Property Expo
×




Credit:7Day Daily

#Unicode Version

အမေရိကန်နိုင်ငံကပေးတဲ့ ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး(GSP)မှာ  အထည်ချုပ်ပို့ကုန်တွေ ပါဝင်ခြင်းမရှိတာကြောင့်  ပြည်ပကို ချုပ်ထည်တင်ပို့မှု သိသာစွာတိုးမြင့်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

အမေရိကန်နိုင်ငံရဲ့ ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး(GSP) ဟာ နိုဝင်ဘာလလယ်မှာ စတင်အသက်ဝင်မှာ ဖြစ်ပြီး ကုန်ပစ္စည်း အမျိုးပေါင်း ၅၀၀၀ ကျော်ပါဝင်ပေမဲ့ အထည်ချုပ် ပါဝင်ခြင်းမရှိတာ ဖြစ်ပါတယ်။

ထိုကဲ့သို့ မပါဝင်တာကြောင့် ဥရောပသမဂ္ဂနိုင်ငံတွေက အမှာတွေသာ လက်ရှိအချိန်မှာ အများဆုံးဖြစ်နေတယ်လို့ လှိုင်သာယာ စက်မှုဇုန် ၄ မှ အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးက ပြောကြားထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာလည်း ဖော်ပြထားပါတယ်။  ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို ချုပ်ထည်နှစ်ဆကျော် တိုးမြှင့်ပို့ဆောင်နိုင်မယ့် အခွင့်အရေး မရှိသေးဘူးလို့လည်း မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောကြားထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top