Property Expo
×




Credit : Duwun


#Unicode Version


အမေရိကန် ဒီဇိုင်နာ ရစ်ချတ်ကလာ့က်ဆန်ဟာ Bluetooth စပီကာ တစ်လုံးကို တီထွင်လိုက်ပြီး အဆိုပါစပီကာရဲ့ ဒီဇိုင်းကြောင့် မီဒီယာတွေရဲ့ ဖော်ပြမှုကို ခံနေရပါတယ်။ စပီကာဟာ  levitation (လေပေါ်လွင့်မျောခြင်း) နည်းပညာကို အသုံးပြုကာ ပြုလုပ်ထားတာဖြစ်ပြီး ထားရှိတဲ့နေရာမှာ လေပေါ်ဝဲနေမှာ ဖြစ်ပါတယ်။

levitation နည်းပညာ အထူးကျွမ်းကျင်တဲ့ Crealev ကုမ္ပဏီနဲ့ ပူးပေါင်းပြုလုပ်ခဲ့တာဖြစ်ပြီး အိမ်ထဲမှာ တိမ်အုပ်လေးတစ်အုပ် မျောနေသလို ရှိနေမှာဖြစ်ကာ အောက်ဘက်မှာတော့ ဘဲဥပုံ အခံလေးတစ်ခု ထားရမှာဖြစ်ပါတယ်။

မြေပြင်ကနေ ၂ လက်မလောက်ထိ မျောနေနိုင်တာဖြစ်ပြီး တိမ်တွေထဲ မိုးခြိမ်းလျှပ်စီးလက်သလိုပုံစံ ပေါက်စေဖို့ LED မီးကိုလည်း ထည့်သွင်းထားပါတယ်။ လက်ရှိမှာတော့ အဆိုပါ တိမ်အုပ်စပီကာလေးကို ဝယ်ယူလို့မရသေးဘူးလို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top