

အမ်ိဳးအစား-၂ ဆီးခ်ဳိေရာဂါရွင္မ်ားၾကား ႏွလံုးေရာဂါျဖစ္ပြား မႈ မ်ားျပားေသာေၾကာင့္ အစာစားၿပီးေနာက္ လမ္းေလွ်ာက္ျခင္း၊ကုိယ္လက္လႈပ္ရွားျခင္းတုိ႔ျပဳလုပ္ရန္ တုိက္တြန္းေရး အေရးႀကီးေၾကာင္း သုေတသီမ်ားကရွင္းျပသည္။

ကုိယ္လက္လႈပ္ရွားမႈမ်ားျပဳလုပ္ျခင္းျဖင့္ ေသြးထဲရိွသၾကား ဓာတ္ပမာဏကုိ ထိန္းခ်ဳပ္ရာတြင္ တုိးတက္မႈရိွေၾကာင္း ေလ့လာမႈ မ်ားစြာက ေဖာ္ျပေနေသာ္လည္း ေကာင္းမြန္ေသာ လူေနမႈဘ၀ ပံုစံ၊ ေလ့က်င့္ခန္းလုပ္ျခင္းႏွင့္ မွန္ကန္ေသာ ေဆး၀ါးမ်ားအသံုးျပဳျခင္း တုိ႔ျဖင့္ ေအာင္ျမင္ေသာ ရလဒ္မ်ားထြက္ေပၚလာႏုိင္သည္ဟု သုေတ သီမ်ားကေျပာသည္။         

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

မျိုးအစား-၂ ဆီးချိုရောဂါရှင်များ အစာစားပြီးနောက် လမ်းလျှောက်ပေးခြင်းသည် အခြားသောအချိန်များတွင် လေ့ကျင့်ခန်း လုပ်ခြင်းထက် သွေးထဲရှိ သကြားဓာတ်ကို ပိုလျော့ပါးစေနိုင်ကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။


သွေးထဲတွင် သကြားဓာတ်ပမာဏမြင့်မားစွာရှိခြင်းကြောင့် နှလုံးရောဂါဖြစ်ပွားနိုင်သည့် အန္တရာယ်မြင့်မားလာနိုင်သည်။ သုတေသီများက အစာစားပြီးနောက် လမ်းလျှောက်လေ့ရှိသော အမျိုးအ စား-၂ ဆီးချိုရောဂါရှင်များနှင့် အခြားသောအချိန်များ၌ လေ့ကျင့် ခန်းလုပ်သော ရောဂါရှင်များ၏ သွေးထဲရှိ သကြားဓာတ်ပမာဏကို နှိုင်းယှဉ်လေ့လာခဲ့ခြင်းဖြစ်သည်။

အကယ်၍ အမျိုးအစား-၂ ဆီးချိုရောဂါဖြစ်ပွားနေပါက သီ တင်းတစ်ပတ်လျှင် အနည်းဆုံးမိနစ် ၁၅၀ အထိ ကိုယ်လက်လှုပ်ရှား မှုပြုလုပ်ရန် လိုအပ်သည်ဟု နယူးဇီလန်နိုင်ငံ အော်တာဂိုတက္က သိုလ်မှ သုတေသီများက ပြောသည်။

သို့သော်အစာစားပြီးနောက် ကိုယ်လက်လှုပ်ရှားခြင်း၊ လမ်း လျှောက်ခြင်းဖြင့် သွေးထဲပါဝင်သော သကြားဓာတ်ကို ပိုမိုထိ ရောက်စွာ လျော့ကျစေနိုင်သည်ဟု သုတေသီများက ပြောသည်။

လမ်းလျှောက်ခြင်းကို အမျိုးအစား-၂ ဆီးချိုရောဂါသည်များ နေ့စဉ်ပြုလုပ်သင့်သည်ဟု ၎င်းတို့က ပြောသည်။ လေ့ကျင့်ခန်းလုပ် ခြင်းသည် အမျိုးအစား-၂ ဆီးချိုရောဂါသည်များအတွက် ရောဂါ ကို စီမံခန့်ခွဲထိန်းချုပ်ကုသရန် ကောင်းမွန်သောနည်းလမ်းဖြစ်သည် ဟု သုတေသီများက ပြောသည်။

အမျိုးအစား-၂ ဆီးချိုရောဂါရှင်များကြား နှလုံးရောဂါဖြစ်ပွား မှု များပြားသောကြောင့် အစာစားပြီးနောက် လမ်းလျှောက်ခြင်း၊ကိုယ်လက်လှုပ်ရှားခြင်းတို့ပြုလုပ်ရန် တိုက်တွန်းရေး အရေးကြီးကြောင်း သုတေသီများကရှင်းပြသည်။

ကိုယ်လက်လှုပ်ရှားမှုများပြုလုပ်ခြင်းဖြင့် သွေးထဲရှိသကြား ဓာတ်ပမာဏကို ထိန်းချုပ်ရာတွင် တိုးတက်မှုရှိကြောင်း လေ့လာမှု များစွာက ဖော်ပြနေသော်လည်း ကောင်းမွန်သော လူနေမှုဘ၀ ပုံစံ၊ လေ့ကျင့်ခန်းလုပ်ခြင်းနှင့် မှန်ကန်သော ဆေးဝါးများအသုံးပြုခြင်း တို့ဖြင့် အောင်မြင်သော ရလဒ်များထွက်ပေါ်လာနိုင်သည်ဟု သုတေ သီများကပြောသည်။         


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top