Property Expo
×

 အစိုးရစီမံခ်က္ျဖင့္ ပူ တာအိုခ႐ိုင္ ေခါင္လန္ဖူးေဒသအ တြင္းမွ တ႐ုတ္ႏိုင္ငံသို႔ ခိုးထုတ္ရန္စီစဥ္ထားေသာ သစ္မ်ားကို ပိုက္ စိပ္တိုက္ဖမ္းဆီးရာ တစ္လႏွင့္ ငါး ရက္အတြင္း သစ္တန္ခ်ိန္ ခုနစ္ေထာင္ေက်ာ္ ဖမ္းဆီးရရွိခဲ့ေၾကာင္း သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး ဝန္ႀကီးဌာနက သတင္းထုတ္ျပန္သည္။

တ႐ုတ္ႏုိင္ငံသို႔ ခိုးထုတ္ရန္ စီစဥ္ထားေသာ သစ္မ်ား ေခါင္ လန္ဖူးေဒသတြင္ရွိသည္ဟု သ တင္းရသျဖင့္ စက္တင္ဘာ ၁၅ ရက္မွစ၍ အစိုးရစီမံခ်က္ျဖင့္ ပိုက္စိပ္တိုက္ဖမ္းဆီးရာ ေအာက္တုိ ဘာ ၂၁ ရက္အထိ သစ္လံုးေရ ၉၂၀၉ (တန္ခ်ိန္ ခုနစ္ေထာင္ေလး ဆယ့္ရွစ္တန္)သိမ္းဆည္းရရွိခဲ့  သည္ဟု ဝန္ႀကီးဌာနက ထုတ္ျပန္ သည္။

ေခါင္လန္ဖူးေဒသတြင္ ဖမ္း ဆီးရမိမႈသည္ ၂၀၁၆-၁၇ဘ႑ာ ေရးႏွစ္ ခုနစ္လအတြင္း အျခားေဒ သမ်ားႏွင့္ ႏိႈင္းယွဥ္ပါက  ပမာဏ အမ်ားဆံုးဖမ္းဆီးရမိသည့္ ေဒသအျဖစ္ ဝန္ႀကီးဌာနက သတ္မွတ္ ထားေၾကာင္း သတင္းရရွိသည္။

သိမ္းဆည္းရမိသည့္ သစ္ မ်ားကို တရားမဝင္သစ္မ်ားအျဖစ္ သတ္မွတ္၍ ဥပေဒႏွင့္အညီ ဝန္ႀကီးဌာနက လက္လႊဲယူၿပီး နယ္ေျမရွင္းလင္းေဆာင္ရြက္ျခင္းႏွင့္ တရားမဝင္ သစ္ရွာေဖြဖမ္းဆီး ျခင္းမ်ား ဆက္လက္လုပ္ေဆာင္ ေနေၾကာင္း ဝန္ႀကီးဌာနက သ တင္းထုတ္ျပန္သည္။

အဆိုပါသစ္မ်ားကို တ႐ုတ္ ႏုိင္ငံ နယ္စပ္အနီး ဇီးထန္၊ ပဇယ္ ႏွင့္ ရွိန္းေတာင္ေက်းရြာတစ္ ေလွ်ာက္ရွိ ရြာမ်ားတြင္ ဖမ္းဆီး ရရွိခဲ့ျခင္းျဖစ္သည္။

ပူတာအိုခ႐ိုင္ ေခါင္လန္ဖူး ၿမိဳ႕နယ္ေဒသရွိ တရားမဝင္ သစ္ ကနဦး ဖမ္းဆီးစဥ္က သစ္ခိုး ထုတ္မႈမ်ားတြင္ ပါဝင္ပတ္သက္ သူမ်ားမွာ ဌာေနျပည္သူ႔စစ္အဖြဲ႕ ႏွင့္ တ႐ုတ္ႏုိင္ငံအေျခစိုက္ ထတံု ကုမၸဏီတို႔ျဖစ္ေၾကာင္း စက္တင္ ဘာတြင္ သယံဇာတႏွင့္ သဘာဝ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ ႀကီးဌာနက သတင္းထုတ္ျပန္ခဲ့ သည္။

ယခုဖမ္းဆီးရမိသည့္ သစ္ မ်ားႏွင့္ပတ္သက္၍ မည္သူတို႔ပါ ဝင္သည္ကို အစိုးရက ထုတ္ျပန္ ေၾကညာခဲ့ျခင္း မရွိခဲ့ေသာ္လည္း ဌာေနျပည္သူ႔စစ္မ်ားႏွင့္ပူးေပါင္း ဖမ္းဆီးခဲ့သည္ဟု ေၾကညာခဲ့ သည္။

ယခု တရားမဝင္ သစ္မ်ား ဖမ္းဆီးရမိသည့္ ေခါင္လန္ဖူးေဒ သသည္ တ႐ုတ္-ျမန္မာနယ္စပ္ ေက်းရြာမ်ားျဖစ္ၿပီး လမ္းပန္း ဆက္သြယ္ေရး ခက္ခဲေသာ ေၾကာင့္ ဖမ္းဆီးသစ္မ်ား ဌာနသို႔ ျပန္လည္တင္ေဆာင္ရာတြင္ အ ခက္အခဲရွိေနေၾကာင္း သစ္ေတာ ဦးစီးဌာနမွ သတင္းရရွိသည္။

