Property Expo
×

 အေမရိကန္ ေလေၾကာင္းပိုင္ ခရီးသည္တင္ ေလယာဉ္တစ္စီး ေျပးလမ္းေပၚမွ ပ်ံတက္ခါနီးတြင္ အင္ဂ်င္မီးေလာင္မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ေအာက္တိုဘာ ၂၈ ရက္က Boeing 767 အမ်ိဳးအစား ေလယာဉ္သည္ ခ်ီကာဂိုရွိ အိုဟာရာ ႏုိင္ငံတကာ ေလဆိပ္မွ အတက္တြင္ ညာဘက္အင္ဂ်င္ မီးေလာင္မႈႏွင့္ ႀကံဳေတြ႕ခဲ့ျခင္း ျဖစ္သည္။ ေလယာဉ္၏ ပ်ံတက္မႈ ခရီးစဉ္ မေအာင္ျမင္ခဲ့သလို အင္ဂ်င္ အပိုင္းအစမ်ားသည္လည္း မုိင္ဝက္မွ်ထိ ပ်ံ႕ႏွ႔ံသြားခဲ့သည္။

ခရီးသည္မ်ားသည္ ေလအိတ္ေလွ်ာမ်ားျဖင့္ ေလယာဉ္ေပၚမွ အေရးေပၚ ဆင္းသက္ခဲ့ရသည္။ ယခုျဖစ္ရပ္တြင္ ထိတ္လန္႔ေနသည့္ ခရီးသည္ ၁၆၁ ဦးႏွင့္ ေလယာဉ္အမႈထမ္း ၉ ဦးတို႔ကို ေဘးလြတ္ရာသို႔ အလ်င္အျမန္ ပို႔ေဆာင္ေပးႏုိင္ခဲ့ေၾကာင္း သိရသည္။ ေလယာဉ္၏ ညာဘက္ျခမ္းမွာမူ ဆိုးဆိုးရြားရြား မီးစြဲေလာင္ကာ ပ်က္စီးသြားခဲ့သည္။

ေလဆိပ္၏ မီးသတ္ဌာန အႀကီးအကဲ တင္မိုသီ ဆမ္ေပးက ေလယာဉ္၏ အင္ဂ်င္အမွတ္ ၂ တြင္ မီးေလာင္ေၾကာင္း သတင္းရသည္ႏွင့္ ေလယာဉ္ေျပးလမ္းေပၚ အလ်င္အျမန္ သြားေရာက္ခဲ့ေၾကာင္း ဆုိသည္။ ေလယာဉ္သည္ ေျပးလမ္း၏ အဆံုးတြင္ ေအာင္ျမင္ေခ်ာေမာစြာ ရပ္တန္႔ႏုိင္ခဲ့သည္။ ေလယာဉ္ေပၚတြင္ ေလာင္စာဆီ ေပါင္ခ်ိန္ ၄၃၀၀၀ မွ်ကို တင္ေဆာင္လာေၾကာင္းလည္း သိရသည္။

“ေလထဲေရာက္မွ အခုလို ထျဖစ္ရင္ေတာ့ အႀကီးအက်ယ္ ဆိုးဆိုးရြားရြား ျဖစ္သြားႏုိင္တာ ေသခ်ာသေလာက္ပဲ”ဟု ဆမ္ေပးက မွတ္ခ်က္ျပဳခဲ့သည္။ ခရီးသည္ ၂၀ ခန္႔သည္ ေလွ်ာအဆင္းတြင္ ထိခုိက္ဒဏ္ရာရမႈ အနည္းငယ္ ရွိခဲ့ၿပီး ေဆး႐ံုတြင္ ကုသေပးခဲ့သည္။ သို႔ေသာ္ မီးေလာင္မႈေၾကာင့္ ထိခုိက္မိသူ တစ္ဦးမွ် မရွိေခ်။

အေမရိကန္ ေလေၾကာင္းလုိင္း၏ ခရီးစဉ္အမွတ္ ၃၈၃ ေလယာဉ္သည္ ခ်ီကာဂိုမွ မီယာမီသို႔ ဦးတည္ပ်ံသန္းရည္ စီစဉ္ထားျခင္း ျဖစ္သည္။ ယခုမေတာ္တဆမႈေၾကာင့္ ေလဆိပ္မွ ေျပးလမ္း ၄ ခုကို ညေနပိုင္းထိ ပိတ္ထားခဲ့ရသည္။ ထို႔ေနာက္ ေလယာဉ္ကို မီးၿငႇိမ္းသတ္ၿပီး နာရီေပါင္း အေတာ္ၾကာသည္အထိ အေရးေပၚ အေျခအေန တံု႔ျပန္ေရး ယာဉ္အမ်ားအျပားက ဝန္းရံကာ အေျခအေန စိတ္ခ်ရသည္ထိ ေစာင့္ၾကည့္ေနခဲ့သည္။