ဖမ္းဆီးရရွိခဲ့သည့္ သစ္မ်ား တြင္ ထင္း႐ွဴး၊ ေတာင္ခ်ယ္ရီ၊ စကားဝါသစ္မ်ားပါဝင္ကာ ထင္း ႐ွဴးဆီမွာ တ႐ုတ္အလွကုန္ေစ်း ကြက္တြင္ လူႀကိဳက္မ်ားၿပီး ေတာင္ခ်ယ္ရီႏွင့္ စကားဝါသစ္အေသြး အေရာင္မွာ အဝါေရာင္ျဖစ္သျဖင့္ တ႐ုတ္ႏိုင္ငံ၌ လူႀကိဳက္မ်ားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 အစိုးရစီမံချက်ဖြင့် ပူ တာအိုခရိုင် ခေါင်လန်ဖူးဒေသအ တွင်းမှ တရုတ်နိုင်ငံသို့ ခိုးထုတ်ရန်စီစဉ်ထားသော သစ်များကို ပိုက် စိပ်တိုက်ဖမ်းဆီးရာ တစ်လနှင့် ငါး ရက်အတွင်း သစ်တန်ချိန် ခုနစ်ထောင်ကျော် ဖမ်းဆီးရရှိခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

တရုတ်နိုင်ငံသို့ ခိုးထုတ်ရန် စီစဉ်ထားသော သစ်များ ခေါင် လန်ဖူးဒေသတွင်ရှိသည်ဟု သ တင်းရသဖြင့် စက်တင်ဘာ ၁၅ ရက်မှစ၍ အစိုးရစီမံချက်ဖြင့် ပိုက်စိပ်တိုက်ဖမ်းဆီးရာ အောက်တို ဘာ ၂၁ ရက်အထိ သစ်လုံးရေ ၉၂၀၉ (တန်ချိန် ခုနစ်ထောင်လေး ဆယ့်ရှစ်တန်)သိမ်းဆည်းရရှိခဲ့  သည်ဟု ဝန်ကြီးဌာနက ထုတ်ပြန် သည်။

ခေါင်လန်ဖူးဒေသတွင် ဖမ်း ဆီးရမိမှုသည် ၂၀၁၆-၁၇ဘဏ္ဍာ ရေးနှစ် ခုနစ်လအတွင်း အခြားဒေ သများနှင့် နှိုင်းယှဉ်ပါက  ပမာဏ အများဆုံးဖမ်းဆီးရမိသည့် ဒေသအဖြစ် ဝန်ကြီးဌာနက သတ်မှတ် ထားကြောင်း သတင်းရရှိသည်။

သိမ်းဆည်းရမိသည့် သစ် များကို တရားမဝင်သစ်များအဖြစ် သတ်မှတ်၍ ဥပဒေနှင့်အညီ ဝန်ကြီးဌာနက လက်လွှဲယူပြီး နယ်မြေရှင်းလင်းဆောင်ရွက်ခြင်းနှင့် တရားမဝင် သစ်ရှာဖွေဖမ်းဆီး ခြင်းများ ဆက်လက်လုပ်ဆောင် နေကြောင်း ဝန်ကြီးဌာနက သ တင်းထုတ်ပြန်သည်။

အဆိုပါသစ်များကို တရုတ် နိုင်ငံ နယ်စပ်အနီး ဇီးထန်၊ ပဇယ် နှင့် ရှိန်းတောင်ကျေးရွာတစ် လျှောက်ရှိ ရွာများတွင် ဖမ်းဆီး ရရှိခဲ့ခြင်းဖြစ်သည်။

ပူတာအိုခရိုင် ခေါင်လန်ဖူး မြို့နယ်ဒေသရှိ တရားမဝင် သစ် ကနဦး ဖမ်းဆီးစဉ်က သစ်ခိုး ထုတ်မှုများတွင် ပါဝင်ပတ်သက် သူများမှာ ဌာနေပြည်သူ့စစ်အဖွဲ့ နှင့် တရုတ်နိုင်ငံအခြေစိုက် ထတုံ ကုမ္ပဏီတို့ဖြစ်ကြောင်း စက်တင် ဘာတွင် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန် ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ သည်။

ယခုဖမ်းဆီးရမိသည့် သစ် များနှင့်ပတ်သက်၍ မည်သူတို့ပါ ဝင်သည်ကို အစိုးရက ထုတ်ပြန် ကြေညာခဲ့ခြင်း မရှိခဲ့သော်လည်း ဌာနေပြည်သူ့စစ်များနှင့်ပူးပေါင်း ဖမ်းဆီးခဲ့သည်ဟု ကြေညာခဲ့ သည်။

ယခု တရားမဝင် သစ်များ ဖမ်းဆီးရမိသည့် ခေါင်လန်ဖူးဒေ သသည် တရုတ်-မြန်မာနယ်စပ် ကျေးရွာများဖြစ်ပြီး လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသော ကြောင့် ဖမ်းဆီးသစ်များ ဌာနသို့ ပြန်လည်တင်ဆောင်ရာတွင် အ ခက်အခဲရှိနေကြောင်း သစ်တော ဦးစီးဌာနမှ သတင်းရရှိသည်။

ဖမ်းဆီးရရှိခဲ့သည့် သစ်များ တွင် ထင်းရှူး၊ တောင်ချယ်ရီ၊ စကားဝါသစ်များပါဝင်ကာ ထင်း ရှူးဆီမှာ တရုတ်အလှကုန်ဈေး ကွက်တွင် လူကြိုက်များပြီး တောင်ချယ်ရီနှင့် စကားဝါသစ်အသွေး အရောင်မှာ အဝါရောင်ဖြစ်သဖြင့် တရုတ်နိုင်ငံ၌ လူကြိုက်များသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top