ယခုျဖစ္ရပ္ႏွင့္ ပတ္သက္၍ အေမရိကန္ အမ်ိဳးသား သယ္ယူပို႔ေဆာင္မႈ လံုၿခံဳေရး ဘုတ္အဖြဲ႕က စံုစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္သြားမည္ ျဖစ္သလုိ Boeing ကုမၸဏီကလည္း ပူးေပါင္းကူညီသြားမည္ဟု ေၾကညာထားသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 အမေရိကန် လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီး ပြေးလမ်းပေါ်မှ ပျံတက်ခါနီးတွင် အင်ဂျင်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၂၈ ရက်က Boeing 767 အမျိုးအစား လေယာဉ်သည် ချီကာဂိုရှိ အိုဟာရာ နိုင်ငံတကာ လေဆိပ်မှ အတက်တွင် ညာဘက်အင်ဂျင် မီးလောင်မှုနှင့် ကြုံတွေ့ခဲ့ခြင်း ဖြစ်သည်။ လေယာဉ်၏ ပျံတက်မှု ခရီးစဉ် မအောင်မြင်ခဲ့သလို အင်ဂျင် အပိုင်းအစများသည်လည်း မိုင်ဝက်မျှထိ ပျံ့နှံ့သွားခဲ့သည်။

ခရီးသည်များသည် လေအိတ်လျှောများဖြင့် လေယာဉ်ပေါ်မှ အရေးပေါ် ဆင်းသက်ခဲ့ရသည်။ ယခုဖြစ်ရပ်တွင် ထိတ်လန့်နေသည့် ခရီးသည် ၁၆၁ ဦးနှင့် လေယာဉ်အမှုထမ်း ၉ ဦးတို့ကို ဘေးလွတ်ရာသို့ အလျင်အမြန် ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။ လေယာဉ်၏ ညာဘက်ခြမ်းမှာမူ ဆိုးဆိုးရွားရွား မီးစွဲလောင်ကာ ပျက်စီးသွားခဲ့သည်။

လေဆိပ်၏ မီးသတ်ဌာန အကြီးအကဲ တင်မိုသီ ဆမ်ပေးက လေယာဉ်၏ အင်ဂျင်အမှတ် ၂ တွင် မီးလောင်ကြောင်း သတင်းရသည်နှင့် လေယာဉ်ပြေးလမ်းပေါ် အလျင်အမြန် သွားရောက်ခဲ့ကြောင်း ဆိုသည်။ လေယာဉ်သည် ပြေးလမ်း၏ အဆုံးတွင် အောင်မြင်ချောမောစွာ ရပ်တန့်နိုင်ခဲ့သည်။ လေယာဉ်ပေါ်တွင် လောင်စာဆီ ပေါင်ချိန် ၄၃၀၀၀ မျှကို တင်ဆောင်လာကြောင်းလည်း သိရသည်။

“လေထဲရောက်မှ အခုလို ထဖြစ်ရင်တော့ အကြီးအကျယ် ဆိုးဆိုးရွားရွား ဖြစ်သွားနိုင်တာ သေချာသလောက်ပဲ”ဟု ဆမ်ပေးက မှတ်ချက်ပြုခဲ့သည်။ ခရီးသည် ၂၀ ခန့်သည် လျှောအဆင်းတွင် ထိခိုက်ဒဏ်ရာရမှု အနည်းငယ် ရှိခဲ့ပြီး ဆေးရုံတွင် ကုသပေးခဲ့သည်။ သို့သော် မီးလောင်မှုကြောင့် ထိခိုက်မိသူ တစ်ဦးမျှ မရှိချေ။

အမေရိကန် လေကြောင်းလိုင်း၏ ခရီးစဉ်အမှတ် ၃၈၃ လေယာဉ်သည် ချီကာဂိုမှ မီယာမီသို့ ဦးတည်ပျံသန်းရည် စီစဉ်ထားခြင်း ဖြစ်သည်။ ယခုမတော်တဆမှုကြောင့် လေဆိပ်မှ ပြေးလမ်း ၄ ခုကို ညနေပိုင်းထိ ပိတ်ထားခဲ့ရသည်။ ထို့နောက် လေယာဉ်ကို မီးငြှိမ်းသတ်ပြီး နာရီပေါင်း အတော်ကြာသည်အထိ အရေးပေါ် အခြေအနေ တုံ့ပြန်ရေး ယာဉ်အများအပြားက ဝန်းရံကာ အခြေအနေ စိတ်ချရသည်ထိ စောင့်ကြည့်နေခဲ့သည်။

ယခုဖြစ်ရပ်နှင့် ပတ်သက်၍ အမေရိကန် အမျိုးသား သယ်ယူပို့ဆောင်မှု လုံခြုံရေး ဘုတ်အဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်သလို Boeing ကုမ္ပဏီကလည်း ပူးပေါင်းကူညီသွားမည်ဟု ကြေညာထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top